သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲ အလားအလာ


ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) (ဓာတ္ပံု - Win Zaw)
ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲ အလားအလာ
please wait

No media source currently available

0:00 0:11:28 0:00
တိုက္႐ိုက္ လင့္ခ္

အခုက်င္းပၿပီးစီးသြားခဲ့တဲ့ ေရြးေကာက္ပြဲအတြင္းမွာ ရခိုင္ျပည္နယ္အတြင္းမွာ (၉) ၿမိဳ ႔နယ္ ေရြးေကာက္ပြဲ မက်င္းပႏုိင္ခဲ့ပါဘူး။ ဒါေပမဲ့လဲ ဒီၿမိဳ ႔နယ္ေတြ ျပန္ၿပီးေတာ့ က်င္းပႏုိင္ဖို႔အတြက္ဆိုၿပီးေတာ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔က ကမ္းလွမ္းလိုက္သလိုပဲ၊ တပ္မေတာ္ဘက္ကလည္း ဒီအေပၚမွာ အျပဳသေဘာတံု႔ျပန္တာေတြ ရိွလာပါတယ္။ ဒါေၾကာင့္မို႔ ရခုိင္ျပည္နယ္အတြင္းမွာ ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏုိင္မယ့္ ေမွ်ာ္လင့္ခ်က္ ျဖစ္လာပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ ရခိုင္အမ်ဳိးသားပါတီရဲ ႔ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္လည္းျဖစ္၊ ေျမာက္ဦးၿမိဳ ႔နယ္ကိုယ္စားလွယ္လည္းျဖစ္တဲ့ ဦးဦးလွေစာ ကို ကိုသားညႊန္႔ဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မၾကာေသးခင္က AA လက္နက္ကိုင္အဖြဲ႔ကေန ရခိုင္ျပည္နယ္အတြင္းမွာ ေရြးေကာက္ပြဲ ျပန္လုပ္ႏိုင္ဖုိ႔ ထုတ္ပါတယ္။ ဒီအေပၚမွာ တပ္မေတာ္ဘက္က ႀကိဳဆိုတယ္ဆိုတဲ့ လကၡဏာ၊ အရိပ္အေရာင္လည္း ျပပါတယ္။ ေၾကညာခ်က္ ျပန္ထုတ္ပါတယ္။ ဆိုေတာ့ ရခုိင္ျပည္နယ္ထဲမွာ ေရြးေကာက္ပြဲျပန္လုပ္ႏုိင္ေျခနဲ႔ ပတ္သက္ၿပီးေတာ့ ဦးဦးလွေစာအျမင္ ဘယ္လိုရိွပါသလဲ။

ေျဖ ။ ။ ေရြးေကာက္ပြဲမျဖစ္တဲ့အတြက္ က်ေနာ္တို႔ ရခိုင္ပါတီေတြ၊ ရခိုင္ျပည္သူေတြကေတာ့ စိတ္မေကာင္းဘူးေပါ့။ အဲဒီေတာ့ ေရြးေကာက္ပြဲကို ျဖစ္ေစခ်င္တဲ့သေဘာမ်ဳိးေတြ ေျပာၾကတယ္။ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ တျခားအဖြဲ႔အစည္းေတြေျပာတယ္။ ဘာမွ မထိေရာက္ခဲ့ဘူး။ ဒါေပမဲ့ အဲဒီရခိုင္ျပည္သူေတြရဲ ႔ အသံကို ထင္ဟပ္ၿပီးေတာ့ AA ကလည္း သူတို႔ရဲ ႔သေဘာထားကို ေျပာလာတယ္။ ေရြးေကာက္ပြဲျဖစ္ေစခ်င္တဲ့သေဘာထား၊ ပူးေပါင္းေဆာင္ရြက္ခ်င္တဲ့ သေဘာထား ေျပာလာတယ္။ ပိုၿပီးဝမ္းသာစရာေကာင္းတာက တပ္မေတာ္ဘက္ကလည္း အဲဒါနဲ႔ လိုက္ေလ်ာေထြညီၿပီး အျပဳသေဘာနဲ႔ ႀကိဳဆုိတယ္။ အဲဒီေတာ့ ဘာပဲေျပာေျပာ AA နဲ႔ တပ္မေတာ္ၾကားထဲမွာ တျခားဟာေတြထားလိုက္ေတာ့ လိုက္ငင္းမွာေတာ့ ဒါက ဝမ္းသာစရာေကာင္းတဲ့ သတင္းပါ။ အဲဒီေတာ့ ေရြးေကာက္ပြဲကိုလုပ္ဖို႔ ႏွစ္ဘက္ဆႏၵ ရိွတယ္ဆိုေတာ့ အဆံုးအျဖတ္ေပးရမွာက ေရြးေကာက္ပြဲေကာ္မရွင္ ျဖစ္တယ္။ အဲဒီေတာ့ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ေျပာတဲ့အခါၾကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က ရခိုင္မွာလုပ္မယ္လို႔ေတာ့ ေျပာတယ္။ ဒါေပမဲ့ ေၾကညာခ်က္ေတြရဲ ႔ သေဘာအတိုင္းဆိုရင္ေတာ့ ဒီဇင္ဘာ (၃၁) ရက္ေန႔မတိုင္ခင္ ဒီေရြးေကာက္ပြဲကို လုပ္ရမယ္။ ဒါေပမဲ့ နားလည္မႈလြဲတာကေတာ့ ဒါဟာ ၾကားျဖတ္မဟုတ္ဘူး။
(၃၁) ရက္ေန႔မတုိင္မီ Cancel လုပ္ထားတဲ့ဟာေတြကို အခ်ိန္မီျပန္လုပ္ဖို႔ဆိုတာ ျဖစ္တယ္။ အဲဒီေတာ့ က်ေနာ္တို႔ကေတာ့ လုပ္ေစခ်င္ပါတယ္။ အတတ္ႏုို္င္ဆံုး လုပ္ေစခ်င္ပါတယ္။ ရခိုင္မွာရိွတဲ့ ေရြးေကာက္ပြဲေကာ္မရွင္ကလည္း အသင့္အေနအထားရိွတယ္လို႔ က်ေနာ္တို႔ၾကားတယ္။ ဘာမွအခက္အခဲ မရိွဘူး။ ရခိုင္မွာရိွတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြကလည္း ေရြးေကာက္ပြဲျဖစ္ဖုိ႔ အသင့္ပဲ။ ရခိုင္ႏိုင္ငံေရးပါတီေတြကလည္း ဒီလိုျဖစ္မယ္ဆိုရင္ေတာ့ သူတို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ၾကပါမယ္။ တရားမွ်တတဲ့ ေရြးေကာက္ပြဲတစ္ခု ျဖစ္လာမယ့္ အခင္းအက်င္းကေတာ့ အသင့္ပါပဲ။ အဲဒီေတာ့ က်ေနာ္တုိ႔က ေရြးေကာက္ပြဲေကာ္မရွင္ရဲ ႔ fixed date ေန႔ရက္တစ္ခု သတ္မွတ္တာကိုပဲ က်ေနာ္တုိ႔ ေမွ်ာ္လင့္ၿပီးေတာ့ ေစာင့္ေနၾကပါတယ္။

ေမး ။ ။ က်ေနာ္တို႔ ေလ့လာၾကည့္ရသေလာက္လဲ ၾကားျဖတ္ေရြးေကာက္ပြဲ မဟုတ္ပါဘူး။ ေျပာရမယ္ဆိုရင္ေတာ့ ၂၀၂၀ ေရြးေကာက္ပြဲကို ေနာက္ဆက္တြဲအေနနဲ႔ က်င္းပရမယ့္သေဘာမ်ဳိး၊ က်င္းပလို႔ရႏိုင္တဲ့ အေနအထားမ်ဳိးလည္း ေတြ႔ရပါတယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္လဲ ရခိုင္ျပည္နယ္ထဲမွာ ရခိုင္ႏိုင္ငံေရးပါတီေတြမွာလည္း ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ၿပီးသာ၊ NLD မွာလည္း ေရြးခ်ယ္ၿပီးသာ ျဖစ္ေနေတာ့ အျခားအခက္အခဲမ်ုိးေတြ ႀကံဳရႏိုင္လား။ ျမန္ျမန္ဆန္ဆန္ ဒီဇင္ဘာထဲမွာ က်င္းပႏိုိင္ဖို႔ဆုိရင္ ဦးဦးလွေစာ ဘာေတြအခက္အခဲေတြ ရိွႏိုင္ပါလဲ။

ေျဖ ။ ။ က်ေနာ္ကေတာ့ ေထြေထြထူးထူး အခက္အခဲ မရိွပါဘူးလို႔ ထင္ပါတယ္။ ပထမဆံုး ေရြးေကာက္ပြဲ မက်င္းပရတဲ့ အေၾကာင္းရင္းကလဲ လံုၿခံဳေရးျပႆနာေၾကာင့္။ ႏွွစ္ဘက္ဆိုင္ရာ တိုက္ပြဲေတြ ျဖစ္ၾကတာလည္း ရိွတယ္။ ႏွစ္ဘက္အျငင္းပြားစရာ - သူေျပာကိုယ္ေျပာတာေတြ ရိွခဲ့တယ္။ အခုၾကေတာ့ အဲဒီအျငင္းပြားစရာ ႏွစ္ဘက္ကလဲ ပူးေပါင္းပါဝင္မယ္လို႔ ေျပာေနၿပီ။ လူထုကလည္း အသင့္ရိွေနတယ္။ အရပ္ဘက္အဖြဲ႔အစည္းေတြကလည္း ရိွတယ္။ ရခိုင္မွာ ေရြးေကာက္ပြဲျဖစ္မယ္ဆိုရင္ အခုေလာေလာဆယ္ နားနားေနေန ျဖစ္ေနတဲ့ ဝန္ထမ္းေတြကလည္း တတ္ႏိုင္သမွ် ကူညီမယ္ဆိုေတာ့ ေရြးေကာက္ပြဲ မလုပ္စရာအေၾကာင္း မရိွဘူး။ လုပ္ရင္လဲ အဆင္ေျပမယ္။

တစ္ခုဆက္ေျပာခ်င္တာကေတာ့ ဒီေရြးေကာက္ပြဲသာ ျဖစ္ခဲ့မယ္ဆိုရင္ က်ေနာ္က ျဖစ္လည္းျဖစ္ေစခ်င္တာ။ ျဖစ္ခဲ့မယ္ဆိုရင္ က်ေနာ္တို႔ အၿမဲတမ္းေမွ်ာ္လင့္ေတာင္းတေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးျပႆနာ - အဲဒီလက္နက္ကိုင္အဖြဲ႔ေတြၾကားထဲမွာ ယံုၾကည္မႈတည္ေဆာက္တာ။ တပ္မေတာ္နဲ႔ AA ၾကားထဲမွာ ယံုၾကည္မႈ နားလည္မႈ တစ္ခုရသြားၿပီဆိုရင္ အပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္ဘက္ေဆြးေႏြးမႈေတြ ေပၚလာႏိုင္တယ္။ ဒီကိုဦးတည္ၿပီးေတာ့ bilateral agreement ေတြ ေပၚလာႏိုင္တယ္။ ဒီဟာက အင္မတန္ေကာင္းျမတ္တဲ့ မဂၤလာတစ္ပါ ျဖစ္တယ္။ ဒါက က်ေနာ္တုိ႔ အၿမဲတမ္းေမွ်ာ္လင့္ေနတဲ့။ ေနာက္ ပင္လံုညီလာခံမ်ဳိးမွာ AA ပါဝင္ႏိုင္မယ္။ ေျမာက္ပိုင္းမဟာမိတ္ေတြအဆံုး ပါလာမယ္ဆိုတာကို ဦးတည္သြားႏိုင္ေစတဲ့ အခင္းအက်င္းေလးတစ္ခုဟာ စေနၿပီလို႔ေတာ့ က်ေနာ္တုိ႔ ခံစားရတယ္။ ဒီအခင္းအက်င္းေလးကို က်ေနာ္တုိ႔က မပ်က္ေစခ်င္ဘူး။ အဲဒီေတာ့ အခက္အခဲမ်ဳိးစံု ႀကံဳရမယ္ဆိုရင္လဲ၊ ႀကံဳတဲ့အခက္အခဲေတြက ေျဖရွင္းႏို္င္တဲ့၊ ေက်ာ္လႊာႏိုင္တဲ့ အခက္အခဲေတြလိုပဲ က်ေနာ္တို႔ ယံုၾကည္ပါတယ္။ အဲဒါေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ျမန္ျမန္ဆံုးျဖတ္လိုက္ရင္ က်ေနာ္တုိ႔လည္း ျမန္ျမန္အေကာင္အထည္ေဖာ္ႏိုင္လို႔ရတယ္။ တိုင္းျပည္အတြက္လည္း ေကာင္းပါတယ္။ ႏိုိင္ငံတကာအဖြဲ႔အစည္းေတြကလည္း ေကာင္းခ်ီးေပးၾကမယ္လို႔ က်ေနာ္ အဲဒီလိုပဲ ယံုၾကည္ပါတယ္။

ေမး ။ ။ အခုနက ဦးဦးလွေစာ ေျပာသြားတဲ့အထဲမွာ ပါပါတယ္။ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရးကိစၥ။ အခုဟာက ေရြးေကာက္ပြဲနဲ႔ တႏြယ္ငင္တစင္ပါ ဆုိသလိုပဲ - ၿငိမ္းခ်မ္းေရးကိစၥပါ လမ္းစပြင့္လာသလုိ ျဖစ္လာတယ္။ ဆိုလိုတာက AA ဘက္ကေန အခုလို ကမ္းလွမ္းတယ္။ တပ္မေတာ္ဘက္ကလည္း ကမ္းလွမ္းတယ္။ အခုလိုမ်ဳိး တိုက္ပြဲေတြ ေတာ္ေတာ္ေလး ျပင္းျပင္းထန္ထန္ ျဖစ္ေနတဲ့ၾကားထဲကေန ရုတ္ခ်ည္းသေဘာထားေတြ ဘာေၾကာင့္ေျပာင္းသြားတာလဲ။ ဦးလွေစာ ဘယ္လိုမ်ား ထင္ပါသလဲ။

ေျဖ ။ ။ ေျပာရမယ္ဆိုရင္ေတာ့ က်ေနာ္တုိိ႔က အထင္ပဲ ရိွမွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ကေတာ့ ႏွစ္ဘက္စလံုးက စစ္ပြဲအေပၚမွာ သူတို႔စစ္သားေတြက သံုးသပ္လာတယ္။ ႏုိင္ငံတကာအခ်င္းခ်င္း သံုးသပ္လာတယ္။ ျပည္တြင္းျပႆနာေတြကို အခ်င္းခ်င္းသံုးသပ္လာတယ္။ ေနာက္တစ္ခုကလဲ ေရြးေကာက္ပြဲၿပီးတဲ့အခါမွာ ျဖစ္ေပၚလာတဲ့ အစိုးရသစ္ေပၚမွာ တစ္ခုခုေမွ်ာ္လင့္တယ္။ ေမွ်ာ္လင့္မႈတစ္ခု ရိွလာတဲ့အတြက္ေၾကာင့္ အယူအဆေတြ ေျပာင္းလာတယ္လို႔ ထင္တယ္။ ဘာပဲေျပာေျပာ ဘယ္လိုပဲအယူအဆရိွရိွ ဒါဟာ တုိင္းျပည္အတြက္ အက်ဳိးရိွတယ္။ ျပည္သူအတြက္ အက်ဳိးရိွတယ္။ ႏိုင္ငံတကာမွာရိွတဲ့ ႏုိင္ငံတကာအဖြဲ႔အစည္း ဘယ္သူမွ ဒါကို မေကာင္းဘူးလို႔ ေျပာမွာမဟုတ္ဘူး။ တကယ္ေကာင္းေစခ်င္တဲ့ လုပ္ရပ္တစ္ခုဆုိရင္ေတာ့ ဘယ္လိုပဲ ေနာက္ခံရိွတယ္ဆိုတာကုိ ေနာက္သမုိင္းအရ ေနာက္ခံစဥ္းစားေပါ့။ အခုကေတာ့ ႀကိဳဆိုရမွာပဲ။

ေမး ။ ။ ဒီအခ်ိန္ကာလမွာပဲ ထူးထူးျခားျခား NLD ပါတီဘက္ကလည္း ေၾကညာခ်က္တစ္ရပ္ ထုတ္ပါတယ္။ အဓိက တုိင္းရင္းသားႏုိင္ငံေရးပါတီေတြကို လက္ကမ္းတဲ့ ေၾကညာခ်က္သေဘာမ်ဳိး ေျပာရမွာေပါ့။ ပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့ ေၾကညာခ်က္ထြက္လာပါတယ္။ အဲဒီေတာ့ ဒီေၾကညာခ်က္နဲ႔ ပတ္သက္လို႔ေကာ ဦးဦးလွေစာ ဘယ္လိုမ်ား ျမင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ကလည္း ဒီေၾကညာခ်က္ကို အျပဳသေဘာေဆာင္တယ္လို႔ေတာ့ ျမင္ပါတယ္။ အေသးစိတ္အခ်က္အလက္၊ action ေတြကေတာ့ မပါဘူးေပါ့။ AA က ထုတ္တဲ့ statement, တပ္မေတာ္ကထုတ္တဲ့ ေၾကညာခ်က္ကေတာ့ action ေတြပါတယ္။ action ဆိုတာကေတာ့ ေရြးေကာက္ပြဲကို အလုပ္တစ္ခုလုပ္မယ္။ ေရြးေကာက္ပြဲဆိုတဲ့ လုပ္ရပ္တစ္ခုကို အစျပဳမယ္။ ေလာေလာဆယ္ လံုၿခံဳေရးကို တာဝန္ယူေပးၾကမယ္ ဆိုကတည္းက ပစ္တာခတ္တာေတြ မလုပ္ၾကေတာ့ဘူး။ ေသနတ္ေဖာက္သံေတြ မရိွၾကေတာ့ဘူး။ ေရြးေကာက္ပြဲ ျဖစ္ေျမာက္ေရးအတြက္ ပူးေပါင္းလုပ္ေဆာင္ၾကမယ္ဆိုတဲ့ လက္ေတြ႔ action တစ္ခု ပါလာတယ္။ အဲဒီ action လုပ္ရပ္ကေန က်ေနာ္ေျပာသလို ေရွ ႔ကိုသြားၿပီးေတာ့ ေနာက္ထပ္ ေကာင္းတဲ့ဘက္ကို ဦးတည္သြားႏုိင္တယ္။ အဲဒီေတာ့ NLD က ထုတ္ျပန္တဲ့ ေၾကညာခ်က္ကလဲ သူတို႔ရဲ ႔ သေဘာထားကို ရိုးရိုးသားသား တင္ျပတယ္လို႔ပဲ က်ေနာ္ မွတ္ယူပါတယ္။ ဒါက ေျပာင္းလဲလာတဲ့ အေျခအေနတစ္ရပ္ေပၚမွာ။ ဒါေပမဲ့ action ကေတာ့ မပါေသးဘူး။ အဲဒီေတာ့ က်ေနာ္တို႔က NLD ကို က်ေနာ္တုိ႔ ေမတၱာရပ္ခံခ်င္တာကေတာ့ action ေလးေတြ ဘယ္လိုဘယ္လို ေဆြးေႏြးမယ္။ ဘယ္လိုမူေတြကို လုပ္မယ္။ ဘယ္လိုပူးေပါင္းလုပ္ေဆာင္မလဲ။ ႏုိင္ငံေရးအရ ပူးေပါင္းေဆာင္ရြက္မလား။ လႊတ္ေတာ္ထဲမွာ ပူးေပါင္းေဆာင္ရြက္မလား။ အစိုးရအဖြဲ႔ထဲမွာ ပူးေပါင္းေဆာင္ရြက္မလား ဆိုတာေတြကိုေတာ့ အေသးစိတ္လုပ္ရအံုးပါမယ္။ အဲဒီေတာ့ က်ေနာ္ကေတာ့ NLD ေၾကညာခ်က္ကို ႀကိဳဆိုတယ္။ ဒါေပမဲ့ ဒီထက္လက္ေတြ႔သေဘာပါတဲ့ လုပ္ရပ္ေလးေတြကိုေတာ့ NLD က ေနာက္တစ္ဆင့္ ခ်ျပဖို႔ လိုတယ္လို႔ေတာ့ ျမင္ပါတယ္။

ေမး ။ ။ အခု ရခုိင္ျပည္နယ္အတြင္းမွာ ေရြးေကာက္ပြဲ ျဖစ္ႏုိင္ေခ်နဲ႔ ပတ္သက္လို႔ ေရြးေကာက္ပြဲလုပ္ဖို႔ကိစၥက တကယ္တမ္းက ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ဆံုးျဖတ္ၿပီးေတာ့ လုပ္ေဆာင္ရမွာေပါ့။ ဒါေပမဲ့ က်ေနာ္ တစ္ခုေမးခ်င္တာက အာဏာရပါတီ NLD ရဲ ႔ သေဘာထားေပါ့။ ေျပာရမယ္ဆိုရင္ေတာ့ တကယ္တမ္း ရခိုင္ျပည္နယ္အတြင္းမွာ အခု ေရြးေကာက္ပြဲေတြ ျပန္လုပ္မယ့္ေနရာေတြမွာ ယွဥ္ၿပိဳင္မယ္ဆိုရင္ အဓိက ၿပိဳင္ဘက္က ရခိုင္အမ်ဳိးသားပါတီလို႔ ျမင္ႏုိင္ပါတယ္။ အဲဒီေတာ့ ပါတီခ်င္းသေဘာထားက NLD ပါတီရဲ ႔ သေဘာထား၊ ရခိုင္ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ သေဘာထား ဘယ္လိုမ်ား တီးေခါက္မိပါသလဲ။ ဦးဦးလွေစာ ဘယ္လိုမ်ား ျမင္မိပါသလဲ။

ေျဖ ။ ။ က်ေနာ္သာ NLD ဆိုရင္ေတာ့ ဘာမွခံစားရမွာ မဟုတ္ဘူး။ ေရြးေကာက္ပြဲဆိုတာ ႏိုင္ခ်င္ႏိုင္၊ ရႈံးခ်င္ရႈံးမွာေပါ့။ ႏိႈင္းယွဥ္မႈအရေတာ့ ဒီေနရာေတြက ရခိုင္အမ်ဳိးသားပါတီရဲ ႔ အဓိက stronghold ေနရာေတြ ျဖစ္ေတာ့ NLD အေနနဲ႔ အႏိုင္ရဖုိ႔ဆိုတာေတာ့ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ ဒါေပမဲ့ တျပည္လံုးအတိုင္းအတာနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ အခင္းအက်င္းမွာနဲ႔ ျပည္နယ္လႊတ္ေတာ္အခင္းအက်င္းေတြမွာ NLD ဟာ တျပည္လံုးအတိုင္းအတာနဲ႔ လူထုေထာက္ခံမႈကို ရထားၿပီ။ ဒီမိုကေရစီ ေရြးေကာက္ပြဲမွာလဲ သူတုိ႔ဟာ ေတာ္ေတာ္မ်ားမ်ားကို ေက်နပ္ေလာက္တဲ့ ေအာင္ျမင္မႈကို ရထားၿပီဆိုရင္ ေနာက္လာမယ့္ ရခိုင္ေရြးေကာက္ပြဲကို သူတုိ႔သေဘာ ရႈံးသည္ျဖစ္ေစ၊ ႏုိင္သည္ျဖစ္ေစ၊ ရႈံးဖုိ႔ေသခ်ာရင္လဲ ဘာမွမျဖစ္ဘူး။ အဲဒီပြဲကို လုပ္လိုက္ျခင္းအားျဖင့္ သူတုိ႔ရဲ ႔ ဂုဏ္သိကၡာက ပိုၿပီးေတာ့ ျမင့္လာစရာပဲ ရိွတယ္။ ရံႈးတဲ့အတြက္လည္း ရွက္စရာ မရိွပါဘူး။ အဲဒီလို လုပ္ျဖစ္တယ္ဆိုရင္ ရခိုင္မွာရိွတဲ့ AA နဲ႔ ျမန္မာ့တပ္မေတာ္ၾကား တုိက္ပြဲေတြ ၿငိမ္သြားၿပီဆိုရင္ ျပည္နယ္အစိုးရကို အကုန္လံုးပူးေပါင္းညိွႏိႈင္းၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္ တည္ေဆာက္မယ္ဆိုရင္ ရခိုင္ျပႆနာဟာ တစံုတရာေလး လမ္းစေပၚလာမယ္။ ဘာျဖစ္လို႔လဲဆိုရင္ ရခိုင္ဧရိယာဟာ အကုန္လံုး သိတဲ့အတိုင္း ပထဝီႏုိင္ငံေရးနဲ႔ ႏုိင္ငံတကာအေရးေတြနဲ႔ ဆက္စပ္ၿပီးေတာ့ အင္မတန္ စိုးရိမ္စရာ ေၾကာက္စရာေကာင္းတဲ့ နယ္ေျမတစ္ခု ျဖစ္ေနတယ္။ အဲဒီေတာ့ ဒီဟာကို ေျဖရွင္းဖို႔အတြက္လဲ NLD အတြက္ အမ်ားႀကီးအလားအလာေကာင္းေနတယ္။

အဲဒီေတာ့ ဒီဟာေလးကို ႏုိင္ငံေရးအရ မိမိရရ မဆုပ္ကိုင္တတ္ရင္ေတာ့ NLD အတြက္လည္း မေကာင္းဘူး။ တုိင္းျပည္အတြက္လည္း မေကာင္းဘူး။ ရခိုင္အတြက္လည္း မေကာင္းဘူး။ ဘယ္သူ႔အတြက္မွလည္း မေကာင္းပါဘူး။

ေမး ။ ။ အခုလက္တေလာ အေနအထားႀကီးက ေရြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ထဲမွာ အသာရေနတာ က်ေနာ္တို႔ သိထားသေလာက္ ရခိုင္အမ်ဳိးသားပါတီလို႔ ထင္ပါတယ္။ ဘယ္လို အေျခအေန ရိွပါသလဲ။ ေနာက္ဆံုးရလဒ္က။

ေျဖ ။ ။ အခုေနာက္ဆံုး ရလဒ္ကေတာ့ ရခုိင္အမ်ဳိးသားပါတီပဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ႏုိ္င္ပါတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ NLD ရဲ ႔ stronghold လို႔ ေျပာႏိုင္တဲ့ NLD အရင္တုန္းက အခိုင္အမာႏိုင္ခဲ့တဲ့ မာန္ေအာင္လို႔ၿမိဳ ႔ေတြ၊ ေတာင္ကုတ္လို႔ၿမိဳ ႔မွာလည္း ရခိုင္ပါတီကပဲ အႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ NLD ကလည္း သူ႔ေနရာေတြျဖစ္တဲ့ သံတြဲ၊ ဂြတို႔မွာလည္း သူတို႔ရဲ ႔ ၾသဇာအာဏာ ႏုိင္ငံေရးအားျဖင့္ စည္းရံုးထားႏုိင္တဲ့ အေနအထားတစ္ခု ရိွတယ္ဆိုေတာ့ အခင္းအက်င္းက အဲဒီလိုရိွတယ္။

ေမး ။ ။ ရခိုင္ျပည္နယ္ထဲ လႊတ္ေတာ္အေျခအေနက အခု ရထားတဲ့ ေရြးေကာက္ပြဲလုပ္ႏုိင္တဲ့ အေနအထားနဲ႔ လႊတ္ေတာ္ေခၚယူႏိုင္တဲ့ အေနအထား ရိွပါသလား။ ျပည္နယ္လႊတ္ေတာ္ကို ေျပာတာပါ။

ေျဖ ။ ။ အခု အေနအထားကေတာ့ အခက္အခဲ ရိွတယ္။ အခက္အခဲ ရိွတယ္ဆိုတာက ျပည္နယ္လႊတ္ေတာ္မွာ အရင္တုန္းက (၄၇) ေယာက္ ရိွတယ္။ ေရြးေကာက္ခံက (၃၄) ေယာက္၊ တပ္မေတာ္ကိုယ္စားလွယ္က (၁၂) ေယာက္၊ ခ်င္းဝန္ႀကီးက (၁) ေယာက္ဆိုေတာ့ စုစုေပါင္း (၄၇) ေယာက္ပဲ ရိွတယ္။ အခုဟာက ေရြးေကာက္ခံကိုယ္စားလွယ္က (၁၅) ေယာက္၊ တပ္မေတာ္က (၅) ေယာက္ဆိုေတာ့ (၂၀)၊ ခ်င္းဝန္ႀကီး (၁) ေယာက္ဆုိေတာ့ စုစုေပါင္း (၂၁) ေယာက္။ က်ေနာ္တုိ႔ ရိွသင့္ရိွထိုက္တဲ့ (၄၆) ေယာက္ထဲမွာ (၂၀) ပဲ ရိွတယ္ဆိုေတာ့ under 50 ဆိုေတာ့ လုပ္ရင္ေတာ့ ျဖစ္တာေပါ့။ ဒါေပမဲ့ democratically democracy အရဆိုရင္ေတာ့ သိပ္အားရစရာေတာ့ မေကာင္းဘူး။ အဲဒီေတာ့ ဒီလူေလာက္နဲ႔ လႊတ္ေတာ္တစ္ရပ္ကို စီမံေဆာင္ရြက္မယ္။ Cabinet တစ္ခုကို စီမံအုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ သိပ္သဘာဝမက်ဘူးလို႔ ျမင္တယ္။ အဲဒီေတာ့ က်ေနာ္တုိ႔ ဘယ္လိုမွကို ဂုဏ္သိကၡာရိွတဲ့ လႊတ္ေတာ္တစ္ခု၊ ဂုဏ္သိကၡာရိွတဲ့ အစိုးရတစ္ရပ္ေတာ့ ျဖစ္လာႏို္င္မယ္လို႔ေတာ့ မျမင္ပါဘူး။

ကိုသားညႊန္႔ဦး ။ ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ဦးဦးလွေစာကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode==

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ


အခုကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ (၉) မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လဲ ဒီမြို့နယ်တွေ ပြန်ပြီးတော့ ကျင်းပနိုင်ဖို့အတွက်ဆိုပြီးတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကမ်းလှမ်းလိုက်သလိုပဲ၊ တပ်မတော်ဘက်ကလည်း ဒီအပေါ်မှာ အပြုသဘောတုံ့ပြန်တာတွေ ရှိလာပါတယ်။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ့် မျှော်လင့်ချက် ဖြစ်လာပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ မြောက်ဦးမြို့နယ်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဦးလှစော ကို ကိုသားညွှန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မကြာသေးခင်က AA လက်နက်ကိုင်အဖွဲ့ကနေ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်ဖို့ ထုတ်ပါတယ်။ ဒီအပေါ်မှာ တပ်မတော်ဘက်က ကြိုဆိုတယ်ဆိုတဲ့ လက္ခဏာ၊ အရိပ်အရောင်လည်း ပြပါတယ်။ ကြေညာချက် ပြန်ထုတ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲပြန်လုပ်နိုင်ခြေနဲ့ ပတ်သက်ပြီးတော့ ဦးဦးလှစောအမြင် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲမဖြစ်တဲ့အတွက် ကျနော်တို့ ရခိုင်ပါတီတွေ၊ ရခိုင်ပြည်သူတွေကတော့ စိတ်မကောင်းဘူးပေါ့။ အဲဒီတော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့သဘောမျိုးတွေ ပြောကြတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေပြောတယ်။ ဘာမှ မထိရောက်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီရခိုင်ပြည်သူတွေရဲ့ အသံကို ထင်ဟပ်ပြီးတော့ AA ကလည်း သူတို့ရဲ့သဘောထားကို ပြောလာတယ်။ ရွေးကောက်ပွဲဖြစ်စေချင်တဲ့သဘောထား၊ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောထား ပြောလာတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာက တပ်မတော်ဘက်ကလည်း အဲဒါနဲ့ လိုက်လျောထွေညီပြီး အပြုသဘောနဲ့ ကြိုဆိုတယ်။ အဲဒီတော့ ဘာပဲပြောပြော AA နဲ့ တပ်မတော်ကြားထဲမှာ တခြားဟာတွေထားလိုက်တော့ လိုက်ငင်းမှာတော့ ဒါက ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။ အဲဒီတော့ ရွေးကောက်ပွဲကိုလုပ်ဖို့ နှစ်ဘက်ဆန္ဒ ရှိတယ်ဆိုတော့ အဆုံးအဖြတ်ပေးရမှာက ရွေးကောက်ပွဲကော်မရှင် ဖြစ်တယ်။ အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြောတဲ့အခါကြတော့ ရွေးကောက်ပွဲကော်မရှင်က ရခိုင်မှာလုပ်မယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကြေညာချက်တွေရဲ့ သဘောအတိုင်းဆိုရင်တော့ ဒီဇင်ဘာ (၃၁) ရက်နေ့မတိုင်ခင် ဒီရွေးကောက်ပွဲကို လုပ်ရမယ်။ ဒါပေမဲ့ နားလည်မှုလွဲတာကတော့ ဒါဟာ ကြားဖြတ်မဟုတ်ဘူး။
(၃၁) ရက်နေ့မတိုင်မီ Cancel လုပ်ထားတဲ့ဟာတွေကို အချိန်မီပြန်လုပ်ဖို့ဆိုတာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ကတော့ လုပ်စေချင်ပါတယ်။ အတတ်နိုင်ဆုံး လုပ်စေချင်ပါတယ်။ ရခိုင်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ကလည်း အသင့်အနေအထားရှိတယ်လို့ ကျနော်တို့ကြားတယ်။ ဘာမှအခက်အခဲ မရှိဘူး။ ရခိုင်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ရွေးကောက်ပွဲဖြစ်ဖို့ အသင့်ပဲ။ ရခိုင်နိုင်ငံရေးပါတီတွေကလည်း ဒီလိုဖြစ်မယ်ဆိုရင်တော့ သူတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမယ့် အခင်းအကျင်းကတော့ အသင့်ပါပဲ။ အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲကော်မရှင်ရဲ့ fixed date နေ့ရက်တစ်ခု သတ်မှတ်တာကိုပဲ ကျနော်တို့ မျှော်လင့်ပြီးတော့ စောင့်နေကြပါတယ်။

မေး ။ ။ ကျနော်တို့ လေ့လာကြည့်ရသလောက်လဲ ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲကို နောက်ဆက်တွဲအနေနဲ့ ကျင်းပရမယ့်သဘောမျိုး၊ ကျင်းပလို့ရနိုင်တဲ့ အနေအထားမျိုးလည်း တွေ့ရပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်လဲ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်နိုင်ငံရေးပါတီတွေမှာလည်း ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးသာ၊ NLD မှာလည်း ရွေးချယ်ပြီးသာ ဖြစ်နေတော့ အခြားအခက်အခဲမျိုးတွေ ကြုံရနိုင်လား။ မြန်မြန်ဆန်ဆန် ဒီဇင်ဘာထဲမှာ ကျင်းပနိုင်ဖို့ဆိုရင် ဦးဦးလှစော ဘာတွေအခက်အခဲတွေ ရှိနိုင်ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ ထွေထွေထူးထူး အခက်အခဲ မရှိပါဘူးလို့ ထင်ပါတယ်။ ပထမဆုံး ရွေးကောက်ပွဲ မကျင်းပရတဲ့ အကြောင်းရင်းကလဲ လုံခြုံရေးပြဿနာကြောင့်။ နှစ်ဘက်ဆိုင်ရာ တိုက်ပွဲတွေ ဖြစ်ကြတာလည်း ရှိတယ်။ နှစ်ဘက်အငြင်းပွားစရာ - သူပြောကိုယ်ပြောတာတွေ ရှိခဲ့တယ်။ အခုကြတော့ အဲဒီအငြင်းပွားစရာ နှစ်ဘက်ကလဲ ပူးပေါင်းပါဝင်မယ်လို့ ပြောနေပြီ။ လူထုကလည်း အသင့်ရှိနေတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ရှိတယ်။ ရခိုင်မှာ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် အခုလောလောဆယ် နားနားနေနေ ဖြစ်နေတဲ့ ဝန်ထမ်းတွေကလည်း တတ်နိုင်သမျှ ကူညီမယ်ဆိုတော့ ရွေးကောက်ပွဲ မလုပ်စရာအကြောင်း မရှိဘူး။ လုပ်ရင်လဲ အဆင်ပြေမယ်။

တစ်ခုဆက်ပြောချင်တာကတော့ ဒီရွေးကောက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်က ဖြစ်လည်းဖြစ်စေချင်တာ။ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ အမြဲတမ်းမျှော်လင့်တောင်းတနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ - အဲဒီလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ယုံကြည်မှုတည်ဆောက်တာ။ တပ်မတော်နဲ့ AA ကြားထဲမှာ ယုံကြည်မှု နားလည်မှု တစ်ခုရသွားပြီဆိုရင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ဆွေးနွေးမှုတွေ ပေါ်လာနိုင်တယ်။ ဒီကိုဦးတည်ပြီးတော့ bilateral agreement တွေ ပေါ်လာနိုင်တယ်။ ဒီဟာက အင်မတန်ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါ ဖြစ်တယ်။ ဒါက ကျနော်တို့ အမြဲတမ်းမျှော်လင့်နေတဲ့။ နောက် ပင်လုံညီလာခံမျိုးမှာ AA ပါဝင်နိုင်မယ်။ မြောက်ပိုင်းမဟာမိတ်တွေအဆုံး ပါလာမယ်ဆိုတာကို ဦးတည်သွားနိုင်စေတဲ့ အခင်းအကျင်းလေးတစ်ခုဟာ စနေပြီလို့တော့ ကျနော်တို့ ခံစားရတယ်။ ဒီအခင်းအကျင်းလေးကို ကျနော်တို့က မပျက်စေချင်ဘူး။ အဲဒီတော့ အခက်အခဲမျိုးစုံ ကြုံရမယ်ဆိုရင်လဲ၊ ကြုံတဲ့အခက်အခဲတွေက ဖြေရှင်းနိုင်တဲ့၊ ကျော်လွှာနိုင်တဲ့ အခက်အခဲတွေလိုပဲ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မြန်ဆုံးဖြတ်လိုက်ရင် ကျနော်တို့လည်း မြန်မြန်အကောင်အထည်ဖော်နိုင်လို့ရတယ်။ တိုင်းပြည်အတွက်လည်း ကောင်းပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကောင်းချီးပေးကြမယ်လို့ ကျနော် အဲဒီလိုပဲ ယုံကြည်ပါတယ်။

မေး ။ ။ အခုနက ဦးဦးလှစော ပြောသွားတဲ့အထဲမှာ ပါပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ။ အခုဟာက ရွေးကောက်ပွဲနဲ့ တနွယ်ငင်တစင်ပါ ဆိုသလိုပဲ - ငြိမ်းချမ်းရေးကိစ္စပါ လမ်းစပွင့်လာသလို ဖြစ်လာတယ်။ ဆိုလိုတာက AA ဘက်ကနေ အခုလို ကမ်းလှမ်းတယ်။ တပ်မတော်ဘက်ကလည်း ကမ်းလှမ်းတယ်။ အခုလိုမျိုး တိုက်ပွဲတွေ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ကြားထဲကနေ ရုတ်ချည်းသဘောထားတွေ ဘာကြောင့်ပြောင်းသွားတာလဲ။ ဦးလှစော ဘယ်လိုများ ထင်ပါသလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့က အထင်ပဲ ရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကတော့ နှစ်ဘက်စလုံးက စစ်ပွဲအပေါ်မှာ သူတို့စစ်သားတွေက သုံးသပ်လာတယ်။ နိုင်ငံတကာအချင်းချင်း သုံးသပ်လာတယ်။ ပြည်တွင်းပြဿနာတွေကို အချင်းချင်းသုံးသပ်လာတယ်။ နောက်တစ်ခုကလဲ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ပေါ်မှာ တစ်ခုခုမျှော်လင့်တယ်။ မျှော်လင့်မှုတစ်ခု ရှိလာတဲ့အတွက်ကြောင့် အယူအဆတွေ ပြောင်းလာတယ်လို့ ထင်တယ်။ ဘာပဲပြောပြော ဘယ်လိုပဲအယူအဆရှိရှိ ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိတယ်။ ပြည်သူအတွက် အကျိုးရှိတယ်။ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်း ဘယ်သူမှ ဒါကို မကောင်းဘူးလို့ ပြောမှာမဟုတ်ဘူး။ တကယ်ကောင်းစေချင်တဲ့ လုပ်ရပ်တစ်ခုဆိုရင်တော့ ဘယ်လိုပဲ နောက်ခံရှိတယ်ဆိုတာကို နောက်သမိုင်းအရ နောက်ခံစဉ်းစားပေါ့။ အခုကတော့ ကြိုဆိုရမှာပဲ။

မေး ။ ။ ဒီအချိန်ကာလမှာပဲ ထူးထူးခြားခြား NLD ပါတီဘက်ကလည်း ကြေညာချက်တစ်ရပ် ထုတ်ပါတယ်။ အဓိက တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို လက်ကမ်းတဲ့ ကြေညာချက်သဘောမျိုး ပြောရမှာပေါ့။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်ထွက်လာပါတယ်။ အဲဒီတော့ ဒီကြေညာချက်နဲ့ ပတ်သက်လို့ကော ဦးဦးလှစော ဘယ်လိုများ မြင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကလည်း ဒီကြေညာချက်ကို အပြုသဘောဆောင်တယ်လို့တော့ မြင်ပါတယ်။ အသေးစိတ်အချက်အလက်၊ action တွေကတော့ မပါဘူးပေါ့။ AA က ထုတ်တဲ့ statement, တပ်မတော်ကထုတ်တဲ့ ကြေညာချက်ကတော့ action တွေပါတယ်။ action ဆိုတာကတော့ ရွေးကောက်ပွဲကို အလုပ်တစ်ခုလုပ်မယ်။ ရွေးကောက်ပွဲဆိုတဲ့ လုပ်ရပ်တစ်ခုကို အစပြုမယ်။ လောလောဆယ် လုံခြုံရေးကို တာဝန်ယူပေးကြမယ် ဆိုကတည်းက ပစ်တာခတ်တာတွေ မလုပ်ကြတော့ဘူး။ သေနတ်ဖောက်သံတွေ မရှိကြတော့ဘူး။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ လက်တွေ့ action တစ်ခု ပါလာတယ်။ အဲဒီ action လုပ်ရပ်ကနေ ကျနော်ပြောသလို ရှေ့ကိုသွားပြီးတော့ နောက်ထပ် ကောင်းတဲ့ဘက်ကို ဦးတည်သွားနိုင်တယ်။ အဲဒီတော့ NLD က ထုတ်ပြန်တဲ့ ကြေညာချက်ကလဲ သူတို့ရဲ့ သဘောထားကို ရိုးရိုးသားသား တင်ပြတယ်လို့ပဲ ကျနော် မှတ်ယူပါတယ်။ ဒါက ပြောင်းလဲလာတဲ့ အခြေအနေတစ်ရပ်ပေါ်မှာ။ ဒါပေမဲ့ action ကတော့ မပါသေးဘူး။ အဲဒီတော့ ကျနော်တို့က NLD ကို ကျနော်တို့ မေတ္တာရပ်ခံချင်တာကတော့ action လေးတွေ ဘယ်လိုဘယ်လို ဆွေးနွေးမယ်။ ဘယ်လိုမူတွေကို လုပ်မယ်။ ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲ။ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မလား။ လွှတ်တော်ထဲမှာ ပူးပေါင်းဆောင်ရွက်မလား။ အစိုးရအဖွဲ့ထဲမှာ ပူးပေါင်းဆောင်ရွက်မလား ဆိုတာတွေကိုတော့ အသေးစိတ်လုပ်ရအုံးပါမယ်။ အဲဒီတော့ ကျနော်ကတော့ NLD ကြေညာချက်ကို ကြိုဆိုတယ်။ ဒါပေမဲ့ ဒီထက်လက်တွေ့သဘောပါတဲ့ လုပ်ရပ်လေးတွေကိုတော့ NLD က နောက်တစ်ဆင့် ချပြဖို့ လိုတယ်လို့တော့ မြင်ပါတယ်။

မေး ။ ။ အခု ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ဖြစ်နိုင်ချေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲလုပ်ဖို့ကိစ္စက တကယ်တမ်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ရမှာပေါ့။ ဒါပေမဲ့ ကျနော် တစ်ခုမေးချင်တာက အာဏာရပါတီ NLD ရဲ့ သဘောထားပေါ့။ ပြောရမယ်ဆိုရင်တော့ တကယ်တမ်း ရခိုင်ပြည်နယ်အတွင်းမှာ အခု ရွေးကောက်ပွဲတွေ ပြန်လုပ်မယ့်နေရာတွေမှာ ယှဉ်ပြိုင်မယ်ဆိုရင် အဓိက ပြိုင်ဘက်က ရခိုင်အမျိုးသားပါတီလို့ မြင်နိုင်ပါတယ်။ အဲဒီတော့ ပါတီချင်းသဘောထားက NLD ပါတီရဲ့ သဘောထား၊ ရခိုင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား ဘယ်လိုများ တီးခေါက်မိပါသလဲ။ ဦးဦးလှစော ဘယ်လိုများ မြင်မိပါသလဲ။

ဖြေ ။ ။ ကျနော်သာ NLD ဆိုရင်တော့ ဘာမှခံစားရမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ နိုင်ချင်နိုင်၊ ရှုံးချင်ရှုံးမှာပေါ့။ နှိုင်းယှဉ်မှုအရတော့ ဒီနေရာတွေက ရခိုင်အမျိုးသားပါတီရဲ့ အဓိက stronghold နေရာတွေ ဖြစ်တော့ NLD အနေနဲ့ အနိုင်ရဖို့ဆိုတာတော့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ တပြည်လုံးအတိုင်းအတာနဲ့ ပြည်ထောင်စုလွှတ်တော် အခင်းအကျင်းမှာနဲ့ ပြည်နယ်လွှတ်တော်အခင်းအကျင်းတွေမှာ NLD ဟာ တပြည်လုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှုကို ရထားပြီ။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာလဲ သူတို့ဟာ တော်တော်များများကို ကျေနပ်လောက်တဲ့ အောင်မြင်မှုကို ရထားပြီဆိုရင် နောက်လာမယ့် ရခိုင်ရွေးကောက်ပွဲကို သူတို့သဘော ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ရှုံးဖို့သေချာရင်လဲ ဘာမှမဖြစ်ဘူး။ အဲဒီပွဲကို လုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ ဂုဏ်သိက္ခာက ပိုပြီးတော့ မြင့်လာစရာပဲ ရှိတယ်။ ရှုံးတဲ့အတွက်လည်း ရှက်စရာ မရှိပါဘူး။ အဲဒီလို လုပ်ဖြစ်တယ်ဆိုရင် ရခိုင်မှာရှိတဲ့ AA နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေ ငြိမ်သွားပြီဆိုရင် ပြည်နယ်အစိုးရကို အကုန်လုံးပူးပေါင်းညှိနှိုင်းပြီးတော့ တည်တည်ငြိမ်ငြိမ် တည်ဆောက်မယ်ဆိုရင် ရခိုင်ပြဿနာဟာ တစုံတရာလေး လမ်းစပေါ်လာမယ်။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်ဧရိယာဟာ အကုန်လုံး သိတဲ့အတိုင်း ပထဝီနိုင်ငံရေးနဲ့ နိုင်ငံတကာအရေးတွေနဲ့ ဆက်စပ်ပြီးတော့ အင်မတန် စိုးရိမ်စရာ ကြောက်စရာကောင်းတဲ့ နယ်မြေတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ ဒီဟာကို ဖြေရှင်းဖို့အတွက်လဲ NLD အတွက် အများကြီးအလားအလာကောင်းနေတယ်။

အဲဒီတော့ ဒီဟာလေးကို နိုင်ငံရေးအရ မိမိရရ မဆုပ်ကိုင်တတ်ရင်တော့ NLD အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ရခိုင်အတွက်လည်း မကောင်းဘူး။ ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး။

မေး ။ ။ အခုလက်တလော အနေအထားကြီးက ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ထဲမှာ အသာရနေတာ ကျနော်တို့ သိထားသလောက် ရခိုင်အမျိုးသားပါတီလို့ ထင်ပါတယ်။ ဘယ်လို အခြေအနေ ရှိပါသလဲ။ နောက်ဆုံးရလဒ်က။

ဖြေ ။ ။ အခုနောက်ဆုံး ရလဒ်ကတော့ ရခိုင်အမျိုးသားပါတီပဲ နေရာတော်တော်များများမှာ နိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ NLD ရဲ့ stronghold လို့ ပြောနိုင်တဲ့ NLD အရင်တုန်းက အခိုင်အမာနိုင်ခဲ့တဲ့ မာန်အောင်လို့မြို့တွေ၊ တောင်ကုတ်လို့မြို့မှာလည်း ရခိုင်ပါတီကပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ NLD ကလည်း သူ့နေရာတွေဖြစ်တဲ့ သံတွဲ၊ ဂွတို့မှာလည်း သူတို့ရဲ့ သြဇာအာဏာ နိုင်ငံရေးအားဖြင့် စည်းရုံးထားနိုင်တဲ့ အနေအထားတစ်ခု ရှိတယ်ဆိုတော့ အခင်းအကျင်းက အဲဒီလိုရှိတယ်။

မေး ။ ။ ရခိုင်ပြည်နယ်ထဲ လွှတ်တော်အခြေအနေက အခု ရထားတဲ့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အနေအထားနဲ့ လွှတ်တော်ခေါ်ယူနိုင်တဲ့ အနေအထား ရှိပါသလား။ ပြည်နယ်လွှတ်တော်ကို ပြောတာပါ။

ဖြေ ။ ။ အခု အနေအထားကတော့ အခက်အခဲ ရှိတယ်။ အခက်အခဲ ရှိတယ်ဆိုတာက ပြည်နယ်လွှတ်တော်မှာ အရင်တုန်းက (၄၇) ယောက် ရှိတယ်။ ရွေးကောက်ခံက (၃၄) ယောက်၊ တပ်မတော်ကိုယ်စားလှယ်က (၁၂) ယောက်၊ ချင်းဝန်ကြီးက (၁) ယောက်ဆိုတော့ စုစုပေါင်း (၄၇) ယောက်ပဲ ရှိတယ်။ အခုဟာက ရွေးကောက်ခံကိုယ်စားလှယ်က (၁၅) ယောက်၊ တပ်မတော်က (၅) ယောက်ဆိုတော့ (၂၀)၊ ချင်းဝန်ကြီး (၁) ယောက်ဆိုတော့ စုစုပေါင်း (၂၁) ယောက်။ ကျနော်တို့ ရှိသင့်ရှိထိုက်တဲ့ (၄၆) ယောက်ထဲမှာ (၂၀) ပဲ ရှိတယ်ဆိုတော့ under 50 ဆိုတော့ လုပ်ရင်တော့ ဖြစ်တာပေါ့။ ဒါပေမဲ့ democratically democracy အရဆိုရင်တော့ သိပ်အားရစရာတော့ မကောင်းဘူး။ အဲဒီတော့ ဒီလူလောက်နဲ့ လွှတ်တော်တစ်ရပ်ကို စီမံဆောင်ရွက်မယ်။ Cabinet တစ်ခုကို စီမံအုပ်ချုပ်မယ်ဆိုတာကတော့ သိပ်သဘာဝမကျဘူးလို့ မြင်တယ်။ အဲဒီတော့ ကျနော်တို့ ဘယ်လိုမှကို ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်တစ်ခု၊ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်တော့ ဖြစ်လာနိုင်မယ်လို့တော့ မမြင်ပါဘူး။

ကိုသားညွှန့်ဦး ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ဦးဦးလှစောကို ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG