ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်းက ဝါရှင်တန်မြို့တော်ကို ခေတ္တပြန်လည် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကို အမေရိကန်ပြည်ထောင်စု - မြန်မာပြည် ဆက်ဆံရေး နဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မင်္ဂလာပါ။
Derek Mitchell ။ ။ မင်္ဂလာပါ။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံကို အနှစ် (၂၀) အတွင်း အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတယ်ဆိုတာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းနဲ့ တိုးတက်ဆက်ဆံလာတဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒအရဆိုရင် ထူးခြားတဲ့ တိုးတက်မှုဖြစ်စဉ်တရပ်လို့ ဆိုရပါလိမ့်မယ်။ ဒီ ခန့်အပ်မှုနဲ့ တချိန်တည်းမှာပဲ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်စို့မှုတွေကို ဆိုင်းငံ့ပေးခဲ့ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒအခြေအနေအကြောင်းကို ပထမဦးဆုံး ရှင်းပြပါလား။
Derek Mitchell ။ ။ ဒါက တဖြည်းဖြည်းခြင်း တိုးတက်လာတဲ့ဖြစ်စဉ်လို့ပဲ ပြောရပါလိမ့်မယ်။ ၂၀၀၉ ခုနှစ် ဒီလို ဆက်ဆံရေးမူဝါဒအသစ်ကို စတင်ခဲ့တဲ့အချိန်ကတည်းက မြန်မာနိုင်ငံမှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး ကျနော်တို့ဖက်ကလည်း လက်တွေ့တဆင့်ချင်း တုံ့ပြန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
အခုဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဖြစ်နေတာကို မြင်နေရတယ်ဆိုတော့ ဒီအရှိန်အတိုင်း လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။ ကျနော်ကို သံအမတ်ကြီး ခန့်အပ်လိုက်တယ်ဆိုတာကလည်း ပြည်တွင်းပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး နှစ်နိုင်ငံအဆင့်မြှင့် ဆက်ဆံလာတယ်ဆိုတဲ့ သဘောပါ။ ကွန်ဂရက်လွှတ်တော်မှာရှိတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားကြမယ်ဆိုတာကို ဆက်ပြီးဆွေးနွေးနေကြပါတယ်။ အဓိကတော့ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မပျက်ဖြစ်နေရေးနဲ့ နှစ်ဖက် နားလည်းရေးတွေ ပိုပြီးရလာဖို့ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ သံအမတ်ကြီးအဖြစ် ခန့်အပ်လွှာပေးအပ်ပြီး မကြာခင်မှာပဲ ရန်ကုန်မြို့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်စို့ဒဏ်ခတ်မှုကို နောက်ထပ် (၃) နှစ် သက်တမ်းတိုးခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ သမ္မတအမိန့်အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ဒီ ပိတ်စို့မှု၊ တားမြစ်မှုတွေကို ရုတ်သိမ်းပိုင်ခွင့်ဆိုင်ရာကို ရှင်းပြခဲ့တာ ရှိပါတယ်။ ဒါဟာ အမေရိကန်လွှတ်တော်နဲ့ အစိုးရကြားမှာ သဘောထားကွဲလွဲမှုကို ပြနေတယ်လို့ ပြောလို့ရမလား။ ထပ်ပြီး ရှင်းပြပါ။
Derek Mitchell ။ ။ လွှတ်တော်နဲ့ အစိုးရကြား လုပ်ရပ်တွေက တခုနဲ့တခု မကွဲလွဲပါဘူး။ ဆက်စပ်မှုရှိပါတယ်။ အရင်တုန်းက အမေရိကန်-မြန်မာ မူဝါဒ ညှိနှိုင်းခံအဖြစ်နဲ့ဆိုရင်လည်း ကျနော် မြန်မာပြည်က ပြန်လာပြီးတိုင်းမှာ သက်ဆိုင်ရာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ လွှတ်တော်အနေနဲ့ အမေရိကန်အစိုးရ မူဝါဒကို ထောက်ခံကြောင်းလည်း ပြောပြီးသာပါ။ အထူးသဖြင့် မြန်မာနိုင်ငံကို ပိတ်စို့အရေးယူမှု ဥပဒေ နောက်ထပ်သက်တမ်း (၃) နှစ် တိုးလိုက်ပြီဆိုတာကလည်း ကျနော်တို့ရဲ့ မူဝါဒနဲ့ တထပ်တည်းပါ။ ကျနော်တို့အနေနဲ့ အမေရိကန်အပေါ် အရေးယူမှုတွေကို ဆိုင်းငံ့ပြီး တဆင့်ဆီ စောင့်ကြည့်နေတဲ့အချိန်မှာ တဖတ်မှာလည်း လိုအပ်ရင်ပြန်ပြီး အရေးယူနိုင်ဖို့ ဥပဒေတရပ်က အဆင်သင့်ရှိနေဖို့ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ လက်တွေ့ကြတဲ့ ဆက်ဆံရေးမူဝါဒအတွက် အမာခံချက်တခုလို့ ပြောလို့ရပါတယ်။ ဒီအချက်ကို မြန်မာနိုင်ငံဖက်က နားလည်းဖို့လည်း အလွန်အရေးကြီးပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံက ပြောင်းလဲမှုနဲ့ ပြုပြင်ပြောင်းလဲမှု အသွင်ကူးပြောင်းကာလကို ပြောမယ်ဆိုရင် အခုဆိုရင် ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ် လုပ်ပါမယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ရှိလာစေရပါမယ်လို့ ပြောနေတဲ့ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့လည်း မြန်မာပြည်မှာရှိနေပါပြီ။ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လွှတ်တော်လည်းရှိလာတဲ့အပြင်ကို အဓိက အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေပါ လွှတ်တော်ထဲမှာ ရောက်နေပါပြီ။ ဒါတွေကိုကြည့်ပြီး တချို့က မြန်မာနိုင်ငံက ပြောင်းလဲမှုတွေဟာ အခုခေတ်ကာလမှာ တခြား နိုင်ငံတွေမှာ မြင်နေရတာတွေနဲ့ဆရင် အကောင်းဆုံးနမူနာတခုလို့တောင် ပြောနေကြပါတယ်။ တချို့က အဲဒီလိုပြောဖို့ စောနေသေးတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ လူ့အခွင့်အရေး နဲ့ လူမျိုးဘာသာ နှိပ်ကွပ်မှုတွေကိစ္စ၊ အစိုးရအဖွဲ့အတွင်း အာဂတိလိုက်စားမှု ပပျောက်ရေးကိစ္စ စတဲ့ လက်တွေ့မြင်ရမယ့် အခြေအနေတွေ အများကြီးရှိနေသေးတယ်။ ဒီလို ချီးကျူးဂုဏ်မြောက်နေတာတွေဟာ သိပ်စောလွန်းသေးတယ်လို့ ဆိုပါတယ်။ အဲဒီတော့ သံအမတ်ကြီးရဲ့ အမြင်ကို သိပါရစေ။
Derek Mitchell ။ ။ နှစ်ဖက်စလုံးကပြောတာတွေ မှန်တယ်လို့ပဲ ယူဆပါတယ်။ ပြည်တွင်းမှာ မြင်နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး၊ စီးပွားရေးအပိုင်းက လှုပ်ရှားတက်ကြွလာမှုတွေ။ ဒါတွေဟာ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတွေပါ။ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံရေးမှာ ဇာတ်လမ်းကောင်းတပုဒ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရှေ့ဆက်ပြီး ရင်ဆိုင်ရမယ့် ပြဿနာတွေက အများကြီးရှိနေသေးတာမို့ ဒါတွေကိုပဲ ကြည့်ပြီး အားလုံးကောင်းသွားပါပြီ။ ကောင်းနေပါပြီလို့ ပြောရင်တော့ စောလွန်းသေးတယ်လို့ ဆိုရပါမယ်။ အဓိကတော့ ရှေ့ကိုတဆင့်ချင်းဆီ တက်လှမ်းသွားဖို့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု စတာတွေအပြင် ပြည်တွင်းပြည်ပ လက်တွဲလုပ်ဆောင်မှုတွေနဲ့ ရည်မှန်းထားတဲ့ အခြေအနေကိုရောက်အောင် ကြိုးစားကြဖို့ပါ။ ဖန်ခွက်တခွက်ထဲမှာ ရေတဝက်တောင် ရှိနေပြီလို့ ပြောမလား။ ပြည့်ဖို့တဝက် လိုနေသေးတယ်လို့ ပြောမလား။ နှစ်မျိုးစလုံးတော့ ကျနော်မပြောလိုပါဘူး။ သံတမန်တယောက်အနေနဲ့တော့ အပြုသဘောဆောင်တာတွေကို ကြည့်နိုင်ဖို့နဲ့ အပြုသဘောဖက်ကို တွန်းပို့ပေးသွားနိုင်ဖို့ လုပ်ရမှာပါ။ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးဆိုတာကိုလည်း ကျနော်တို့ မမေ့ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် မြန်မာပြည်ထဲ တိုးတက်မှုတွေကို ဘယ်လိုစံနှုန်းနဲ့ တိုင်းတာမလဲခင်များ။
Derek Mitchell ။ ။ နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်နေတဲ့လူတွေအားလုံး ဆက်လက်တိုင်ပင်သွားပြီး ပွင့်လင်းမြင်သာမှုတွေ ရှိလာအောင် အထူးသဖြင့် မီဒီယာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိလာအောင် ဒါတွေကို အားပေးပြီး လေ့လာသွားရမှာပါ။ ဒါအပြင် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ဖို့လည်း အရေးကြီးပါတယ်။ အပစ်အခတ်ရပ်စဲရေး၊ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေကြား အားလုံးတန်တူပါဝင် ညှိနှိုင်းနိုင်မယ့် နိုင်ငံရေးစနစ်တရပ် ပေါ်ထွန်းဖော်ထုတ်လာမှု။ စီးပွားရေးလုပ်ငန်းနဲ့ အပစ်ရပ်ရေးတင်မကဘဲ တကယ့် နိုင်ငံရေးအရ ရေရှည်ပြေလည်အောင် လုပ်နိုင်ရေး ညှိနှိုင်းဖို့ စတာတွေဟာ အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ၊ အကြမ်းဖက်မှုနဲ့ နဂိုက ပြည်တွင်းမှာ နေထိုင်သူနဲ့ တဖက်က ဝင်ရောက်လာသူဆိုပြီး အမြင်မကြည်၊ မုန်းတီးမှုတွေ။ ဒါတွေဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် ခြိမ်းခြောက်နေတဲ့ ပြဿနာတွေပါ။ ဒါတွေကိုလည်း ကြည့်ရပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ ရှိနေမယ့် သံအမတ်ကြီးတဦးအနေနဲ့ အခု ဒီကိစ္စတွေမှာ အထူးသဖြင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စ၊ ကချင်ပြည်ထဲက လက်နက်ကိုင်ပဋိပက္ခ၊ ရခိုင်ပြည်ထဲက အခြေအနေတွေ စတာတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ တိုက်ရိုက်။ ဒါမှမဟုတ် တိုးမြှင့်ပြီး ပါဝင်ဆောင်ရွက်မှုတွေကို မြင်ရဖို့ရှိပါသလား။
Derek Mitchell ။ ။ ဒီ မေးခွန်းအတွက် အဖြေကတော့ အဆင့်အမျိုးမျိုးရှိပါတယ်။ အခြေခံအားဖြင့်တော့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့ပါ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရတဲ့ အရပ်ဖက်ပြည်သူတွေကို ကူညီနိုင်ရေး အရေးကြီးပါတယ်။ ကချင်ပြည်နဲ့ ရခိုင်ပြည်က အခြေအနေမျိုးတွေဆိုရင် ကုလသမဂ္ဂအဖွဲ့တွေ။ ဒေသခံ လူထုလူတန်းစားအဖွဲ့တွေနဲ့ လက်တွဲပြီး ဆောင်ရွက်နေပါတယ်။ ကျနော်တို့မှာ ဒီလို အခက်အခဲ ကြုံတွေ့နေသူတွေကို အကူအညီပေးချင်သလို၊ ကူညီနိုင်တဲ့ အစွမ်းအစလည်း ရှိပါတယ်။ အမျိုးသားရင်ကြားစေ့ရေးပေါ်မှာတော့ ကျနော်တို့အနေနဲ့ တကယ်တမ်း သက်ဆိုင်သူတွေကြား ညှိနှိုင်းပြီး သဘောတူညီချက်တွေ ကျေကျေလည်လည် ရသွားအောင် ဖေးမကူညီပေးတဲ့ သဘောမျိုးပဲ တတ်နိုင်ပါလိမ့်မယ်။ ဘာပဲပြောပြော အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုလို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနိုင်တယ်ဆိုတာကို ဘက်ပေါင်းစုံနဲ့ ပြည်သူတွေကြား နားလည်းသဘောပေါက်ပြီး လက်ခံလာမယ့် အခြေအနေကို ရောက်လာမှာပါလို့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ရခိုင်ပြည်ဖက်က ရိုဟင်ဂျာပြဿနာမှာ အမေရိကန်အစိုးရအနေနဲ့ ဒေသတွင်းက ဖိနှိပ်ခံနေရတဲ့ လူမျိုးစုတွေရဲ့ ပြဿနာကို စာနာဖြေရှင်းပေးပါလို့ မြန်မာအစိုးရကို တိုက်တွန်းပေးခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်အစိုးရကတော့ ဒီကိစ္စကို ပြည်တွင်းကို ခိုးဝင်လာသူတွေရဲ့ အရေးလိုပဲ သတ်မှတ်ပြီးတော့ ခိုးဝင်လာသူတွေကို ပြန်ပြီးနှင်ထုတ်မယ့်ပုံစံမျိုးနဲ့ပဲ ဖြေရှင်းမယ်လို့ ပြောနေတာတွေ ရှိပါတယ်။ ဒါကို အမေရိကန်အနေနဲ့ ပြန်ပြီး အကြောင်းပြမလဲ။ ဒါဟာ သိပ်ပြီးဆတ်ဆတ်ထိမခံတဲ့ အရေးများဖြစ်နေမလား။
Derek Mitchell ။ ။ ဟုတ်ပါတယ်။ ဒီကိစ္စက သိပ်ပြီးသိမ်မွှေ့တဲ့ အတိမ်အစောင်းမခံတဲ့ ပြဿနာတရပ်ပါ။ မြန်မာအစိုးရတင် မကပါဘူး။ ဒီကိစ္စမှာ ပြည်သူလူထုကြားထဲက အမြင်ပေါင်းစုံတွေလည်း ပါဝင်နေပါတယ်။ ဒီကိစ္စကို လူသားချင်းစာနာတဲ့အမြင်ကပဲကြည့်ပြီး စိုးရိမ်းနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းလည်း ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါပါတယ်။ ဒီပြဿနာဟာ တခါတခါမှာ ဘာသာရေးအရ တဦးနဲ့တဦး ရန်လိုမုန်းတီးမှု အနေအထားအထိ ရောက်လာတတ်တာမို့၊ ဒီလို အခြေအနေမျိုးကိုတော့ အမေရိကန်ပြည်ထောင်စုက လုံးဝဆန့်ကျင်ပါတယ်။ ဒါဟာ မြန်မာပြည်တခုတည်း မဟုတ်ပါဘူး။ ကမ္ဘာတဝှမ်း ဘယ်မှာပဲဖြစ်ဖြစ် အမေရိကန်က ဆန့်ကျင်ရှုတ်ချသွားမှာပါ။ အဲဒီတော့ ကျနော်တို့အနေနဲ့ အခြေအနေကို သေချာနားလည်းအောင် ကြိုးစားပြီး ပြဿနာတွေကို တဖတ်နဲ့တဖတ် ညှိနှိုင်းကြဖို့ ကူညီပေးနိုင်မယ့် အခန်းကဏ္ဍတရပ် ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြောခဲ့သလိုပါပဲ အခြေအနေက သိပ်ကို အတိမ်အစောင်းမခံတဲ့ အနေအထားပါ။ အခြေခံအားဖြင့်တော့ လူသားချင်းစာနာတဲ့ အထောက်အကူတွေ ရသင့်တဲ့နေရာတွေကို ရောက်သွားဖို့ပါပဲ။ နောက်ပိုင်းမှာတော့ ပြဿနာဟာ တကယ့်ကို ကြီးထွားလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး ဒေသတွင်း ပြဿနာတခု ဖြစ်လာမယ့် အနေအထားကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တကယ်တမ်းမှာတော့ ဒီပြဿနာဟာ ဒေသတွင်းမှာတောင် ရိုက်ခတ်လာပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တင်မကဘဲနဲ့ အာဆီယံအဖွဲ့ထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူးနိုင်း စတဲ့နိုင်ငံတွေမှာလည်း ဒီပြဿနာကို ဘာသာရေး ခွဲခြားနှိပ်ချမှုအဖြစ် ထောက်ပြပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်လာတာတွေကို တွေ့ရပါတယ်။ ဒါဟာ အမေရိကန် နဲ့ အာဆီယံ ဆက်ဆံရေးမှာ မြန်မာကြောင့် ထိခိုက်လာနိုင်မယ့် အခြေအနေထိတောင် ရောက်လာနိုင်သလား။
Derek Mitchell ။ ။ အာဆီယံ နဲ့ အမေရိကန် ဆက်ဆံရေးအထိ ပြဿနာဖြစ်လာမယ့်ပုံ မရှိသေးဘူးလို့ ထင်ပါတယ်။ အာဆီယံအဖွဲ့ကြီးအတွင်းမှာ စည်းလုံးညီညွှတ်မှု၊ အတူပူးပေါင်းလုပ်ဆောင်နိုင်မှုတွေဆိုတာတွေကိုတော့ ကျနော်တို့ လိုလားပါတယ်။ ဒါတွေဟာ အရှေ့တောင်အာရှမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုအတွက် အရေးပါပါတယ်။ ဒီအချက်တော့ ကျနော်တို့ စိတ်ဝင်စားပါတယ်။ မြန်မာပြည်ထဲက ဘာသာရေးပဋိပက္ခနဲ့ တခြား အကြမ်းဖက်မှုတွေ နယ်စပ်ဖြတ်ပြီး တခြားဖက်ကို ကူးစက်လာရင် အရှေ့ဖက်တင်မက အနောက်ဖက်က ဘင်္ဂလားဒေ့ရှ်နဲ့ တောင်အာရှနိုင်ငံတွေမှာပါ သက်ရောက်မှုတွေ ရှိလာမှာပါ။ ဒါက စိုးရိမ်ရမယ့်ကိစ္စပါ။ ဒါပေမဲ ဒီအခြေအနေထိတော့ မရောက်သေးပါဘူး။ အခု ပြဿနာတွေက အာဆီယံအတွင်း ပြဿနာတွေ ဖြစ်လာပြီလို့ ကျနော် မပြောနိုင်သေးပါဘူး။ အန္တရာယ်ရှိတာတော့ အမှန်ပါပဲ။
ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အမေရိကန်-မြန်မာ တခြားဆက်ဆံမှုကဏ္ဍတခုအကြောင်း မေးချင်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန် စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာပြည် စစ်မျက်နှာပြင်မှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သား ရုပ်ကြွင်းတွေပြန်ပြီး ရှာဖွေရယူရေးလုပ်ငန်းတွေမှာ ပိုပြီးပူးပေါင်းလုပ်ဆောင်မယ် ပြောတာတွေ ရှိပါတယ်။ ဒါအပြင် မကြာခင် လုပ်ဆောင်ဖို့ရှိတဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေကြား Cobra Gold လို့ခေါ်တဲ့ ရွှေမြွေဟောက် ပူးတွဲစစ်ဆင်ရေး၊ စစ်ရေးလေ့ကျင့်မှု့မျိုးတွေမှာ မြန်မာပြည်ကို ပါဝင်လာခွင့် ဒါတွေကို တွေ့ရဖို့ ရှိပါသလား။
Derek Mitchell ။ ။ စစ်တပ်အချင်းချင်း ပိုပြီးပူးပေါင်းဆက်ဆံလုပ်ဆောင်ဖို့ဆိုတာကို ကျနော်တို့ အသေးစိတ် လေ့လာနေပါတယ်။ အမေရိကန်စစ်သား ရုပ်ကြွင်းတွေပြန်ပြီး ရှာဖွေဖို့ဆိုတာလည်း တော်တော်လေး ခရီးရောက်နေပါပြီ။ မေလတုန်းကလည်း အမေရိကန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး တဖတ်နဲ့တဖတ် ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံနားလည်းနိုင်ရေး ကြိုးပမ်းနေကြပါတယ်။ မြန်မာစစ်တပ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေဆဲပါ။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီစနစ်ရဲ့ ဘောင်အတွင်းမှာ ရှိနေရဲ့လား။ ပြည်သူ့အစိုးရစနစ်နဲ့အညီ ကျင့်ကြံလိုက်နာနေရဲ့လား။ ဒါအပြင် ရှေ့တန်းဒေသ၊ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ ဘယ်လို့ လက်တွေ့လုပ်ဆောင်တာမျိုးတွေ ရှိနေသလဲ စတာတွေကို လေ့လာနေရပါတယ်။ မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်ပြီးကျူးလွန်နေအုံးမယ်ဆိုရင်တော့ နှစ်ဖက်ပူးပေါင်းဆက်ဆံမှုတွေ တိုးမြှင့်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ကို ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်သွားမှုဆိုတာဟာ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးတဲ့အချက်တခုလို့ ပြောလို့ပါတယ်။ ဒါတွေဟာ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၁၉၈၈ မတိုင်မီ မြန်မာစစ်တပ်က အရာရှိတွေ အမေရိကန်စစ်တက္ကသိုလ်တွေ၊ ဌာနတွေကို ပညာသင်အပြန်အလှန်ရောက်ပြီး နှစ်ဖက်နားလည်းမှုတွေ တည်ဆောက်ဖို့ လူအများလေးစား ယုံကြည်တဲ့၊ လူထုအပေါ် တာဝန်ခံတဲ့ သိက္ခာရှိတဲ့ စစ်တပ်တခုဖြစ်လာအောင် ဘယ်လိုရပ်တည်မလဲ စတဲ့အကြောင်းအရာတွေကို လေ့လာ စတာတွေကို လုပ်နိုင်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့တော်ကို ခေတ္တပြန်လည် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။