သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေစ်းမၿငိမ္ေပမဲ႔ အေရာင္းအ၀ယ္ သြက္ေနတဲ႔ ေရႊေစ်းကြက္


(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး စီးပြားေရး မေရရာမႈေတြၾကားမွာ ေရႊ၀ယ္ယူမႈ မ်ားလာၿပီး ေရႊေစ်းကလည္း တက္ၿပီးရင္း တက္ေနပါတယ္။ ေရႊေစ်းႏႈန္း က်ေစဖို႔ ရည္ရြယ္တဲ႔ စစ္ေကာင္စီရဲ႕ ေရႊျပား ထုတ္ေရာင္းတဲ႔ အစီအစဥ္ကလည္း လက္ရွိ ေရႊေစ်းႏႈန္း အေပၚမွာ သိသိသာသာ သက္ေရာက္တဲ႔ အရိပ္လကၡဏာ မေတြ႕ရသလို အခု ေနာက္ဆံုးမွာေတာ့ ေရႊတံုး ေရႊခဲ အေရာင္းအ၀ယ္ေတြကို ဘဏ္စနစ္နဲ႔သာ ေပးေခ်ႏိုင္ေရး အတြက္ ဗဟိုဘဏ္ ဘက္က ေဆြးေႏြးေနၾကပါတယ္။ လက္ရွိ ျမန္မာ့ ေရႊေစ်းကြက္ အတြင္း အေျခအေနနဲ႔ ေရွ႕အလားအလာကိုေတာ့ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ျမန္မာ့ အလင္းသတင္းစာမွာ စက္တင္ဘာလ ၁၃ ရက္ေန႔ ေစ်းကြက္ေပါက္ေစ်း အျဖစ္ အကယ္ဒမီ မီးလင္းေရႊ အဖြင့္ေစ်း တက်ပ္သား ၂၀၁၅၀၀၀ က်ပ္ ျဖစ္ေၾကာင္းနဲ႔ စက္တင္ဘာလ ၁၄ ရက္ေန႔ ေစ်းကြက္ေပါက္ေစ်း အျဖစ္ အကယ္ဒမီ မီးလင္းေရႊ အဖြင့္ေစ်း တက်ပ္သားကို ၁၉၉၄၀၀ က်ပ္ အျဖစ္ ရန္ကုန္တိုင္း ေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ား အသင္းကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ စက္တင္ဘာလ ၁၄ ရက္ေန႔ ေႏွာင္းပိုင္းမွာ ျမန္မာႏိုင္ငံတြင္းက ေရႊ လုပ္ငန္းရွင္ တဦးကို ဗြီအိုေအက ေစ်းကြက္ ေပါက္ေစ်း လွမ္းၿပီးစံုစမ္းတာမွာေတာ့ ေန႔ခင္း ၁၂ နာရီ ၄၄ မိနစ္မွာ အေခါက္ေရႊ ေပါက္ေစ်းက ၂၉၆၀၀၀၀ က်ပ္ ျဖစ္ၿပီး ေန႔ခင္း ၁ နာရီ ၃၉ မိနစ္မွာေတာ့ အေခါက္ေရႊ တက်ပ္သားရဲ႕ ေပါက္ေစ်းက ၂၉၄၀၀၀၀ က်ပ္ ျဖစ္ေၾကာင္းနဲ႔ ေန႔ခင္း ၂ နာရီ ၁၃ မိနစ္မွာေတာ့ အေခါက္ေရႊ တက်ပ္သားရဲ႕ ေစ်းႏႈန္းက ၂၉၆၀၀၀၀ က်ပ္ ေစ်းကို ျပန္ေရာက္သြားေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံက ေရႊထည္ေတြကို မွာယူၿပီး အေမရိကန္ ျပည္ေထာင္စုမွာ ျပန္ေရာင္းေနတဲ႔ မစႏိုးခ်ယ္ရီကလည္း စက္တင္ဘာလ ၁၄ ရက္ေန႔ ျမန္မာႏိုင္ငံက ေပါက္ေစ်းကို ဗြီအိုေအကို အခုလို ေျပာပါတယ္။

“တက်ပ္သားကို ျမန္မာႏုိင္ငံမွာ သိန္း ၃၀ ေက်ာ္တယ္။”

ေန႔စဥ္ ေရႊေစ်း အတက္အက်က ေသာင္းဂဏန္း ရွိေနတယ္လို႔လည္း ေစ်းကြက္ အတြင္းက သူေတြက ေျပာပါတယ္။ ေရႊေစ်းႏႈန္း က်ဆင္းေရး ႀကိဳးပမ္းမႈ ဆိုတဲ႔ စစ္ေကာင္စီရဲ႕ ေရႊျပား ထုတ္ေရာင္းတဲ႔ အစီအစဥ္ကလည္း လက္ရွိ ေရႊေစ်းကြက္ အေပၚမွာ အေျပာင္းအလဲ ႀကီးႀကီးမားမား သက္ေရာက္မႈ မေတြ႕ရေသးပါဘူး။ အခု ႏုိင္ငံပိုင္ သတင္းစာမွာ ေၾကညာေနတဲ႔ ေရႊ ေစ်းကြက္ ေပါက္ေစ်းဆိုတာလည္း အျပင္မွာ ၀ယ္မရတဲ႔ ေစ်းႏႈန္း ျဖစ္တယ္လို႔ ျပည္တြင္း လုပ္ငန္းရွင္ေတြက ဗီြအိုေအကို ေျပာၾကပါတယ္။ ျမန္မာႏုိင္ငံက ေရႊထည္ေတြကို အေမရိကန္မွာ ေရာင္းခ်ေနတဲ႔ မစႏိုးခ်ယ္ရီကေတာ့ ျပည္တြင္း ေရႊေစ်းႏႈန္းက အတက္အက် စိတ္မခ်ရတာေၾကာင့္ အလုပ္လုပ္ရတာ အရင္လို မဟုတ္ေၾကာင္း ဗီြအိုေအကို ေျပာပါတယ္။

“အရင္တုန္းကေတာ့ ေရႊေစ်းေတြက နည္းနည္း ၿငိမ္ေနတဲ႔ သေဘာဆိုေတာ့ ႀကိဳေရာင္းထားလို႔ အဆင္ေျပတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အဲလို လုပ္ရတာ အဆင္မေျပဘူး။ တခါတေလေတာ့ ပစၥည္းေရာက္တာလည္း ေနာက္က်တယ္။ ေရႊေစ်းေတြကလည္း တက္သြားတယ္ ဆိုရင္ Customer ေတြက နင္တို႔ ငါတို႔ကို ေျပာထားတုန္းက တေစ်း အခု တေစ်း ဆိုၿပီး အဲလို ျပႆနာေလးေတြ ရွိတယ္ေပါ့ေနာ္။ ”

အာဏာသိမ္းၿပီးေနာက္ပိုင္း ေရႊေစ်းနဲ႔ ေငြေၾကးေစ်းကြက္ဟာ အသိသာဆံုး အေျပာင္းအလဲနဲ႔ ႀကံဳေတြ႔ေနရၿပီး ဗဟိုဘဏ္ဘက္ကလည္း ထိန္းခ်ဳပ္ဖို႔ ရည္ရြယ္တဲ႔ လုပ္ေဆာင္ခ်က္သစ္ေတြ ထြက္ေပၚလာပါတယ္။ စက္တင္ဘာလ ၁၄ ရက္ေန႔ ဗုဒၶဟူးေန႔မွာေတာ့ ဗဟိုဘဏ္ ဥကၠဌ ေဒၚသန္းသန္းေဆြ နဲ႔ ေရႊနဲ႔ ေငြေၾကးေစ်းကြက္ ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရး လုပ္ငန္း ေကာ္မတီ တို႔ ေနျပည္ေတာ္မွာ ေတြ႕ဆံုၾကၿပီး ေရႊနဲ႔ ေငြေၾကး ေစ်းကြက္ တည္ၿငိမ္ ခိုင္မာေစေရး ေဆြးေႏြးၾကေၾကာင္း ႏုိင္ငံပိုင္ သတင္းေတြက ေဖာ္ျပၾကပါတယ္။

ေဆြးေႏြးခဲ႔ၾကတဲ႔ အထဲမွာ ေရႊတံုး ေရႊခဲ အေရာင္းအ၀ယ္မွာ ဘဏ္စနစ္နဲ႔သာ ေငြေပးေခ်ႏိုင္ေရး ဘဏ္ေတြက ပံ႔ပိုးေပးမယ့္ အစီအစဥ္လည္း ပါ၀င္ေၾကာင္း ႏုိင္ငံပိုင္ သတင္းက ေဖာ္ျပခဲ႔ပါတယ္။ ေငြေၾကးေစ်းကြက္ ထိန္းခ်ဳပ္ေရး ဗဟိုဘဏ္ဘက္က ဆက္တိုက္ ဆိုသလို လုပ္ေဆာင္ေနတဲ႔ ေဆာင္ရြက္ခ်က္ တခ်ိဳ႕ကို ေ၀ဖန္ၾကသူေတြ ရွိပါတယ္။ စီးပြားေရး ပညာရွင္ ေဒါက္တာ ေဇာ္ဦးက ဗီြအိုေအနဲ႔ သီးသန္႔ ေတြ႔ဆံု ေမးျမန္းခန္းမွာ အခုလို ထည့္သြင္း ေျပာဆိုခဲ႔ပါတယ္။

“ ဒီ ၂၀၂၂ ခုႏွစ္ ဧၿပီလ ၃ ရက္ေန႔မွာ ဗဟိုဘဏ္ကေန ထုတ္ျပန္လိုက္တဲ႔ အထူးသျဖင့္ က်ေနာ္တို႔ ႏုိင္ငံျခား ေငြလဲႏႈန္းကို သူတို႔က ကန္႔သတ္လိုက္တဲ႔ ႏႈန္းေသ အေနနဲ႔ သတ္မွတ္လိုက္တဲ႔ ျပႆနာ ၁၈၅၀ အေနနဲ႔ သတ္မွတ္လိုက္တဲ႔ ျပႆနာက တကယ့္ အႀကီးမားဆံုး ေရေသာက္ျမစ္ ျပႆနာႀကီး ျဖစ္လာတယ္ေပါ့။ ”

ဗဟိုဘဏ္ဘက္က အခု ေဆြးေႏြး ေနသလို ေရႊတံုး ေရႊခဲ အေရာင္းအ၀ယ္မွာ ဘဏ္စနစ္နဲ႔ ေပးေခ်ေရး ဆိုတာမွာ ဘဏ္ေတြ အေပၚ ယံုၾကည္မႈနဲ႔ ဘဏ္က ေငြထုတ္တာမွာ ရာခိုင္ႏႈန္းနဲ႔ အျမတ္ေပးေနရတာမ်ိဳး၊ အကန္႔အသတ္နဲ႔ ေငြထုတ္ေနရတာမ်ိဳးေတြ မရွိေတာ့ရင္ေတာ့ ျဖစ္လာႏုိင္ေျခ ရွိတယ္လို႔ ျပည္တြင္း ေရႊလုပ္ငန္းရွင္ အသိုင္းအ၀ိုင္းက ေျပာပါတယ္။

လက္ရွိ ဘဏ္ ေငြေခ်စနစ္နဲ႔ ေရႊ ေရာင္းခ်ႏုိင္ပါလားလို႔ ေမးၾကည့္တာမွာေတာ့ ေရႊလုပ္ငန္းရွင္ေတြ အေနနဲ႔ ေရႊထည္ ပစၥည္းေတြကေတာ့ အက်ိဳးအျမတ္ တခု ရွိတာေၾကာင့္ ဘဏ္ ေငြေခ်စနစ္နဲ႔ ေရာင္းခ်ႏုိင္ေပမယ့္လည္း ေရႊတံုး ေရႊခဲ ကေတာ့ ဘဏ္ ေငြေခ် စနစ္နဲ႔ ေရာင္းဖို႔ အဆင္မေျပဘူးလို႔ ေျပာၾကပါတယ္။ လက္ရွိမွာေတာ့ ျမန္မာႏုိင္ငံတြင္းမွာ ေငြလႊဲေျပာင္းတာမွာပါ ေငြကို အျပည့္ထုတ္လုိ႔ မရေသးေၾကာင္းလည္း အေမရိကန္က လုပ္ငန္းရွင္ မစႏိုးခ်ယ္ရီကလည္း ေျပာျပပါတယ္။

“တကယ္တန္းေတာ့ Western Union ဆိုတာက ျမန္မာျပည္ထဲကို တရား၀င္ လႊဲေနတာေပါ့။ အဲဒီကေန လႊဲလို႔ ရွိရင္ သြားထုတ္တဲ႔ လူက တခါထုတ္ရင္ ၅ သိန္းဘဲ ရတာတို႔ ဘာတို႔ အရမ္း အခက္အခဲ ရွိပါတယ္။ ”

ဗဟိုဘဏ္ဘက္က နုိင္ငံျခား ေငြလဲႏႈန္းကို ႏႈန္းေသ မသတ္မွတ္ခင္ ကတည္းက ျပည္တြင္း ေရႊေစ်းက တရိပ္ရိပ္ တက္ေနတာပါ။ မတ္လ ၈ ရက္ေန႔မွာေတာ့ ျပည္တြင္း ေရႊေစ်းႏႈန္းက တက်ပ္သားကို သိန္း ၂၀ ထိ ျဖစ္ခဲ႔ခ်ိန္မွာေတာ့ ရန္ကုန္ ေရႊလုပ္ငန္းရွင္ အသင္း ဥကၠဌ ဦးမ်ိဳးျမင့္က တရုတ္ ႏုိင္ငံပိုင္ Xinhua သတင္းဌာနကို ေရႊေစ်းနဲ႔ ပတ္သက္ၿပီး ေျဖၾကားတာမွာေတာ့ ျမန္မာ ဗဟိုဘဏ္က ေစ်းကြက္ထဲကို ေဒၚလာ ထုတ္ေရာင္းရင္ ေရႊေစ်း က်သြားမယ္လို႔ ထည့္သြင္း ေျပာဆိုခဲ႔ပါတယ္။ အဲဒီ အခ်ိန္က အေမရိကန္ တေဒၚလာကို ျပင္ပ ေပါက္ေစ်းက ၂၀၀၀ က်ပ္ေက်ာ္ ျဖစ္ခဲ႔ခ်ိန္ပါ။ အခုအခ်ိန္္မွာေတာ့ အေမရိကန္ တေဒၚလာကို ျပင္ပ ေပါက္ေစ်းက က်ပ္ ၃၀၀၀ ျဖစ္ေနပါၿပီ။

ဒါေပမယ့္လည္း ျပည္တြင္း ေရႊ၊ စိန္နဲ႔ ေက်ာက္မ်က္ ေလာကမွာေတာ့ အေရာင္းအ၀ယ္ မက်ပါဘူး။ ေနျပည္ေတာ္က ေက်ာက္မ်က္ပြဲေတြမွာ လာေရာက္ ၀ယ္ယူမႈ မ်ားသလိုဘဲ သံုစြဲသူေတြဘက္ကလည္း အ၀ယ္လိုက္ေနဆဲ ျဖစ္ေၾကာင္း ျပည္တြင္း ေရႊ ေက်ာက္မ်က္ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ လြန္ခဲ႔တဲ႔ ၆ လ ကနဲ႔ ယွဥ္ရင္ေတာ့ အ၀ယ္ အနည္းငယ္ က်တယ္လို႔ သံုးသပ္သူေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဈေးမငြိမ်ပေမဲ့ အရောင်းအဝယ် သွက်နေတဲ့ ရွှေဈေးကွက်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စီးပွားရေး မရေရာမှုတွေကြားမှာ ရွှေဝယ်ယူမှု များလာပြီး ရွှေဈေးကလည်း တက်ပြီးရင်း တက်နေပါတယ်။ ရွှေဈေးနှုန်း ကျစေဖို့ ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ရွှေပြား ထုတ်ရောင်းတဲ့ အစီအစဉ်ကလည်း လက်ရှိ ရွှေဈေးနှုန်း အပေါ်မှာ သိသိသာသာ သက်ရောက်တဲ့ အရိပ်လက္ခဏာ မတွေ့ရသလို အခု နောက်ဆုံးမှာတော့ ရွှေတုံး ရွှေခဲ အရောင်းအဝယ်တွေကို ဘဏ်စနစ်နဲ့သာ ပေးချေနိုင်ရေး အတွက် ဗဟိုဘဏ် ဘက်က ဆွေးနွေးနေကြပါတယ်။ လက်ရှိ မြန်မာ့ ရွှေဈေးကွက် အတွင်း အခြေအနေနဲ့ ရှေ့အလားအလာကိုတော့ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာ့ အလင်းသတင်းစာမှာ စက်တင်ဘာလ ၁၃ ရက်နေ့ ဈေးကွက်ပေါက်ဈေး အဖြစ် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး တကျပ်သား ၂၀၁၅၀၀၀ ကျပ် ဖြစ်ကြောင်းနဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ဈေးကွက်ပေါက်ဈေး အဖြစ် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး တကျပ်သားကို ၁၉၉၄၀၀ ကျပ် အဖြစ် ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ နှောင်းပိုင်းမှာ မြန်မာနိုင်ငံတွင်းက ရွှေ လုပ်ငန်းရှင် တဦးကို ဗွီအိုအေက ဈေးကွက် ပေါက်ဈေး လှမ်းပြီးစုံစမ်းတာမှာတော့ နေ့ခင်း ၁၂ နာရီ ၄၄ မိနစ်မှာ အခေါက်ရွှေ ပေါက်ဈေးက ၂၉၆၀၀၀၀ ကျပ် ဖြစ်ပြီး နေ့ခင်း ၁ နာရီ ၃၉ မိနစ်မှာတော့ အခေါက်ရွှေ တကျပ်သားရဲ့ ပေါက်ဈေးက ၂၉၄၀၀၀၀ ကျပ် ဖြစ်ကြောင်းနဲ့ နေ့ခင်း ၂ နာရီ ၁၃ မိနစ်မှာတော့ အခေါက်ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက ၂၉၆၀၀၀၀ ကျပ် ဈေးကို ပြန်ရောက်သွားကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံက ရွှေထည်တွေကို မှာယူပြီး အမေရိကန် ပြည်ထောင်စုမှာ ပြန်ရောင်းနေတဲ့ မစနိုးချယ်ရီကလည်း စက်တင်ဘာလ ၁၄ ရက်နေ့ မြန်မာနိုင်ငံက ပေါက်ဈေးကို ဗွီအိုအေကို အခုလို ပြောပါတယ်။

“တကျပ်သားကို မြန်မာနိုင်ငံမှာ သိန်း ၃၀ ကျော်တယ်။”

နေ့စဉ် ရွှေဈေး အတက်အကျက သောင်းဂဏန်း ရှိနေတယ်လို့လည်း ဈေးကွက် အတွင်းက သူတွေက ပြောပါတယ်။ ရွှေဈေးနှုန်း ကျဆင်းရေး ကြိုးပမ်းမှု ဆိုတဲ့ စစ်ကောင်စီရဲ့ ရွှေပြား ထုတ်ရောင်းတဲ့ အစီအစဉ်ကလည်း လက်ရှိ ရွှေဈေးကွက် အပေါ်မှာ အပြောင်းအလဲ ကြီးကြီးမားမား သက်ရောက်မှု မတွေ့ရသေးပါဘူး။ အခု နိုင်ငံပိုင် သတင်းစာမှာ ကြေညာနေတဲ့ ရွှေ ဈေးကွက် ပေါက်ဈေးဆိုတာလည်း အပြင်မှာ ဝယ်မရတဲ့ ဈေးနှုန်း ဖြစ်တယ်လို့ ပြည်တွင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောကြပါတယ်။ မြန်မာနိုင်ငံက ရွှေထည်တွေကို အမေရိကန်မှာ ရောင်းချနေတဲ့ မစနိုးချယ်ရီကတော့ ပြည်တွင်း ရွှေဈေးနှုန်းက အတက်အကျ စိတ်မချရတာကြောင့် အလုပ်လုပ်ရတာ အရင်လို မဟုတ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အရင်တုန်းကတော့ ရွှေဈေးတွေက နည်းနည်း ငြိမ်နေတဲ့ သဘောဆိုတော့ ကြိုရောင်းထားလို့ အဆင်ပြေတယ်။ ဒီနောက်ပိုင်းမှာတော့ အဲလို လုပ်ရတာ အဆင်မပြေဘူး။ တခါတလေတော့ ပစ္စည်းရောက်တာလည်း နောက်ကျတယ်။ ရွှေဈေးတွေကလည်း တက်သွားတယ် ဆိုရင် Customer တွေက နင်တို့ ငါတို့ကို ပြောထားတုန်းက တဈေး အခု တဈေး ဆိုပြီး အဲလို ပြဿနာလေးတွေ ရှိတယ်ပေါ့နော်။ ”

အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးနဲ့ ငွေကြေးဈေးကွက်ဟာ အသိသာဆုံး အပြောင်းအလဲနဲ့ ကြုံတွေ့နေရပြီး ဗဟိုဘဏ်ဘက်ကလည်း ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်သစ်တွေ ထွက်ပေါ်လာပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ နဲ့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်း ကော်မတီ တို့ နေပြည်တော်မှာ တွေ့ဆုံကြပြီး ရွှေနဲ့ ငွေကြေး ဈေးကွက် တည်ငြိမ် ခိုင်မာစေရေး ဆွေးနွေးကြကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြကြပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ အထဲမှာ ရွှေတုံး ရွှေခဲ အရောင်းအဝယ်မှာ ဘဏ်စနစ်နဲ့သာ ငွေပေးချေနိုင်ရေး ဘဏ်တွေက ပံ့ပိုးပေးမယ့် အစီအစဉ်လည်း ပါဝင်ကြောင်း နိုင်ငံပိုင် သတင်းက ဖော်ပြခဲ့ပါတယ်။ ငွေကြေးဈေးကွက် ထိန်းချုပ်ရေး ဗဟိုဘဏ်ဘက်က ဆက်တိုက် ဆိုသလို လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက် တချို့ကို ဝေဖန်ကြသူတွေ ရှိပါတယ်။ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ ဒီ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ ဗဟိုဘဏ်ကနေ ထုတ်ပြန်လိုက်တဲ့ အထူးသဖြင့် ကျနော်တို့ နိုင်ငံခြား ငွေလဲနှုန်းကို သူတို့က ကန့်သတ်လိုက်တဲ့ နှုန်းသေ အနေနဲ့ သတ်မှတ်လိုက်တဲ့ ပြဿနာ ၁၈၅၀ အနေနဲ့ သတ်မှတ်လိုက်တဲ့ ပြဿနာက တကယ့် အကြီးမားဆုံး ရေသောက်မြစ် ပြဿနာကြီး ဖြစ်လာတယ်ပေါ့။ ”

ဗဟိုဘဏ်ဘက်က အခု ဆွေးနွေး နေသလို ရွှေတုံး ရွှေခဲ အရောင်းအဝယ်မှာ ဘဏ်စနစ်နဲ့ ပေးချေရေး ဆိုတာမှာ ဘဏ်တွေ အပေါ် ယုံကြည်မှုနဲ့ ဘဏ်က ငွေထုတ်တာမှာ ရာခိုင်နှုန်းနဲ့ အမြတ်ပေးနေရတာမျိုး၊ အကန့်အသတ်နဲ့ ငွေထုတ်နေရတာမျိုးတွေ မရှိတော့ရင်တော့ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ပြည်တွင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

လက်ရှိ ဘဏ် ငွေချေစနစ်နဲ့ ရွှေ ရောင်းချနိုင်ပါလားလို့ မေးကြည့်တာမှာတော့ ရွှေလုပ်ငန်းရှင်တွေ အနေနဲ့ ရွှေထည် ပစ္စည်းတွေကတော့ အကျိုးအမြတ် တခု ရှိတာကြောင့် ဘဏ် ငွေချေစနစ်နဲ့ ရောင်းချနိုင်ပေမယ့်လည်း ရွှေတုံး ရွှေခဲ ကတော့ ဘဏ် ငွေချေ စနစ်နဲ့ ရောင်းဖို့ အဆင်မပြေဘူးလို့ ပြောကြပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်းမှာ ငွေလွှဲပြောင်းတာမှာပါ ငွေကို အပြည့်ထုတ်လို့ မရသေးကြောင်းလည်း အမေရိကန်က လုပ်ငန်းရှင် မစနိုးချယ်ရီကလည်း ပြောပြပါတယ်။

“တကယ်တန်းတော့ Western Union ဆိုတာက မြန်မာပြည်ထဲကို တရားဝင် လွှဲနေတာပေါ့။ အဲဒီကနေ လွှဲလို့ ရှိရင် သွားထုတ်တဲ့ လူက တခါထုတ်ရင် ၅ သိန်းဘဲ ရတာတို့ ဘာတို့ အရမ်း အခက်အခဲ ရှိပါတယ်။ ”

ဗဟိုဘဏ်ဘက်က နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းသေ မသတ်မှတ်ခင် ကတည်းက ပြည်တွင်း ရွှေဈေးက တရိပ်ရိပ် တက်နေတာပါ။ မတ်လ ၈ ရက်နေ့မှာတော့ ပြည်တွင်း ရွှေဈေးနှုန်းက တကျပ်သားကို သိန်း ၂၀ ထိ ဖြစ်ခဲ့ချိန်မှာတော့ ရန်ကုန် ရွှေလုပ်ငန်းရှင် အသင်း ဥက္ကဌ ဦးမျိုးမြင့်က တရုတ် နိုင်ငံပိုင် Xinhua သတင်းဌာနကို ရွှေဈေးနဲ့ ပတ်သက်ပြီး ဖြေကြားတာမှာတော့ မြန်မာ ဗဟိုဘဏ်က ဈေးကွက်ထဲကို ဒေါ်လာ ထုတ်ရောင်းရင် ရွှေဈေး ကျသွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ အဲဒီ အချိန်က အမေရိကန် တဒေါ်လာကို ပြင်ပ ပေါက်ဈေးက ၂၀၀၀ ကျပ်ကျော် ဖြစ်ခဲ့ချိန်ပါ။ အခုအချိန်မှာတော့ အမေရိကန် တဒေါ်လာကို ပြင်ပ ပေါက်ဈေးက ကျပ် ၃၀၀၀ ဖြစ်နေပါပြီ။
ဒါပေမယ့်လည်း ပြည်တွင်း ရွှေ၊ စိန်နဲ့ ကျောက်မျက် လောကမှာတော့ အရောင်းအဝယ် မကျပါဘူး။ နေပြည်တော်က ကျောက်မျက်ပွဲတွေမှာ လာရောက် ဝယ်ယူမှု များသလိုဘဲ သုံစွဲသူတွေဘက်ကလည်း အဝယ်လိုက်နေဆဲ ဖြစ်ကြောင်း ပြည်တွင်း ရွှေ ကျောက်မျက် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လ ကနဲ့ ယှဉ်ရင်တော့ အဝယ် အနည်းငယ် ကျတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

XS
SM
MD
LG