သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံကို အေမရိကန္က သြားေရာက္သူ ဦးေရ က်ဆင္း


Yangon international airport

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အေမရိကန္ကေန ျမန္မာႏိုင္ငံကို သြားေရာက္လည္ပတ္သူ ခရီးသြားဦးေရ နည္းပါးလာတယ္လို႔ ခရီးသြားအက်ဳိးေဆာင္ ကုမၸဏီတခ်ဳိ႕နဲ႔ ပုံမွန္ခရီးသြားသူေတြက ေျပာဆိုၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံကို အေမရိကန္က သြားေရာက္သူ ဦးေရ က်ဆင္း

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အေမရိကန္ကေန ျမန္မာႏိုင္ငံကို သြားေရာက္လည္ပတ္သူ ခရီးသြားဦးေရ နည္းပါးလာတယ္လို႔ ခရီးသြားအက်ဳိးေဆာင္ ကုမၸဏီတခ်ဳိ႕နဲ႔ ပုံမွန္ခရီးသြားသူေတြက ေျပာဆိုၾကပါတယ္။ ႏိုင္ငံတကာ ခရီးသြားေတြ ကြာရမ္တင္း ဝင္စရာမလိုပဲ ျမန္မာႏိုင္ငံကို လာေရာက္ လည္ပတ္ႏိုင္ၿပီလို႔ စစ္ေကာင္စီက ေၾကညာထားေပမယ့္ လုံျခဳံေရး စိုးရိမ္မႈေၾကာင့္ မသြားလိုၾကဘူးလို႔႔ ေျပာဆိုၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံသား ပတ္စ္ပို႔ ကိုင္ေဆာင္ထားသူေတြ အပါအဝင္ ႏိုင္ငံျခားသား ခရီးသြားေတြအေနနဲ႔ ဟိုအရင္လို ရန္ကုန္ေလဆိပ္ ေရာက္တဲ့အခါ ကြာရမ္တင္း ဝင္စရာ မလိုေတာ့ဘူးဆိုေပမယ့္၊ ကိုဗစ္ကာကြယ္ေဆး အျပည့္အဝ ထိုးထားၿပီးသူ ျဖစ္ရမယ့္အျပင္၊ ျမန္မာႏိုင္ငံကို မဝင္ေရာက္ခင္ (၇၂)နာရီအလိုမွာ ကိုဗစ္မရွိေၾကာင္း စစ္ေဆးထားတဲ့ ဓါတ္ခဲြအေျဖ ျပရမွာျဖစ္တယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီလထဲ သတင္းထုတ္ျပန္ ထားတာပါ။

ႏိုင္ငံတကာ ခရီးသြားေတြ အေနနဲ႔ ေမလ(၁)ရက္ေန႔ကစၿပီး ပုံမွန္ေလေၾကာင္းလိုင္းေတြနဲ႔ ျမန္မာႏိုင္ငံထဲ ဝင္ေရာက္လာႏိုင္ၿပီလို႔ ေၾကညာထားေပးမယ့္ အေမရိကန္ႏိုင္ငံကေန ျမန္မာႏိုင္ငံကို သြားေရာက္လည္ပတ္မယ့္ အေမရိကန္ေတြေရာ ၊ ျမန္မာေတြပါ ခရီးသြားဦးေရ သိသိသာသာ က်ဆင္းေနတယ္လို႔ ဗာဂ်ီးနီးယားျပည္နယ္က ေလယာဥ္လက္မွတ္ အက်ဳိးေဆာင္ကုမၸဏီ တာဝန္ခံ ေဒၚေမေမသန္းက ရွင္းျပပါတယ္။

" ၿပီးခဲ့တဲ့ ဧၿပီလတုန္းက ဖြင့္လိုက္ပါၿပီ၊ ဝင္လို႔ရပါၿပီလို႔ သူတို႔ ေျပာတဲ့အခ်ိန္က စၿပီးေတာ့ ေလယာဥ္ခရီးစဥ္ ရန္ကုန္ Flight ေတြ သြားတယ္ဆိုေပမယ့္ ရန္ကုန္ကို တိုက္႐ိုက္ မဝင္ဘူးရွင့္။ သြားတဲ့လူကလည္း မရွိဘူးေပါ့ေနာ္။ အရင္အေျခအေနထက္စာရင္ အရမ္းကို နည္းတယ္။ အဲဒီ Flight ေတြက ရန္ကုန္ တိုက္႐ိုက္ မဝင္ပဲနဲ႔ ဘယ္လို သြားလဲဆိုေတာ့၊ တကယ္လို႔ ကာတာလိုင္းနဲ႔ သြားမယ္ဆိုရင္ ဝါရွင္တန္- ဒိုဟာ- ဘန္ေကာက္ ။ ဘန္ေကာက္ကေန ရန္ကုန္ကို ကာတာအဲလိုင္းနဲ႔ ဝင္တာ မဟုတ္ပဲနဲ႔ MAI ေလေၾကာင္းနဲ႔ပဲ ခ်ိတ္ထားတယ္။ အဲလို အစီအစဥ္နဲ႔ပဲ သြားတာေတြ႕တယ္။ သြားတဲ့လူကလည္း ေတာ္ေတာ့ကို နည္းပါတယ္ရွင့္။ အေမရိကန္ လူမ်ဳိးေတြေရာ ၊ ျမန္မာႏြယ္ဖြားေတြေရာ မသြားၾကပါဘူးရွင့္။ "

ျမန္မာႏိုင္ငံဟာ လတ္တေလာ အေျခအေနမွာ ခရီးသြားဖို႔ မသင့္ေသးဘူးလို႔ လုံျခဳံေရးကိုအေၾကာင္းျပၿပီး အေမရိကန္အစိုးရက သူ႔ႏိုင္ငံသားေတြကို သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း မိသားစုအေရး အေရးေပၚအေျခအေန ရွိလာသူ တခ်ဳိ႕တေလ ေလာက္သာ ျမန္မာျပည္ကို ျပန္ေနတာ ေတြ႕ရပါတယ္။

ႏွစ္စဥ္ပုံမွန္ ျမန္မာႏိုင္ငံကို ျပန္လည္ လည္ပတ္ေလ့ရွိတဲ့ နယူးေယာက္ျမဳိ႕က ျမန္မာပတ္စ္ပို႔ ကိုင္ထားသူ ဦးေမာင္သြင္ကေတာ့ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံကို မျပန္ခ်င္တဲ့ သူ႔ရဲ႕စိုးရိမ္းမႈကို ေျပာျပပါတယ္။

" က်ေနာ္တို႔က ခါတိုင္းဆို ႏွစ္တိုင္း ျမန္မာျပည္ ျပန္ေနက်ေလ။ ဒီႏွစ္ကေတာ့ အခု ျမန္မာျပည္ျပည္သြားလို႔ရွိရင္ ကိုယ့္အခြင့္အေရး ဆုံးရႈံးမယ္ဆိုတာ ခံစားရတယ္ေပါ့။ သြားတဲ့လာတဲ့အခါ လြတ္လြတ္လပ္လပ္ မရွိႏိုင္ဘူးေပါ့။ ေနာက္ လြတ္လြတ္လပ္လပ္ ေျပာဆိုႏိုင္ခြင့္ မရွိတာ၊ အရင္ ေခတ္ကလိုမ်ဳိး ကိုယ့္ကို ေဘးကလာနားေထာင္တာမ်ဳိး ၊ ကိုယ့္ကို ဘယ္အခ်ိန္မွာ လာဆဲြမလဲ။ ေနာက္ ေရာက္တာနဲ႔ ကိုယ့္အိမ္မွာျပန္ေနတာကိုပဲ ဧည့္စာရင္းတိုင္ရမယ္။ ေနာက္ၿပီးလို႔ရွိရင္ က်ေနာ္တို႔ ျမန္မာပတ္စ္ပို႔ ဆိုရင္ ..သူတို႔က ႏိုင္ငံျခားကို ဧည့္သည္အေနနဲ႔ သြားမွာလား ၊ အလုပ္ သြားလုပ္မွာလား အဲဒီတင္းၾကပ္မႈေတြ ရွိေနတယ္။ က်ေနာ္တို႔တိုင္းျပည္ အခု အေနအထားက အာဖဂန္နစၥတန္တို႔လိုမ်ဳိး ျဖစ္ေနတယ္။ ဘယ္နားမွာ ဗုံးေပါက္မလဲ ဘယ္နားမွာ အႏုၾကမ္းစီးခံရမလဲ တရားဥပေဒ မရွိတာ့ဘူးေပါ့ေနာ္။ အဲလို စိုးရိမ္စိတ္ေတြေၾကာင့္ပါ။ က်ေနာ္ တေယာက္ထဲမကပါဘူး က်ေနာ္ပတ္ဝန္းက်င္က မိတ္ေဆြေ အေတာ္မ်ားမ်ားလည္း ျမန္မာျပည္ မျပန္ျဖစ္ၾကဘူး။ "

ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားေရးရာကိစၥ ေတြကို သြားေရာက္ေလ့လာ သုေတသနလုပ္ေလ့ရွိတဲ့ ကာလီဖိုးနီးယားျပည္နယ္က ေဒါက္တာ စိုင္းေထြးေမာင္ကေတာ့ ဥပေဒစိုးမိုးမႈ အားနည္းေနတဲ့ ျမန္မာႏိုင္ငံကို ဝင္ထြက္သြားလာသူ နည္းပါးေနဦးမယ္လို႔ သုံးသပ္ပါတယ္။

" ဗမာျပည္ကို ျပန္ဖို႔က အလည္သြားတာပဲ ျဖစ္ေစ၊ အခု အေျခအေနမွာေတာ့ သြားဖို႔ မသင့္ဘူးလို႔က်ေနာ္ျမင္တယ္။ မသြားလည္း မသြားၾကေတာ့ဘူး။ ဘာလို႔လည္း ဆိုေတာ့ လုံျခဳံေရးနဲ႔ တရားဥပေဒ စိုးမိုးေရးမွာ လုံးဝမရွိဘူး ျဖစ္ေနတယ္။ ဥပေဒမဲ့ စစ္ေဆးတာ ဥပေဒမဲ့ ဖမ္းခ်ဳပ္တာေတြက မ်ားေနတယ္။ လုံျခဳံေရး မရွိ ၊ တရားဥပေဒ စိုးမိုးေရး မရွိတဲ့အတြက္ က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြ ႏိ္ုင္ငံျခားကေန ျမန္မာျပည္ မျပန္ၾကေတာ့ဘူးလို႔ က်ေနာ္အဲလိုျမင္တယ္။"

ယူကရိန္းမွာ စစ္ပြဲေတြျဖစ္လာၿပီးေနာက္ပိုင္း ေလာင္စာဆီေစ်းႏႈန္းေတြ ျမင့္မားလာသလို၊ ေလယာဥ္ေလမွတ္ ေစ်းေတြလည္း ျမင့္တက္လာတာပါ။ အခုအခ်ိန္မွာ အေမရိကန္ကေန ျမန္မာျပည္ျပန္မယ္ဆိုရင္ ေလယာဥ္လက္မွတ္ခက ေဒၚလာ(၂,၀၀၀)နဲ႔ အထက္မွာရွိၿပီး ထိုင္းႏိုင္ငံအထိ သြားမယ္ဆိုရင္ ေဒၚလာ(၁,၂၀၀)ဝန္းက်င္မွာရွိတယ္လို႔ ေလယာဥ္လက္မွတ္ အေရာင္းဌာနက ေျပာပါတယ္။ အေမရိကန္နဲ႔ ထိုင္းအၾကား အသြားအျပန္ခရီးကို ေဒၚလာ (၇၀၀ - ၈၀၀)ရွိခဲ့ရာက ေစ်းတက္လာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

...............................................................

မြန်မာနိုင်ငံကို အမေရိကန်က သွားရောက်သူ ဦးရေ ကျဆင်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ကနေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်သူ ခရီးသွားဦးရေ နည်းပါးလာတယ်လို့ ခရီးသွားအကျိုးဆောင် ကုမ္ပဏီတချို့နဲ့ ပုံမှန်ခရီးသွားသူတွေက ပြောဆိုကြပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ ကွာရမ်တင်း ဝင်စရာမလိုပဲ မြန်မာနိုင်ငံကို လာရောက် လည်ပတ်နိုင်ပြီလို့ စစ်ကောင်စီက ကြေညာထားပေမယ့် လုံခြုံရေး စိုးရိမ်မှုကြောင့် မသွားလိုကြဘူးလို့ ပြောဆိုကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ အပါအဝင် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ ဟိုအရင်လို ရန်ကုန်လေဆိပ် ရောက်တဲ့အခါ ကွာရမ်တင်း ဝင်စရာ မလိုတော့ဘူးဆိုပေမယ့်၊ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူ ဖြစ်ရမယ့်အပြင်၊ မြန်မာနိုင်ငံကို မဝင်ရောက်ခင် (၇၂)နာရီအလိုမှာ ကိုဗစ်မရှိကြောင်း စစ်ဆေးထားတဲ့ ဓါတ်ခွဲအဖြေ ပြရမှာဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလထဲ သတင်းထုတ်ပြန် ထားတာပါ။

နိုင်ငံတကာ ခရီးသွားတွေ အနေနဲ့ မေလ(၁)ရက်နေ့ကစပြီး ပုံမှန်လေကြောင်းလိုင်းတွေနဲ့ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ပြီလို့ ကြေညာထားပေးမယ့် အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် အမေရိကန်တွေရော ၊ မြန်မာတွေပါ ခရီးသွားဦးရေ သိသိသာသာ ကျဆင်းနေတယ်လို့ ဗာဂျီးနီးယားပြည်နယ်က လေယာဉ်လက်မှတ် အကျိုးဆောင်ကုမ္ပဏီ တာဝန်ခံ ဒေါ်မေမေသန်းက ရှင်းပြပါတယ်။

" ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖွင့်လိုက်ပါပြီ၊ ဝင်လို့ရပါပြီလို့ သူတို့ ပြောတဲ့အချိန်က စပြီးတော့ လေယာဉ်ခရီးစဉ် ရန်ကုန် Flight တွေ သွားတယ်ဆိုပေမယ့် ရန်ကုန်ကို တိုက်ရိုက် မဝင်ဘူးရှင့်။ သွားတဲ့လူကလည်း မရှိဘူးပေါ့နော်။ အရင်အခြေအနေထက်စာရင် အရမ်းကို နည်းတယ်။ အဲဒီ Flight တွေက ရန်ကုန် တိုက်ရိုက် မဝင်ပဲနဲ့ ဘယ်လို သွားလဲဆိုတော့၊ တကယ်လို့ ကာတာလိုင်းနဲ့ သွားမယ်ဆိုရင် ဝါရှင်တန်- ဒိုဟာ- ဘန်ကောက် ။ ဘန်ကောက်ကနေ ရန်ကုန်ကို ကာတာအဲလိုင်းနဲ့ ဝင်တာ မဟုတ်ပဲနဲ့ MAI လေကြောင်းနဲ့ပဲ ချိတ်ထားတယ်။ အဲလို အစီအစဉ်နဲ့ပဲ သွားတာတွေ့တယ်။ သွားတဲ့လူကလည်း တော်တော့ကို နည်းပါတယ်ရှင့်။ အမေရိကန် လူမျိုးတွေရော ၊ မြန်မာနွယ်ဖွားတွေရော မသွားကြပါဘူးရှင့်။ "

မြန်မာနိုင်ငံဟာ လတ်တလော အခြေအနေမှာ ခရီးသွားဖို့ မသင့်သေးဘူးလို့ လုံခြုံရေးကိုအကြောင်းပြပြီး အမေရိကန်အစိုးရက သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း မိသားစုအရေး အရေးပေါ်အခြေအနေ ရှိလာသူ တချို့တလေ လောက်သာ မြန်မာပြည်ကို ပြန်နေတာ တွေ့ရပါတယ်။

နှစ်စဉ်ပုံမှန် မြန်မာနိုင်ငံကို ပြန်လည် လည်ပတ်လေ့ရှိတဲ့ နယူးယောက်မြို့က မြန်မာပတ်စ်ပို့ ကိုင်ထားသူ ဦးမောင်သွင်ကတော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို မပြန်ချင်တဲ့ သူ့ရဲ့စိုးရိမ်းမှုကို ပြောပြပါတယ်။

" ကျနော်တို့က ခါတိုင်းဆို နှစ်တိုင်း မြန်မာပြည် ပြန်နေကျလေ။ ဒီနှစ်ကတော့ အခု မြန်မာပြည်ပြည်သွားလို့ရှိရင် ကိုယ့်အခွင့်အရေး ဆုံးရှုံးမယ်ဆိုတာ ခံစားရတယ်ပေါ့။ သွားတဲ့လာတဲ့အခါ လွတ်လွတ်လပ်လပ် မရှိနိုင်ဘူးပေါ့။ နောက် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့် မရှိတာ၊ အရင် ခေတ်ကလိုမျိုး ကိုယ့်ကို ဘေးကလာနားထောင်တာမျိုး ၊ ကိုယ့်ကို ဘယ်အချိန်မှာ လာဆွဲမလဲ။ နောက် ရောက်တာနဲ့ ကိုယ့်အိမ်မှာပြန်နေတာကိုပဲ ဧည့်စာရင်းတိုင်ရမယ်။ နောက်ပြီးလို့ရှိရင် ကျနော်တို့ မြန်မာပတ်စ်ပို့ ဆိုရင် ..သူတို့က နိုင်ငံခြားကို ဧည့်သည်အနေနဲ့ သွားမှာလား ၊ အလုပ် သွားလုပ်မှာလား အဲဒီတင်းကြပ်မှုတွေ ရှိနေတယ်။ ကျနော်တို့တိုင်းပြည် အခု အနေအထားက အာဖဂန်နစ္စတန်တို့လိုမျိုး ဖြစ်နေတယ်။ ဘယ်နားမှာ ဗုံးပေါက်မလဲ ဘယ်နားမှာ အနုကြမ်းစီးခံရမလဲ တရားဥပဒေ မရှိတာ့ဘူးပေါ့နော်။ အဲလို စိုးရိမ်စိတ်တွေကြောင့်ပါ။ ကျနော် တယောက်ထဲမကပါဘူး ကျနော်ပတ်ဝန်းကျင်က မိတ်ဆွေေ အတော်များများလည်း မြန်မာပြည် မပြန်ဖြစ်ကြဘူး။ "

မြန်မာနိုင်ငံမှာ တိုင်းရင်းသားရေးရာကိစ္စ တွေကို သွားရောက်လေ့လာ သုတေသနလုပ်လေ့ရှိတဲ့ ကာလီဖိုးနီးယားပြည်နယ်က ဒေါက်တာ စိုင်းထွေးမောင်ကတော့ ဥပဒေစိုးမိုးမှု အားနည်းနေတဲ့ မြန်မာနိုင်ငံကို ဝင်ထွက်သွားလာသူ နည်းပါးနေဦးမယ်လို့ သုံးသပ်ပါတယ်။

" ဗမာပြည်ကို ပြန်ဖို့က အလည်သွားတာပဲ ဖြစ်စေ၊ အခု အခြေအနေမှာတော့ သွားဖို့ မသင့်ဘူးလို့ကျနော်မြင်တယ်။ မသွားလည်း မသွားကြတော့ဘူး။ ဘာလို့လည်း ဆိုတော့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးမှာ လုံးဝမရှိဘူး ဖြစ်နေတယ်။ ဥပဒေမဲ့ စစ်ဆေးတာ ဥပဒေမဲ့ ဖမ်းချုပ်တာတွေက များနေတယ်။ လုံခြုံရေး မရှိ ၊ တရားဥပဒေ စိုးမိုးရေး မရှိတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကနေ မြန်မာပြည် မပြန်ကြတော့ဘူးလို့ ကျနော်အဲလိုမြင်တယ်။"

ယူကရိန်းမှာ စစ်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း လောင်စာဆီဈေးနှုန်းတွေ မြင့်မားလာသလို၊ လေယာဉ်လေမှတ် ဈေးတွေလည်း မြင့်တက်လာတာပါ။ အခုအချိန်မှာ အမေရိကန်ကနေ မြန်မာပြည်ပြန်မယ်ဆိုရင် လေယာဉ်လက်မှတ်ခက ဒေါ်လာ(၂,၀၀၀)နဲ့ အထက်မှာရှိပြီး ထိုင်းနိုင်ငံအထိ သွားမယ်ဆိုရင် ဒေါ်လာ(၁,၂၀၀)ဝန်းကျင်မှာရှိတယ်လို့ လေယာဉ်လက်မှတ် အရောင်းဌာနက ပြောပါတယ်။ အမေရိကန်နဲ့ ထိုင်းအကြား အသွားအပြန်ခရီးကို ဒေါ်လာ (၇၀၀ - ၈၀၀)ရှိခဲ့ရာက ဈေးတက်လာခဲ့တာပါ။

XS
SM
MD
LG