သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး နာလန်ထူဖို့ လက်တွေ့အခက်အခဲများ


စီးပွားရေး နာလန်ထူဖို့ လက်တွေ့အခက်အခဲများ

စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ ဒီရက်ပိုင်းအတွင်း စီးပွားရေး လုပ်ငန်းရှင်းတွေနဲ့ အဓိကမြို့ကြီးတွေမှာ တွေ့ပြီး စီးပွားရေး ပြန်နာလန်ထူဖို့ပြောခဲ့ပေမဲ့၊ လက်တွေ့အခက်အခဲ အများကြီးရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး မိထ္ထီလာ၊ နောက် မန္တလေးနဲ့ ဒီအပတ် တနင်္လာမှာ ရန်ကုန်၊ နောက် တနေ့ အင်္ဂါတုံးကတော့ ပြည်မှာ အခုလိုတွေ့ဆုံကာ အသေး၊ အငယ်၊အလတ်စား လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပံ့ပိုး မြှင့်တင်ပေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာက ငွေကြေးအခက်အခဲနဲ့ ဈေးကွက်အတိုင်းဖြစ်ရေးအပြင် မဟာဗျူဟာရှိရေးနဲ့ တခြားပြဿနာတွေလည်း ရှိနေတယ်လို့ တက်ရောက်ခဲ့သူတွေနဲ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)



XS
SM
MD
LG