သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရး လူငယ္ေတြအျမင္


မယိင္းေလာင္ဝ္ (သံလြင္ျပည္သူ႔မူဝါဒေရးရာ ေလ့လာေရးအဖြဲ႔)၊ မၿဖိဳးၿဖိဳးေအာင္ (The Wings Institute) ႏွင့္ ကိုေဇာ္ဝင္းလိႈင္ (VOA Burmese)
တိုက္႐ိုက္ လင့္ခ္

ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး လုပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဖယ္ဒရယ္ ျပည္ေထာင္စုစနစ္တရပ္ ေပၚလာဖို႔ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးအတြက္ ႀကိဳးပမ္းမႈေတြအေပၚ လူငယ္ေခါင္းေဆာင္ေတြ ဘယ္လိုယူဆ သုံးသပ္ေနၾကပါသလဲ။ ကိုေဇာ္ဝင္းလႈိင္က ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ မၾကာေသးခင္ကပဲ NLD ပါတီ တာဝန္ရိွသူေတြ ေျပာထားတာရိွတယ္။ အဲဒါဘာလဲဆိုေတာ့ ဒီမိုကေရစီ ေဖာ္ေဆာင္ေရး လုပ္ငန္းစဥ္ေတြ မၿပီဆံုးေသးတဲ့အတြက္ တိုင္းရင္းသားေတြ လုိလားေတာင္းဆိုေနတဲ့ ဖယ္ဒရယ္စနစ္ကို လုပ္ေဆာင္ဖို႔ဆိုတာ မျဖစ္ႏုိင္ေသးဘူး။ အဲဒီေတာ့ ဒီမိုကေရစီကို အရင္လုပ္မယ္ဆိုတဲ့ ပံုစံမ်ဳိး ေျပာသြားတာရိွတယ္။ တကယ္ေတာ့ NLD ပါတီဟာ အထူးသျဖင့္ တုိင္းရင္းသားေတြက ေမွ်ာ္လင့္အားကိုးအားထား ရိွခဲ့တဲ့ ပါတီတခု ျဖစ္ခဲ့တယ္။

ဘာျဖစ္လို႔လဲဆုိေတာ့ စစ္အာဏာရွင္လက္ေအာက္မွာကတည္းက တိုင္းရင္းသားေတြနဲ႔အတူ လက္တြဲၿပီးေတာ့ ဖယ္ဒရယ္ျပည္ေထာင္စုကို ေဖာ္ေဆာင္မယ္ဆိုၿပီး လက္တြဲလုပ္ခဲ့ၾကမယ္ဆိုတာ ရိွခဲ့တယ္။ ဒါေပမဲ့ NLD က အခု ေရြးေကာက္ပြဲအႏုိင္ရၿပီး အစိုးရဖြဲ႔ၿပီးတဲ့ေနာက္ပိုင္းမွာ နည္းနည္းေလး ပံုသ႑ာန္ေျပာင္းသြားတယ္လို႔ က်ေနာ္တို႔ သတိထားမိတယ္။ အထူးသျဖင့္ တုိင္းရင္းသားေတြနဲ႔ သက္ဆိုင္တဲ့ေနရာမွာ နည္းနည္းေလး ကြာဟလာတာကို လူေတြေတာ္ေတာ္မ်ားမ်ားလည္း သတိထားမိပါတယ္။ ဆုိေတာ့ လက္ရိွသြားေနတဲ့ NLD ရဲ ႔ ႏုိင္ငံေရး အခင္းအက်င္း၊ လက္ရိွ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြေအာက္မွာ ဖယ္ဒရယ္စနစ္ ေဖာ္ေဆာင္ေရးဟာ ဘယ္ေလာက္၊ ဘယ္လိုအေျခအေနမ်ဳိး ရိွေနသလဲဆိုတာေလးကို NLD ရဲ ႔ ေျပာဆိုခ်က္ေပၚ အေျခခံၿပီးေတာ့ မယိင္းေလာင္ဝ္ က စၿပီးေတာ့ ေဆြးေႏြးေပးပါ။
ေျဖ ။ ။ ေက်းဇူးတင္ပါတယ္။ ဒီမိုကေရစီ တည္ေဆာက္ေရး လုပ္ငန္းစဥ္ဆိုတာ ေတာ္ေတာ္အေရးႀကီးတဲ့၊ အရမ္းအေရးႀကီးတဲ့ ေခါင္းစဥ္တခု ျဖစ္တယ္။ အရမ္းအေရးႀကီးတဲ့ လုပ္ငန္းစဥ္တခု ျဖစ္တယ္။ အဲဒီေတာ့ က်မတုိ႔က ဒီမိုကေရစီကို တည္ေဆာက္မယ္ဆိုရင္ ဘာေတြလိုအပ္သလဲဆိုတာကို ၾကည့္လိုက္တဲ့အခါမွာ အဓိကအေျခခံအက်ဆံုး လိုအပ္ခ်က္က ဘာလဲဆိုေတာ့ ႏုိင္ငံေရးအရ တည္ၿငိမ္မႈရိွဖို႔ လိုအပ္ပါတယ္။ အဲဒီ ႏုိင္ငံေရးအရ မၿငိမ္မသက္ ျဖစ္ေနတယ္၊ တည္ၿငိမ္မႈ မရိွဘူးဆိုရင္ ဒီမိုကေရစီ ရွင္သန္ဖို႔ အရမ္းခဲယဥ္းတယ္။ ဆိုေတာ့ ႏုိင္ငံေရးအရ မၿငိမ္မသက္ ျဖစ္ေနတာကို လစ္လ်ဴရွဳ ႔ထားၿပီးမွ ဒီမိုကေရစီစနစ္တခုကို တည္ေဆာက္ဖို႔ ႀကိဳးစားေနတဲ့ စဥ္းစားခ်က္က ေတာ္ေတာ္ေလးကို လက္ေတြ႔မဆန္တဲ့၊ လက္ေတြ႔မက်တဲ့ စဥ္းစားခ်က္ ျဖစ္တယ္။ ခရီးတြင္မယ့္ လမ္းစဥ္မဟုတ္ဘူးလို႔ က်မတုိ႔က ျမင္တယ္။ ဆိုေတာ့ ႏုိင္ငံတည္ၿငိမ္ဖုိ႔အတြက္ တည္ၿငိမ္ဖို႔၊ ၿငိမ္းခ်မ္းဖို႔ လုပ္ဖို႔လိုအပ္တယ္။ အဲဒီလိုမ်ဳိး လုပ္တဲ့အခါမွာ တိုင္းရင္းသားေတြရဲ ႔ ေတာင္းဆိုခ်က္ေတြ၊ တိုင္းရင္းသားေတြရဲ ႔ အဆိုျပဳခ်က္ေတြကို လစ္လ်ဴရႈ ႔ၿပီးေတာ့မွ ဒီမိုကေရစီ တည္ေဆာက္ဖို႔ဆိုတာ လံုးဝလက္ေတြ႔မက်တဲ့ လုပ္ငန္းတခုလို႔ ျမင္ပါတယ္။

ေမး ။ ။ မၿဖိဳးၿဖိဳးေအာင္ ကို ေမးခ်င္တာက ျမန္မာႏုိင္ငံဟာ အရင္ေခတ္အဆက္ဆက္ကလဲ ဒီမိုကေရစီ ေဖာ္ေဆာင္ဖို႔၊ ဖယ္ဒရယ္ ျပည္ေထာင္စု ေဖာ္ေဆာင္ဖို႔ဆိုတာကို အဂၤလိပ္ဆီက လြတ္လပ္ေရးရခဲ့ကတည္းက ႀကိဳးပမ္းလာခဲ့ၾကတယ္။ ေခါင္းေဆာင္အသီးသီးကလဲ အဲဒါကို ဦးတည္ၿပီးေတာ့ လုပ္ခဲ့ၾကတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ လက္ထက္မွာ လုပ္ခဲ့ၾကတယ္။ ပင္လံုစာခ်ဳပ္ ဆိုတာမ်ဳိးကို ခ်ဳပ္ၿပီးေတာ့ တိုင္းရင္းသားေတြနဲ႔ သေဘာတူညီမႈ ရၿပီးေတာ့ အစိုးရတရပ္ကို ေဖာ္ေဆာင္ဖုိ႔ သြားၾကတဲ့ လမ္းခရီးမွာပဲ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ပ်က္သြားခဲ့တယ္။ အဲဒီလိုမ်ဳိး ကတိကဝတ္ေတြလည္း ရိွခဲ့တယ္။ အဲဒါေတြက ဘယ္ေလာက္အထိ အေထာက္အကူ ျပဳမလဲ။ ဒီေန႔ေခတ္ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈ၊ ဖယ္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ေရး လုပ္ငန္းေတြမွာ။

ေျဖ ။ ။ ဒီကိစၥေတြအားလံုးရဲ ႔ အရင္းအျမစ္က တုိင္းျပည္ကို စၿပီးေတာ့ တည္ေထာင္ခဲ့တဲ့ ၁၉၄၇ ပင္လံုစာခ်ဳပ္ကေန ျပန္ၿပီးေတာ့ စဥ္းစားဖို႔လိုတယ္။ ပင္လံုစာခ်ဳပ္မွာ က်မတို႔ တန္းတူညီမွ်ေရးအတြက္ ကတိကဝတ္ေတြ ခံခဲ့ၾကတာရိွတယ္။ ဆိုေတာ့ က်မတို႔တိုင္းျပည္က ကတိကဝတ္ေတြနဲ႔ တည္ေဆာက္ခဲ့တဲ့ တိုင္းျပည္။ အဲဒီကတိကဝတ္ေတြကို က်မတို႔ မျဖည့္ဆည္းေပးခဲ့လို႔ ေနာက္ဆက္တြဲအေနနဲ႔ ျပည္တြင္းစစ္ႀကီးကို က်မတို႔ ႏွစ္ရွည္လမ်ား ခံခဲ့ရတယ္။ လက္နက္ကိုင္ ေတာ္လွန္ေရးျဖစ္တယ္။ ေနာက္ဆံုးမွာ စစ္အာဏာသိမ္းတဲ့အထိ က်မတို႔ စစ္အာဏာရွင္လက္ေအာက္မွာ ႏွစ္ရွည္လမ်ား ေနခဲ့ရတာေတြလဲရိွတယ္။ ဆိုေတာ့ ဒီျပႆနာေတြရဲ ႔ အရင္းအျမစ္က က်မတို႔ ကတိကဝတ္ေတြ တည္ဖို႔လိုတယ္။ တန္းတူညီမွ်ေရးကို စဥ္းစားဖို႔လိုတယ္။

တိုင္းရင္းသာေပါင္းစံု စုစည္းေနထိုင္တဲ့ တိုင္းျပည္မွာ တန္းတူညီမ်ွေရးကို မစဥ္းစားဘဲနဲ႔ ေနာက္ခ်န္ခဲ့သမွ် က်မတို႔တိုင္းျပည္က ဒီမိုကေရစီလည္း ေရာက္မွာမဟုတ္ဘူး။ ဖယ္ဒရယ္လည္း ေရာက္မွာမဟုတ္ဘူး။ ဆိုေတာ့ အရင္ဦးဆံုး ဖယ္ဒရယ္ျဖစ္တဲ့ တန္းတူညီမ်ွေရးကို စဥ္းစားၿပီးေတာ့ ေဖာ္ေဆာင္မွ တုိင္းရင္းသားေတြရဲ ႔ အခြင့္အေရးကို စဥ္းစားၿပီး ေဖာ္ေဆာင္တဲ့ လုပ္ငန္းစဥ္မ်ဳိး လုပ္ႏုိင္မွ ဒီမိုကေရစီပါ ေအာင္ျမင္လိမ့္မယ္လို႔ က်မကေတာ့ ျမင္ပါတယ္။

ေမး ။ ။ မယိင္းေလာင္ဝ္ .. ဒီမိုကေရစီအေျခခံ ခိုင္မာဖို႔၊ ဒီမိုကေရစီေဖာ္ေဒးရွင္း ေတာင့္ေတာင့္တင္းတင္း ျဖစ္ဖို႔ဆိုရင္ ဒီမိုကေရစီက အရင္လား၊ ဖယ္ဒရယ္က အရင္လား။ ဒါမွမဟုတ္ရင္ ႏွစ္ခုစလံုးက ဒြန္တြဲေနလား။ ဘယ္လို ပံုစံနဲ႔ မယိင္းေလာင္ဝ္ သံုးသပ္သလဲ။

ေျဖ ။ ။ ႏုိင္ငံတကာအေတြ႔အႀကံဳေတြကို က်မတိုိ႔ သံုးသပ္မယ္ဆိုရင္ ဖယ္ဒရယ္စနစ္ မဟုတ္ဘဲနဲ၊ ဒီမိုကေရစီစနစ္ကို က်င့္သံုးလို႔ရတဲ့ ႏုိင္ငံေတြရိွတယ္။ ဒါကတပိုင္း။ ေနာက္တပိုင္းၾကေတာ့ ဖယ္ဒရယ္ႏိုင္ငံ၊ ဖယ္ဒရယ္စနစ္ကို က်င့္သံုးတဲ့ႏိုင္ငံ ျဖစ္တယ္ဆိုရင္ ဒီမိုကေရစီစနစ္က မရိွမျဖစ္ကို လိုအပ္တယ္။ အဲဒီေတာ့ က်မတို႔ႏုိင္ငံရဲ ႔ ျပႆနာက ႏုိင္ငံမွာ ႏွစ္ (၇၀)၊ ႏွစ္ (၈၀) လံုးလံုး နွစ္ရွစ္ဆယ္နီးပါး ျဖစ္လာတဲ့ ျပည္တြင္းစစ္ရဲ ႔ အရင္းအျမစ္က ဘာလဲဆိုေတာ့ ဒီမိုကေရစီ ဆိတ္သုဥ္းျခင္း တခုတည္းမဟုတ္ဘူး။

အခုနက ၿဖိဳၿဖိဳလည္း ေျပာထားတာရိွတယ္။ က်မတို႔ ဒီနုိင္ငံ စတင္တည္ေဆာက္ခ်ိန္ကတည္းက ေပထားတဲ့၊ အခ်င္းခ်င္းျပဳထားတဲ့ ကတိကဝတ္ေတြ ရိွတယ္။ တိုင္းရင္းသားတန္းတူေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္ ရရိွေရးစတဲ့ အေျခခံလူ႔အခြင့္အေရးေတြ ေဖာ္ေဆာင္ေရး။ ဒီကတိကဝတ္ေတြကို မေဖာ္ေဆာင္ႏုိင္ေသးသေရြ ႔က၊ က်မတို႔ မေဖာ္ေဆာင္ခဲ့လို႔ က်မတို႔ ျပည္တြင္းစစ္က ျဖစ္ရတာျဖစ္တယ္။ ဆိုေတာ့ က်မတုိ႔ႏုိင္ငံရဲ ႔ ျပႆနာက ႏွစ္ခု ရိွတယ္။ (၁) ဒီမိုကေရစီ ဆိတ္သုန္းတာ ဟုတ္တယ္။ (၂) ေပးခဲ့တဲ့ ကတိကဝတ္ေတြ၊ အခ်င္းခ်င္းေပးခဲ့တဲ့ ကတိကဝတ္ေတြကို က်မတို႔ အေကာင္အထည္ မေဖာ္ႏုိင္လုိ႔ ျဖစ္တယ္။ အဲဒီေတာ့ ဒီႏုိင္ငံရဲ ႔ ျပည္တြင္းစစ္ကို ရပ္တန္႔ဖို႔။ ေရရွည္တည္တန္႔ ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ဖို႔ဆိုရင္ ဒီအခက္အခဲေတြ၊ ပဋိပကၡေတြကို ႏွစ္ခုစလံုးကို ေျဖရွင္းႏိုင္ဖို႔ လုိအပ္တယ္။ ဘယ္္တခုက အရင္လာရမယ္ဆိုရင္ ၿပိဳင္တူသြားရမွာ ျဖစ္တယ္။ ဒီမိုကေရစီ အရင္လာၿပီးမွ ဖယ္ဒရယ္လာလို႔ မရဘူး။ ဘာျဖစ္လို႔ အဲဒါေျပာလဲဆိုေတာ့ အေစာပိုင္းက က်မေျပာထားတာ ရိွတယ္။ Pre-condition ဒီမိုကေရစီစနစ္ကို တည္ေဆာက္ဖို႔အတြက္ သြားတဲ့အခါမွာ အေျခအေနတခုကို က်မတို႔က ဖန္တီးရတယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့ အေျခအေနတခုကို ဖန္တီးရမယ္။ အဲဒါမ်ဳိး ဖန္တီးႏိုင္ဖို႔ဆိုရင္ ဖယ္ဒရယ္က အရမ္းလိုအပ္တယ္။

ေမး ။ ။ ဒီမိုကေရစီ၊ ဖယ္ဒရယ္ ေျပာတဲ့ေနရာမွာ က်ေနာ္တို႔ လူထုရဲ ႔ အသိပညာလည္း လုိအပ္တယ္။ ဒီဟာနဲ႔ ပတ္သက္လို႔ - အခုေနာက္ပိုင္းမွာ က်ေနာ္တိုိ႔ သတိထားမိတာက ေျပာင္းလဲမႈေတြ စတင္ေဖာ္ေဆာင္လာၿပီး ေနာက္ပိုင္းမွာ ဖယ္ဒရယ္ ပတ္သက္ၿပီး သင္တန္းေတြ ေပးၾကတယ္၊ ျပဳၾကတယ္။ မ်ားေသာအားျဖင့္ တုိင္းရင္းသားေဒသေတြမွာ သြားလုပ္ေနၾကတာ မ်ားတယ္လို႔ က်ေနာ္ သတိထားမိတယ္။ ဒီဘက္ေျမျပန္႔ ျမန္မာေတြၾကားထဲမွာ ဒီလိုသင္တန္းေတြ မရိွသေလာက္ကိုရွားတယ္။ ဆိုေတာ့ ျမန္မာေတြက ဖယ္ဒရယ္ကို သိဖို႔မလိုလို႔လားဆုိတဲ့ ေမးခြန္းရိွလာတယ္။ သိၿပီေနၾကၿပီလား။ အဲဒါကို ဘယ္လိုျမင္မိလဲ။

ေျဖ ။ ။ ဖယ္ဒရယ္ဆိုလို႔ရိွရင္ ဗမာမဟုတ္တဲ့ အျခားတုိင္းရင္းသားေတြကို ေျပာၾကတယ္။ သူတုိ႔က တခ်ိန္လံုး ေတာင္းဆိုခဲ့ၾကတယ္ဆိုၿပီးေတာ့ အဲဒီေတာင္းဆိုခဲ့ၾကတဲ့ လူေတြကိုပဲ အသိပညာေပးဖုိ႔ ျပန္သြားေနၾကတာရိွတယ္။ က်မတုိ႔ဆိုရင္ အခုလက္ရိွ လုပ္ေနတဲ့ ယံုၾကည္မႈတည္ေဆာက္တဲ့ အစီအစဥ္ေတြမွာ ဖယ္ဒရယ္နဲ႔ ပတ္သက္ၿပီးေတာ့ အသိပညာေလးေတြ ျဖန္႔ျဖဴးေပးေနတာရိွတယ္။ ဒါေပမဲ့ ဖယ္ဒရယ္ဆိုတာကို က်မတို႔ တကယ့္စနစ္တက် ဘာသာရပ္တခုကို ခ်ဥ္းကပ္တာထက္ အခုနေျပာခဲ့တဲ့ ပင္လံုကို ျပန္သြားတာ။ က်မတို႔ရဲ ႔ ကတိကဝတ္ တုိင္းျပည္တခုကို စုစည္းၿပီးေတာ့ တည္ေထာင္ၾကမယ္ဆိုရင္ အဲဒီကတိကဝတ္က လုိအပ္တယ္။ ၿပီးေတာ့ တန္းတူညီမ်ွမႈကို ေပးဖို႔လိုတယ္။ ငါတို႔ အတူတကြ တည္ေထာင္တယ္ဆိုတဲ့ အေျခခံယူဆခ်က္မ်ဳိး ရိွဖိုိ႔လိုတယ္။ အဲဒါကို အေျခခံတဲ့ ဖယ္ဒရယ္ပံုစံမ်ဳိး က်မတို႔က အသိပညာျဖန္႔ေဝဖို႔ ဗမာအမ်ားစုရိွတဲ့ ေနရာေတြမွာ လိုအပ္တယ္။

ေမး ။ ။ ဖယ္ဒရယ္ဆုိရင္ ဟိုးအရင္တုန္းကေတာ့ အခုလဲရိွပါေသးတယ္ - တိုင္းျပည္က ခြဲထြက္ေတာ့မယ္။ တုိင္းျပည္ၿပိဳကြဲမယ့္ အယူအဆဆိုၿပီး အရင္စစ္တပ္၊ စစ္အစိုးရလက္ထက္က မိႈင္းတုိက္ခဲ့တဲ့ အေတြးအေခၚ၊ အယူအဆကလည္း လူတခ်ဳိ ႔ရဲ ႔ ေခါင္းထဲမွာ ရိွေနတုန္းပဲ။ သာမန္ျပည္သူေတြၾကားထဲမွာ၊ ျမန္မာလူထုၾကားမွာ။ ဆုိေတာ့ အခု မၿဖိဳးၿဖိဳးေအာင္တို႔ လုပ္ေနတဲ့ The Wings Institute မွာ အမ်ဳိးသားရင့္ၾကားေစ့ေရး ဆိုတာေတြကို လူငယ္ေတြကို သင္တန္းေပးေနတာရိွတယ္။ အဲဒီမွာ သင္တန္းေပးေနတာေတာ့ တပိုင္းေပါ့။ ဒီသင္တန္းကို ေရာက္လာၾကတဲ့ လူငယ္ေတြရဲ ႔ အျမင္ၾကားထဲမွာ အခုသြားေနတဲ့ ျပဳျပင္ေျပာင္းလဲေရး။ ဒါမွမဟုတ္ ဖယ္ဒရယ္စနစ္၊ ဒီမိုကေရစီ ပံုေဖာ္ေဆာင္ရြက္ေနတဲ့အေပၚမွာ သူတုိ႔ရဲ ႔ ေမးခြန္းေတြက ဘယ္လိုရိွလဲ။ သူတုိ႔အျမင္ေတြက ဘယ္လိုရိွလဲ။

ေျဖ ။ ။ အသိပညာနဲ႔ ဦးေနွာက္ကို ေျပာင္းလဲတာထက္ က်မတို႔က သူတုိ႔ရဲ ႔ ႏွလံုးသားကို ေျပာင္းလဲဖို႔ ႀကိဳးစားေနတာပါ။ သင္တန္းေပးတာထက္၊ အဲဒီေဒသေတြကိုသြားတယ္။ သူတုိ႔ရဲ ႔ စကားသံေတြကို နားေထာင္တယ္။ ထိေတြ႔မႈေပးတယ္။ ဖယ္ဒရယ္နဲ႔ ပတ္သက္ၿပီးေတာ့ ခြဲထြက္ေရးလို႔ အခုန လူငယ္ေတြၾကားထဲမွာလည္း ရိွတယ္။ လူႀကီးေတြ ပိုၿပီးေတာ့ အခ်က္အလက္နဲ႔ ပိုေဝးတဲ့လူေတြၾကားမွာ ပိုရိွတယ္။ အဲဒီလိုအခါမ်ဳိးမွာ က်မတုိ႔က ထိေတြ႔မႈ ေပးလိုက္တဲ့အခါၾကေတာ့ တိုက္ရိုက္ေမးခြန္းရိွတယ္။ ဖယ္ဒရယ္ဆိုတာက ခြဲထြက္တာလား။ ဘာျဖစ္လုိ႔ အခု ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ အဓိကျပႆနာ ျဖစ္ေနတဲ့ တခုတည္းေသာ တပ္မေတာ္ဆုိတဲ့ စကားရပ္ေပၚမွာ ဘာလို႔ျငင္းေနတာလဲ။ တခုတည္းေသာ တပ္မေတာ္ မျဖစ္ခ်င္ဘူးလား။ ေနာက္တခုက ဘာလိုခြဲထြက္ခြင့္ကို ေတာင္းေနတာလဲ စသျဖင့္ေပါ့ ေမးၾကတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ တိုက္ရိုက္ထိေတြ႔ခြင့္ ရတဲ့အခါၾကေတာ့ တိုက္ရိုက္ေမးခြန္း ေမးလို႔ရတယ္။ အဲဒီအေပၚမွာလဲ အေျဖက အဆင္သင့္ရိွၿပီသား။

ေမး ။ ။ လက္ရိွ ႏုိင္ငံေရးအေနအထားေတြေပၚမွာ လက္ရိွႏုိင္ငံေရးအေျခအေနေအာက္မွာ တိုင္းရင္းသားျပည္သူေတြ၊ ျမန္မာျပည္သူေတြ တကယ့္ကို စည္းစည္းလံုးလံုးနဲ႔ သိုက္သိုက္ဝန္းဝန္း ေမွ်ာ္မွန္းခဲ့ၾကတဲ့အတိုင္း လြတ္လပ္ေရးဖခင္ႀကီးေတြ ေမွ်ာ္မွန္းခဲ့တဲ့အတိုင္း ျပည္ေထာင္စုစနစ္ႀကီးကို ေဖာ္ေဆာင္ဖို႔အတြက္ အဆံုးသတ္အေနနဲ႔ ဘယ္လိုပံုေဖာ္ၾကမလဲ။ ဖယ္ဒရယ္က ပထမလား၊ ဒီမိုကေရစီက ပထမလား။ အဲဒီဟာကို ဘယ္လို နိဂံုးခ်ဳပ္ သံုးသပ္လို႔ရမလဲ။

ေျဖ ။ ။ က်မတို႔ ဒီတုိင္းျပည္ႀကီးထဲမွာ အတူတူေနလာတာ ႏွစ္ (၇၀) ေက်ာ္သြားၿပီ။ ဒါေပမဲ့ ဒီေန႔အထိ မၿငိမ္းခ်မ္းေသးဘူး။ မၿငိမ္းခ်မ္းေသးဘူးဆိုေတာ့ က်မတို႔ေတြက ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တြဲေနထိုင္ခ်င္တဲ့စိတ္ ရိွေသးသလား။ ဒါက အရမ္းအေျခခံက်တဲ့ ေမးခြန္းျဖစ္တယ္။ ဒါကို က်မတို႔ ေမးသင့္တယ္။ ဒီမွာ က်မေကာင္းေကာင္းႀကီး ေျပာရဲတယ္၊ က်မတေယာက္တည္းအေနနဲ႔ဆိုရင္ က်မတို႔ ဒီတိုင္းျပည္၊ ျပည္ေထာင္စုႀကီးထဲမွာ က်မတို႔ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ခ်င္တဲ့စိတ္ ရိွတယ္။ ရိွတဲ့အခါမွာ အဲဒါကို က်မတို႔က အတင္းႀကီးသြတ္သြင္းလို႔ မရဘူး။ မည္သည့္အခါမွ ခြဲမထြက္ရဆိုတဲ့ ပုဒ္မမ်ဳိးေတြနဲ႔ သြတ္သြင္းလို႔ မရဘူး။ ႀကိဳးနဲ႔ခ်ည္းထားတာထက္၊ မျမင္ႏုိင္တဲ့ ကတိကဝတ္၊ သံေယာဇဥ္ေတြနဲ႔ ခ်ည္းေႏွာင္ထားတဲ့ ျပည္ေထာင္စုက ပိုၿပီးေတာ့မွ ခိုင္မာလိမ့္မယ္လို႔ က်မတုိ႔ ယူဆတယ္။

ေမး ။ ။ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးကို ေတာင္အာဖရိကမွာ ေတာ္ေတာ္ေလး ေအာင္ေအာင္ျမင္ျမင္ လုပ္ခဲ့တဲ့ ဥပမာေတြ ရိွတယ္။ မၿဖိဳးတို႔လည္း ကိုယ္တုိင္ေလ့လာခဲ့တဲ့ အေနအထားလည္း ရိွတယ္ဆိုေတာ့ အဲဒီဟာေတြရဲ ႔ အေရးပါမႈအပါအဝင္ က်ေနာ္တို႔ ေရွ ႔ဆက္သြားရမယ့္ လမ္းခရီးမွာ ဘာေတြလိုအပ္သလဲဆုိတာကို နိဂံုးခ်ဳပ္ေလး ေျပာပါအံုး။

ေျဖ ။ ။ က်မတုိ႔ လူ႔အဖြဲ႔အစည္းက ျဖစ္ခဲ့တဲ့ အနာေတြ အမ်ားႀကီးရိွတယ္။ ခံစားခ်က္ေတြလည္း အမ်ားႀကီးရိွတယ္။ နစ္နာခဲ့တာေတြလည္း အမ်ားႀကီးရိွတယ္။ ဆိုေတာ့ နစ္နာခဲ့တဲ့ အမ်ားႀကီးရိွတဲ့အေပၚမွာ တကယ္ဆံုးရႈံးနစ္နာခဲ့တယ္ဆိုတဲ့ အေျခအေနေတြကို က်မတို႔က လက္ခံဖို႔လိုတယ္။ က်မတို႔ အခုႀကိဳးစားေနတာေတာ့ လူ႔အဖြဲ႔အစည္းကေန ႀကိဳးစားေနတာ။ လူ႔အဖြဲ႔အစည္းအခ်င္းခ်င္းၾကား ႀကိဳးစားေနတာရိွတယ္။ ဒါေပမဲ့ အစိုးရက မူဝါဒပိုင္းအရ ႀကိဳးစားႏိုင္ရင္ေတာ့ ပိုၿပီးေတာ့ ေအာင္ျမင္ႏုိင္တဲ့ တိုင္းျပည္တည္ေဆာက္ျခင္း ျဖစ္မွာေပါ့။ Nation Building တိုင္းျပည္တခုကို ဘယ္လိုျပန္တည္ေဆာက္မလဲဆိုတာ အခုနေျပာသလို၊ ပံုသ႑ာန္ေတြနဲ႔ တည္ေဆာက္လို႔ မရပါဘူး။

ေကာ္မတီေတြဖြဲ႔ၿပီးေတာ့ တိုင္းရင္းသားဝတ္စံုေတြ ဝတ္ၿပီးေတာ့ ပံုသ႑ာန္ေတြနဲ႔ တည္ေဆာက္တာထက္၊ တကယ့္စိတ္ဆႏၵနဲ႔ တိုင္းျပည္တခုကို ငါတုိ႔အတူတကြ ျပန္ၿပီးတည္ေဆာက္ခ်င္တဲ့ဆိုတဲ့ စိတ္မ်ဳိးေပၚလာေအာင္ တည္ေဆာက္ဖို႔လိုတယ္။ ဗမာအမ်ားစုက၊ ဗမာတိုင္းရင္းသားအမ်ားစုက ငါတုိ႔က ငါတုိ႔တိုင္းျပည္ႀကီးကို ေနေပ်ာ္ေအာင္ ဖန္တီးေပးမယ္။ ငါတုိ႔နဲ႔ပဲ ေပါင္းေနပါလို႔ ႀကိဳးစားေနတာထက္ တကယ္ကို ဗမာေတြနဲ႔ အျခား ရွမ္း၊ ကခ်င္၊ ကရင္ အေသးေလးေတြကအစ ဒီတုိင္းျပည္ႀကီးမွာ စုစုစည္းစည္း ေပါင္းစုတည္ေဆာက္ထားတဲ့ တိုင္းျပည္တခုကို ေဖာ္ေဆာင္မယ္ဆိုတဲ့ စိတ္ဆႏၵမ်ဳိးနဲ႔ တည္ေဆာက္မွသာ အဲဒီတုိင္းျပည္က ခုိင္မာတဲ့ ၿမဲျမန္တဲ့ တိုင္းျပည္ျဖစ္လိမ့္မယ္လို႔ က်မတို႔အေနနဲ႔ ယံုၾကည္တယ္။ တင္းခ်ဳပ္ထားတာက ပိုၿပီးေတာ့ ဖိအားနဲ႔ ဆြဲခ်ဳပ္ထားတာက တြန္းကန္မႈကို ပိုျဖစ္ေစပါတယ္။ စိတ္ဆႏၵကိုသာ တည္ေဆာက္ဖို႔ လိုပါတယ္။ ကတိကဝတ္ေတြကို ျဖည့္ဆည္းေပးဖုိ႔လိုတယ္။ ျဖစ္ခဲ့တဲ့ ျပႆနာေတြကို ေျဖရွင္းေပးဖို႔ လိုပါတယ္။

ကိုေဇာ္ဝင္းလိႈင္ ။ ။ မယိင္းေလာင္ဝ္နဲ႔ မၿဖိဳးၿဖိဳးေအာင္တို႔ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

==Unicode ==

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စုစနစ်တရပ် ပေါ်လာဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတွေအပေါ် လူငယ်ခေါင်းဆောင်တွေ ဘယ်လိုယူဆ သုံးသပ်နေကြပါသလဲ။ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မကြာသေးခင်ကပဲ NLD ပါတီ တာဝန်ရှိသူတွေ ပြောထားတာရှိတယ်။ အဲဒါဘာလဲဆိုတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ မပြီဆုံးသေးတဲ့အတွက် တိုင်းရင်းသားတွေ လိုလားတောင်းဆိုနေတဲ့ ဖယ်ဒရယ်စနစ်ကို လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အဲဒီတော့ ဒီမိုကရေစီကို အရင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောသွားတာရှိတယ်။ တကယ်တော့ NLD ပါတီဟာ အထူးသဖြင့် တိုင်းရင်းသားတွေက မျှော်လင့်အားကိုးအားထား ရှိခဲ့တဲ့ ပါတီတခု ဖြစ်ခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်လက်အောက်မှာကတည်းက တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်မယ်ဆိုပြီး လက်တွဲလုပ်ခဲ့ကြမယ်ဆိုတာ ရှိခဲ့တယ်။ ဒါပေမဲ့ NLD က အခု ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ နည်းနည်းလေး ပုံသဏ္ဍာန်ပြောင်းသွားတယ်လို့ ကျနော်တို့ သတိထားမိတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့နေရာမှာ နည်းနည်းလေး ကွာဟလာတာကို လူတွေတော်တော်များများလည်း သတိထားမိပါတယ်။ ဆိုတော့ လက်ရှိသွားနေတဲ့ NLD ရဲ့ နိုင်ငံရေး အခင်းအကျင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအောက်မှာ ဖယ်ဒရယ်စနစ် ဖော်ဆောင်ရေးဟာ ဘယ်လောက်၊ ဘယ်လိုအခြေအနေမျိုး ရှိနေသလဲဆိုတာလေးကို NLD ရဲ့ ပြောဆိုချက်ပေါ် အခြေခံပြီးတော့ မယိင်းလောင်ဝ် က စပြီးတော့ ဆွေးနွေးပေးပါ။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ဆိုတာ တော်တော်အရေးကြီးတဲ့၊ အရမ်းအရေးကြီးတဲ့ ခေါင်းစဉ်တခု ဖြစ်တယ်။ အရမ်းအရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်။ အဲဒီတော့ ကျမတို့က ဒီမိုကရေစီကို တည်ဆောက်မယ်ဆိုရင် ဘာတွေလိုအပ်သလဲဆိုတာကို ကြည့်လိုက်တဲ့အခါမှာ အဓိကအခြေခံအကျဆုံး လိုအပ်ချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့ လိုအပ်ပါတယ်။ အဲဒီ နိုင်ငံရေးအရ မငြိမ်မသက် ဖြစ်နေတယ်၊ တည်ငြိမ်မှု မရှိဘူးဆိုရင် ဒီမိုကရေစီ ရှင်သန်ဖို့ အရမ်းခဲယဉ်းတယ်။ ဆိုတော့ နိုင်ငံရေးအရ မငြိမ်မသက် ဖြစ်နေတာကို လစ်လျူရှု့ထားပြီးမှ ဒီမိုကရေစီစနစ်တခုကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စဉ်းစားချက်က တော်တော်လေးကို လက်တွေ့မဆန်တဲ့၊ လက်တွေ့မကျတဲ့ စဉ်းစားချက် ဖြစ်တယ်။ ခရီးတွင်မယ့် လမ်းစဉ်မဟုတ်ဘူးလို့ ကျမတို့က မြင်တယ်။ ဆိုတော့ နိုင်ငံတည်ငြိမ်ဖို့အတွက် တည်ငြိမ်ဖို့၊ ငြိမ်းချမ်းဖို့ လုပ်ဖို့လိုအပ်တယ်။ အဲဒီလိုမျိုး လုပ်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေ၊ တိုင်းရင်းသားတွေရဲ့ အဆိုပြုချက်တွေကို လစ်လျူရှု့ပြီးတော့မှ ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ လုံးဝလက်တွေ့မကျတဲ့ လုပ်ငန်းတခုလို့ မြင်ပါတယ်။

မေး ။ ။ မဖြိုးဖြိုးအောင် ကို မေးချင်တာက မြန်မာနိုင်ငံဟာ အရင်ခေတ်အဆက်ဆက်ကလဲ ဒီမိုကရေစီ ဖော်ဆောင်ဖို့၊ ဖယ်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ဆိုတာကို အင်္ဂလိပ်ဆီက လွတ်လပ်ရေးရခဲ့ကတည်းက ကြိုးပမ်းလာခဲ့ကြတယ်။ ခေါင်းဆောင်အသီးသီးကလဲ အဲဒါကို ဦးတည်ပြီးတော့ လုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်မှာ လုပ်ခဲ့ကြတယ်။ ပင်လုံစာချုပ် ဆိုတာမျိုးကို ချုပ်ပြီးတော့ တိုင်းရင်းသားတွေနဲ့ သဘောတူညီမှု ရပြီးတော့ အစိုးရတရပ်ကို ဖော်ဆောင်ဖို့ သွားကြတဲ့ လမ်းခရီးမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့တယ်။ အဲဒီလိုမျိုး ကတိကဝတ်တွေလည်း ရှိခဲ့တယ်။ အဲဒါတွေက ဘယ်လောက်အထိ အထောက်အကူ ပြုမလဲ။ ဒီနေ့ခေတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ။

ဖြေ ။ ။ ဒီကိစ္စတွေအားလုံးရဲ့ အရင်းအမြစ်က တိုင်းပြည်ကို စပြီးတော့ တည်ထောင်ခဲ့တဲ့ ၁၉၄၇ ပင်လုံစာချုပ်ကနေ ပြန်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ပင်လုံစာချုပ်မှာ ကျမတို့ တန်းတူညီမျှရေးအတွက် ကတိကဝတ်တွေ ခံခဲ့ကြတာရှိတယ်။ ဆိုတော့ ကျမတို့တိုင်းပြည်က ကတိကဝတ်တွေနဲ့ တည်ဆောက်ခဲ့တဲ့ တိုင်းပြည်။ အဲဒီကတိကဝတ်တွေကို ကျမတို့ မဖြည့်ဆည်းပေးခဲ့လို့ နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းစစ်ကြီးကို ကျမတို့ နှစ်ရှည်လများ ခံခဲ့ရတယ်။ လက်နက်ကိုင် တော်လှန်ရေးဖြစ်တယ်။ နောက်ဆုံးမှာ စစ်အာဏာသိမ်းတဲ့အထိ ကျမတို့ စစ်အာဏာရှင်လက်အောက်မှာ နှစ်ရှည်လများ နေခဲ့ရတာတွေလဲရှိတယ်။ ဆိုတော့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်က ကျမတို့ ကတိကဝတ်တွေ တည်ဖို့လိုတယ်။ တန်းတူညီမျှရေးကို စဉ်းစားဖို့လိုတယ်။

တိုင်းရင်းသာပေါင်းစုံ စုစည်းနေထိုင်တဲ့ တိုင်းပြည်မှာ တန်းတူညီမျှရေးကို မစဉ်းစားဘဲနဲ့ နောက်ချန်ခဲ့သမျှ ကျမတို့တိုင်းပြည်က ဒီမိုကရေစီလည်း ရောက်မှာမဟုတ်ဘူး။ ဖယ်ဒရယ်လည်း ရောက်မှာမဟုတ်ဘူး။ ဆိုတော့ အရင်ဦးဆုံး ဖယ်ဒရယ်ဖြစ်တဲ့ တန်းတူညီမျှရေးကို စဉ်းစားပြီးတော့ ဖော်ဆောင်မှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို စဉ်းစားပြီး ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်မျိုး လုပ်နိုင်မှ ဒီမိုကရေစီပါ အောင်မြင်လိမ့်မယ်လို့ ကျမကတော့ မြင်ပါတယ်။

မေး ။ ။ မယိင်းလောင်ဝ် .. ဒီမိုကရေစီအခြေခံ ခိုင်မာဖို့၊ ဒီမိုကရေစီဖော်ဒေးရှင်း တောင့်တောင့်တင်းတင်း ဖြစ်ဖို့ဆိုရင် ဒီမိုကရေစီက အရင်လား၊ ဖယ်ဒရယ်က အရင်လား။ ဒါမှမဟုတ်ရင် နှစ်ခုစလုံးက ဒွန်တွဲနေလား။ ဘယ်လို ပုံစံနဲ့ မယိင်းလောင်ဝ် သုံးသပ်သလဲ။

ဖြေ ။ ။ နိုင်ငံတကာအတွေ့အကြုံတွေကို ကျမတို့ သုံးသပ်မယ်ဆိုရင် ဖယ်ဒရယ်စနစ် မဟုတ်ဘဲနဲ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလို့ရတဲ့ နိုင်ငံတွေရှိတယ်။ ဒါကတပိုင်း။ နောက်တပိုင်းကြတော့ ဖယ်ဒရယ်နိုင်ငံ၊ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်တယ်ဆိုရင် ဒီမိုကရေစီစနစ်က မရှိမဖြစ်ကို လိုအပ်တယ်။ အဲဒီတော့ ကျမတို့နိုင်ငံရဲ့ ပြဿနာက နိုင်ငံမှာ နှစ် (၇၀)၊ နှစ် (၈၀) လုံးလုံး နှစ်ရှစ်ဆယ်နီးပါး ဖြစ်လာတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းအမြစ်က ဘာလဲဆိုတော့ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း တခုတည်းမဟုတ်ဘူး။

အခုနက ဖြိုဖြိုလည်း ပြောထားတာရှိတယ်။ ကျမတို့ ဒီနိုင်ငံ စတင်တည်ဆောက်ချိန်ကတည်းက ပေထားတဲ့၊ အချင်းချင်းပြုထားတဲ့ ကတိကဝတ်တွေ ရှိတယ်။ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးစတဲ့ အခြေခံလူ့အခွင့်အရေးတွေ ဖော်ဆောင်ရေး။ ဒီကတိကဝတ်တွေကို မဖော်ဆောင်နိုင်သေးသရွေ့က၊ ကျမတို့ မဖော်ဆောင်ခဲ့လို့ ကျမတို့ ပြည်တွင်းစစ်က ဖြစ်ရတာဖြစ်တယ်။ ဆိုတော့ ကျမတို့နိုင်ငံရဲ့ ပြဿနာက နှစ်ခု ရှိတယ်။ (၁) ဒီမိုကရေစီ ဆိတ်သုန်းတာ ဟုတ်တယ်။ (၂) ပေးခဲ့တဲ့ ကတိကဝတ်တွေ၊ အချင်းချင်းပေးခဲ့တဲ့ ကတိကဝတ်တွေကို ကျမတို့ အကောင်အထည် မဖော်နိုင်လို့ ဖြစ်တယ်။ အဲဒီတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့။ ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုရင် ဒီအခက်အခဲတွေ၊ ပဋိပက္ခတွေကို နှစ်ခုစလုံးကို ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်။ ဘယ်တခုက အရင်လာရမယ်ဆိုရင် ပြိုင်တူသွားရမှာ ဖြစ်တယ်။ ဒီမိုကရေစီ အရင်လာပြီးမှ ဖယ်ဒရယ်လာလို့ မရဘူး။ ဘာဖြစ်လို့ အဲဒါပြောလဲဆိုတော့ အစောပိုင်းက ကျမပြောထားတာ ရှိတယ်။ Pre-condition ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတခုကို ကျမတို့က ဖန်တီးရတယ်။ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတခုကို ဖန်တီးရမယ်။ အဲဒါမျိုး ဖန်တီးနိုင်ဖို့ဆိုရင် ဖယ်ဒရယ်က အရမ်းလိုအပ်တယ်။

မေး ။ ။ ဒီမိုကရေစီ၊ ဖယ်ဒရယ် ပြောတဲ့နေရာမှာ ကျနော်တို့ လူထုရဲ့ အသိပညာလည်း လိုအပ်တယ်။ ဒီဟာနဲ့ ပတ်သက်လို့ - အခုနောက်ပိုင်းမှာ ကျနော်တို့ သတိထားမိတာက ပြောင်းလဲမှုတွေ စတင်ဖော်ဆောင်လာပြီး နောက်ပိုင်းမှာ ဖယ်ဒရယ် ပတ်သက်ပြီး သင်တန်းတွေ ပေးကြတယ်၊ ပြုကြတယ်။ များသောအားဖြင့် တိုင်းရင်းသားဒေသတွေမှာ သွားလုပ်နေကြတာ များတယ်လို့ ကျနော် သတိထားမိတယ်။ ဒီဘက်မြေပြန့် မြန်မာတွေကြားထဲမှာ ဒီလိုသင်တန်းတွေ မရှိသလောက်ကိုရှားတယ်။ ဆိုတော့ မြန်မာတွေက ဖယ်ဒရယ်ကို သိဖို့မလိုလို့လားဆိုတဲ့ မေးခွန်းရှိလာတယ်။ သိပြီနေကြပြီလား။ အဲဒါကို ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ ဖယ်ဒရယ်ဆိုလို့ရှိရင် ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေကို ပြောကြတယ်။ သူတို့က တချိန်လုံး တောင်းဆိုခဲ့ကြတယ်ဆိုပြီးတော့ အဲဒီတောင်းဆိုခဲ့ကြတဲ့ လူတွေကိုပဲ အသိပညာပေးဖို့ ပြန်သွားနေကြတာရှိတယ်။ ကျမတို့ဆိုရင် အခုလက်ရှိ လုပ်နေတဲ့ ယုံကြည်မှုတည်ဆောက်တဲ့ အစီအစဉ်တွေမှာ ဖယ်ဒရယ်နဲ့ ပတ်သက်ပြီးတော့ အသိပညာလေးတွေ ဖြန့်ဖြူးပေးနေတာရှိတယ်။ ဒါပေမဲ့ ဖယ်ဒရယ်ဆိုတာကို ကျမတို့ တကယ့်စနစ်တကျ ဘာသာရပ်တခုကို ချဉ်းကပ်တာထက် အခုနပြောခဲ့တဲ့ ပင်လုံကို ပြန်သွားတာ။ ကျမတို့ရဲ့ ကတိကဝတ် တိုင်းပြည်တခုကို စုစည်းပြီးတော့ တည်ထောင်ကြမယ်ဆိုရင် အဲဒီကတိကဝတ်က လိုအပ်တယ်။ ပြီးတော့ တန်းတူညီမျှမှုကို ပေးဖို့လိုတယ်။ ငါတို့ အတူတကွ တည်ထောင်တယ်ဆိုတဲ့ အခြေခံယူဆချက်မျိုး ရှိဖို့လိုတယ်။ အဲဒါကို အခြေခံတဲ့ ဖယ်ဒရယ်ပုံစံမျိုး ကျမတို့က အသိပညာဖြန့်ဝေဖို့ ဗမာအများစုရှိတဲ့ နေရာတွေမှာ လိုအပ်တယ်။

မေး ။ ။ ဖယ်ဒရယ်ဆိုရင် ဟိုးအရင်တုန်းကတော့ အခုလဲရှိပါသေးတယ် - တိုင်းပြည်က ခွဲထွက်တော့မယ်။ တိုင်းပြည်ပြိုကွဲမယ့် အယူအဆဆိုပြီး အရင်စစ်တပ်၊ စစ်အစိုးရလက်ထက်က မှိုင်းတိုက်ခဲ့တဲ့ အတွေးအခေါ်၊ အယူအဆကလည်း လူတချို့ရဲ့ ခေါင်းထဲမှာ ရှိနေတုန်းပဲ။ သာမန်ပြည်သူတွေကြားထဲမှာ၊ မြန်မာလူထုကြားမှာ။ ဆိုတော့ အခု မဖြိုးဖြိုးအောင်တို့ လုပ်နေတဲ့ The Wings Institute မှာ အမျိုးသားရင့်ကြားစေ့ရေး ဆိုတာတွေကို လူငယ်တွေကို သင်တန်းပေးနေတာရှိတယ်။ အဲဒီမှာ သင်တန်းပေးနေတာတော့ တပိုင်းပေါ့။ ဒီသင်တန်းကို ရောက်လာကြတဲ့ လူငယ်တွေရဲ့ အမြင်ကြားထဲမှာ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး။ ဒါမှမဟုတ် ဖယ်ဒရယ်စနစ်၊ ဒီမိုကရေစီ ပုံဖော်ဆောင်ရွက်နေတဲ့အပေါ်မှာ သူတို့ရဲ့ မေးခွန်းတွေက ဘယ်လိုရှိလဲ။ သူတို့အမြင်တွေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ အသိပညာနဲ့ ဦးနှောက်ကို ပြောင်းလဲတာထက် ကျမတို့က သူတို့ရဲ့ နှလုံးသားကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ။ သင်တန်းပေးတာထက်၊ အဲဒီဒေသတွေကိုသွားတယ်။ သူတို့ရဲ့ စကားသံတွေကို နားထောင်တယ်။ ထိတွေ့မှုပေးတယ်။ ဖယ်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ခွဲထွက်ရေးလို့ အခုန လူငယ်တွေကြားထဲမှာလည်း ရှိတယ်။ လူကြီးတွေ ပိုပြီးတော့ အချက်အလက်နဲ့ ပိုဝေးတဲ့လူတွေကြားမှာ ပိုရှိတယ်။ အဲဒီလိုအခါမျိုးမှာ ကျမတို့က ထိတွေ့မှု ပေးလိုက်တဲ့အခါကြတော့ တိုက်ရိုက်မေးခွန်းရှိတယ်။ ဖယ်ဒရယ်ဆိုတာက ခွဲထွက်တာလား။ ဘာဖြစ်လို့ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဓိကပြဿနာ ဖြစ်နေတဲ့ တခုတည်းသော တပ်မတော်ဆိုတဲ့ စကားရပ်ပေါ်မှာ ဘာလို့ငြင်းနေတာလဲ။ တခုတည်းသော တပ်မတော် မဖြစ်ချင်ဘူးလား။ နောက်တခုက ဘာလိုခွဲထွက်ခွင့်ကို တောင်းနေတာလဲ စသဖြင့်ပေါ့ မေးကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထိတွေ့ခွင့် ရတဲ့အခါကြတော့ တိုက်ရိုက်မေးခွန်း မေးလို့ရတယ်။ အဲဒီအပေါ်မှာလဲ အဖြေက အဆင်သင့်ရှိပြီသား။

မေး ။ ။ လက်ရှိ နိုင်ငံရေးအနေအထားတွေပေါ်မှာ လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ တိုင်းရင်းသားပြည်သူတွေ၊ မြန်မာပြည်သူတွေ တကယ့်ကို စည်းစည်းလုံးလုံးနဲ့ သိုက်သိုက်ဝန်းဝန်း မျှော်မှန်းခဲ့ကြတဲ့အတိုင်း လွတ်လပ်ရေးဖခင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အတိုင်း ပြည်ထောင်စုစနစ်ကြီးကို ဖော်ဆောင်ဖို့အတွက် အဆုံးသတ်အနေနဲ့ ဘယ်လိုပုံဖော်ကြမလဲ။ ဖယ်ဒရယ်က ပထမလား၊ ဒီမိုကရေစီက ပထမလား။ အဲဒီဟာကို ဘယ်လို နိဂုံးချုပ် သုံးသပ်လို့ရမလဲ။

ဖြေ ။ ။ ကျမတို့ ဒီတိုင်းပြည်ကြီးထဲမှာ အတူတူနေလာတာ နှစ် (၇၀) ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့အထိ မငြိမ်းချမ်းသေးဘူး။ မငြိမ်းချမ်းသေးဘူးဆိုတော့ ကျမတို့တွေက ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ချင်တဲ့စိတ် ရှိသေးသလား။ ဒါက အရမ်းအခြေခံကျတဲ့ မေးခွန်းဖြစ်တယ်။ ဒါကို ကျမတို့ မေးသင့်တယ်။ ဒီမှာ ကျမကောင်းကောင်းကြီး ပြောရဲတယ်၊ ကျမတယောက်တည်းအနေနဲ့ဆိုရင် ကျမတို့ ဒီတိုင်းပြည်၊ ပြည်ထောင်စုကြီးထဲမှာ ကျမတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ချင်တဲ့စိတ် ရှိတယ်။ ရှိတဲ့အခါမှာ အဲဒါကို ကျမတို့က အတင်းကြီးသွတ်သွင်းလို့ မရဘူး။ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ ပုဒ်မမျိုးတွေနဲ့ သွတ်သွင်းလို့ မရဘူး။ ကြိုးနဲ့ချည်းထားတာထက်၊ မမြင်နိုင်တဲ့ ကတိကဝတ်၊ သံယောဇဉ်တွေနဲ့ ချည်းနှောင်ထားတဲ့ ပြည်ထောင်စုက ပိုပြီးတော့မှ ခိုင်မာလိမ့်မယ်လို့ ကျမတို့ ယူဆတယ်။

မေး ။ ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တောင်အာဖရိကမှာ တော်တော်လေး အောင်အောင်မြင်မြင် လုပ်ခဲ့တဲ့ ဥပမာတွေ ရှိတယ်။ မဖြိုးတို့လည်း ကိုယ်တိုင်လေ့လာခဲ့တဲ့ အနေအထားလည်း ရှိတယ်ဆိုတော့ အဲဒီဟာတွေရဲ့ အရေးပါမှုအပါအဝင် ကျနော်တို့ ရှေ့ဆက်သွားရမယ့် လမ်းခရီးမှာ ဘာတွေလိုအပ်သလဲဆိုတာကို နိဂုံးချုပ်လေး ပြောပါအုံး။

ဖြေ ။ ။ ကျမတို့ လူ့အဖွဲ့အစည်းက ဖြစ်ခဲ့တဲ့ အနာတွေ အများကြီးရှိတယ်။ ခံစားချက်တွေလည်း အများကြီးရှိတယ်။ နစ်နာခဲ့တာတွေလည်း အများကြီးရှိတယ်။ ဆိုတော့ နစ်နာခဲ့တဲ့ အများကြီးရှိတဲ့အပေါ်မှာ တကယ်ဆုံးရှုံးနစ်နာခဲ့တယ်ဆိုတဲ့ အခြေအနေတွေကို ကျမတို့က လက်ခံဖို့လိုတယ်။ ကျမတို့ အခုကြိုးစားနေတာတော့ လူ့အဖွဲ့အစည်းကနေ ကြိုးစားနေတာ။ လူ့အဖွဲ့အစည်းအချင်းချင်းကြား ကြိုးစားနေတာရှိတယ်။ ဒါပေမဲ့ အစိုးရက မူဝါဒပိုင်းအရ ကြိုးစားနိုင်ရင်တော့ ပိုပြီးတော့ အောင်မြင်နိုင်တဲ့ တိုင်းပြည်တည်ဆောက်ခြင်း ဖြစ်မှာပေါ့။ Nation Building တိုင်းပြည်တခုကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာ အခုနပြောသလို၊ ပုံသဏ္ဍာန်တွေနဲ့ တည်ဆောက်လို့ မရပါဘူး။

ကော်မတီတွေဖွဲ့ပြီးတော့ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ပြီးတော့ ပုံသဏ္ဍာန်တွေနဲ့ တည်ဆောက်တာထက်၊ တကယ့်စိတ်ဆန္ဒနဲ့ တိုင်းပြည်တခုကို ငါတို့အတူတကွ ပြန်ပြီးတည်ဆောက်ချင်တဲ့ဆိုတဲ့ စိတ်မျိုးပေါ်လာအောင် တည်ဆောက်ဖို့လိုတယ်။ ဗမာအများစုက၊ ဗမာတိုင်းရင်းသားအများစုက ငါတို့က ငါတို့တိုင်းပြည်ကြီးကို နေပျော်အောင် ဖန်တီးပေးမယ်။ ငါတို့နဲ့ပဲ ပေါင်းနေပါလို့ ကြိုးစားနေတာထက် တကယ်ကို ဗမာတွေနဲ့ အခြား ရှမ်း၊ ကချင်၊ ကရင် အသေးလေးတွေကအစ ဒီတိုင်းပြည်ကြီးမှာ စုစုစည်းစည်း ပေါင်းစုတည်ဆောက်ထားတဲ့ တိုင်းပြည်တခုကို ဖော်ဆောင်မယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးနဲ့ တည်ဆောက်မှသာ အဲဒီတိုင်းပြည်က ခိုင်မာတဲ့ မြဲမြန်တဲ့ တိုင်းပြည်ဖြစ်လိမ့်မယ်လို့ ကျမတို့အနေနဲ့ ယုံကြည်တယ်။ တင်းချုပ်ထားတာက ပိုပြီးတော့ ဖိအားနဲ့ ဆွဲချုပ်ထားတာက တွန်းကန်မှုကို ပိုဖြစ်စေပါတယ်။ စိတ်ဆန္ဒကိုသာ တည်ဆောက်ဖို့ လိုပါတယ်။ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့လိုတယ်။ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မယိင်းလောင်ဝ်နဲ့ မဖြိုးဖြိုးအောင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG