သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္ဝင္ခြင့္မရလို႔ ပိတ္မိေနတဲ့ ထရပ္ကားသမားေတြကို ၿဗိတိန္စစ္သားေတြ သြားေရာက္ကူညီ


ျပင္သစ္ကို ဝင္ခြင့္မရသည့္ ၿဗိတိန္ထရပ္ကားမ်ား

{{Zawgyi/Unicode}}

ၿဗိတိန္ႏိုင္ငံမွာ ျပန္႔ပြားေနတဲ့ ကူးစက္ျမန္ ကိုရိုနာဗုိင္းရပ္စ္ပိုးသစ္ေၾကာင့္ ျပင္သစ္ႏုိင္ငံက ၿဗိတိန္နဲ႔ထိစပ္ေနတဲ့ နယ္စပ္ကိုပိတ္လိုက္တဲ့ ေနာက္မွာ ၿဗိတိန္ဘက္ကလာတဲ့ ထရပ္ကားအေျမာက္အမ်ား ပိတ္မိေနၿပီး ခရစ္စမတ္ေန႔မွာေတာ့ အဲဒီပိတ္မိေနတာေတြကို ရွင္းလင္းဖုိ႔ ၿဗိတိသ ွ် စစ္သားတေထာင္ေလာက္ ႀကိဳးပမ္းေနၾကပါတယ္။

ၿဗိတိန္အေရွ႕ေတာင္ပိုင္းမွာ သူတုိ႔ရဲ့ ကားေတြထဲ ပိတ္မိေနၾကတဲ့ ႏိုင္ငံတကာ ထရပ္ကားေမာင္းသမား ၄၀၀၀ ေလာက္ဟာ ေသာၾကာေန႔မွာေတာ့ အေျခေနနဲနဲတိုးတက္လာခဲ့တာပါ။ ျပင္သစ္ႏိုင္ငံေျမာက္ပိုင္း Calais ကို သြားဖို႔ အဂၤလိပ္ေရလက္ၾကားကိုျဖတ္တဲ့့ ဆြဲသေဘၤာေတြေပၚကို တက္မယ့္ သူတို႔ရဲ့ ယာဥ္ေတြကို အစဥ္လိုက္တင္ေပးလာတဲ့ အခါမွာ ဒီ Dover ဆိပ္ကမ္းတဝိုက္က ယာဥ္ေၾကာလည္း ပိတ္မေနေတာ့ပဲ တေျဖးေျဖးအဆင္ေျပလာတာ ျဖစ္ပါတယ္။

ပိတ္မိေနတဲ့ ထရပ္ကားေမာင္းသမားေတြအတြက္ အစားအေသာက္ေတြကို အခမဲ့ေဝေပးဖို႔ အာဏာပိုင္ေတြက စီစဥ္ေပးသလို ရာနဲ႔ခ်ီတဲ့ အေရးေပၚသံုးအိမ္သာေတြကိုပါ ခ်ထားေပးခဲ့တာပါ။

စစ္သားေတြက ယာဥ္ေၾကာလမ္းညႊန္တာနဲ႔ ယာဥ္ေမာင္းေတြအတြက္ ေဆးစစ္တဲ့ အစီစဥ္ေတြမွာ အကူညီေပးေနၾကတာပါ။ ေဆးစစ္ၿပီး ပိုးမေတြ႔ရသူကိုပဲ ျပင္သစ္ႏိုင္ငံထဲ ဝင္ခြင့္ေပးေနပါတယ္။ စစ္တပ္က ေရာဂါပိုးအတြက္ ေဆးစစ္ေပးရာမွာ ျပင္သစ္မီးသတ္သမားေတြကလည္း ကူညီေဆာင္ရြက္ေပးၾကပါတယ္။

အခုအခ်ိန္အထိ စမ္းသပ္စစ္ေဆးမႈေပါင္း ၂ ေထာင္ေက်ာ္ လုပ္ခဲ့တဲ့ထဲမွာ ၃ ဦးမွာပဲ ပိုးေတြ႔ရေသးတယ္လို႔ ၿဗိတိန္ ကူးသန္းသြားလာေရး ဌာနအရာရွိေတြက ေျပာပါတယ္။

ၿဗိတိန္မွာ ကူးစက္ျမန္ ပိုးသစ္ေတြ႔ရေၾကာင္း ၿဗိတိိန္ဝန္ႀကီးခ်ဳပ္ ေၾကညာခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကစၿပီး ျပင္သစ္က ၿဗိတိန္နယ္စပ္ကိုု ၄၈ နာရီ ပိတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗြိတိန်နိုင်ငံမှာ ပြန့်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် ပြင်သစ်နိုင်ငံက ဗြိတိန်နဲ့ထိစပ်နေတဲ့ နယ်စပ်ကိုပိတ်လိုက်တဲ့ နောက်မှာ ဗြိတိန်ဘက်ကလာတဲ့ ထရပ်ကားအမြောက်အများ ပိတ်မိနေပြီး ခရစ်စမတ်နေ့မှာတော့ အဲဒီပိတ်မိနေတာတွေကို ရှင်းလင်းဖို့ ဗြိတိသ ျှ စစ်သားတထောင်လောက် ကြိုးပမ်းနေကြပါတယ်။

ဗြိတိန်အရှေ့တောင်ပိုင်းမှာ သူတို့ရဲ့ ကားတွေထဲ ပိတ်မိနေကြတဲ့ နိုင်ငံတကာ ထရပ်ကားမောင်းသမား ၄၀၀၀ လောက်ဟာ သောကြာနေ့မှာတော့ အခြေနေနဲနဲတိုးတက်လာခဲ့တာပါ။ ပြင်သစ်နိုင်ငံမြောက်ပိုင်း Calais ကို သွားဖို့ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်တဲ့ ဆွဲသင်္ဘောတွေပေါ်ကို တက်မယ့် သူတို့ရဲ့ ယာဉ်တွေကို အစဉ်လိုက်တင်ပေးလာတဲ့ အခါမှာ ဒီ Dover ဆိပ်ကမ်းတဝိုက်က ယာဉ်ကြောလည်း ပိတ်မနေတော့ပဲ တဖြေးဖြေးအဆင်ပြေလာတာ ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ ထရပ်ကားမောင်းသမားတွေအတွက် အစားအသောက်တွေကို အခမဲ့ဝေပေးဖို့ အာဏာပိုင်တွေက စီစဉ်ပေးသလို ရာနဲ့ချီတဲ့ အရေးပေါ်သုံးအိမ်သာတွေကိုပါ ချထားပေးခဲ့တာပါ။

စစ်သားတွေက ယာဉ်ကြောလမ်းညွှန်တာနဲ့ ယာဉ်မောင်းတွေအတွက် ဆေးစစ်တဲ့ အစီစဉ်တွေမှာ အကူညီပေးနေကြတာပါ။ ဆေးစစ်ပြီး ပိုးမတွေ့ရသူကိုပဲ ပြင်သစ်နိုင်ငံထဲ ဝင်ခွင့်ပေးနေပါတယ်။ စစ်တပ်က ရောဂါပိုးအတွက် ဆေးစစ်ပေးရာမှာ ပြင်သစ်မီးသတ်သမားတွေကလည်း ကူညီဆောင်ရွက်ပေးကြပါတယ်။

အခုအချိန်အထိ စမ်းသပ်စစ်ဆေးမှုပေါင်း ၂ ထောင်ကျော် လုပ်ခဲ့တဲ့ထဲမှာ ၃ ဦးမှာပဲ ပိုးတွေ့ရသေးတယ်လို့ ဗြိတိန် ကူးသန်းသွားလာရေး ဌာနအရာရှိတွေက ပြောပါတယ်။

ဗြိတိန်မှာ ကူးစက်မြန် ပိုးသစ်တွေ့ရကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကြေညာခဲ့တဲ့နောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ပြင်သစ်က ဗြိတိန်နယ်စပ်ကို ၄၈ နာရီ ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG