ၿဗိတိသွ်ပါလီမန္ကို ဆိုင္းငံ့ထားဖို႔ ဝန္ႀကီးခ်ဳပ္ Boris Johnson က လုပ္ေဆာင္တာဟာ ဥပေဒနဲ႔ မကုိုက္ညီဘူးလို႔ စေကာ့တလန္ တရား႐ံုးတခုက ဆံုးျဖတ္လိုက္ပါတယ္။ လႊတ္ေတာ္ဆိုင္းငံ့ထားတာကိုရပ္ဖို႔ တရားသူႀကီးေတြက အမိန္႔မခ်ဘဲ ဒီကိစၥကို ၿဗိတိန္တရား႐ံုးခ်ဳပ္က ဆံုးျဖတ္ဖို႔ လိုအပ္တယ္လို႔ ပဲ ေျပာပါတယ္။
တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္ကို ၿဗိတိန္အစိုးရက ကန္႔ကြက္ထားၿပီး အယူခံဝင္မယ္လုိ႔ ေျပာပါတယ္။ ပါလီမန္ကို သီတင္းငါးပတ္ၾကာ ဆိုင္းငံ့ထားတာဟာ အဂၤါေန႔မွာ စတင္တာပါတယ္။
ဥေရာပသမဂၢ EU ကေန ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ႏုတ္ထြက္ရေတာ့မယ့္အခ်ိန္ ပါလီမန္ကို ဆိုင္းငံ့လိုက္တာဟာ အာဏာသိမ္းတာျဖစ္တယ္လုိ႔ အတိုက္အခံ လႊတ္ေတာ္အမတ္ေတြကေျပာၿပီး အျပင္းအထန္ ကန္႔ကြက္ထားၾကပါတယ္။
ခြဲထြက္ေရးဆိုင္ရာ သေဘာတူညီခ်က္ ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ EU ကေန ႏုတ္ထြက္မယ္လုိ႔ ဝန္ႀကီးခ်ဳပ္ Johnson က အခုိင္အမာေျပာထားပါတယ္။ ပါလီမန္ကို ဆိုင္းငံ့ထားတဲ့ ကာလၿပီးဆံုးတဲ့ အခါ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ EU နဲ႔ သူ ရယူႏုိင္ မယ့္ ခြဲထြက္ေရးဆိုင္ရာ သေဘာတူညီခ်က္္အသစ္ကို အတည္ျပဳဖို႔ အခ်ိန္အလံုအေလာက္ရမယ္လို႔လည္း ဆိုပါတယ္။
ဘယ္လိုသေဘာတူညီခ်က္မွ ရမလာဘူးဆိုရင္ သေဘာတူညီခ်က္မဲ့ ႏုတ္ထြက္တာေၾကာင့္ ျဖစ္လာႏုိင္တဲ့ အက်ပ္အတည္းေတြ ကို ေရွာင္ရွားႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ရက္ထပ္တိုးေပးေရး EU ေခါင္းေဆာင္ေတြကို ေတာင္းဆိုဖို႔ ဝန္ႀကီးခ်ဳပ္ Johnson ကို ဖိအား ေပးတဲ့အေနနဲ႔ ဥပေဒတရပ္ကို လႊတ္ေတာ္အမတ္ေတြက ၿပီးခဲ့တဲ့သီတင္းပတ္မွာ အတည္ျပဳခဲ့ပါတယ္။
Unicode version
ဗြိတိသျှပါလီမန်ကို ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် Boris Johnson က လုပ်ဆောင်တာဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ စကော့တလန် တရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်ဆိုင်းငံ့ထားတာကိုရပ်ဖို့ တရားသူကြီးတွေက အမိန့်မချဘဲ ဒီကိစ္စကို ဗြိတိန်တရားရုံးချုပ်က ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ ပဲ ပြောပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရက ကန့်ကွက်ထားပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။ ပါလီမန်ကို သီတင်းငါးပတ်ကြာ ဆိုင်းငံ့ထားတာဟာ အင်္ဂါနေ့မှာ စတင်တာပါတယ်။
ဥရောပသမဂ္ဂ EU ကနေ အောက်တိုဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်ရတော့မယ့်အချိန် ပါလီမန်ကို ဆိုင်းငံ့လိုက်တာဟာ အာဏာသိမ်းတာဖြစ်တယ်လို့ အတိုက်အခံ လွှတ်တော်အမတ်တွေကပြောပြီး အပြင်းအထန် ကန့်ကွက်ထားကြပါတယ်။
ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ EU ကနေ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် Johnson က အခိုင်အမာပြောထားပါတယ်။ ပါလီမန်ကို ဆိုင်းငံ့ထားတဲ့ ကာလပြီးဆုံးတဲ့ အခါ လွှတ်တော်အမတ်တွေအနေနဲ့ EU နဲ့ သူ ရယူနိုင် မယ့် ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်ကို အတည်ပြုဖို့ အချိန်အလုံအလောက်ရမယ်လို့လည်း ဆိုပါတယ်။
ဘယ်လိုသဘောတူညီချက်မှ ရမလာဘူးဆိုရင် သဘောတူညီချက်မဲ့ နုတ်ထွက်တာကြောင့် ဖြစ်လာနိုင်တဲ့ အကျပ်အတည်းတွေ ကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရက်ထပ်တိုးပေးရေး EU ခေါင်းဆောင်တွေကို တောင်းဆိုဖို့ ဝန်ကြီးချုပ် Johnson ကို ဖိအား ပေးတဲ့အနေနဲ့ ဥပဒေတရပ်ကို လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ အတည်ပြုခဲ့ပါတယ်။