သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်ရွှေ့ပြောင်းအခြေချနိုင်ဖို့ လုပ်ငန်းစတင်နေဟု ထိုင်းတာဝန်ရှိသူပြောဆို


မယ်လဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ၊ ဂျူလိုင် ၂၁၊ ၂၀၁၄
မယ်လဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ၊ ဂျူလိုင် ၂၁၊ ၂၀၁၄

ထိုင်းနိုင်ငံကဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေ ထဲက အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ အရည်ချင်းပြည့်သူတွေကို လူတွေ့မေးမြန်းမှုတွေ စတင်တော့မယ်လို့ ထိုင်းအစိုးရက ပြောပါတယ် ဒီနှစ်ကုန်လောက်မှာ ပထမအသုတ်ကို ပို့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ စစ်တပ်အုပ်ချုပ်မှုကို တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် နယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံထဲခိုလှုံလာတဲ့ ဒုက္ခသည် ၉ သောင်းလောက်ဟာ ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေတာပါ။ ၁၉၈၀ ဝန်းကျင်ကစတင် ဖွင့်လှစ်တဲ့ ဒီစခန်းတွေမှာပဲ မွေးဖွားလာသူတွေ ရှိနေပြီး တချို့ဆို ဆယ်စုနှစ်နဲ့ချီ နေနေကြတာဖြစ်ပါတယ်။ ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းတဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာတဲ့အတွက် အများစုက နေရပ်မပြန်နိုင်ပဲ ဖြစ်နေပါတယ်။

မနှစ်က ၂၀၂၃ မေလထဲမှာတော့ ထိုင်း- အမေရိကန်နဲ့ ကုလသမဂ္ဂ UNHCR တို့က ဒီစခန်းတွေမှာ နေသူတွေ အမေရိကန်မှာ အခြေချခွင့်ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အခုတနှစ်ပြည့်မှာတော့ အခြေချဖို့ အရည်အချင်း ပြည့်မှီမှု ရှိမရှိ သူတို့ရဲ့ ကိုယ်ရေးအချက်လက်တွေကို ထိုင်းအစိုးရနဲ့ UNHCR က စစ်ဆေးမှု ပြီးဆုံးပြီဖြစ်ကြောင်း ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ လျှောက်ခွင့်ရှိသူက ၈ သောင်းကျော်ရှိနေပြီး အားလုံးလိုလိုက အမေရိကန်မှာ အခြေချချင်ကြောင်း စစ်ဆေးသူတွေကို ပြောကြားခဲ့တာပါ။

အမေရိကန်ဖက်က ဒုက္ခသည် စခန်းနှစ်ခု ကိုသွားရောက်ပြီး လူတွေ့မေးမြန်းခဲ့ပြီးပြီလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ Zcongklod Khawjang က VOA ကို ပြောပါတယ်။ သူတို့ဟာ ဒုက္ခသည်စခန်း ၉ ခုထဲ လူဦးရေး အနည်းဆုံး စခန်း ၂ ခုဖြစ်တဲ့ ဘန်းဒုံယန်းနဲ့ ထန်ဟင်း စခန်းတွေကို သွားခဲ့တာဖြစ်ပြီး ဒုက္ခသည် ၈၇၅၀ ကို လူတွေ့မေးမြန်းခဲ့တယ် လို့ပြောပါတယ်။

မေးမြန်းခဲ့သူတွေကို ဘယ်တော့ ပြောင်းရွှေ့ပေးမယ်ဆိုတာကိုရော ကျန်စခန်း ၇ ခုကို ဘယ်အချိန် သွားမယ် ဆိုတာကိုပါ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထိုင်းအစိုးရကိုအသိမပေးသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အခု မေးမြန်းခဲ့သူတွေကို ဒီနှစ်ထဲလောက်မှာပဲ အမေရိကန်ကို ပြောင်းရွှေ့ပေးဖို့ထိုင်းအစိုးရက မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG