သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စွက်ဖက်ကြောင်း ထရမ့်စည်းရုံးရေးအဖွဲ့ စွပ်စွဲချက် ဗြိတိန်ဝန်ကြီးချုပ်တုံ့ပြန်


ဗြိတိန်ဝန်ကြီးချုပ် Keir Starmer
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဗြိတိန်အာဏာရ လေဘာပါတီက ပြောင်ပြောင်တင်းတင်း စွက်ဖက်နေကြောင်း ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့ရဲ့ စွပ်စွဲချက်ကို ဝန်ကြီးချုပ် Keir Starmer က ပုံမှန်လုပ်ရိုးလုပ်စဉ် စေတနာ့ဝန်ထမ်း ကူညီမှုအဖြစ် တုံ့ပြန်လိုက်ပါတယ်။

သမ္မတဟောင်း ထရမ့်နဲ့ ဆက်ဆံရေး ကောင်းမွန်ဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ လမှာပဲ စကားပြောခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဗြိတိန်လေဘာပါတီဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ရဲ့ စည်းရုံးရေးအဖွဲ့ကို နိုင်ငံခြား အကူအညီအဖြစ် ဥပဒေမဲ့ ပေးအပ်ခဲ့ကြောင်း စွပ်စွဲပြီး အမေရိကန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတဟောင်းထရမ့် ရဲ့ စည်းရုံးရေးအဖွဲ့က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံး အုပ်ချုပ်ရေးမှူးသစ် Morgan McSweeney အပါအဝင် လေဘာပါတီ တာဝန်ရှိသူတွေဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Harris ကို အကြံပေးဖို့ အမေရိကန်ကို သွားရောက်ခဲ့ကြကြောင်း သတင်းမီဒီယာတွေကို ကိုးကားပြီး တိုင်ကြားထားတာပါ။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို စေတနာ့ဝန်ထမ်းတွေ သွားရောက်ကူညီကြဖို့ လေဘာပါတီရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ Sofia Patel ရဲ့ LinkedIn လူမှုကွန်ရက်မှာ ပြန်ဖျက်လိုက်တဲ့ မှတ်ချက်ကိုလည်း တိုင်ကြားချက်မှာ ထည့်သွင်းထားပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ပြည်ပကစေတနာ့ဝန်ထမ်း ကူညီခွင့်ရှိပေမဲ့ အခကြေးငွေတော့ ယူခွင့်မရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ သူ့ပါတီဝင်တွေအနေနဲ့ အမှားလုပ်တာမရှိကြောင်းနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် စေတနာ့ဝန်ထမ်း လုပ်ကြတာလို့ ပစိဖိတ်ဒေသ Samoa ကျွန်းအသွား သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ကိုယ်ပိုင်အချိန်မှာ ပါတီဝင်တွေ ရွေးကောက်ပွဲတွေမှာ ကူညီတာဟာ အစဉ်အလာတခုဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG