{{Zawgyi/Unicode}}
......................................................
{{Unicode}}
အိန္ဒိယ၊ထိုင်း၊ တောင်အာဖရိက၊ဘရာဇီး နဲ့ တူရကီ အပါအဝင် နိုင်ငံ၄၇ နိုင်ငံကနေ ဗြီတိန်နိုင်ငံကို လာရောက်လည်ပတ်သူတွေကို ကိုဗစ်ကပ်ရောဂါ စောင့်ကြ့ည်ကန့်သတ်ချက် Quarantine ဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ဗြိတိန်နိုင်ံငံက ဖယ်ရှားပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် နွေရာသီ ၂ ခုပေါင်းရဲ့ ခရီးသွားလုပ်ငန်းက ဝင်ငွေတွေကို ဆုံးရှုံးခဲ့ရပြီးနောက် အခုလိုလုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
အဲဒီအတွက် တနင်္လာနေ့ကစပြီး အဲဒီနိုင်ငံတွေက လာမယ့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအနေနဲ့ ရောက်ရောက်ချင်း အရင်က သတ်မှတ်ထားသလို ဟော်တည်မှာ စောင့်ကြည့်စစ်ဆေး ၁၀ရက် Quarantine ဝင်စရာမလိုအပ်တော့ပါဘူး။
ဒါပေမယ့်လည်း ကိုလံဘီယာ၊ အီကွေဒို၊ ပနားမား နဲ့ ဗင်နီဇွဲလား အပါအဝင် နိုင်ငံ၇ နိုင်ငံက လာမယ့် ခရီးသည်တွေကိုတော့ ကိုဗစ်ကပ်ရောဂါ စောင့်ကြည့်စစ်ဆေး Quarntine သတ်မှတ်ချက်တွေ ဆက်လက်ချမှတ်ထားပါတယ်။
ဗြိတိန်အစိုးရက AstraZeneca, Pfizer BioNTech, Modern နဲ့ Johnson&Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတို့ကို အသိအမှတ်ပြုထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပျံ့ပွားနေတဲ့ ကာလအတွင်း စီးပွားရေးဆုံးရှုံးမှုတွေ ပြန်လည်ကာမိစေဖို့အတွက် ရှုပ်ထွေးနေတဲ့ ခရီးသွားလုပ်ငန်း ကန့်သတ်ချက်တွေအပေါ်ကို Ryanair နဲ့ Easy Jet လေကြောင်း ကုမ္ပဏီတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။