သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ခုခံႏိုင္ခဲ့တဲ့ ဒိန္းမတ္- ျမန္မာသူနာျပဳ


COVID-19 ခုခံႏိုင္ခဲ့တဲ့ ဒိန္းမတ္- ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္

{{Zawgyi/Unicode}}

COVID-19 ကူးစက္မႈေၾကာင့္ ေ၀ဒနာခံစားခဲ့ရာကေန ျပန္ၿပီးေကာင္းမြန္လာတဲ့ ဒိန္းမတ္ႏိုင္ငံ အေျခစိုက္ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္က ေရာဂါအႏၱရာယ္ ႀကီးမားတဲ့ အေတြ႔အႀကံဳကို ဗီြအိုေအကို ေျပာျပခဲ့ပါတယ္။ ျပည္သူအမ်ားလုံးဝမေပါ့ဆၾကပဲ အထူးသတိထားကာကြယ္ၾကဖို႔လည္း သူက တိုက္တြန္းခဲ့ပါတယ္။

ဒိန္းမတ္ႏိုင္ငံ ရဲ႕ COVID-19 ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ႀကိဳးပမ္းမႈေတြမွာ ေရွ႕တန္းက ပါဝင္ခဲ့သူတဦးအျဖစ္လည္း ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရသူျဖစ္ပါတယ္။ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

ဒိန္းမတ္ႏိုင္ငံ Copenhagen ၿမိဳ႕ေတာ္က Nordsjællands ေဆး႐ုံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္ဟာ ကိုဗစ္၁၉ ေရာဂါ ကူးစက္ခံခဲ့ရပါတယ္။ ဒီအေျခအေနေပၚ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္က အခုအခ်ိန္ထိ ေရာဂါဒဏ္ကို ခံစားေနရဆဲ သူ႔ႀကဳံလိုက္ရတဲ့ အျဖစ္အပ်က္ကိုေျပာျပပါတယ္။

"ၿပီးခဲ့တဲ့ ၅ရက္ေန႔က ေဆးရံုကို Night Duty သြားတယ္။ စေနကေန တနဂၤေနြည ႏုိက္ဂ်ဴတီမွာေပါ့ အဲ့မွာ အမရဲ႕သူငယ္ခ်င္းကလည္း အဲ့တုန္းက သူ႔မွာ ကူးထားတယ္ဆိုတာမသိဘူး။ အမတို႔ Office ထဲေနၾကရင္း မနက္ ၃နာရီေလာက္မွာ သူကေန ေျပာတယ္။ သူ႔အေျဖက ေပါ့စတစ္ ထြက္တယ္ဆိုေတာ့ အဲ့တာနဲ႔ အမတို႔အကုန္လံုးကို အိမ္ျပန္ပို႔လိုက္တယ္။ အိမ္ျပန္ပို႔ၿပီးေတာ့ ကိုယ့္အိမ္မွာ ကိုယ္ပဲ Isolate လုပ္ေနၿပီးေနရတယ္။ ၄ရက္ေျမာက္ေန႔မွာ ဒီမွာက စစ္ရတာကိုး ၄ရက္ေျမာက္ေန႔မွာ အမ သြားလည္းစစ္ေရာ ေပါ့စတစ္ျပတယ္။ ၉ရက္ေန႔မွာ ေပါ့စတစ္ျပတာေပါ့။ သြားမစစ္ခင္မွာပဲ ဗုဒၶဟူးေန႔မေရာက္ခင္ အဂၤါေန႔ညမွာပဲ နည္းနည္းအသက္ရႈက်ပ္သလို ခံစားေနရတယ္။ ေနာက္တေန႔မနက္သြားစစ္ၿပီး အျပန္ ေခ်ာင္းကလည္း တေနကုန္ေလာက္ ေတာ္ေတာ္ဆိုးတယ္။ ေနာက္တညလံုး လူက ေခၽြးေတြထြက္တာေလ Sweating ျဖစ္တာ ေခၽြးေတြထြက္တာ အဝတ္အစားေတြ အကုန္လဲပစ္ရတယ္။ အဲ့တာက ၂ရက္ေလာက္ျဖစ္ေတာ့ လူက ေတာ္ေတာ္ၾကီးကို တကယ္ကို ႏံုးက်သြားတယ္။ အမလို ဘာပဲေျပာေျပာ အသက္အရမ္းမငယ္ဘူးဆိုေပမဲ့ အမတို႔လို အသက္အရမ္းမၾကီးေသးတဲ့လူေတာင္မွ ေတာ္ေတာ္ကို ခံလိုက္ရတာျဖစ္တဲ့အတြက္ လူၾကီးေတြအတြက္ဆိုရင္ေတာ့ ေရာဂါအခံလည္းရွိတယ္ အရင္ကတည္းက အဆုတ္တို႔ဘာတို႔မေကာင္းတဲ့သူ က်န္းမာေရးမေကာင္းတဲ့သူဆိုရင္ ဘယ္လိုမွ ခံႏုိင္ရည္ရွိမွာမဟုတ္ဘူး။"

ဒီဇင္ဘာ ၂၁ရက္ေန႔အထိ-အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Johns Hopkins ေဆးတကၠသိုလ္ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ဒိန္းမတ္မွာ COVID-19 အတည္ျပဳလူနာ တစ္သိန္း သုံးေသာင္းငါးေထာင္႐ွိပါတယ္။ ကမာၻတဝွမ္းမွာ ကူးစက္မႈႏႈန္း (၇၆,၉၂၈,၇၇၄) ၇၆သန္းေက်ာ္အထိ ရွိလာေနၿပီး ေသဆုံးမႈကလည္း သိန္းခ်ီ ရွိလာေနတဲ့ အေနအထားမွာ- ႏိုင္ငံတကာေရာက္ ျမန္မာေတြေရာ ျမန္မာျပည္တြင္းက ျမန္မာျပည္သူေတြအေနနဲ႔ ဒီကူးစက္ျမန္ ကိုဗစ္၁၉ ေရာဂါကို မေပါ့ဆၾကပဲ အေလးအနက္ထား ကာကြယ္ေနထိုင္ၾကဖို႔ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္က သတိေပးေျပာဆိုပါတယ္။

" အရင္တုန္းက သူမ်ားကိုေျပာျပတယ္ဆိုတာက ကိုယ္က က်န္းမာေရးဝန္ထမ္းတေယာက္ အေနနဲ႔ပဲေျပာခဲ့တာေပါ့။ အခုက်ေတာ့ ကိုယ္ကိုတိုင္ တကယ္ခံစားလိုက္ရတဲ့အခါက်ေတာ့ "အရမ္းၾကီးကို သတိထားဖို႔လိုမယ္"လို႔ အမကေတာ့ထင္တယ္။ တကယ့္ကို အခန္႔မသင့္ရင္ ေသသြားႏုိင္တဲ့ေရာဂါျဖစ္တယ္ ဆိုတာကို အမကိုယ္တုိင္ ခံစားလိုက္ရတဲ့အခါမွာ သိလိုက္ရပါတယ္။ လူေတြအတြက္ ခ်ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအကုန္လံုးကို လိုက္နာၾကပါ။ ေနာက္ မိသားစုေတြရွိလို႔ရွိရင္လည္း သတိၾကီးၾကီးထားပါ။- အခုက ဒီေရာဂါၾကီးျဖစ္ေနခ်ိန္ ေနလာၾကရတာ တႏွစ္ေလာက္ရွိလာၿပီဒီေရာဂါၾကီး အတြက္ကို စိုးရိမ္ပူပင္ေနရတဲ့ ဘဝေတြကို ပင္ပမ္းေနၾကမယ္ဆိုတာကိုသိတယ္။ ဒါေပမဲ့ ကိုယ့္အတြက္ အျပင္ထြက္ရင္လည္း မထြက္မေန ထြက္ရမယ္ဆိုရင္ေလ တကယ့္သတိရွိရွိေနပါ အိမ္မွာ အသက္ၾကီးတဲ့သူေတြ ရွိခဲ့လို႔ရွိရင္လည္းလို႔- အရမ္းကိုသတိထားၾကပါလို႔ ဘယ္သူမွ ခံႏိုင္ရည္ရွိမွာမဟုတ္ဘူး တကယ္တမ္းျဖစ္လာၿပီဆိုရင္ေလ။"

ကပ္ေရာဂါ ကူးစက္ပ်ံ႕ပြားကာကြယ္ေရး လူေတြ ေနအိမ္ေတြထဲမွာပဲေနၾကဖို႔ အမိန႔္ကန္သတ္ခ်က္ေတြ တဦးနဲ႔တဦး ခပ္ခြာခြာေနၾကဖို႔ ၫႊန္ၾကားခ်က္ေတြ ကမာၻ႔ႏိုင္ငံေတြမွာ ႐ွိေနေပမဲ့ အခ်ိန္ၾကာေနၿပီမို႔ တခ်ဳိ႕ကလည္း ၿငီးေငြ႕ စိတ္ပ်က္ေနၾကပါတယ္။ ဒါေပမဲ့ ေသေစႏိုင္တဲ့ ကူးစက္ျမန္ေရာဂါမို႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို မိမိအတြက္ေရာ မိသားစုအတြက္ပါ ေစာင့္ထိန္း လိုက္နာေပးပါလို႔ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္က တိုက္တြန္းပါတယ္။

" အမတို႔ ျမန္မာျပည္က က်န္းမာေရးဝန္ထမ္းေတြက အရမ္းကိုပင္ပမ္းေနၾကၿပီ။ သူမ်ားတုိင္းျပည္ေတြမွာ တခုခု လိုအပ္လာၿပီဆိုရင္ အဆင့္သင့္ က်န္းမာေရးဝန္ေဆာင္မႈေတြေပးႏုိင္တယ္။ အမ ျမန္မာျပည္မွာက လိုအပ္တာေတြ ရွိေနေသးတာမို႔ ဘာပဲေျပာေျပာ သတိထားၾကပါ။ ဒါေၾကာင့္ မကူးစက္ခံရေအာင္ က်န္းမာေရး ဝန္ထမ္းေတြကိုလည္း ကူညီၾကပါလို႔ ေနာက္ ကိုယ့္မိသားစုအတြက္လည္း ကိုယ္ကိုတိုင္ စည္းကမ္းေတြ လိုက္နာမွရမွာလို႔ေျပာခ်င္ပါတယ္။ ခ်ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြအတုိင္း Mask တပ္ရမယ္ ၂ မီတာအကြာမွာေနရမယ္။ လူစုလူေဝးကို လံုးဝေရွာင္ၾကပါ ျဖစ္နုိင္ရင္ လက္ကိုေဆးပါ အဲ့ဒီ့ဟာေတြကို တကယ့္ကို လိုက္နာၾကပါလို႔။"

ဒိန္းမတ္ႏိုင္ငံအပါအဝင္ ကမာၻတဝန္းက က်န္းမာေရးဝန္ထမ္းေတြ ေဆးပညာရွင္လုပ္သားေတြ အေနနဲ႔ ကိုဗစ္၁၉ ကပ္အႏၲရာယ္ ကာကြယ္ႏိုင္ေရး လူအမ်ားေဘးအႏၲရာယ္ကင္းေရးအတြက္ က်န္းမာေရး ဝန္ထမ္းေတြက အသက္နဲ႔ရင္းၿပီး ေဆာင္႐ြက္ေနၾကခ်ိန္ လူထုအေနနဲ႔လည္း အထူးသတိထား ကာကြယ္ျခင္းအားျဖင့္ ေရွ႕တန္းက က်န္းမာေရးလုပ္သားေတြကို တတပ္တအား ဝိုင္းဝန္းကူညီေပးၾကပါ လို႔ ဒိန္းမတ္ႏိုင္ငံက ဂုဏ္ျပဳခံျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္က ထပ္မံေမတၱာရပ္ခံ သတိေပးေျပာဆိုပါတယ္။ ျမန္မာသူနာျပဳ ေဒၚခိုင္ခိုင္ဦးျမင့္ကို ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး က်န္းမာေရး သူရဲေကာင္းတဦးအျဖစ္ ျမန္မာႏိုင္ငံအေျခစိုက္ ဒိန္းမတ္သံ႐ုံးက ၿပီးခဲ့တဲ့ ဧၿပီလက ခ်ီးက်ဴးဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

COVID-19 ကူးစက်မှုကြောင့် ဝေဒနာခံစားခဲ့ရာကနေ ပြန်ပြီးကောင်းမွန်လာတဲ့ ဒိန်းမတ်နိုင်ငံ အခြေစိုက် မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က ရောဂါအန္တရာယ် ကြီးမားတဲ့ အတွေ့အကြုံကို ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ပြည်သူအများလုံးဝမပေါ့ဆကြပဲ အထူးသတိထားကာကွယ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံ ရဲ့ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုးပမ်းမှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့သူတဦးအဖြစ်လည်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ ချီးကျူးဂုဏ်ပြုခံခဲ့ရသူဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်က Nordsjællands ဆေးရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်ဟာ ကိုဗစ်၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒီအခြေအနေပေါ် မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က အခုအချိန်ထိ ရောဂါဒဏ်ကို ခံစားနေရဆဲ သူ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကိုပြောပြပါတယ်။

"ပြီးခဲ့တဲ့ ၅ရက်နေ့က ဆေးရုံကို Night Duty သွားတယ်။ စနေကနေ တနင်္ဂနွေည နိုက်ဂျူတီမှာပေါ့ အဲ့မှာ အမရဲ့သူငယ်ချင်းကလည်း အဲ့တုန်းက သူ့မှာ ကူးထားတယ်ဆိုတာမသိဘူး။ အမတို့ Office ထဲနေကြရင်း မနက် ၃နာရီလောက်မှာ သူကနေ ပြောတယ်။ သူ့အဖြေက ပေါ့စတစ် ထွက်တယ်ဆိုတော့ အဲ့တာနဲ့ အမတို့အကုန်လုံးကို အိမ်ပြန်ပို့လိုက်တယ်။ အိမ်ပြန်ပို့ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ပဲ Isolate လုပ်နေပြီးနေရတယ်။ ၄ရက်မြောက်နေ့မှာ ဒီမှာက စစ်ရတာကိုး ၄ရက်မြောက်နေ့မှာ အမ သွားလည်းစစ်ရော ပေါ့စတစ်ပြတယ်။ ၉ရက်နေ့မှာ ပေါ့စတစ်ပြတာပေါ့။ သွားမစစ်ခင်မှာပဲ ဗုဒ္ဓဟူးနေ့မရောက်ခင် အင်္ဂါနေ့ညမှာပဲ နည်းနည်းအသက်ရှုကျပ်သလို ခံစားနေရတယ်။ နောက်တနေ့မနက်သွားစစ်ပြီး အပြန် ချောင်းကလည်း တနေကုန်လောက် တော်တော်ဆိုးတယ်။ နောက်တညလုံး လူက ချွေးတွေထွက်တာလေ Sweating ဖြစ်တာ ချွေးတွေထွက်တာ အဝတ်အစားတွေ အကုန်လဲပစ်ရတယ်။ အဲ့တာက ၂ရက်လောက်ဖြစ်တော့ လူက တော်တော်ကြီးကို တကယ်ကို နုံးကျသွားတယ်။ အမလို ဘာပဲပြောပြော အသက်အရမ်းမငယ်ဘူးဆိုပေမဲ့ အမတို့လို အသက်အရမ်းမကြီးသေးတဲ့လူတောင်မှ တော်တော်ကို ခံလိုက်ရတာဖြစ်တဲ့အတွက် လူကြီးတွေအတွက်ဆိုရင်တော့ ရောဂါအခံလည်းရှိတယ် အရင်ကတည်းက အဆုတ်တို့ဘာတို့မကောင်းတဲ့သူ ကျန်းမာရေးမကောင်းတဲ့သူဆိုရင် ဘယ်လိုမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။"

ဒီဇင်ဘာ ၂၁ရက်နေ့အထိ-အမေရိကန်ပြည်ထောင်စုအခြေစိုက် Johns Hopkins ဆေးတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တွေအရ ဒိန်းမတ်မှာ COVID-19 အတည်ပြုလူနာ တစ်သိန်း သုံးသောင်းငါးထောင်ရှိပါတယ်။ ကမ္ဘာတဝှမ်းမှာ ကူးစက်မှုနှုန်း (၇၆,၉၂၈,၇၇၄) ၇၆သန်းကျော်အထိ ရှိလာနေပြီး သေဆုံးမှုကလည်း သိန်းချီ ရှိလာနေတဲ့ အနေအထားမှာ- နိုင်ငံတကာရောက် မြန်မာတွေရော မြန်မာပြည်တွင်းက မြန်မာပြည်သူတွေအနေနဲ့ ဒီကူးစက်မြန် ကိုဗစ်၁၉ ရောဂါကို မပေါ့ဆကြပဲ အလေးအနက်ထား ကာကွယ်နေထိုင်ကြဖို့ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က သတိပေးပြောဆိုပါတယ်။

" အရင်တုန်းက သူများကိုပြောပြတယ်ဆိုတာက ကိုယ်က ကျန်းမာရေးဝန်ထမ်းတယောက် အနေနဲ့ပဲပြောခဲ့တာပေါ့။ အခုကျတော့ ကိုယ်ကိုတိုင် တကယ်ခံစားလိုက်ရတဲ့အခါကျတော့ "အရမ်းကြီးကို သတိထားဖို့လိုမယ်"လို့ အမကတော့ထင်တယ်။ တကယ့်ကို အခန့်မသင့်ရင် သေသွားနိုင်တဲ့ရောဂါဖြစ်တယ် ဆိုတာကို အမကိုယ်တိုင် ခံစားလိုက်ရတဲ့အခါမှာ သိလိုက်ရပါတယ်။ လူတွေအတွက် ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအကုန်လုံးကို လိုက်နာကြပါ။ နောက် မိသားစုတွေရှိလို့ရှိရင်လည်း သတိကြီးကြီးထားပါ။- အခုက ဒီရောဂါကြီးဖြစ်နေချိန် နေလာကြရတာ တနှစ်လောက်ရှိလာပြီဒီရောဂါကြီး အတွက်ကို စိုးရိမ်ပူပင်နေရတဲ့ ဘဝတွေကို ပင်ပမ်းနေကြမယ်ဆိုတာကိုသိတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အပြင်ထွက်ရင်လည်း မထွက်မနေ ထွက်ရမယ်ဆိုရင်လေ တကယ့်သတိရှိရှိနေပါ အိမ်မှာ အသက်ကြီးတဲ့သူတွေ ရှိခဲ့လို့ရှိရင်လည်းလို့- အရမ်းကိုသတိထားကြပါလို့ ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး တကယ်တမ်းဖြစ်လာပြီဆိုရင်လေ။"

ကပ်ရောဂါ ကူးစက်ပျံ့ပွားကာကွယ်ရေး လူတွေ နေအိမ်တွေထဲမှာပဲနေကြဖို့ အမိန့်ကန်သတ်ချက်တွေ တဦးနဲ့တဦး ခပ်ခွာခွာနေကြဖို့ ညွှန်ကြားချက်တွေ ကမ္ဘာ့နိုင်ငံတွေမှာ ရှိနေပေမဲ့ အချိန်ကြာနေပြီမို့ တချို့ကလည်း ငြီးငွေ့ စိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့ သေစေနိုင်တဲ့ ကူးစက်မြန်ရောဂါမို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မိမိအတွက်ရော မိသားစုအတွက်ပါ စောင့်ထိန်း လိုက်နာပေးပါလို့ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က တိုက်တွန်းပါတယ်။

" အမတို့ မြန်မာပြည်က ကျန်းမာရေးဝန်ထမ်းတွေက အရမ်းကိုပင်ပမ်းနေကြပြီ။ သူများတိုင်းပြည်တွေမှာ တခုခု လိုအပ်လာပြီဆိုရင် အဆင့်သင့် ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်တယ်။ အမ မြန်မာပြည်မှာက လိုအပ်တာတွေ ရှိနေသေးတာမို့ ဘာပဲပြောပြော သတိထားကြပါ။ ဒါကြောင့် မကူးစက်ခံရအောင် ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကူညီကြပါလို့ နောက် ကိုယ့်မိသားစုအတွက်လည်း ကိုယ်ကိုတိုင် စည်းကမ်းတွေ လိုက်နာမှရမှာလို့ပြောချင်ပါတယ်။ ချထားတဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း Mask တပ်ရမယ် ၂ မီတာအကွာမှာနေရမယ်။ လူစုလူဝေးကို လုံးဝရှောင်ကြပါ ဖြစ်နိုင်ရင် လက်ကိုဆေးပါ အဲ့ဒီ့ဟာတွေကို တကယ့်ကို လိုက်နာကြပါလို့။"

ဒိန်းမတ်နိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ကျန်းမာရေးဝန်ထမ်းတွေ ဆေးပညာရှင်လုပ်သားတွေ အနေနဲ့ ကိုဗစ်၁၉ ကပ်အန္တရာယ် ကာကွယ်နိုင်ရေး လူအများဘေးအန္တရာယ်ကင်းရေးအတွက် ကျန်းမာရေး ဝန်ထမ်းတွေက အသက်နဲ့ရင်းပြီး ဆောင်ရွက်နေကြချိန် လူထုအနေနဲ့လည်း အထူးသတိထား ကာကွယ်ခြင်းအားဖြင့် ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေကို တတပ်တအား ဝိုင်းဝန်းကူညီပေးကြပါ လို့ ဒိန်းမတ်နိုင်ငံက ဂုဏ်ပြုခံမြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က ထပ်မံမေတ္တာရပ်ခံ သတိပေးပြောဆိုပါတယ်။ မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်ကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကျန်းမာရေး သူရဲကောင်းတဦးအဖြစ် မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံးက ပြီးခဲ့တဲ့ ဧပြီလက ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG