သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို တိုးျမႇင့္ ဒဏ္ခတ္မယ္႔ Burma Act 2021 မူၾကမ္း ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ 


US Congress

ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ဥပေဒမူၾကမ္း Burma Act of 2021 ကုိ အေမရိကန္ ေအက္လႊတ္ေတာ္ကေန ဧၿပီလ ၆ ရက္ေန့က အတည္ျပုလုိက္ပါတယ္။ ဒီဥပေဒမူၾကမ္း အတည္ျဖစ္လာဖုိ႔ ေဆာင္ရြက္ခဲ့တဲ့ ခ်င္းတုိင္းရင္းသားမ်ားအဖဲြ႔ အမွုေဆာင္ညႊန္ၾကားေရးမွဴး ပူးဇုိသုန္းမွုံ ကုိ-ကုိေဇာ္မုိးေက်ာ္ က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

စစ္ေကာင္စီကို တိုးျမႇင္႔ ဒဏ္ခတ္မယ္႔ Burma Act 2021 မူၾကမ္း ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ဥပေဒမူၾကမ္း Burma Act of 2021 ကုိ အေမရိကန္ ေအက္လႊတ္ေတာ္ကေန ဧၿပီလ ၆ ရက္ေန့က အတည္ျပုလုိက္ပါတယ္။ ဒီဥပေဒ မူၾကမ္းမွာ ျမန္မာ့ဒီမုိကေရစီအေရးကုိ ကူညီအားေပးဖုိ႔ နဲ႔ အာဏာသိမ္းစစ္ေကာင္စီကုိ ဖိအားေပးေဆာင္ရြက္သြားဖုိ႔ ေတြပါ၀င္ပါတယ္။ ဒီဥပေဒမူၾကမ္း အတည္ျဖစ္လာဖုိ႔ စည္းရုံးလွုံေဆာ္မွုလုပ္ငန္းေတြမွာပါ၀င္ေဆာင္ရြက္ခဲ့တဲ့ ေမရီလန္းျပည္နယ္ ခ်င္းတုိင္းရင္းသားမ်ားအဖဲြ႔ အမွုေဆာင္ညႊန္ၾကားေရးမွဴး ပူးဇုိသုန္းမွုံ ကုိ-ကုိေဇာ္မုိးေက်ာ္ က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ဥပေဒ ၂၀၂၁ Burma Act of 2021 ကုိ ဧၿပီလ ၆ ရက္ေန႔က အေမရိကန္ေအာက္လႊတ္ေတာ္မွ ာဒီမုိကရက္ နဲ့ ရီပတ္ဗလစ္ကင္ပါတီႀကီး ၂ ခုစလုံးက ေထာက္ခံၿပီး အတည္ျပုလုိက္တာျဖစ္ပါတယ္။

ဒီဥပေဒမူၾကမ္းကုိ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ေအာက္တုိဘာလက စတင္ၿပီး အေမရိကန္ လႊတ္ေတာ္မွာတင္သြင္းခဲ့တာျဖစ္ၿပီး၊ ဒီမုိကရက္နဲ့ ရီပတ္ဘလစ္ကန္အမတ္ေတြအၾကား ညွိႏွိုင္းမွုေတြျပဳလုပ္အတည္ျပုလုိက္တာျဖစ္ပါတယ္။

ဒီဥပေဒမူၾကမ္း၊ ဥပေဒျဖစ္လာခဲ့ရင္ ျမန္မာ့ဒီမုိကေရစီလွုပ္ရွားမွုအတြက္ အမ်ားႀကီး အေထာက္အကူျဖစ္ႏုိင္တယ္လုိ႔ ျမန္မာ့ဒီမုိကေရစီအေရး လွုပ္ရွားေဆာင္ရြက္ေနတဲ့ အေမရိကန္ျ့ပည္ေထာင္စု ေမရီလန္းျပည္နယ္ ခ်င္းတုိင္းရင္းသားမ်ားအဖဲြ႔ က အမွုေဆာင္ညႊန္ၾကားေရးမွဴး ပူးဇုိသုန္းမွုံ ကေျပာပါတယ္။

“ႏုိင္ငံေရးအရ သံတမန္အေရးအရ အေထာက္အကူ အမ်ားႀကီးျဖစ္လာမယ္။ နံပတ္ ၁ က ႏုိင္ငံံျခားေရး၀န္ႀကီးဌာနမွာ Coordinator (ညွိႏိႈင္းပူးေပါင္းေဆာင္ရြက္သူ) ေနရာ အသစ္ကုိရွိရမယ္တဲ့၊ ေတာ္ေတာ္ေလး ေကာင္းတယ္။ ေနာက္တခ်က္က Accountability ဆုိတဲ့ဟာ၊ အခုစစ္တပ္က ခ်ိဳးေဖာက္ေနတဲ့ (လူ့အခြင့္အေရးခ်ိဳးေဖာက္မွု) အေတာ္မ်ားမ်ားရွိတယ္။ အဲဒီဟာကုိလည္း အေရးယူသြားမယ္ဆုိတာပါတယ္။ ၿပီးေတာ့ေနာက္တခ်က္က၊ Humanitarian Assistance လူသားျခင္းစာနာမွုဆုိင္ရာ၊ ေနာက္ၿပီးေတာ့ Civil Society (အရပ္ဖက္ အဖဲြ့အစည္းမ်ား) အတြက္ဆုိၿပီးေတာ့ ေဒၚလာ သန္း ၂၂၀ ေထာက္ပံ့မယ္တဲ့။ ဆုိေတာ့ ေတာ္ေတာ္ေလးအား တက္စရာ ေကာင္းတယ္။

ကိုေဇာ္မုိးေက်ာ္ ။ ။ ဆုိေတာ့ဒီဥပေဒမူၾကမ္းကုိ အတည္ျပုလုိက္ၿပီဆုိေတာ့ ဥပေဒ ျဖစ္လာဖုိ့အတြက္ ဘာေတြဆက္လုပ္ ရဦးမလဲခင္ဗ်။

ပူးဇုိသုန္မွုံ ။ ။ ၂ ဆင့္က်န္ေသးတယ္ခင္ဗ်။ ေနာက္တဆင့္ကေတာ့ အထက္လႊတ္ေတာ္ ဆီးနိတ္ကေန အတည္ျပဳဖုိ့လုိတယ္။ ေမရီလန္းျပည္နယ္ရဲ့ ဆီနိတ္တာ Ban Cardan ကေန ဒီဟာ ကုိ ဦးေဆာင္တင္သြင္းလုိက္တယ္။ ဒါေပမယ့္အခုအထိ ရီပတ္ဘလစ္ကန္ ဆီနိတ္တာေတြဘက္ေန တေယာက္မွ အခုထိအတည္မျပုရေသးဘူး။ ဒါေၾကာင့္မုိ့ အဓိက အင္ဒီးယားနားတုိ့၊ ဗမာျပည္သားေတြမ်ားတဲ့ေနရာ၊ တကၠဆက္တုိ့၊ အုိဟုိင္းအုိးတုိ့လုိေနရာေတြမွာ မ်ားမ်ား Advocacy (စည္းရုံးလွုံေဆာ္ဖုိ့) လုိတယ္။”

ဒီမူၾကမ္းကုိ အထက္ဆီးနိတ္ လႊတ္ေတာ္ကုိ ဆက္လက္တင္သြားရမွာျဖစ္ၿပီး၊ ဆီးနိတ္လႊတ္ေတာ္ကေန အတည္ျပုၿပီးလုိ့ သမၼတက လက္မွတ္ထုိးရင္ ဥပေဒျဖစ္လာမွာ ျဖစ္ပါတယ္။ ဆီးနိတ္လႊတ္ေတာ္ကုိ ဆက္လက္တင္သြင္း အတည္ျပုႏုိင္ဖုိ႔အတြက္ ခ်င္းတုိင္းရင္းသားနဲ႔ ျမန္မာႏုိင္ငံသားေတြ အမ်ားအျပားရွိတဲ့ ေမရီလန္းျပည္နယ္က အထက္လႊတ္ေတာ္အမတ္ Ban Cardin ကေတာ့ လက္မွတ္ထုိးထားၿပီးျဖစ္ေပမယ့္၊ ဆီးနိတ္ႏုိင္ငံျခားေရးရာေကာ္မတီ အဖဲြ့၀င္တဦးျဖစ္တဲ့ အင္ဒီးယားနားျပည္နယ္ ရစ္ပတ္ဘလင္ကန္အမတ္ Todd Young ကပူးတဲြလက္မွတ္မထိုးေသးတဲ့အတြက္ ဆက္လက္ တုိက္တြန္းဖုိ႔ လုိေနေသးတယ္လုိ႔ ပူးဇုိသုန္းမွုံ က ေျပာပါတယ္။ ဒါေၾကာင့္ ျမန္မာအမ်ားစုရွိတဲ့ အင္ဒီးယားနား အပါအ၀င္ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္ အမတ္ေတြကုိ စည္းရုံးတုိက္တြန္းၾကဖုိ့ သူကလွုံေဆာ္ထားပါတယ္။ ဒီဥပေဒမူၾကမ္းကုိ အထက္လႊတ္ေတာ္မွာ ဒီမုိကရက္အမတ္ ၂၅ ဦးေထာက္ခံထားၿပီးျဖစ္ေပမယ့္၊ ရီပတ္ဘလစ္ကန္ဘက္က တဦးတေယာက္ကမွ် ေထာက္ခံျခင္းမရွိေသးတဲ့အတြက္ ၀ုိင္း၀န္းႀကိဳးပမ္းၾကဖုိ့ ပူးဇုိသုန္းမွုန္က တုိက္တြန္းခဲ့ပါတယ္။

ဒီဥပေဒမူၾကမ္းကုိ ေအာက္လႊတ္ေတာ္က အတည္ျပုလုိက္တဲ့အေပၚ ျမန္မာႏုိင္ငံက လူ့အခြင့္အေရးအေျခအေနေတြကုိေစာင့္ၾကည္႔ေနတဲ့ Global Witness အဖဲြ့ႀကီးက လည္း ႀကိဳဆုိလုိက္ပါတယ္။ အခုျမန္မာ့ဥပေဒမူၾကမ္း ၂၀၂၁ မွာ အာဏာသိမ္းစစ္ေကာင္စီရဲ့ အဓိက၀င္ေငြလမ္းေၾကာင္းျဖစ္တဲ့ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔လုပ္ငန္း အပါအ၀င္ ပုိမုိထိေရာက္တဲ့ပိတ္ဆုိ႔ အေရးယူမွုေတြလုပ္ဖုိပါ၀င္သလုိ၊ ျမန္မာ့ဒီမုိကေရစီေရးနဲ႔ လူသားျခင္းစာနာမွုအကူအညီ ၅ ႏွစ္စာအတြက္ အေမရိကန္ေဒၚလာ သန္း ၄၅၀ ေထာက္ပံေပးဖုိ့လည္း ပါ၀င္တယ္လုိ့ Global Witness ရဲ့ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။

ဒီဥပေဒမူၾကမ္း အတည္ျဖစ္လာခဲ့ရင္ အေမရိကန္အစုိးရအေနနဲ႔ ျမန္မာစစ္အစိုးရေပၚ ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မွုေတြလုပ္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာ့အေရး ညွိႏုိင္းပူးေပါင္းေဆာင္ရြက္ရမယ့္ အရာရွိတဦးကုိလည္း အေမရိကန္အစိုးရက ခန့္ထားရမွာျဖစ္တဲ့အတြက္ လုပ္ငန္းေတြ ပုိမုိထိေရာက္ျမန္ဆန္လာမွာျဖစ္ၿပီး၊ ရုိဟင္ဂ်ာအပါအ၀င္၊ ခ်င္းျပည္နယ္နဲ႔ ျမန္မာျပည္အႏွံ႔က ျမန္မာအာဏာသိမ္း စစ္ေကာင္စီတပ္ေတြ က်ဴးလြန္တဲ့ရက္စက္ၾကမ္းၾကဳတ္တဲ့ လူ့အခြင့္အေရး ခ်ိဳးေဖါက္မွုေတြကုိလည္း အေရးယူဖုိ႔လည္း လုပ္ေဆာင္ႏုိင္မွာျဖစ္တယ္လုိ့ ေမရီလန္းျပည္နယ္က ခ်င္းတုိင္းရင္းသားမ်ားအဖဲြ႔ အမွုေဆာင္ညႊန္ၾကားေရးမွုး ပူးဇုိသုန္းမွုံကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

စစ်ကောင်စီကို တိုးမြှင့် ဒဏ်ခတ်မယ့် Burma Act 2021 မူကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

{{Zawgyi/Unicode}}
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေမူကြမ်း Burma Act of 2021 ကို အမေရိကန် အေက်လွှတ်တော်ကနေ ဧပြီလ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေ မူကြမ်းမှာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးဖို့ နဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဆောင်ရွက်သွားဖို့ တွေပါဝင်ပါတယ်။ ဒီဥပဒေမူကြမ်း အတည်ဖြစ်လာဖို့ စည်းရုံးလှုံဆော်မှုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခဲ့တဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ပူးဇိုသုန်းမှုံ ကို-ကိုဇော်မိုးကျော် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေ ၂၀၂၁ Burma Act of 2021 ကို ဧပြီလ ၆ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှ ာဒီမိုကရက် နဲ့ ရီပတ်ဗလစ်ကင်ပါတီကြီး ၂ ခုစလုံးက ထောက်ခံပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလက စတင်ပြီး အမေရိကန် လွှတ်တော်မှာတင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေအကြား ညှိနှိုင်းမှုတွေပြုလုပ်အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်း၊ ဥပဒေဖြစ်လာခဲ့ရင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အမေရိကန်ြ့ပည်ထောင်စု မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ က အမှုဆောင်ညွှန်ကြားရေးမှူး ပူးဇိုသုန်းမှုံ ကပြောပါတယ်။

“နိုင်ငံရေးအရ သံတမန်အရေးအရ အထောက်အကူ အများကြီးဖြစ်လာမယ်။ နံပတ် ၁ က နိုင်ငံံခြားရေးဝန်ကြီးဌာနမှာ Coordinator (ညှိနှိုင်းပူးပေါင်းဆောင်ရွက်သူ) နေရာ အသစ်ကိုရှိရမယ်တဲ့၊ တော်တော်လေး ကောင်းတယ်။ နောက်တချက်က Accountability ဆိုတဲ့ဟာ၊ အခုစစ်တပ်က ချိုးဖောက်နေတဲ့ (လူ့အခွင့်အရေးချိုးဖောက်မှု) အတော်များများရှိတယ်။ အဲဒီဟာကိုလည်း အရေးယူသွားမယ်ဆိုတာပါတယ်။ ပြီးတော့နောက်တချက်က၊ Humanitarian Assistance လူသားခြင်းစာနာမှုဆိုင်ရာ၊ နောက်ပြီးတော့ Civil Society (အရပ်ဖက် အဖွဲ့အစည်းများ) အတွက်ဆိုပြီးတော့ ဒေါ်လာ သန်း ၂၂၀ ထောက်ပံ့မယ်တဲ့။ ဆိုတော့ တော်တော်လေးအား တက်စရာ ကောင်းတယ်။

ကိုဇော်မိုးကျော် ။ ။ ဆိုတော့ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီဆိုတော့ ဥပဒေ ဖြစ်လာဖို့အတွက် ဘာတွေဆက်လုပ် ရဦးမလဲခင်ဗျ။

ပူးဇိုသုန်မှုံ ။ ။ ၂ ဆင့်ကျန်သေးတယ်ခင်ဗျ။ နောက်တဆင့်ကတော့ အထက်လွှတ်တော် ဆီးနိတ်ကနေ အတည်ပြုဖို့လိုတယ်။ မေရီလန်းပြည်နယ်ရဲ့ ဆီနိတ်တာ Ban Cardan ကနေ ဒီဟာ ကို ဦးဆောင်တင်သွင်းလိုက်တယ်။ ဒါပေမယ့်အခုအထိ ရီပတ်ဘလစ်ကန် ဆီနိတ်တာတွေဘက်နေ တယောက်မှ အခုထိအတည်မပြုရသေးဘူး။ ဒါကြောင့်မို့ အဓိက အင်ဒီးယားနားတို့၊ ဗမာပြည်သားတွေများတဲ့နေရာ၊ တက္ကဆက်တို့၊ အိုဟိုင်းအိုးတို့လိုနေရာတွေမှာ များများ Advocacy (စည်းရုံးလှုံဆော်ဖို့) လိုတယ်။”

ဒီမူကြမ်းကို အထက်ဆီးနိတ် လွှတ်တော်ကို ဆက်လက်တင်သွားရမှာဖြစ်ပြီး၊ ဆီးနိတ်လွှတ်တော်ကနေ အတည်ပြုပြီးလို့ သမ္မတက လက်မှတ်ထိုးရင် ဥပဒေဖြစ်လာမှာ ဖြစ်ပါတယ်။ ဆီးနိတ်လွှတ်တော်ကို ဆက်လက်တင်သွင်း အတည်ပြုနိုင်ဖို့အတွက် ချင်းတိုင်းရင်းသားနဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိတဲ့ မေရီလန်းပြည်နယ်က အထက်လွှတ်တော်အမတ် Ban Cardin ကတော့ လက်မှတ်ထိုးထားပြီးဖြစ်ပေမယ့်၊ ဆီးနိတ်နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ အင်ဒီးယားနားပြည်နယ် ရစ်ပတ်ဘလင်ကန်အမတ် Todd Young ကပူးတွဲလက်မှတ်မထိုးသေးတဲ့အတွက် ဆက်လက် တိုက်တွန်းဖို့ လိုနေသေးတယ်လို့ ပူးဇိုသုန်းမှုံ က ပြောပါတယ်။ ဒါကြောင့် မြန်မာအများစုရှိတဲ့ အင်ဒီးယားနား အပါအဝင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တွေကို စည်းရုံးတိုက်တွန်းကြဖို့ သူကလှုံဆော်ထားပါတယ်။ ဒီဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ဒီမိုကရက်အမတ် ၂၅ ဦးထောက်ခံထားပြီးဖြစ်ပေမယ့်၊ ရီပတ်ဘလစ်ကန်ဘက်က တဦးတယောက်ကမျှ ထောက်ခံခြင်းမရှိသေးတဲ့အတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ပူးဇိုသုန်းမှုန်က တိုက်တွန်းခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကိုစောင့်ကြည့်နေတဲ့ Global Witness အဖွဲ့ကြီးက လည်း ကြိုဆိုလိုက်ပါတယ်။ အခုမြန်မာ့ဥပဒေမူကြမ်း ၂၀၂၁ မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် ပိုမိုထိရောက်တဲ့ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖိုပါဝင်သလို၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားခြင်းစာနာမှုအကူအညီ ၅ နှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ထောက်ပံပေးဖို့လည်း ပါဝင်တယ်လို့ Global Witness ရဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ဒီဥပဒေမူကြမ်း အတည်ဖြစ်လာခဲ့ရင် အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး ညှိနိုင်းပူးပေါင်းဆောင်ရွက်ရမယ့် အရာရှိတဦးကိုလည်း အမေရိကန်အစိုးရက ခန့်ထားရမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေ ပိုမိုထိရောက်မြန်ဆန်လာမှာဖြစ်ပြီး၊ ရိုဟင်ဂျာအပါအဝင်၊ ချင်းပြည်နယ်နဲ့ မြန်မာပြည်အနှံ့က မြန်မာအာဏာသိမ်း စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း အရေးယူဖို့လည်း လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ မေရီလန်းပြည်နယ်က ချင်းတိုင်းရင်းသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ပူးဇိုသုန်းမှုံကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG