သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ကစစ္ေရွာင္ေတြကို မီဇိုရမ္ျပည္နယ္အစိုးရ ဆက္လက္ကူညီမည္


မီဇိုရမ်ပြည်နယ်

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခဲ့ၾကတဲ့ စစ္ေဘးဒုကၡသည္ေတြကို ျပည္နယ္အစိုးရအေနနဲ႔ ဆက္ၿပီးကူညီသြားမယ့္အေၾကာင္း မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႕လာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္ကစစ္ေရွာင္ေတြကို မီဇိုရမ္ျပည္နယ္အစိုးရ ဆက္လက္ကူညီမည္

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတဲ့ စစ္ေဘးဒုကၡသည္ေတြကို အခက္အခဲမရွိ ေနထိုင္ေရးအတြက္ ျပည္နယ္အစိုးရအေနနဲ႕ ဆက္လက္ကူညီေဆာင္ရြက္ေပးသြားမယ့္အေၾကာင္း မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္အစည္းအေဝးမွာ ေျပာၾကားခဲ့တယ္လို႕ မီဇိုရမ္လူမႈအဖြဲ႕အစည္းတာဝန္ရွိသူေတြက ေျပာပါတယ္။ လက္ရွိ ခ်င္းျပည္နယ္အတြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ ခ်င္းျပည္နယ္ကေနတဆင့္ မီဇိုရမ္ဘက္ကို ထြက္ေျပးသူေတြ ဆက္ၿပီး႐ွိေနခ်ိန္မွာ ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႕လာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပေပးမွာပါ။

စစ္ေဘးဒဏ္ေၾကာင့္ ျမန္မာနိုင္ငံက ထြက္ေျပးလာသူေတြကို ဆက္လက္အကူညီေပးေဆာင္မယ္လို႕ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါ က ျပည္နယ္ လႊတ္ေတာ္အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။ ျပည္နယ္အစိုးရ အေနနဲ႔ ေရာက္လာတဲ့ ဒုကၡသည္ေတြကို ခိုလံႈႏိုင္ေရး လုပ္ေပးသြားမယ္လို႔ ေျပာၾကားခဲ့ေၾကာင္း မီဇိုရမ္ NGO United for Democratic Myanmar တြဲဖက္အတြင္းေရးမွဴး ကိုရစ္ခ်တ္ကေျပာပါတယ္။

“ အခုေလာေလာဆယ္မွာေတာ့ မီဇိုရမ္ျပည္နယ္မွာ လႊတ္ေတာ္အစည္းအေဝးႀကီးလုပ္ေနတာေပါ့ေနာ္။ အဲဒီမွာအတိုက္အခံပါတီ ကေနၿပီးေတာ့မွ စစ္ေရွာင္နဲ႕ပက္သက္တဲ့ အခ်က္အလက္ေတြကိုေမးျမန္းတဲ့အခါမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေနၿပီးေတာ့မွ မီဇိုရမ္မွာေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြကို အတတ္နိုင္ဆုံး ဆက္လက္ၿပီးေတာ့မွ ကူညီေဆာင္ရြက္ေပးသြားမယ္ဆိုၿပီးေတာ့မွ ေျပာလာတယ္။ ဆိုေတာ့ မီဇိုရမ္မွာ ေနထိုင္တဲ့အခိုက္အတြင္းမွာ ဘာမွစိုးရိမ္စရာ မရွိေအာင္ ဘာမွပူပင္ေသာကမရွိေအာင္ ေနနိုင္ေရးအတြက္ မီဇိုရမ္အစိုးရအေနနဲ႕တာဝန္ယူလုပ္ေဆာင္သြားမယ္ဆိုၿပီးမွေလ သူေျပာသြားတာရွိတယ္။”

ဗုဒၶဟူးေန႔ကက်င္းပခဲ့တဲ့ ျပည္နယ္လႊတ္ေတာ္အစည္းအေဝးမွာ အတိုက္ခံ INC ပါတီ လႊတ္ေတာ္ကိုယ္စာလွယ္က ျမန္မာဘက္ကေရာက္လာသူေတြနဲ႔ ပါတ္သက္လို႔ ေမးျမန္းခဲ့တာကို ျပည္နယ္ဝန္ႀကီးခ်ဳပ္က ခုလိုျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ႐ွိတဲ့ ခ်င္းျပည္နယ္မွာ စစ္ေကာင္စီတပ္ေတြ ထိုးစစ္ဆင္ တိုက္ခိုက္ေနတာေၾကာင့္ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးခုိလႈံသူ တေန႔ထက္တေန႔ တိုးလာေနပါတယ္။ အဲဒီလိုေရာက္လာသူေတြကို မီဇိုရမ္ျပည္နယ္အစိုးရ အကူအညီေပးေနတာေတြနဲ႔ ပါတ္သက္လို႔လည္း ကိုရစ္ခ်တ္က ခုလို ေျပာျပပါတယ္။

“အဓိက အစိုးရအေနနဲ႕ကေတာ့ လိုအပ္တဲ့ဟာေတြ DC(Deputy Commissioner) ကေနတဆင့္ တခ်ိဳ႕ကေငြသားနဲ႕ ေပးနိုင္တဲ့ဟာရွိတယ္။ တခ်ိဳ႕ကေတာ့စားနပ္ရိကၡာေတြနဲ႕ ကြ်န္ေတာ္တို႕ေပးတာေတြရွိတယ္။ ”

အခုလက္ရွိ မီဇိုရမ္ျပည္နယ္အစိုးရရဲ႕ စာရင္းမွတ္တမ္းအရ ျမန္မာႏိုင္ငံကေန ထြက္ေျပးတိမ္းေ႐ွာင္လာသူ ၂ ေသာင္း ၄ ေထာင္ေက်ာ္ (၂၄၂၈၉) ႐ွိတယ္လို႔ မီဇိုရမ္ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္အစည္းအေ၀းမွာေျပာဆိုခဲ့ပါတယ္။ အိႏိၵယႏိုင္ငံအေနနဲ႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာသေဘာတူစာခ်ဳပ္ (UN Convention on Refugees) မွာ လက္မွတ္ေရးထိုးထားျခင္း မရွိတာေၾကာင့္ ဗဟိုအစိုးရအေနနဲ႔ ျမန္မာဘက္က ဒုကၡသည္ေတြကို တိုက္႐ိုက္ ကူညီလို႔ မရေပမဲ့ မီဇိုရမ္ျပည္နယ္အစိုးရ အဖြဲ႔ကေနတဆင့္ ကူညီေထာက္ပံ့ေပးဖို႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ကေတာင္းဆိုထားပါတယ္။

ခ်င္းျပည္နယ္အျပင္ စစ္ကိုင္းတိုင္းထဲမွာ စစ္တပ္ရဲ႕ တုိက္ခုိက္မႈေတြ အ႐ွိန္ျမင့္လာတဲ့အတြက္ ခ်င္းျပည္နယ္ကေနတဆင့္ မီဇိုရမ္ဘက္ကို ထြက္ေျပးခိုလႈံသူေတြ အခုထိ ႐ွိေနဆဲလို႔ ခ်င္းအေရးေလ့လာသူ ကိုေထာင္ရ္က ေျပာပါတယ္။

“ တိုက္ပြဲေတြပိုၿပီးေတာ့မွ ျပင္းထန္ေနေတာ့ ခ်င္းျပည္နယ္ကထိုးစစ္ဆင္မွဳေတြ စစ္ေကာင္စီကလဲ အင္အားအလုံးအရင္းနဲ႕ထိုးစစ္ဆင္မွဳေတြလုပ္လာတယ္။ သူတို႕ကခ်ီတက္လာတဲ့လမ္းေၾကာင္းတေလွ်ာက္မွာ ၿမိဳ႕ရြာေတြကို ဖ်က္စီးတာ မီးရွိဳ႕တာ။ အဲတာမ်ိဳးေတြအသားကုန္လုပ္ေတာ့ ၿပီးေတာ့တိုက္ပြဲေတြကလဲ ပိုပိုျပင္းထန္လာေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႕စိုးရိမ္တဲ့အတြက္ေၾကာင့္မိုလို႕ အနီးစပ္ဆုံး ကေတာ့ ခ်င္းျပည္နယ္ရဲ႕နယ္စပ္ နယ္နမိတ္ခ်င္း ထိစပ္ေနတဲ့ မီဇိုရမ္ဘက္ကို အဓိကထြက္ေျပးေနရတာပါေနာ္။ အခုလဲ မီဇိုရမ္ဘက္ကို ေန႕စဥ္နဲ႕အမွ် ဝင္ေနၾကတာ ဘဲ။ မီဇိုရမ္ကိုအဓိက တိမ္းေရွာင္ေနတဲ့ေဒသခံေတြကေတာ့ ပလက္ဝဘက္ကဟာလဲပါတယ္။ ၿပီးေတာ့ မတူပီ၊ ထန္တလန္ အဲဒီဘက္ကဟာေတြလဲပါတာေပါ့ေနာ္။ ကေလးၿမိဳ႕ကေတာ့ တိုက္ပြဲအရမ္းႀကီးမျပင္းထန္ခင္ကတည္းက ေဒသခံေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ မီဇိုရမ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ၾကတာေပါ့ေနာ္။”

မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္သူေတြအတြက္ ေနထို္င္ေရးလုံျခံဳဖို႕ မီဇိုရမ္ျပည္နယ္အစိုးရက Refugee ID ကဒ္ေတြ ထုတ္ေပးေနပါတယ္။

ျမန္မာစစ္ေဘးေရွာင္ေတြဟာ မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕အပါအ၀င္ ခ႐ိုင္ ၁၁ ခု မွာရွိတဲ့ ဒုကၡသည္စခန္းေတြမွာ ျဖန္႔က်က္ေနထိုင္ၾကၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို ျပည္နယ္အစိုးရ၊ အစိုးရမဟုတ္တဲ့ (NGO) အဖြဲ႕အစည္းေတြ ဘာသာေရးအသင္းအဖြဲ႔အစည္းေတြကေန ကူညီေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ချင်းပြည်နယ်ကစစ်ရှောင်တွေကို မီဇိုရမ်ပြည်နယ်အစိုးရ ဆက်လက်ကူညီမည်

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို အခက်အခဲမရှိ နေထိုင်ရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့်အကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ မီဇိုရမ်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ချင်းပြည်နယ်ကနေတဆင့် မီဇိုရမ်ဘက်ကို ထွက်ပြေးသူတွေ ဆက်ပြီးရှိနေချိန်မှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

စစ်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ဆက်လက်အကူညီပေးဆောင်မယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ က ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ရောက်လာတဲ့ ဒုက္ခသည်တွေကို ခိုလှုံနိုင်ရေး လုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း မီဇိုရမ် NGO United for Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ်ကပြောပါတယ်။

“ အခုလောလောဆယ်မှာတော့ မီဇိုရမ်ပြည်နယ်မှာ လွှတ်တော်အစည်းအဝေးကြီးလုပ်နေတာပေါ့နော်။ အဲဒီမှာအတိုက်အခံပါတီ ကနေပြီးတော့မှ စစ်ရှောင်နဲ့ပက်သက်တဲ့ အချက်အလက်တွေကိုမေးမြန်းတဲ့အခါမှာ ပြည်နယ်ဝန်ကြီးချုပ် ကနေပြီးတော့မှ မီဇိုရမ်မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးတော့မှ ကူညီဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့မှ ပြောလာတယ်။ ဆိုတော့ မီဇိုရမ်မှာ နေထိုင်တဲ့အခိုက်အတွင်းမှာ ဘာမှစိုးရိမ်စရာ မရှိအောင် ဘာမှပူပင်သောကမရှိအောင် နေနိုင်ရေးအတွက် မီဇိုရမ်အစိုးရအနေနဲ့တာဝန်ယူလုပ်ဆောင်သွားမယ်ဆိုပြီးမှလေ သူပြောသွားတာရှိတယ်။”

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတိုက်ခံ INC ပါတီ လွှတ်တော်ကိုယ်စာလှယ်က မြန်မာဘက်ကရောက်လာသူတွေနဲ့ ပါတ်သက်လို့ မေးမြန်းခဲ့တာကို ပြည်နယ်ဝန်ကြီးချုပ်က ခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံသူ တနေ့ထက်တနေ့ တိုးလာနေပါတယ်။ အဲဒီလိုရောက်လာသူတွေကို မီဇိုရမ်ပြည်နယ်အစိုးရ အကူအညီပေးနေတာတွေနဲ့ ပါတ်သက်လို့လည်း ကိုရစ်ချတ်က ခုလို ပြောပြပါတယ်။

“အဓိက အစိုးရအနေနဲ့ကတော့ လိုအပ်တဲ့ဟာတွေ DC(Deputy Commissioner) ကနေတဆင့် တချို့ကငွေသားနဲ့ ပေးနိုင်တဲ့ဟာရှိတယ်။ တချို့ကတော့စားနပ်ရိက္ခာတွေနဲ့ ကျွန်တော်တို့ပေးတာတွေရှိတယ်။ ”

အခုလက်ရှိ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ စာရင်းမှတ်တမ်းအရ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာသူ ၂ သောင်း ၄ ထောင်ကျော် (၂၄၂၈၉) ရှိတယ်လို့ မီဇိုရမ် ဝန်ကြီးချုပ်က လွှတ်တော်အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘောတူစာချုပ် (UN Convention on Refugees) မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ဗဟိုအစိုးရအနေနဲ့ မြန်မာဘက်က ဒုက္ခသည်တွေကို တိုက်ရိုက် ကူညီလို့ မရပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရ အဖွဲ့ကနေတဆင့် ကူညီထောက်ပံ့ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ် ကတောင်းဆိုထားပါတယ်။

ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတဲ့အတွက် ချင်းပြည်နယ်ကနေတဆင့် မီဇိုရမ်ဘက်ကို ထွက်ပြေးခိုလှုံသူတွေ အခုထိ ရှိနေဆဲလို့ ချင်းအရေးလေ့လာသူ ကိုထောင်ရ်က ပြောပါတယ်။

“ တိုက်ပွဲတွေပိုပြီးတော့မှ ပြင်းထန်နေတော့ ချင်းပြည်နယ်ကထိုးစစ်ဆင်မှုတွေ စစ်ကောင်စီကလဲ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်မှုတွေလုပ်လာတယ်။ သူတို့ကချီတက်လာတဲ့လမ်းကြောင်းတလျှောက်မှာ မြို့ရွာတွေကို ဖျက်စီးတာ မီးရှို့တာ။ အဲတာမျိုးတွေအသားကုန်လုပ်တော့ ပြီးတော့တိုက်ပွဲတွေကလဲ ပိုပိုပြင်းထန်လာတော့ တော်တော်များများကတော့ သူတို့စိုးရိမ်တဲ့အတွက်ကြောင့်မိုလို့ အနီးစပ်ဆုံး ကတော့ ချင်းပြည်နယ်ရဲ့နယ်စပ် နယ်နမိတ်ချင်း ထိစပ်နေတဲ့ မီဇိုရမ်ဘက်ကို အဓိကထွက်ပြေးနေရတာပါနော်။ အခုလဲ မီဇိုရမ်ဘက်ကို နေ့စဉ်နဲ့အမျှ ဝင်နေကြတာ ဘဲ။ မီဇိုရမ်ကိုအဓိက တိမ်းရှောင်နေတဲ့ဒေသခံတွေကတော့ ပလက်ဝဘက်ကဟာလဲပါတယ်။ ပြီးတော့ မတူပီ၊ ထန်တလန် အဲဒီဘက်ကဟာတွေလဲပါတာပေါ့နော်။ ကလေးမြို့ကတော့ တိုက်ပွဲအရမ်းကြီးမပြင်းထန်ခင်ကတည်းက ဒေသခံတွေ တော်တော်များများကတော့ မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာပေါ့နော်။”

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူတွေအတွက် နေထိုင်ရေးလုံခြုံဖို့ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ်တွေ ထုတ်ပေးနေပါတယ်။

မြန်မာစစ်ဘေးရှောင်တွေဟာ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင် ၁၁ ခု မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဖြန့်ကျက်နေထိုင်ကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြည်နယ်အစိုးရ၊ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းတွေ ဘာသာရေးအသင်းအဖွဲ့အစည်းတွေကနေ ကူညီပေးနေပါတယ်။

XS
SM
MD
LG