သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီးလ္ လႊတ္ေတာ္ အဓိက႐ုန္း သမၼတေဟာင္း Bolsonaro ကိုပါ စစ္ေဆးဖို႔ ေတာင္းဆို


Supporters of Brazil's former President Jair Bolsonaro storm the the National Congress building in Brasilia, Brazil, Jan. 8, 2023.

ဘရာဇီးႏိုင္ငံ ၊ Brasília ၿမိဳ႕ေတာ္ မွာ ဇန္နဝါရီလ ၈ ရက္ေန႔က လႊတ္ေတာ္ အဓိကရုန္းျဖစ္စဥ္ကို စုံစမ္းစစ္ေဆးတဲ့အခါ သမၼတေဟာင္း JairBolsonaro ကိုလည္း ဆူပူေအာင္ လွဳံေဆာ္ေပးသူတဦးအျဖစ္ ထဲ့သြင္းထားဖို႔ တရားရုံးခ်ဳပ္ကို အစိုးရ ေရွ႕ေနခ်ဳပ္ရုံး က ေတာင္းဆိုလိုက္ပါတယ္။ 

ဘရာဇီးလ္ လႊတ္ေတာ္ အဓိက႐ုန္း သမၼတေဟာင္း Bolsonaro ကိုပါ စစ္ေဆးဖို႔ ေတာင္းဆို

{{Zawgyi/Unicode}}

ဘရာဇီးႏိုင္ငံ ၊ Brasília ၿမိဳ႕ေတာ္ မွာ ဇန္နဝါရီလ ၈ ရက္ေန႔က လႊတ္ေတာ္ အဓိကရုန္းျဖစ္စဥ္ကို စုံစမ္းစစ္ေဆးတဲ့အခါ သမၼတေဟာင္း Jair Bolsonaro ကိုလည္း ဆူပူေအာင္ လွဳံေဆာ္ေပးသူတဦးအျဖစ္ ထဲ့သြင္းထားဖို႔ တရားရုံးခ်ဳပ္ကို အစိုးရ ေရွ႕ေနခ်ဳပ္ရုံး က ေတာင္းဆိုလိုက္ပါတယ္။

အဲဒီလို အဓိကရုန္းေတြ ျဖစ္ပြားခဲ့ၿပီး ၂ရက္အၾကာမွာ Bolsonaro ကေန Social Media လူမႈကြန္ယက္ ေပၚမွာ သမၼတသစ္ Lula da Silva ကို ဘရာဇီး ျပည္သူေတြက ေရြးခ်ယ္ၾကတာမဟုတ္ပဲ အဲဒီအစား တရားရုံးခ်ဳပ္ နဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္အရာရွိေတြကသာ ေရြးခ်ယ္ၾကတာျဖစ္တယ္လို႔ ေျပာဆိုတဲ့ ဗြီဒီယုိတင္ထားပါတယ္။ အဲဒါကို အကိုးအကားျပဳၿပီး ဒါဟာ ဒီမုိကေရစီကို ဆန္႔က်င္တဲ့ လုပ္ရပ္အျဖစ္ အစိုးရေရွ႕ေနေတြ တင္ျပၾကပါတယ္။

သမၼတေဟာင္း Bolsonaro ကလည္း အဲဒီလို အင္တာနက္ လူမႈကြန္ယက္ Social မွာတင္ၿပီး ေနာက္တေန႔ မွာပဲ ျပန္ဖ်က္လိုက္ပါတယ္။ သူအေနနဲ႔ အဓိကရုန္းေတြ ျဖစ္ၿပီးမွ အဲဒီ ဗြီဒီယုိ ကို တင္ခဲ့ေပမယ့္လည္း ႀကိဳတင္ႀကံစည္ခဲ့တဲ့ အေနအထားျဖစ္တယ္ဆိုတာ ေပၚလြင္တဲ့အတြက္ စုံစမ္းစစ္ေဆးဖို႔ လုံေလာက္တယ္လို႔ အစိုးရေရွ႕ေနေတြက ေစာဒက တက္ၾကပါတယ္။

ဒီလ ဇန္နဝါရီ ၈ ရက္ေန႔က လက္ယ်ာစြန္းေရာက္ သမၼတေဟာင္း Jair Bolsonaro ကို ေထာက္ခံၾကသူေတြဟာ လႊတ္ေတာ္ ၊ တရားရုံးခ်ဳပ္ နဲ႔ အစိုးရ အုပ္ခ်ဳပ္ေရးရုံး တို႔ကို ဝင္ေရာက္ စီးနင္း ဖ်က္ဆီးခဲ့ၾကပါတယ္။ ေရြးေကာက္ပြဲမွာ လက္ဝဲဝါဒီ သမၼတ Lula da Silva က ပြတ္ကာသီခါ နဲ႔ အႏိုင္ရသြားတာကို သမၼတေဟာင္း နဲ႔ သူကို ေထာက္ခံၾကသူေတြက ရလဒ္ကို လက္မခံၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

ဘရာဇီးလ် လွှတ်တော် အဓိကရုန်း သမ္မတဟောင်း Bolsonaro ကိုပါ စစ်ဆေးဖို့ တောင်းဆို

{{Zawgyi/Unicode}}

ဘရာဇီးနိုင်ငံ ၊ Brasília မြို့တော် မှာ ဇန်နဝါရီလ ၈ ရက်နေ့က လွှတ်တော် အဓိကရုန်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးတဲ့အခါ သမ္မတဟောင်း Jair Bolsonaro ကိုလည်း ဆူပူအောင် လှုံဆော်ပေးသူတဦးအဖြစ် ထဲ့သွင်းထားဖို့ တရားရုံးချုပ်ကို အစိုးရ ရှေ့နေချုပ်ရုံး က တောင်းဆိုလိုက်ပါတယ်။

အဲဒီလို အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပြီး ၂ရက်အကြာမှာ Bolsonaro ကနေ Social Media လူမှုကွန်ယက် ပေါ်မှာ သမ္မတသစ် Lula da Silva ကို ဘရာဇီး ပြည်သူတွေက ရွေးချယ်ကြတာမဟုတ်ပဲ အဲဒီအစား တရားရုံးချုပ် နဲ့ ရွေးကောက်ပွဲ ကော်မရှင်အရာရှိတွေကသာ ရွေးချယ်ကြတာဖြစ်တယ်လို့ ပြောဆိုတဲ့ ဗွီဒီယိုတင်ထားပါတယ်။ အဲဒါကို အကိုးအကားပြုပြီး ဒါဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် အစိုးရရှေ့နေတွေ တင်ပြကြပါတယ်။

သမ္မတဟောင်း Boslonaro ကလည်း အဲဒီလို အင်တာနက် လူမှုကွန်ယက် Social မှာတင်ပြီး နောက်တနေ့ မှာပဲ ပြန်ဖျက်လိုက်ပါတယ်။ သူအနေနဲ့ အဓိကရုန်းတွေ ဖြစ်ပြီးမှ အဲဒီ ဗွီဒီယို ကို တင်ခဲ့ပေမယ့်လည်း ကြိုတင်ကြံစည်ခဲ့တဲ့ အနေအထားဖြစ်တယ်ဆိုတာ ပေါ်လွင်တဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လုံလောက်တယ်လို့ အစိုးရရှေ့နေတွေက စောဒက တက်ကြပါတယ်။

ဒီလ ဇန်နဝါရီ ၈ ရက်နေ့က လက်ယျာစွန်းရောက် သမ္မတဟောင်း Jair Bolsonaro ကို ထောက်ခံကြသူတွေဟာ လွှတ်တော် ၊ တရားရုံးချုပ် နဲ့ အစိုးရ အုပ်ချုပ်ရေးရုံး တို့ကို ဝင်ရောက် စီးနင်း ဖျက်ဆီးခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ သမ္မတ Lula da Silva က ပွတ်ကာသီခါ နဲ့ အနိုင်ရသွားတာကို သမ္မတဟောင်း နဲ့ သူကို ထောက်ခံကြသူတွေက ရလဒ်ကို လက်မခံကြပါဘူး။

XS
SM
MD
LG