သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ပူးတွဲတောင်းဆို

နေရပ်စွန့်ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းဒေသခံများကိုတွေ့ရစဉ် (ဩဂုတ် ၁၁၊ ၂၀၂၄)
နေရပ်စွန့်ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းဒေသခံများကိုတွေ့ရစဉ် (ဩဂုတ် ၁၁၊ ၂၀၂၄)

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့၊ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့နဲ့ စာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ပေးအပ်ခွင့်ရှိဖို့ တောင်းဆိုချက်တွေကို ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေက ပူးတွဲ ထောက်ခံလိုက်ပါတယ်။

၁၀ လကြာ အစ္စရေး၊ ဟားမတ်စ် စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးထားတဲ့ သဘောတူညီချက်ကို လက်ခံဖို့ တွန်းအားပေးတဲ့အနေနဲ့ ၃ နိုင်ငံ ပူးတွဲထောက်ခံချက်ကို ဒီကနေ့ တနင်္လာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးကို ကျုးကျော်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခဲ့တဲ့ ဓားစာခံတွေထဲက ကျန်တဲ့သူတွေကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးပြီး၊ အပြန်အလှန်အားဖြင့် အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေကို လွှတ်ပေးဖို့နဲ့ ဂါဇာက အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းဖို့တွေ ပါဝင်တဲ့ အဆင့် ၃ ဆင့်ပါ အဆိုပြုချက်ကို ၂ ဖက်စလုံးက လက်ခံလာအောင် စေ့စပ်ညှိနှိုင်းသူတွေ လနဲ့ချီကြာ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့၊ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ဖို့နဲ့ ဂါဇာဒေသက ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေကို အကန့်အသတ်မရှိ ပေးပို့ဖြန့်ဖြူးနိုင်ဖို့ လိုအပ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ လက်မှတ်ရေးထိုးထားတဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ဒေသတွင်းမှာ ပဋိပက္ခတွေ ကျယ်ပြန့်မလာအောင် အီရန်နဲ့ မဟာမိတ်တွေ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဂါဇာဒေသ အပစ်ရပ်ရေး ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ပူးတွဲတောင်းဆို
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG