သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်မယ့် မြန်မာနိုင်ငံက ဓါတ်သင်ပုန်း


360ed ကုမ္ပဏီကို စတင် တည်ထောင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင် မလှလှဝင်း။
360ed ကုမ္ပဏီကို စတင် တည်ထောင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင် မလှလှဝင်း။

တရုတ်နိုင်ငံက ကမ္ဘာကျော် အွန်လိုင်း ရောင်းချရေးကုမ္ပဏီကြီးဖြစ်တဲ့ အလီဘာဘာက ဦးဆောင်ပြီး တရုတ်အစိုးရရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ကျင်းပတဲ့ နိုင်ငံတကာ နည်းပညာပြပွဲမှာ Virtual Reality အွန်လိုင်း သင်ထောက်ကူ Application တွေ တီထွင် ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံက 360ed ဓါတ်သင်ပုံကုမ္ပဏီကို တည်ဆောင်သူ မလှလှဝင်း တက်ရောက်ပြီး သူတို့ကုမ္ပဏီက တီထွင်ထားတဲ့ နည်းပညာတွေကို ပါဝင် ပြသခဲ့ပါတယ်။ မေလ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံသားတွေ တီထွင်နဲ့ ခေတ်ပေါ် နည်းပညာတွေ ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက် ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်း မလှလှဝင်းက ပြောပါတယ်။ တရုတ်ပြည်မှာ ရောက်နေတဲ့ မလှလှဝင်းကို ဆက်သွယ်ပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG