သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံ Navalny ကို လုပ်ကြံဖို့ ကြိုးစားသူတွေ ကန်နဲ့ ဗြိတိန်ဒဏ်ခတ်အရေးယူ


Alexey Navalny
Alexey Navalny

{{Zawgyi/Unicode}}

ပြီးခဲ့တဲ့နှစ်က ရုရှား ထောက်လှမ်းရေးကနေ အတိုက်အခံနိုင်ငံရေးသမား Alexey Navalny ကို ဓါတု့အဆိပ်နဲ့ လုပ်ကြံရာမှာ ပါဝင်ခဲ့တယ် လို့ဆိုပြီး ရုရှားနိုင်ငံသား ၇ ဦးကို အမေရိကန် နဲ့ ဗြိတိန်အစိုးရတွေက ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း မနေ့ သောကြာနေ့က ပူးတွဲကြေညာလိုက်ပါတယ်။

ဓါတု့အဆိပ် သုတေသနပြုလုပ်ရာမှာဖြစ်စေ Navalny ကို လုပ်ကြံဖို့ ကြံစည်ရာမှာ ဖြစ်စေ ပါဝင်သူတွေဖြစ်တဲ့အတွက် လို့ပြောပြီးလည်း လူပုဂ္ဂိုလ် ၂ဦးနဲ့ ရုရှားအဖွဲ့အစည်း ၄ ခုကို အမေရိကန် အစိုးရကနေ သီးခြား အရေးယူ ဒဏ်ခတ်ခဲ့ပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ဟာ ပြီးခဲ့တဲ့ ၂ဝ၂၀ ခုနှစ် သြဂုတ်လအတွင်းက Siberia ဒေသမှာ ဓါတု့အဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် ဂျာမဏီနိုင်ငံကို လေယာဉ်နဲ့ သယ်ဆောင်ပြီး ဆေးကု့သပေးခဲ့ရပါတယ်။

ဒါဟာ ရုရှား စစ်ဖက်ဆိုင်ရာ ဓါတုအဆိပ်အသုံးပြုတဲ့ Novichok ထောက်လှမ်းရေး ရဲ့ လက်ချက်ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတွေက ကောက်ချက်ချခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကတော့ ဒီလို ဒဏ်ခတ်လိုက်တာဟာ ရုရှားကို သတိပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

ရုရှားအစိုးရအနေနဲ့ ဓါတုအဆိပ်ကို. အသုံးပြုတာဟာနိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး ဒီရာဇဝတ်မှုကို ပွင့်လင်းမြင်သာအောင် စုံစမ်းစစ်ဆေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

ရုရှားအစိုးရကတော့ ဒါဟာ အနောက်အုပ်စုရဲ့ စွပ်စွဲချက်ပဲဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG