သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ပညာရေးကဏ္ဍ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေ နိုင်ငံရပ်ခြားမှာ အဆင့်မြင့်ပညာရပ်တွေ ရွေးချယ်သင်ကြားနိုင်ဖို့အတွက် မှန်ကန်တဲ့လမ်းညွှန်မှုတွေက အရေးကြီးကြောင်းနဲ့ ပြည်တွင်းမှာလည်း အဆင့်ြ့မင့် ပညာရေးပြုပြင်ပြောင်းလဲမှုတွေအတွက် အတွေ့အကြုံရှိ နိုင်ငံရပ်ခြားအကြံပေးတွေ လိုအပ်နေကြောင်း ရန်ကုန်မြို့ CROWN ပညာရေးအဖွဲ့က ဦးအောင်ကျော်ဆန်း က ပြောဆိုပါတယ်။ ဗွီအိုအေအယ်ဒီတာ ဦးသားညွှန့်ဦး က ဦးအောင်ကျော်ဆန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ပထမဦးဆုံး CROWN Education ကနေ လက်ရှိ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု ဒီလုပ်ငန်းတွေကို အဓိက ဘယ်လိုလုပ်ငန်းတွေကို လုပ်ပေးနေတာလဲ။

ဦးအောင်ကျော်ဆန်း ။ ။ ကျနော် နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန်မှာ ကျနော် နည်းနည်းဆက်စပ်တာကတော့ အတိုင်ပင်ခံ။ ဟိုဖက်မှာလည်း ကျနော်က Business Development Executive အနေနဲ့ Consultant တပိုင်း၊ Career consultant, education consultant ပိုင်းတွေ ကျနော် လုပ်ခဲ့ပါတယ်။ အဲဒီကနေ ဆက်စပ်ပြီးတော့ ကျနော် ဒီပညာရေးဖက်ကို တချက်ရောက်လာတာပေါ့။ ဟိုတုန်းကတော့ လူငယ်တွေအတွက် ဘယ်လိုဘွဲ့တွေက သင့်တော်တယ်။ ကျနော်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ သူ့ရဲ့ HR Recruiting ကတော့ ဘယ်လိုဘွဲ့မျိုးလေးတွေရရင် သူတို့ recruit လုပ်ချင်တယ်။ ဘယ်လိုဘွဲ့နဲ့ကြရင် မကိုက်ဘူးဆိုတာကနေ မြန်မာပြည်ဖက်ကို တချို့ခလေးတွေ ပညာရေးမှာ လွဲနေတာလေးတွေကို စတွေ့လာတယ်။ ယူထားတဲ့ဘွဲ့တွေနဲ့ အလုပ်တွေနဲ့ မကိုက်တာဆိုတော့။ အဲဒီမှာ ကျနော် စပြောဖြစ်တယ်။ ကျနော်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းကနေ စင်္ကာပူမှာ ကျောင်းတက်ဖို့ စဉ်းစားတဲ့အခါကြတော့ ကျနော်က သာမန်ကျောင်းကို အကြံပေးတာမျိုး မဟုတ်ဘဲနဲ့ ဒီလူတွေကတော့ ဒါလေးတွေ လုပ်သင့်တယ်ဆိုပြီး ၂၀၀၅ လောက်ကစပြီး ကျနော် ဒီပညာရေး အတိုင်ပင်ခံ သဘောမျိုးတော့မဟုတ်ဘူးပေါ့၊ အရင်တုန်းကတော့ သာမန် consulting လုပ်ပေးတာပေါ့။ ကျနော့်အလုပ်နဲ့ ဆက်စပ်ပြီးလုပ်တယ်။ လုပ်ရင်နဲ့မှ ကျောင်းတွေက သူတို့ဆီကို ကျောင်းသားတွေပို့တဲ့အခါကြတော့ ဒါက စင်္ကာပူမှာဆိုရင်တော့ recruitment လိုဟာမျိုး လုပ်လို့ရတယ်။ ဒါကို မင်း Business တခုအနေနဲ့ လုပ်မလားဆိုတာကနေ တဖြည်းဖြည်း ကျောင်းသား recruitment ဖက်ကို ရောက်လာတာပေါ့။ အဲဒီတော့ ပညာရေးအတိုင်ပင်ခံ ဆိုတာမျိုးလေး အရင်စလုပ်ပါတယ်။ အခုနောက်ပိုင်းကြရင်တော့ အင်္ဂလိပ်စာနဲ့ သင်တန်း။

ဦးသားညွှန့်ဦး ။ ။ အတိုင်ပင်ခံဆိုတဲ့ သဘောမျိုးက ဘယ်လိုလဲ။ တက္ကသိုလ်တွေဝင်ဖို့အတွက် အတိုင်ပင်ခံလား။

ဦးအောင်ကျော်ဆန်း ။ ။ အဲဒါလေး ကောင်းပါတယ်။ ကမ္ဘာမှာတော့ တကယ်တော့ education consultant ဆိုတာ သီးသန့်အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တာရှိတယ်။ သူတို့တွေကြတော့ consultant ဖြစ်တဲ့အတွက်ကြောင့်မို့ lawyer တွေလိုပဲ consulting fee ယူကြတယ်။ ဒါပေမဲ့ ခလေးတွေကို ပညာရေးလမ်းကြောင်းအရ အကြံပေးတဲ့အခါမှာ ဘက်လိုက်မှုမရှိအောင်လို့ တက္ကသိုလ်တွေနဲ့ မချိတ်ဆက်ရဘူး။ သူတို့ပေးတဲ့ ပိုက်ဆံတွေကို မယူရဘူး။ ကမ္ဘာမှာတော့ ပညာရေး consultant ဆိုရင် အဲဒီလို ယူဆတယ်။ နိုင်ငံတကာမှာတော့ ပညာရေးအတိုင်အပင်ခံလုပ်တယ်ဆိုတဲ့ ကိစ္စက သူတို့မှာ knowledge လေးတွေ ရှိကြတယ်။ အဲဒီတော့ သူတို့က consultant ဆီလာပြီးတော့ A ကျောင်းရွေးမလား၊ B ကျောင်းရွေးမလား။ Engineer လုပ်ရမလား။ Marine Engineer လုပ်ရမလား တိုင်ပင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာတော့ မိဘ နဲ့ ခလေးတွေက ကျနော်တို့က အတိုင်ပင်ခံလိုမျိုး professional အနေနဲ့ fee ယူပြီး ရပ်တည်လို့မရဘူး။ အဲဒီတော့ ကျနော်တို့က representative လို့ခေါ်တယ်။ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပြီးတော့ တက္ကသိုလ်တွေကပေးတဲ့ ကော်မရှင်ကို ကျနော်တို့ကယူတယ်။ အဲဒီတော့ Agent တို့၊ Representative တို့ ဖြစ်လာတယ်။ သူ့ရဲ့ အန္တရာယ်က ဘာရှိလဲဆိုတော့ ကိုယ်ကိုယ်စားပြုထားတဲ့ တက္ကသိုလ်ကိုပဲ ကျောင်းသားတွေကို သွားရောက်စေတဲ့ဆိုတဲ့ အန္တရာယ်လေးတော့ ရှိတယ်။ Consultant စစ်စစ်ဆိုရင်တော့ တက္ကသိုလ်နဲ့ မချိတ်ဆက်ရဘူး။ သူ့ရဲ့ ကော်မရှင်ကို မယူရဘဲနဲ့ သူတို့က ခလေးရဲ့လမ်းကြောင်းမှန်ကို ပြရတယ်။ ဒါပေမဲ့ သူ့ရဲ့ professional ကတော့ ဒီ consultant fee က earn လုပ်တယ်ပေါ့။ ခွဲလိုက်ရင်တော့ ကျနော်တို့က consultant နဲ့ agent နှစ်ခုကွဲတယ်။ ပညာရေးပိုင်းဆိုင်ရာ ကိစ္စလေးတွေကို consultant fee ယူပြီးတော့ ကျနော်တို့ မြန်မာရဲ့ ယဉ်ကျေးမှုအရ ရပ်တည်လို့မရနိုင်တဲ့အတွက်ကြောင့်မို့ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်တယ်။ ကျောင်းသူကျောင်းသားတွေဆီကတော့ ဝန်ဆောင်ခယူတာ၊ agency fee ယူတာတွေတော့ ကျနော်တို့က မလုပ်ဘူး။ မှန်ကန်တဲ့ သူတို့အတွက် သင့်တော်တဲ့ ပညာရေးလမ်းကြောင်းလေးတွေ ပြတယ်။ အဲဒီတော့ professional အရတော့ ကျနော်တို့က consultant အလုပ်နဲ့ agency အလုပ် နှစ်ခုလုပ်ရတယ်။ အဲဒီသဘောတရားလေးပါ။

ဦးသားညွှန့်ဦး ။ ။ အခုလုပ်တဲ့ ပုံစံမျိုးက ပြောမယ်ဆိုရင်တော့ ပုဂ္ဂလိကပညာရေးဆိုင်ရာ အဖွဲ့အစည်းလေးတခု ဖြစ်နေတာပေါ့။ အဲဒီတော့ အခုနောက်ပိုင်း ကျနော် သတိထားမိတာကတော့ ဒီမှာရှိတဲ့ အနောက်နိုင်ငံသံရုံးတွေ၊ အထူးသဖြင့် အမေရိကန်၊ ဗြိတိသျှသံရုံးတို့က သူတို့သက်ဆိုင်ရာ နိုင်ငံကတက္ကသိုလ်တွေကို ချိတ်ဆက်ပြီးတော့ ပညာရေးဆိုင်ရာပွဲလေးတွေ Educational Fair ဆိုပြီးတော့ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်နိုင်တာတွေ လုပ်လာတယ်။ အဲဒါက ဘယ်လောက်အထိ ကျောင်းသားတွေအတွက် အသုံးဝင်သလဲ။ အသုံးတည့်သလဲ။

ဦးအောင်ကျော်ဆန်း ။ ။ တော်တော်များများ တည့်ပါတယ်။ အရင်တုန်းကတော့ ကျောင်းသူကျောင်းသားတွေ အဲဒီလို သတင်းအချက်အလက် မရတော့ ကျနော် အခုနပြောတဲ့ Agency လိုဟာမျိုးကိုပဲ မှီခိုရတယ်။ မှီခိုရတော့ သူတို့ရတဲ့ သတင်းအချက်အလက်က complete and accurate လို့ ပြောလို့မရဘူးပေါ့။ ဒီ Agency သူတို့ သွားတဲ့ဆီမှာ ရှိတဲ့လူတွေကပေးတဲ့ limited information လောက်ပဲရတယ်။ အခုနောက်ပိုင်း သံရုံးတွေကိုယ်တိုင်က ကိုယ်စားပြုပြီး လုပ်လာတဲ့အခါကြတော့ ပိုပြီးတော့ သတင်းအချက်အလက် စုံစုံလင်လင်လေးတွေ ရလာတယ်။ သံရုံးတွေကလည်း ဦးစီးလုပ်တာ ဖြစ်တဲ့အတွက် reliable information တွေဖြစ်တယ်။ တက္ကသိုလ်တွေရဲ့ officers တွေနဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့အတွက် ပိုကောင်းတယ် ခါတိုင်းထက်။ ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ဒါမျိုးအဖွဲ့အစည်းတွေက လုပ်တဲ့ဟာလေးတွေလည်း ကျောင်းသူကျောင်းသားအတွက်တော့ သတင်းအချက်အလက် ပိုရလာတယ်ပေါ့။

ဦးသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ အခုကတော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ သွားသင်ဖို့ ကြိုးစားကြတာပေါ့။ အခု နိုင်ငံခြားတက္ကသိုလ်တွေကလည်း မြန်မာနိုင်ငံကို ပိုပွင့်လင်းလာတဲ့သဘောမှာရှိတော့ တချို့တက္ကသိုလ်တွေက မြန်မာနိုင်ငံထဲမှာကို ဝင်ပြီးတော့ ထိုင်ပြီးတော့ ဌာနခွဲလေးတွေ ဖွင့်လာကြတယ်။ ကျောင်းတွေပါဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒါက အခုအနေအထားမှာ အလားအလာ ဘယ်လိုရှိပါသလဲ။

ဦးအောင်ကျော်ဆန်း ။ ။ ကျနော်တို့ နမူနာယူစရာကတော့ ရှေ့မှာ ဗိယက်နမ် လို နိုင်ငံမျိုးတွေရှိတယ်။ စင်္ကာပူလို နိုင်ငံမျိုးတွေရှိတယ်။ အဲဒီကနေ ဒါကတော့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဖြတ်သန်းမှုတခုမှာ ပညာရေးထဲမှာလည်း ပါလာတဲ့ ရင်းနှီးမြှုပ်နံှမှုပိုင်ဆိုင်ရာလည်း ပါလာတယ်။ အဲဒီမှာတော့ နှစ်မျိုးခွဲမြင်စေချင်ပါတယ်။ တမျိုးကတော့ စီးပွားရေးကို ရှေ့ထားပြီး ဝင်လာတာမျိုးတွေ ရှိသလို။ တမျိုးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီဖက်က ခလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပွင့်ဖို့ဝင်လာတာမျိုးတွေပေါ့။ ဒုတိယအချက်လေးကိုတော့ ကျနော်က ပိုပြီးတော့ အားပေးချင်ပါတယ်။ စီးပွားရေးလေးဟာမျိုးလေး စီးပွားရှာဖို့ဆိုရင်တော့ အခက်အခဲ ရှိနိုင်တယ်ပေါ့ ဒီဖက်က ခလေးတွေ။ သူတို့ဖက်ကတော့ ကိုက်အောင်လုပ်ရတော့မှာပေါ့။ တက်အောင်ဆိုတာထက်။ ဒါကတော့ တပိုင်းပေါ့။ ဒုတိယတပိုင်းကကြတော့ တက္ကသိုလ်တွေကတော့ နောက်ပိုင်းမှာလည်းလာမယ်။ လောလောဆယ် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းတွေ လာရောက်ပြီးတော့ တရားဝင်ရပ်တည်ဖို့အတွက် တိကျတဲ့ ပညာရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်တာလေးတွေ၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ မူဝါဒနဲ့ ပတ်သက်တာလေးတွေ မရှိသေးတော့ တကယ့်အကြီးတွေကတော့ ဝင်မလာသေးဘူး။ လောလောဆယ် ဆွေးနွေးနေတာတွေ အများကြီးရှိတယ်။ ကျနော်တို့ နိုင်ငံခြားမှာလုပ်တဲ့ Forum တခုမှာလည်း Higher Education က တက္ကသိုလ်တွေ တက်ပြီးတော့ သတင်းအချက်အလက်တွေကို ကျနော် ရှင်းပြပေးဖို့လည်းရှိတယ်။ အဲဒီတော့ နောက်ပိုင်းမှာတော့ ကြိုဆိုရမယ့်ကိစ္စတွေပါ။ ဒါပေမဲ့ ကျနော်တို့က စနစ်တကျနဲ့ ကြိုဆိုဖို့ သင့်ပါတယ်။ လာတဲ့အခါမှာ ကျနော်တို့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ စင်္ကာပူနိုင်ငံမျိုးတွေမှာ ဒါမျိုးတွေ ဖြစ်ပျက်ခဲ့ဖူးတယ်။ ဗိယက်နမ်မှာလည်း ဖြစ်ပျက်ခဲ့ဖူးတယ်။ အင်ဒိုနီးရှားမှာလည်း ဖြစ်ပျက်ခဲ့ဖူးတယ်။ ယိုးဒယားမှာလည်း ဖြစ်ပျက်ခဲ့ဖူးတယ်။ အဲဒီလို လာတဲ့အခါမှာ ကောင်းတဲ့ရည်ရွယ်ချက်မှန်တဲ့ တက္ကသိုလ်တွေ ရှိသလို။ ကျနော် အခုနရှင်းပြသလိုပေါ့ စီးပွားရေးကို ဦးထားပြီးတော့ လာမယ့်အဖွဲ့အစည်းတွေလည်း ရှိတယ်။ စင်္ကာပူလို ဒီလောက်စနစ်တကျလုပ်တဲ့ နိုင်ငံမျိုးတွေမှာတောင်မှပဲ ခဏခဏ ပြဿနာတက်ပါတယ်။ ဒါကြောင့်မို့ သူတို့က Quality Assurance Agency တွေလုပ်တယ်။ အခုနောက်ပိုင်း CPE လို့ခေါ်တဲ့ Council for Private Education ကနေ အရည်အချင်းမမှီတဲ့ကျောင်းတွေကို ဖျက်သိမ်းပြစ်ရတာမျိုးတွေ။ ကျောင်းသားတွေဆီက ပိုက်ဆံယူပြီးတော့ တကယ်အရည်အချင်းမှီတဲ့ ပညာရေးမပေးဘဲနဲ့ စာရွက်တရွက် ထုတ်ပေးတဲ့ အဖွဲ့အစည်းမျိုးတွေ ဒါမျိုးတွေက ရှိနေတော့ ကျနော်တို့နိုင်ငံမှာလည်း ဒါမျိုးလေးတွေ ဖြစ်လာနိုင်တဲ့အတွက် အစိုးရပိုင်းဆိုင်ရာကလည်း အဲဒီလိုမျိုးတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ဖို့အတွက် Quality Assurance လိုဟာမျိုးလေးတွေ ထားရမယ်။ ကျောင်းသူကျောင်းသားတွေကလည်း အခုနပညာရေးမှာလည်း အခုန ကျနော်ရှင်းပြသလို ဒီကျောင်းကြီးတခုက ကောင်းတယ်ပြောတာမျိုး မဟုတ်ဘဲနဲ့ ယေဘုယျအားဖြင့် အချက်အလက်တွေကို ရှာဖွေစုဆောင်ပြီးတော့ အဲဒီလိုမျိုး လုပ်ရပါမယ်။ အဲဒီတော့ သတိနဲ့ ကြိုဆိုရမယ်လို့ နည်းနည်းလေး မြင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ တဖတ်မှာတော့ ရင်းနှီးမြှုပ်နံှမှုကိစ္စပေါ့။ ဒါကလည်း ပညာရေးအရ Institution တွေလာပြီး ရင်းနှီးမြှုပ်နံှကြတဲ့အခါမှာ လက်ရှိ ရှိနေတဲ့ ဥပဒေတွေမှာဆိုရင် ရင်းနှီးမြှုပ်နံှမယ်ဆိုရင် တိုင်းရင်းသားပုဂ္ဂလိ လုပ်ငန်းရှင်တွေနဲ့ တွဲလုပ်ရမယ်ဆိုတဲ့ percentage အရ ခွဲထားတာရှိတယ်။ အဲဒီတော့ တကယ်တမ်း တိုင်းရင်းသားလုပ်ငန်းရှင်တွေဖက်က ပညာရေးပတ်သက်လို့ သူတို့နဲ့ partner လုပ်နိုင်မယ့် capacity လုပ်နိုင်တဲ့အနေအထား၊ လုပ်နိုင်ခွင့် အဲဒီလောက် ရှိရဲ့လား။ အခုအနေအထားမှာ။

ဦးအောင်ကျော်ဆန်း ။ ။ အဲဒါလေးနဲ့ ကျနော် အချက်နှစ်ချက်နဲ့ ရှင်းပြချင်ပါတယ်။ တချက်ကတော့ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာနဲ့ ပတ်သက်တဲ့ ဥပဒေတွေပေါ့။ တခြား sector တွေမှာတော့ ဥပမာ ကျနော်တို့ AEC လာမယ်။ ASEAN Economic Community လာမယ်။ ကျနော်တို့အတွက် opportunities တွေ ရှိတယ်။ Challenges တွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ အခု challenge ဖြစ်နေတဲ့ တခုကတော့ ပညာရေးကဏ္ဍနဲ့ ပတ်သက်ရင် တစ်ရာရာခိုင်နှုန်း ရင်းနှီးမြှုပ်နံှခွင့် ပေးမလား။ ဒါမှမဟုတ် ဒီဖက်က local နဲ့ ပတ်သက်လို့ ဖက်ဆပ် JV သဘောမျိုး လုပ်ခွင့်ပေးမလား။ ဘယ်လောက် percentage ဆိုတာကတော့ တိတိကျကျ၊ ပြတ်ပြတ်သားသား မထွက်လာသေးဘူး။ ပညာရေးပိုင်ဆိုင်ရာ ရင်းနှီးမြှုပ်နံှမှုကလည်း အခု ကျနော်တို့ မူကြမ်းမှာတော့ ပုဂ္ဂလိကကို ခွင့်ပေးမယ်ဆိုတာမျိုးတော့ပါတယ်။ College ရဲ့ သက်မှတ်ချက်က ဘာလဲ။ University ရဲ့ သတ်မှတ်ချက်က ဘာလဲ။ University တခုဖြစ်ဖို့အတွက် ဘယ်လို Facilities တွေရှိမလဲ။ ဘယ်လို Campus Facilities တွေ ရှိမလဲ။ Teaching Faculty လို့ ခေါ်တဲ့ သင်ကြားမယ့် ဆရာ၊ ဆရာမတွေက ဘယ်လို အရည်အချင်းမျိုး ပြည့်မှီရမလဲ။ ကျောင်းသားနဲ့ဆရာ ratio ဘယ်လိုရှိမလဲ။ သိပ္ပံပညာရပ်ကို သင်ကြားမယ်ဆိုရင် အများကြီး ကျနော်တို့ လေ့လာရမယ်။ University ဆိုတာမျိုးကို ကျနော်တို့က ကောက်တပ်လိုက်ရုံ တပ်ပြီးတော့ လုပ်မယ်ဆိုရင်တော့ နစ်နာစရာတွေရှိတယ်။ အဲဒီတော့ နိုင်ငံခြားကဟာကို ကျနော်တို့ မဖြစ်မနေ ကြိုဆိုရမယ်။ ပညာရေးနဲ့ ပတ်သက်လို့ ပုဂ္ဂလိက ကုမ္ပဏီတွေ အပြင်ကဝင်လာမယ်ဆိုရင်လည်း ဒီအတိုင်း ခွင့်ပြုတယ်ဆိုတာထက် ကျနော်တို့ နိုင်ငံအတွက် ဘာနေရာတွေ လိုအပ်နေသလဲ။ ဘယ်နေရာတွေမှာ ကျနော်တို့ လူငယ်တွေအတွက် အသုံးပိုကျမလဲ။ ဥပမာ စီးပွားရေးဆိုရင်လည်း စီးပွားရေးနဲ့ ပတ်သက်တာကို ကျနော်တို့နိုင်ငံက ကျောင်းတွေက တကယ်တမ်း အရည်အချင်းမှီမှီ စီမံခန့်ခွဲနိုင်ရင်လည်း နိုင်ငံတကာအတွက် အဲဒီနေရာတွေမှာလျှော့ပြီးတော့ နည်းပညာနဲ့ ပတ်သက်တဲ့ လိုအပ်တာ ဥပမာ Biotechnology လိုဟာမျိုးတွေ လိုအပ်မယ်။ Science က Research နဲ့ ပတ်သက်တာတွေ လိုအပ်မယ်။ နောက်ပြီးတော့ Aircraft Maintenance, Aerospace လို ဟာမျိုးတွေ အဲဒီလိုနေရာမျိုးတွေကို ပိုပြီးတော့ ကြိုဆိုသင့်တယ်။ ကြိုဆိုရမယ်။

ဦးသားညွှန့်ဦး ။ ။ အခုက မြန်မာနိုင်ငံက တစုံတရာ ပြုပြင်ပြောင်းလဲမှုတွေ ပြီးခဲ့တဲ့ သုံးလေးနှစ်ကစပြီး လုပ်လာတယ်။ လုပ်လာတဲ့အခါမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးပါ သူတို့ပြောပါတယ်။ လုပ်လာပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေကို အစိုးရ လုပ်သလို၊ လွှတ်တော်ကလည်း လုပ်နေတယ်။ ဒါကတော့ လွှတ်တော်ဖက်က ဥပဒေပြဌာန်းမှုပေါ့။ အဲဒီတော့ ဒီ Higher Education အဆင့်မြင့်ပညာရေး၊ တက္ကသိုလ်ကောလိပ်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကိုအောင်ကျော်ဆန်း ဘယ်လိုမြင်သလဲ။ ကျေနပ်အားရမှု ရှိသလား။ လုံလောက်နေပြီလို့ ထင်ရသလား။

ဦးအောင်ကျော်ဆန်း ။ ။ အစကတော့ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုလုပ်တယ်။ အစိုးရအနေနဲ့ကလည်း ကဏ္ဍပေါင်းများစွာကို ကိုင်သယ်ရမှာဆိုတော့ အစကတော့ ပြုပြင်ပြောင်းလဲမှု လုပ်နေပြီဆိုတဲ့ အရှိန်လေးနဲ့တော့ နည်းနည်းကျေနပ်ခဲ့မိတယ်။ အခုနောက်ပိုင်းတော့ သိပ်အားမရတော့ဘူး ဖြစ်လာတယ်။ ဒီ Higher Education ကိုင်တွယ်ပုံလေးတွေနဲ့ ပတ်သက်လို့။ ဒါလေးတွေနဲ့ ပတ်သက်လို့ စကားခံချင်တာက ကျနော်တို့ရဲ့ အတွေ့အကြုံရှိသလောက် ကဏ္ဍလေးကို ပြောရမယ်ဆိုရင်တော့ အခုန ကျနော်ပြောတဲ့ Higher Education Sector တွေမှာ ပြုပြင်ပြောင်းလဲမှုကို ကျနော်တို့က နှစ်မျိုး အကြမ်းမျဉ်းမြင်တယ်။ ချက်ချင်း ကုစားရမယ့် ပညာရေးပြုပြင်ပြောင်းလဲမှု sector တခုရှိတယ်။ ရေရှည်ပြုပြင်ပြောင်းလဲမှု sector တခုရှိတယ်။ ရေရှည်ပြုပြင်ပြောင်းလဲမှုဟာကလည်း ဥပဒေပြုစနစ်တကျ သွားရမှာဖြစ်သလို၊ တဖတ်မှာလည်း ချက်ချင်းပြုပြင်ပြောင်းလဲရမယ့် ကဏ္ဍတွေရှိတယ်။ အရှိန်အဟုန်နဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက တော်တော်လေး အရေးကြီးတဲ့အတွက် ဒီကဏ္ဍမှာ Think Tank လိုဟာမျိုးတွေလည်း လိုအပ်ရင်ထားပေးရမယ်။ လိုအပ်ရင်လည်း နိုင်ငံတကာ အကူအညီကို ကျနော်ကတော့ ယူစေချင်တယ်။ ကျနော့်စိတ်အထင် ဒီ sector က။ တချို့နေရာတွေက ကျနော်တို့ စဉ်းစားနေတာနဲ့ ဖြစ်ချင်မှဖြစ်မယ်။ လုံလောက်တာနဲ့ ဖြစ်ချင်မှဖြစ်မယ်။ ဥပမာ ကမ္ဘာမှာ အဖွဲ့အစည်းတွေရှိတယ်။ Quality Assurance လုပ်တဲ့ဟာမျိုးတွေ။ Australia မှာဆိုရင်လည်း Australia Higher Education နဲ့ ပတ်သက်တဲ့ Quality Framework တွေလို့ ခေါ်တယ်။ ကျနော်က ဒါမျိုးတွေ အကူအညီကို ယူစေချင်တယ်။ ယူပြီးတော့ လုပ်စေချင်တယ်။ ကျနော်တို့ ကျနော်တို့လုပ်နေတာလေးတွေကလည်း ကိုယ်တတ်သလောက်၊ မှတ်သလောက် လုပ်နေတာတော့မှန်တယ်။ ပညာရှင်ကြီးတွေလည်း ရှိတယ်။ လေးစားပါတယ်။ ဒါပေမဲ့ တချို့အပိုင်းတွေမှာတော့ ကျနော်တို့ အခုနမြင်တာလေးတွေရှိတယ်။ အဲဒီမြင်တဲ့အပိုင်းတွေမှာ ဟာကွက်လေးတွေ၊ ဖြစ်နေတာလေးတွေ။ ဒီထက်များ လုပ်လိုက်ရင် ပိုကောင်းလာမယ့် sector လေးတွေတော့ ရှိတယ်။ ယေဘုယျအားဖြင့်ပြောရရင်တော့ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတာလည်း တကယ်တော့ အချိန်ယူပြီး လုပ်ရတာမျိုး။ သူ့ရဲ့ သဘောသဘာဝ။ ဒါလဲ တချက်ပေါ့။ အဲဒီလို အချိန်ယူပြီးလုပ်ရတဲ့ သဘောသဘာဝဖြစ်တဲ့ အတွက်ကြောင့်မို့ တခြားနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေထက် အခြေခံက ဒီပညာရေးကိုပဲ သွားသွားပြီး အခြေခံတာဖြစ်တဲ့အတွက် ဒါက လောလောဆယ်ကုစားရမယ့် ပြုပြင်ပြောင်းလဲမှုကို အလျင်အမြန်လုပ်ရမယ့် sector တခုလို့ မြင်ပါတယ်။ အစိုးရပိုင်းကဏ္ဍတခုတည်း မဟုတ်ဘူး။ ကျန်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အားလုံးလည်း ပူးပေါင်းပါဝင်ရမယ်။ တက်တက်ကြွကြွနဲ့ လိုအပ်ရင်လည်း နိုင်ငံတကာက တကယ့် စနစ်တကျ Consultant Firms တွေ၊ ပညာရေးနဲ့ ပတ်သက်တာတွေ။ နီးနီးစပ်စပ် အိန္ဒိယမှာလည်း ဖြစ်ခဲ့ဖူးတယ်။ စင်္ကာပူမှာလည်း ဖြစ်ခဲ့ဖူးတယ်။ စင်္ကာပူမှာရှိတဲ့ Ministry of Education ဆိုရင် အခုထက်ထိကိုပဲ Consultant တွေ၊ Expert တွေကို လခတော်တော်လေး ကြီးကြီးမားမား ပေးပြီးတော့ ခန့်ထားနေဆဲပဲ။ လောလောဆယ် ကျနော် ပညာရေး sector မှာတော့ အဲဒီလိုမျိုး လုပ်တာလေးတွေတော့ မမြင်သေးဘူးပေါ့။ လိုအပ်ရင် Foreign Experties တွေ ကျနော်တို့ကတော့ အကူအညီလိုပြီးတော့ ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လေး လိုမယ်ထင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။
XS
SM
MD
LG