သုံးရလွယ်ကူစေသည့် Link များ

Brexit အရေးဆွေးနွေးဖို့ ဂျွန် ကယ်ရီ လန်ဒန်သွားမည်

  • ဗွီအိုအေ (မြန်မာဌာန)

ဇွန်လ ၁၆ ရက်နေ့က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်လေဆိပ်တွင် တွေ့ရသည့် ၀န်ကြီး ဂျွန် ကယ်ရီ။ ဇွန် ၁၆၊ ၂၀၁၆။

ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်မယ့် ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံ ရဲ့ နိုင်ငံရေး၊ နောက် ကမ္ဘာနဲ့ ဆက်ဆံရေးမှာပါ ပိုပြီး မရေရာမှုတွေ ဖြစ်လာစေခဲ့ သလို ဒီဆုံးဖြတ်ချက်ရဲ့ ရိုက်ခတ်မှုတွေက ဒီကနေ့ တနင်္ဂနွေနေ့အထိ ဆက်ပြီး ရှိနေပါတယ်။ ဥရောပ ခရီးစဉ် သွားရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ကြိုတင်ကြေညာထားခြင်းမရှိဘဲ လန်ဒန်နဲ့ ဘရပ်ဆဲလ်မြို့တော်တို့ကို ၀င်ရောက်ဖို့ နောက်ဆုံးအချိန် ကပ်ပြီး စီစဉ်လိုက် ပါတယ်။

အမေရိကန်ရဲ့ ထိပ်တန်းမဟာမိတ် ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပနဲ့ ကင်းကွာလာ မယ့်အခြေအနေ ရှိနေချိန်မှာပဲ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်ပြီး ထိန်းညှိသွားရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Philip Hammond အပြင် တခြား အစိုးရ တာဝန်ရှိ သူတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

EU အဖွဲ့ကနေမထွက်ဖို့ ဗြိတိန်နိုင်ငံကို အမေရိကန်သမ္မတ Barack Obam က တိုက်တွန်းခဲ့တာပါ။ ကွယ်လွန်သူ ဗြိတိန် ၀န်ကြီးချုပ် Winston Churchill လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ နှစ်နိုင်ငံ အထူးဆက်ဆံရေး ကြောင့် အမေရိကန်တို့အနေနဲ့ ဗြိတိန်နိုင်ငံကနေတဆင့် ဥရောပသမဂ္ဂအပေါ်မှာ ပိုပြီး ပြောရေးဆိုခွင့် ရခဲ့တာပါ။

EU အဖွဲ့နဲ့ ခွဲရေးတွဲရေး ဗြိတိန်ရဲ့ ဆန္ဒခံယူပွဲနဲ့ ဒီလုပ်ဆောင်မှုကြောင့် ဥရောပသမဂ္ဂနဲ့ ဗြိတိန်အစိုးရကြား ဆက်ဆံရေးအပေါ် အမေရိကန်အစိုးရက စိုးရိမ်မှုရှိကြောင်း တုံ့ပြန်ထားတာပါ။

UK နဲ့ EU တို့ကြား ရှေ့ဆက် ဆက်ဆံရေးအပေါ် ညှိနှိုင်းနေကြပေမယ့် လည်း နှစ်ဘက်စလုံးတို့ဟာ အမေရိကန်ပြည်ထောင်စုအတွက် မရှိမဖြစ် မိတ်ဆွေတွေ ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတ Obama က သောကြာနေ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG