သုံးရလွယ်ကူစေသည့် Link များ

၂၁ ရာစုပင်လုံညီလာခံအပေါ် ဇိုမီးတို့မျှော်လင့်ချက်


ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပူကမ်လမ်ခုပ်
ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပူကမ်လမ်ခုပ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁) ရာစု ပင်လုံညီလာခံကနေ နှစ်ပေါင်း (၆၀) ကျော် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပူကမ်လမ်ခုပ်က ပြောပါတယ်။ ဒီညီလာခံအပေါ် ဘယ်လောက် မျှော်လင့်ထားသလဲဆိုတာကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


ကိုဇော်ဝင်းလှိုင် ။ ။ အခုလို VOA ကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပူကမ်လမ်ခုပ်။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပထမဦးဆုံးတော့ အမေရိကကို ဘာကြောင့် ရောက်လာသလဲ။ ခရီးစဉ်အခြေအနေလေးကို ဦးဆုံးရှင်းပြပါလား။

ပူကမ်လမ်ခုပ်။ ။ ကျနော် ဒီရောက်တဲ့ အကြောင်းရင်းကတော့ ဒီမှာရောက်နေတဲ့ ဇိုမီး အဖွဲ့အစည်း၊ လူမျိုးတွေကနေ Zomi in USA Community တခုကို ဖွဲ့လိုက်တယ်။ ဖွဲ့လိုက်တဲ့ဟာ (၆) ခု ရှိတယ်။ (၆) ခု ရှိတဲ့ထဲက Economic and Social မှာ Consultative အနေနဲ့ ကျနော် ပါဝင်ခွင့်ရှိတဲ့အတွက်ကြောင့် …မှာ Seminar လုပ်လုပ်၊ တစုံတခုခု အခုနပြောတဲ့ Economic and Social ကဏ္ဍနဲ့ ပတ်သက်တဲ့အရာတွေမှာ သူတို့ Zomi in Com USA ကို ဖိတ်တဲ့အရာတွေမှာ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ လူတွေ၊ အိန္ဒိယမှာရှိတဲ့လူတွေ .. တကမ္ဘာလုံးမှာရှိတဲ့ ဇိုမီး က အမျိုးသားရေး လှုပ်ရှားတဲ့လူတွေကို ဖိတ်ခေါ်ကြတယ်။ အဲဒါကြောင့် ကျနော် ဒီကိုရောက်ဖြစ်တာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ သူတို့ အစည်းအဝေးမှာ တွေ့ခဲ့ရတဲ့ အနေအထားအရ ဘယ်လောက်အထိ အားရကျေနပ်မှု ရှိသလဲ။ စောစောက Budget ကြီး အကြီးကြီးတော့ ရှိတာပေါ့။ လုပ်ကြမယ်၊ ကိုင်ကြမယ်ဆိုတဲ့ ဆောင်ပုဒ်တွေ၊ လမ်းစဉ်တွေ၊ မူဝါဒတွေလည်း ချမှတ်ထားတယ်။ ကိုယ့်ဖက်ကရော ဒါကို သွားတက်ပြီးတော့၊ တွေ့ပြီးတော့ ငါတို့ကတော့ ဝင်ပါရင်၊ လုပ်နိုင်ရင်တော့ ငါတို့လူမျိုးအတွက်၊ ပြည်နယ်အတွက် တကယ်ကောင်းအောင်၊ တိုးတက်အောင် လုပ်နိုင်တယ်ဆိုတဲ့ အားရကျေနပ်မှု ရှိခဲ့ရဲ့လား။

ပူကမ်လမ်ခုပ်။ ။ ရှိပါတယ်။ ကျနော်တို့ လုပ်ချင်တဲ့ဆန္ဒတွေလည်း အများကြီး ပေါ်လာတယ်။ သူတို့ဘက်မှာတော့ Role တခု ရှိကောင်းရှိမယ်။ အဲဒီဥစ္စာတွေမှာ လေ့လာပြီးတော့မှ ဒီမှာ Zomi in Com USA နဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ချင်းပြည်နယ်မှာရှိတဲ့ လူတွေ၊ နေရာအနံှမှာ ရောက်ရှိနေတဲ့ ဇိုမီး ပညာရှင်တွေအားလုံးကနေ အကြံပြုပြီးတော့ ကျနော်တို့ ဒါကို ပထမဦးဆုံးသွားရင် ကောင်းမယ်။ ဒါကတော့ လုပ်မယ်ဆိုရင် ကျနော်တို့အတွက် အလွယ်လုပ်နိုင်မယ်။ တကယ်လဲ ပြည်သူအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုတဲ့အရာတွေကို ပြန်ပြီးတော့ ဇယားချပြီးတော့ တင်ပြဖို့ အစီအစဉ် ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါကတော့ ပြည်ပမှာလာပြီးတော့ လှုပ်ရှားနေတဲ့ အခြေအနေတွေပေါ့။ ပြည်တွင်းမှာလည်း အခု ပြောမယ်ဆိုရင် မြန်မာနိုင်ငံ့ရေးဟာ နိုင်ငံတကာက စိတ်ဝင်စားတဲ့ အထွဋ်အထိပ်ကို ရောက်နေတဲ့ အနေအထား ဖြစ်နေတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေနဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲတယ်ဆိုပြီးတော့ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခြေအနေဆိုတော့ အချိန်ကတော့ အချိန်ကောင်း၊ အချိန်ကိုက်လို့ ပြောလို့ရတာပေါ့။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာလည်း နိုင်ငံရေးပြောင်းလဲမှုတွေက အချိန်နဲ့အမျှ တောက်လျှောက်အမြဲတမ်း ဖြစ်နေတယ်ဆိုတော့ အခု မကြာခင်မှာပဲ (၂၁) ရာစု ပင်လုံညီလာခံဆိုပြီး လုပ်ကြဖို့ စီစဉ်နေကြတာတွေ ရှိတယ်။ ရှေ့လထဲမှာ ညီလာခံခေါ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောကြတယ်။ NLD အစိုးရက ဦးဆောင်ပြီ။ အဲဒီ လုပ်ဆောင်နေတဲ့အပေါ်မှာ ပူကမ်လမ်ခုပ်က ဇိုမီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်တော့ ကိုယ့်နိုင်ငံရေးပါတီအနေနဲ့ ပါဝင်မှုတွေက ဘယ်လောက်အထိ ရှိသလဲ။

ပူကမ်လမ်ခုပ်။ ။ အခုက ကြားရသလောက်က အန်တီစု က ပြောတဲ့ဟာ၊ ဒီအစိုးရက ပြောတာက Party Side ဆိုရင် အနိုင်ရပါတီပဲ တက်ခွင့်ရှိမယ်ဆိုတဲ့အခါကြတော့ ကျနော်တို့ ပြည်နယ်ပဲပြောမယ်။ ကျနော်တို့ပြည်နယ်မှာဆိုရင် အနိုင်ရပါတီ၊ လူမျိုးစုထဲမှာဆိုရင် ကျနော်တို့ ဇိုမီး ပါတီ တခုပဲ ရှိတယ်။ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တခုတည်းပဲ ရှိတယ်။ ရှိတဲ့အခါကြတော့ ကျနော်တို့ပါတီကတော့ Sure ဖြစ်သွားပြီ။ Sure ဖြစ်တဲ့အခါကြတော့ ချင်းပြည်နယ်မှာရှိတဲ့ လူမျိုးစုပါတီတွေ အများကြီး ရှိသေးတယ်။ ရှိသေးတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် 21st Century ပင်လုံညီလာခံကို လုပ်မယ်ဆိုရင် ကိုယ့်ပြည်နယ်အတွင်းမှာရှိတဲ့ လူမျိုးစုပါတီအသီးသီးကို အားလုံး ဆွေးနွေးဖို့လိုတယ်။ ဆိုလိုတာက ဘာလဲဆိုရင် ကျနော်တို့ပါတီကတော့ တက်လို့ရတယ်။ ကိုယ့်မူတခုတည်းနဲ့ သွားဆွေးနွေးရင် ကိုယ့်မူတခုပဲ ဖြစ်နေမယ်။ ဆိုတဲ့အခါကြတော့ ချင်းပြည်နယ် တပြည်နယ်ထဲမှာရှိတဲ့ ပါတီအသီးသီးရဲ့ အသံအားလုံးကို ကျနော်တို့က (၂၁) ရာစု ညီလာခံမှာ သယ်သွားချင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ညီလာခံကတော့ မဖြစ်မနေ၊ အနှေးနဲ့အမြန်တော့ ဖြစ်တော့မှာ။ ဆိုတော့ နိုင်ငံရေးပါတီတွေ ရှိသလို၊ နောက်တခါ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ အဓိက အများစုက အာရုံစိုက်နေကြတာက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စကို အာရုံစိုက်ပြီး ပြောနေကြတာ။ (၂၁) ရာစု ပင်လုံညီလာခံဆိုရင် အဲဒီကိုပဲ လူတွေက မြင်နေကြတော့ တခြား ဇူးမီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုး နိုင်ငံရေးပါတီတွေကလည်း အများကြီးရှိတယ်။ တခြား တိုင်းရင်းသားတွေ။ ကရင်ဆိုလဲ ကရင်အလျောက်၊ မွန်ဆိုလဲ မွန်အလျောက်။ ဒီလူတွေ တစုတစည်းနဲ့ အားလုံးကို စုစည်းပြီးတော့ ဥပမာ ချင်းပြည်နယ်မှာရှိတဲ့ လူမျိုးစုမတူတဲ့ ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုသလိုပဲ တခြားတိုင်းရင်းသားတွေနဲ့ ကြိုတင်ညှိနှိုင်းတာတွေ ရှိသလား။ ကရင်၊ မွန်၊ ရှမ်းတို့နဲ့ …

ပူကမ်လမ်ခုပ်။ ။ ကျနော်တို့က … လည်း ပါတယ်။ … နဲ့လည်း တော်တော်လေး ခရီးရောက်နေပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့။ ဆိုတဲ့အခါကြတော့ တိုင်းရင်းသားအားလုံး စုံသလောက် ပါဝင်ပြီလို့ ကျနော်တို့ ယူဆတယ်။ ပြီးတော့ (၂၁) ရာစု ဆိုတဲ့ဟာက ဘယ်လောက်အရေးကြီးသလဲဆိုရင် ကျနော်တို့က Ceasefire က ငြိမ်းချမ်းရေး မဟုတ်ဘူး။ သေနတ်သံ မထွက်တာဘဲရှိတယ်။ တကယ့် ငြိမ်းချမ်းရေးရဖို့ .. ရမှသာ မြန်မာပြည်က တကယ် ငြိမ်းချမ်းမှာ။ ပြီးတော့ တကယ်လဲ တိုးတက်မှာ။ ဆိုတဲ့အခါကြတော့ အဲဒီ ရည်ရွယ်ချက်ကို ကျနော်တို့က ဒီမူတွေ မချမှတ်နိုင်ဘူးဆိုရင် (၂၁) ရာစု ညီလာခံမှာ မတင်သွင်းနိုင်ဘူးဆိုရင် ကျနော်တို့ ခြေတလှမ်းနောက်ကျ ကျန်ခဲ့မှာ။ ဆိုတော့ ကျနော်တို့ မြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အင်မတန်မှ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးပွဲ Conference တခုလို့ မြင်တယ်။ ဆိုတဲ့အခါကြတော့ ဒီကိစ္စကို ပြောတဲ့အခါကြတော့ ဘယ်ကနေ စပြောမလဲဆိုရင် ကျနော့်အမြင်မှာ တိုင်းပြည်ကြီးက ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ Question ကို ကျနော်တို့အနေနဲ့ အားလုံးကို ရှာစေချင်တယ်။ ဒီလိုဖြစ်တာဟာ တိုင်းရင်းသားတွေ ဘာကြောင့် တောခိုပြီးတော့ လက်နက်စွဲကိုင်ကြသလဲဆိုတဲ့ဟာတွေ။ အဓိက Point ကို ပြန်ကြည့်တဲ့အခါကြတော့ 1947 Constitution မှာ ရေးဆွဲထားတဲ့ Agreement ကို ဒီ Agreement အတိုင်း အကောင်အထည် မဖော်နိုင်သေးတဲ့အခါကြတော့ လူတွေက စိတ်ညစ်ပြီးတော့၊ ငြီးငွေ့လာတာပေါ့။ ငြီးငွေ့တဲ့အချိန်မှာ လူတချို့ကနေ၊ အသိုင်းအဝိုင်းတချို့က အာဏာရှင်ဆန်ဆန်၊ တပါတီအုပ်ချုပ်လာမှုအပေါ်မှာ မကျေနပ်ချက်တွေ များလာတယ်။ ပြီးတော့မှ ကျနော်တို့ အဓိကက အဲဒီအချိန်မှာ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်က အဓိက ဖြစ်နေတယ်။ ကျနော်တို့ တောင်းဆိုနေတာ။ ဆရာတို့လည်း ကြားမှာပါ .. JMFC ကနေ အန်တီစုနဲ့ တွေ့တဲ့အချိန်မှာ အန်တီစုကနေ နိုဘယ်ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ==== သူကနေ ပြောတဲ့ဟာက ‘ဟုတ်ပြီ၊ JMFC ကိုယ်စားလှယ်နဲ့ တွေ့တဲ့အခါမှာ ဘာလိုချင်လဲ။ လိုချင်တဲ့ဟာတောင်း။ ဒါပေမဲ့ အားလုံးတော့ ရမယ်ဆိုတာကို ကျမ အာမမခံနိုင်ဘူးလို့ ပိတ်ပြောလိုက်တဲ့အခါကြတော့ .. ဟိုကလဲ တောင်းစရာ မရှိသလို၊ ပေးစရာလည်း မရှိတော့ပါဘူး။ အဲဒါ တော်တော်လေးကို နက်နဲပါတယ်။ အဲဒီလို မြင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အဲဒါကို လူတွေက တော်တော်လေး ဆွေးနွေးနေကြတယ်။ အဲဒီ စကားလုံး တခွန်ကို ဒီတရက်နှစ်ရက်အတွင်းမှာ ဖြစ်သွားတဲ့ နိုင်ငံရေးဖြစ်စဉ်။ တောင်းရမယ်၊ ပေးရမယ်၊ ယူရမယ်၊ ပေးရမယ် သဘော မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတာ။ အားလုံးအတူတူ ယှဉ်တွဲပြီးတော့၊ အားလုံး တန်းတူညီမျှ ဖြစ်ရေးကို စောစောက အကိုပြောတဲ့အထဲမှာလည်း ပါပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ တန်းတူညီမျှရေး - ပထမဦးဆုံး ပင်လုံညီလာခံက အဲဒီဟာကို တိုင်းရင်းသားနဲ့ တောင်ပေါ်မြေပြန့်အားလုံး သာတူညီမျှဖြစ်ရေးမူကို ချထားတာကို။ တိုင်းရင်းသားတွေက အစောကြီးမှာ ပြောနေတာကလည်း အဲဒီမူအတိုင်း ဆက်မသွားနိုင်ဘဲနဲ့ (၂၁) ရာစု ပင်လုံညီလာခံပဲခေါ်ခေါ်၊ (၂၂) ရာစု ပင်လုံညီလာခံပဲခေါ်ခေါ် အောင်မြင်မှုရှိမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဖြစ်သွားတဲ့ဖြစ်စဉ်အရ အဲဒီလိုမျိုး ခေါင်းဆောင်လုပ်တဲ့လူ၊ ဦးဆောင်တဲ့လူတယောက်က အဲဒီလိုမျိုး ပြောလိုက်တဲ့အခါကြတော့ တိုင်းရင်းသားတွေဘက်က ခံစားချက်က ဘယ်လို ရှိလားမလဲ။ ခင်များတို့ဘက်ကရော အဲဒီ စကားလုံးအပေါ် ဘယ်လို မြင်သလဲ။

ပူကမ်လမ်ခုပ်။ ။ ကျနော်တို့ကတော့ ရှင်းပါတယ်။ ကျနော်တို့က အစကတည်းက Agreement ရှိပြီသားပါ။ Agreement ရှိပြီသားကို ထပ်ပြီးတော့လည်း တောင်းစရာ မလိုပါဘူး။ မည်သူမဆို မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဖြစ်လာမယ့်လူတိုင်းက ဒါကို မသိဘဲနဲ့ ကျနော်တို့ မြန်မာနိုင်ငံရေးကို သွားလို့ မရပါဘူး။ ဆိုတဲ့အခါကြတော့ တောင်းစရာလည်း မလိုဘူး။ အခု ပေးလို့လည်း ကုန်နေပြီ။ ပြည်နယ်ကဟာတွေ၊ အရာအားလုံး။ ကုန်ဆုံးသွားပြီ။ ကုန်သလောက် ဖြစ်နေပြီ။ ဆိုတဲ့အပေါ်မှာ ကျနော်ကတော့ အန်တီစုကိုလည်း အမြင်မစောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အခြေမျိုးလည်း ငြိမ်းချမ်းရေးအုပ်စုတွေနဲ့ ဆွေးနွေးတိုင်း အပေးအယူလေးတွေနဲ့ ပေး၊ တောင်းယူမှုတွေ၊ ပေးမှုတွေနဲ့ ဖလှယ်ပြီးတော့ ညှိနှိုင်းဆွေးနွေးကြတဲ့ဟာကို သိတဲ့အခါကြတော့ အန်တီစုအနေနဲ့ ရိုးရိုးသားသားလေးနဲ့ ကျမတို့ကတော့ ခင်များတို့ တောင်းတဲ့ဟာ၊ ဘာတွေ တောင်းမလဲ။ အားလုံးတော့ မသိဘူး။ အားလုံးတော့ ပေးနိုင်မယ် မထင်ဘူး။ အာမမခံဘူးပေါ့။ ကြိုတင်ပြီးတော့ စကား ကာထားတဲ့သဘောလိုပဲ မြင်ပါတယ်။ ရိုးရိုးသားသားလေးနဲ့။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခု (၂၁) ရာစု ပင်လုံညီလာခံကိစ္စကို တချို့ထောက်ပြနေကြတာက ညီလာခံကြီး ခေါ်တာတော့ ဟုတ်ပြီ။ ဒါပေမဲ့ ပထမပင်လုံညီလာခံ လုပ်ခဲ့တဲ့ အနေအထားနဲ့မတူတာက အခုဟာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး လူတွေ ထောင်နဲ့ချီ ဝင်ဆွေးနွေးကြမှာ။ ဒီညီလာခံကြီးကနေ စစ်မှန်တဲ့ အသေးစိတ်ကျ၊ တိတိကျကျ မှန်ကန်တဲ့ မြန်မာနိုင်ငံ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့အတွက် စာချုပ်တခု ချလာဖို့ ဒီလူတွေ အများကြီးနဲ့ ဝိုင်းဆွေးနွေးရင် ဘယ်လောက်အထိ အချိန်သွားမလဲ။ မဖြစ်ဘူးလို့တော့ မဟုတ်ဘူး။ ဖြစ်တော့ဖြစ်မယ်။ ဒါကြီးက အီရောအီရောနဲ့ ရေရှည်ကြီး ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ အဲဒီအပေါ် ဘယ်လို မြင်မိသလဲ။

ပူကမ်လမ်ခုပ်။ ။ ကျနော် အမြင်ရှင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ Politics ဆိုတဲ့ နေရာမှာ Politicians တွေက လုပ်ရမှာ။ နံပတ်တစ်အချက်။ Politicians ဆိုရင် ပါတီနိုင်ငံရေးကိုပဲ ပြောမလား။ လွှတ်တော်ပြင်ပကို ပြောမလား။ အဲဒါ တစ်ခုရှိတယ်။ အဲဒီအပေါ် ပထမ ဘယ်ဟာနဲ့ သွားမလဲဆိုတဲ့အပေါ် မူတည်တယ်။ နှစ်မျိုးရှိတယ်။ လက်ရှိ အန်တီစုက သွားတဲ့ပုံစံက လွှတ်တော်အတွင်း။ လွှတ်တော်ထဲမှာရောက်နေတဲ့ ပါတီနဲ့ ပထမဦးဆုံးသွားမယ်ဆိုတဲ့ ခြေလှမ်းသဘောလောက် ရှိပါတယ်။ ဒါ ပထမဦးဆုံးပါ။ ဒါနဲ့ မပြီးသေးပါဘူး။ အများကြီး သွားရအုံးမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ကြာတော့ ကြာမယ်လို့ ယူဆတာပေါ့။

ပူကမ်လမ်ခုပ်။ ။ ကြာရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း (၆၀) ကျော်လောက် ဖြစ်လာတဲ့ ပြဿနာ ဖြစ်တဲ့အခါကြတော့ ချက်ချင်း ဒီဥစ္စာအားလုံးကို လုံးဝပျက်ထွက်၊ တထိုင်ထဲဖြေရှင်းဖို့ မလွယ်ဘူး။ အချိန်တော့ ပေးရမှာပါ။

XS
SM
MD
LG