သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်အိမ်ရှေ့မင်းသား Charles အာရှခရီးစဉ် မြန်မာ ပါဝင်ခြင်းမရှိ


ဗြိတိန်အိမ်ရှေ့မင်းသားဖြစ် Charles နဲ့ ဇနီး Cornwall မြို့စားကတော် Camila တို့ ဇူလိုင်လမှာ ကနေဒါနိုင်ငံကို သွားရောက် လည်ပတ်စဉ်။
ဗြိတိန်အိမ်ရှေ့မင်းသားဖြစ် Charles နဲ့ ဇနီး Cornwall မြို့စားကတော် Camila တို့ ဇူလိုင်လမှာ ကနေဒါနိုင်ငံကို သွားရောက် လည်ပတ်စဉ်။

ဗြိတိန်အိမ်ရှေ့မင်းသားဖြစ်သူ ဝေလမင်းသား Charles နဲ့ ဇနီး Cornwall မြို့စား ကတော်တို့ အောက်တိုဘာလကုန်မှာ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယ နိုင်ငံတွေဆီ သွားရောက်မယ်လို့ Clarence House အိမ်တော်က ကြေညာပါတယ်။

Charles မင်းသားနဲ့ ဇနီး Camilla တို့ နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံသွားရောက်မယ် သတင်းတွေ အရင်က ထွက်ခဲ့ပေမဲ့ ခရီးစဥ ်တရားဝင် ထွက်ပေါ်လာချိန်မှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေဟာ လူမျိုးပြုတ် ရှင်းလင်းတဲ့ အခြေအနေရောက်နေပြီလို့ စွပ်စွဲမှုတွေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရှိနေချိန်မှာ ဝေလမင်းသား ခရီးစဉ်ကို ဖျက်တာဖြစ်လိမ့်မယ်လို့ ဗြိတိန်က လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံကို ဖျက်လိုက်သလားဆိုတဲ့ မေးခွန်းကို ဗြိတိန် နိုင်ငံခြားရေးရုံး အရှေ့တောင်အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Philip Malone က ဖြေကြားခြင်း မရှိပါဘူး။ လပေါင်းများစွာထဲက ကြိုတင်စီစဉ်နေတဲ့ ခရီးစဉ်အတွက် အာရှဒေသထဲမှာ သွားစရာနိုင်ငံ တော်တော်များများကို စဉ်းစားခဲ့ပြီး နောက်ဆုံး စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယ နိုင်ငံတွေကို သွားဖို့ ရွေးချယ်ခဲ့တယ်လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဓနသဟာရနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံ ဆက်ဆံရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဗြိတိန်အစိုးရရဲ့ တောင်းဆိုမှုအရ အိမ်ရှေ့မင်းသား ဒီခရီးစဉ်ကို သွားရောက်တာ ဖြစ်တယ်လို့ Clarence House အိမ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ဧပြီလမှာ ကျင်းပမယ့် ဓနသဟာရ ထိပ်သီး စည်းဝေးပွဲအကြို သွားရောက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG