သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရီဇိုးနားပြည်နယ်က မြန်မာတွေ NLD အစိုးရကို ထောက်ခံဆန္ဒပြ


မြန်မာနိုင်ငံအခြေစိုက် သံတမန်များနှင့် သတင်းမီဒီယာများ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် မြင်ကွင်းတခု။
မြန်မာနိုင်ငံအခြေစိုက် သံတမန်များနှင့် သတင်းမီဒီယာများ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် မြင်ကွင်းတခု။

ရခိုင်အရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ သတင်းအချက်အလက် အမှန်ပေါ် အခြေခံပြီးမှ ဆုံးဖြတ်ဖို့ လိုကြောင်း အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်း အာရီဇိုးနားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာတွေက စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အာရီဇိုးနားပြည်နယ်မှာ အခြေစိုက်တဲ့ မြန်မာတွေက ရခိုင်အရေး မြန်မာအစိုးရက ကိုင်တွယ်ဆောင်ရွက်ပုံတွေကို ထောက်ခံကြောင်း အောက်တိုဘာ ၂၁ ရက် စနေနေ့က ဖီးနစ်မြို့မှာလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲအပြီး တောင်းဆိုကြတာပါ။ ဒါ့အပြင် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့ သတင်းအမှန်တွေ ပိုသိရအောင် အမေရိကန် သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပရင်း ရှင်းပြခဲ့တယ်လို့ ဖီးနစ်မြို့က ဦးမြတ်မင်းသူက VOA ကိုပြောပါတယ်။

“လက်ရှိနိုင်ငံတကာမီဒီယာတွေမှာ မှားယွင်းစွာ ဖော်ပြနေတဲ့ သတင်းအချက်အလက်တွေ ကို ကျနော်တို့က ဒီမှာရှိတဲ့မီဒီယာတွေကို ခေါ်ပြီးတော့မှ ရှင်းလင်းပွဲလုပ်တာပါခင်ဗျ။ ကျနော်တို့ ဒီမှာရှိတဲ့ Senator (အထက်လွှတ်တော်အမတ်) တွေရော အာရီဇိုးနားပြည်နယ်လွှတ်တော် အထဲကိုရော ကျနော်တို့ အခု အဲဒီ statement တွေကိုပို့ဖို့ စီစဉ်ထားတယ်ခင်ဗျ။

“လက်ရှိ ရခိုင်ပြည်မှာဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒီလူတွေဟာ ဒါ သမားရိုးကျ အခြေအနေမဟုတ်ဘူး၊ နောက်တခုက ပြည်ပမီဒီယာတွေအနေနဲ့လဲပဲ ဒီရခိုင်ကိစ္စကို မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကူညီပံ့ပိုးမှုကိုပဲ လုပ်ဆောင်သင့်တယ်၊ ပြည်တွင်းက အစိုးရ ထုတ်ပြန်နေတဲ့ သတင်းအချက် အလက်တွေဟာ မှန်ကန်တိကျမှုရှိတယ်ဆိုတာ ကျနော် တို့ရထားတဲ့ အချက်အလက်တွေနဲ့ ကျနော်တို့က ဖော်ထုတ်ပြတာပဲဖြစ်ပါတယ်။

“ဒီအမေရိကန်အစိုးရက သတင်းအမှန်၊ သတင်းအတိအကျ ရယူပြီးတော့မှ အဲဒီအပေါ်မှာ ဆုံးဖြတ်စေချင်တယ်။”

ဖီးနစ်မြို့က ဆန္ဒထုတ်ဖော်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် အမေရိကန်ရောက်မြန်မာဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA ခေါ် ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ရခိုင်မြောက်ပိုင်းဒေသက လုံခြုံရေးစခန်းပေါင်း ၃၀ လောက်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်လာပြီးနောက်မှာ ရိုဟင်ဂျာမွတ်ဆလင် ၅၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံသွားတာကြောင့် ရိုဟင်ဂျာတွေ အကျပ်ဘေးဒုက္ခနဲ့ ကြုံနေရတယ်ဆိုပြီး အမေရိကန်အစိုးရက ပြောထားတာပါ။

ဒါကြောင့် မြန်မာနိုင်ငံအပေါ် အထူးသဖြင့် တပ်မတော်ခေါင်းဆောင်တွေပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် အောက်လွှတ်တော် အမတ်တချို့က အမေရိကန် အစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG