သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီးလႊတ္ေတာ္နဲ႔ သမၼတအိမ္၀င္စီးသူ ၂၀၀ ခန္႔ ဖမ္းဆီးခံရ


ဘရာဇီးအမ်ိဳးသားကြန္ဂရက္လႊတ္ေတာ္အဆောက္အအံုကို ဝင္ေရာက္စီးနင္းခဲ့တဲ့ သမၼတေဟာင္း ေဘာ္ဆိုနာ႐ိုေထာက္ခံသူမ်ား (ဇန္နဝါရီ ၈၊ ၂၀၂၃)

ဘရာဇီးႏိုင္ငံမွာ တရား႐ုံးခ်ဳပ္၊ လႊတ္ေတာ္နဲ႔ သမၼတအိမ္ေတာ္ေတြကို မေန႔က ဝင္ေရာက္စီးနင္းခဲ့တဲ့ သမၼတေဟာင္း ဂ်ိဳင္ယာ ေဘာ္ဆိုနာ႐ို (Jair Bolsonaro) ကို ေထာက္ခံသူ အနည္းဆုံး ၂၀၀ ေလာက္ကို ဖမ္းဆီးလိုက္တဲ့အေၾကာင္း ဘရာဇီး အရာရွိေတြက ေျပာဆိုပါတယ္။ သမၼတေဟာင္း ဂ်ိဳင္ယာ ေဘာ္ဆိုနာ႐ိုကို ေထာက္ခံတဲ့ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ မေန႔က ဘရာဆီလီယာ (Brasília)ၿမိဳ႕ အစိုး႐ုံး အေဆာက္အဦးေတြကို ဝင္စီးနင္းၿပီး ႐ုံးတြင္း ပရိေဘာဂ ပစၥည္းေတြကို ဖ်က္ဆီးခဲ့ပါတယ္၊ ႐ုံးထဲမွာ က်န္ခဲ့တဲ့ လက္ေဗြရာေတြကို စစ္ေဆးၿပီး ဖ်က္ဆီးသြားတဲ့သူေတြကို အေရးယူမယ့္အေၾကာင္း ဘရာဇီးအရာရွိေတြက ေျပာပါတယ္။ ဘရာဇီးႏိုင္ငံမွာ ေ႐ြးေကာက္ပြဲ ရႈံးနိမ္တဲ့ လက္ယာစြန္း သမၼတေဟာင္းေဘာ္ဆိုနာ႐ိုကိုေထာက္ခံသူေတြ လႊတ္ေတာ္နဲ႔ ႐ုံးေတြကို လူစုလူေဝးနဲ႔ ဝင္စီးနင္းခဲ့တာပါ။ ဆႏၵျပသူေတြ သုံးနာရီေက်ာ္ၾကာ ဝင္ေရာက္စီးနင္းခံၿပီးေနာက္၊ ဘရားဇီးသမၼတအိမ္ေတာ္ကို တနဂၤေႏြေန႔ေႏွာင္းပိုင္းမွာ ဘရားဇီးရဲတပ္ဖြဲ႕က ျပန္လည္ထိန္းခ်ဳပ္ခဲ့ပါတယ္။

ဒီလို ကြန္ဂရက္လႊတ္ေတာ္နဲ႔ ႐ုံးေတြကို လူအုပ္ႀကီးနဲ႔ ဝင္ေရာက္စီးနင္းခဲ့တဲ့ ကိစၥဟာ ေဒါသျဖစ္စရာလုပ္ရပ္ျဖစ္တယ္လို႔ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္ (Joe Biden)က ရႈတ္ခ်လိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဇန္နဝါရီလ ၁ ရက္ေန႔က က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ ေ႐ြးေကာက္ပြဲ အႏိုင္ရ လက္ဝဲယိမ္းသမၼတ လူဝဇ္အီနာဆီယိုလူလာဒါေဆးဗား (Luiz Inacio Lula da Silva) ကို ေထာက္ခံသြားမယ့္အေၾကာင္း သမၼတဘိုင္ဒန္က တြစ္တာလူမႈကြန္ယက္မွာ ေရးသား ထုတ္ျပန္ပါတယ္။ သမၼတဘိုင္ဒန္နဲ႔အတူ ကမာၻတဝွမ္း ႏိုင္ငံေခါင္းေဆာင္ေတြက လႊတ္ေတာ္နဲ႔အစိုးရအေဆာက္အအုံေတြကို ဝင္ေရာက္စီးနင္းတဲ့လုပ္ရပ္ကို ရႈတ္ခ်ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================================

[Unicode]

ဘရာဇီးလွှတ်တော်နဲ့ သမ္မတအိမ်ဝင်စီးသူ ၂၀၀ ခန့် ဖမ်းဆီးခံရ

ဘရာဇီးနိုင်ငံမှာ တရားရုံးချုပ်၊ လွှတ်တော်နဲ့ သမ္မတအိမ်တော်တွေကို မနေ့က ဝင်ရောက်စီးနင်းခဲ့တဲ့ သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ကို ထောက်ခံသူ အနည်းဆုံး ၂၀၀ လောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း ဘရာဇီး အရာရှိတွေက ပြောဆိုပါတယ်။ သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရိုကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ မနေ့က ဘရာဆီလီယာ (Brasília)မြို့ အစိုးရုံး အဆောက်အဦးတွေကို ဝင်စီးနင်းပြီး ရုံးတွင်း ပရိဘောဂ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်၊ ရုံးထဲမှာ ကျန်ခဲ့တဲ့ လက်ဗွေရာတွေကို စစ်ဆေးပြီး ဖျက်ဆီးသွားတဲ့သူတွေကို အရေးယူမယ့်အကြောင်း ဘရာဇီးအရာရှိတွေက ပြောပါတယ်။ ဘရာဇီးနိုင်ငံမှာ ရွေးကောက်ပွဲ ရှုံးနိမ်တဲ့ လက်ယာစွန်း သမ္မတဟောင်းဘော်ဆိုနာရိုကိုထောက်ခံသူတွေ လွှတ်တော်နဲ့ ရုံးတွေကို လူစုလူဝေးနဲ့ ဝင်စီးနင်းခဲ့တာပါ။ ဆန္ဒပြသူတွေ သုံးနာရီကျော်ကြာ ဝင်ရောက်စီးနင်းခံပြီးနောက်၊ ဘရားဇီးသမ္မတအိမ်တော်ကို တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဘရားဇီးရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

ဒီလို ကွန်ဂရက်လွှတ်တော်နဲ့ ရုံးတွေကို လူအုပ်ကြီးနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ကိစ္စဟာ ဒေါသဖြစ်စရာလုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရ လက်ဝဲယိမ်းသမ္မတ လူဝဇ်အီနာဆီယိုလူလာဒါဆေးဗား (Luiz Inacio Lula da Silva) ကို ထောက်ခံသွားမယ့်အကြောင်း သမ္မတဘိုင်ဒန်က တွစ်တာလူမှုကွန်ယက်မှာ ရေးသား ထုတ်ပြန်ပါတယ်။ သမ္မတဘိုင်ဒန်နဲ့အတူ ကမ္ဘာတဝှမ်း နိုင်ငံခေါင်းဆောင်တွေက လွှတ်တော်နဲ့အစိုးရအဆောက်အအုံတွေကို ဝင်ရောက်စီးနင်းတဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

XS
SM
MD
LG