သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ေဒၚလာတန္ဖိုး ျမင့္တက္မႈ ကမာၻ႔ေစ်းကြက္အေပၚ႐ိုက္ခတ္ 


အေမရိကန္ႏုိင္္ငံ၊ ကာလီဖိုးနီးယားျပည္နယ္၊ Oakland ဆိပ္ကမ္းတြင္ ကုန္ခ်ေနသည့္ ကုန္တင္သေဘၤာတစီး။ ၁၂ ဧၿပီ ၂၀၁၈။

အေမရိကန္ ေဒၚလာ တန္ဖိုးဟာ တျခားေသာ ကမ ၻာ့ေငြေၾကးေတြထက္ သိသိသာသာ ေစ်းတက္လာၿပီး ကမ ၻာတလႊားမွာေရာ အေမရိကန္ ႏိုင္ငံတြင္းမွာပါ က်ယ္က်ယ္ျပန္႔ျပန္႔ ႐ိုက္ခတ္ေစပါတယ္။ Rob Garver ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။    

အေမရိကန္ ေဒၚလာတန္ဖိုး ျမင့္တက္မႈ ကမာၻ႔ေစ်းကြက္အေပၚ႐ိုက္ခတ္

{{Zawgyi/Unicode}}
အေမရိကန္ ေဒၚလာ တန္ဖိုးဟာ တျခားေသာ ကမ ၻာ့ေငြေၾကးေတြထက္ သိသိသာသာ ေစ်းတက္လာၿပီး ကမ ၻာတလႊားမွာေရာ အေမရိကန္ ႏိုင္ငံတြင္းမွာပါ က်ယ္က်ယ္ျပန္႔ျပန္႔ ႐ိုက္ခတ္ေစပါတယ္။ အေမရိကန္ ေဒၚလာ တန္ဖိုးတက္လာတာေၾကာင့္ အေမရိကန္ ႏိုင္ငံတြင္း ေငြေၾကးေဖာင္းပြမႈနဲ႔ ကမ ၻာတလႊား ကုန္စည္ေစ်းႏႈန္းေတြကို ထိန္းထားႏိုင္ေျခ ရွိႏိုင္သလို အေမရိကန္ ေဒၚလာနဲ႔ သတ္မွတ္ ေငြေခ်းထားတဲ႔ ဆင္းရဲတဲ႔ ႏိုင္ငံေတြ အတြက္ေတာ့ အက်ပ္အတည္း ပိုေတြ႕ေစႏိုင္ပါတယ္။ Rob Garver ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

အေမရိကန္မွာ ၿပီးခဲ႔တဲ႔ အဂၤါေန႔ ေန႔လည္ပိုင္း ေစ်းကြက္ေတြ ပိတ္ခ်ိန္မွာေတာ့ ၁ ယူ႐ိုကို အေမရိကန္ ၁ ေဒၚလာ ၂ဆင့္၊ ၿဗိတိန္သံုးေငြ ၁ ေပါင္ကို အေမရိကန္ ၁ ေဒၚလာ ၂၀ ဆင့္ နဲ႔ ဂ်ပန္ ၁ ယန္းကေတာ့ အေမရိကန္ ေဒၚလာ ဒသမ ၀၁ ေအာက္ကို က်သြားၿပီး ဒီႏႈန္းထားေတြ အားလံုးဟာ အေမရိကန္ ေဒၚလာနဲ႔ လဲလွယ္ရာမွာ သမိုင္း၀င္ က်ဆင္းသြားတာမ်ိဳး ျဖစ္ပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္ကတည္းက ကမ ၻာ့ ေငြေၾကးေတြနဲ႔ ယွဥ္ရင္ အေမရိကန္ ေဒၚလာတန္ဖိုး တက္လာေနတာ ျဖစ္ေပမယ့္လည္း အခု ေႏြရာသီမွာစၿပီး အေမရိကန္ ေဒၚလာတန္ဖိုး ျမန္ျမန္ဆန္ဆန္ တက္လာတာ ျဖစ္ပါတယ္။

အေမရိကန္မွာ ေငြေၾကးေဖာင္းပြမႈကို တိုက္ဖ်က္ေရးအတြက္ ဗဟိုဘဏ္က အတိုးႏႈန္း တိုးျမႇင့္တာကို ဦးစားေပး ေဆာင္ရြက္လာမႈ၊ ေနာက္ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ မေရရာမႈေတြ ၾကံဳေနရတဲ႔ အေျခအေနမွာ ကမ ၻာတလႊားက ရင္းႏွီးျမႇဳပ္ႏွံသူေတြက လံုျခံဳစိတ္ခ်ရာ အေမရိကန္ကို ပိုင္ဆိုင္မႈေတြ ေရႊ႕ၾကတာေတြေၾကာင့္ အခုလို အေမရိကန္ ေဒၚလာ ေစ်းတက္လာရတဲ႔ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။

အေမရိကန္ေဒၚလာ ေစ်းတက္လာရတဲ႔ အဓိက အေၾကာင္းရင္းကေတာ့ အေမရိကန္ ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္းသစ္ မူဝါဒေၾကာင့္ ျဖစ္ပါတယ္။ ဒီႏွစ္ အစပိုင္းမွာ ရည္ၫႊန္း အတိုးႏႈန္းကို သုည ကေန ၀.၂၅ ရာခိုင္ႏႈန္းနဲ႔ စတင္ခဲ႔ၿပီးေနာက္မွာ ဗဟိုဘဏ္က အတိုးႏႈန္းကို သံုးဆ တိုးျမႇင့္လိုက္တာေၾကာင့္ အတိုးႏႈန္းက ၁.၅၀ ရာခိုင္ႏႈန္းနဲ႔ ၁.၇၅ ရာခိုင္ႏႈန္းကို ေရာက္သြားၿပီး ထပ္ၿပီးလည္း တိုးမယ္လို႔ ေျပာဆိုထားတာပါ။ အေမရိကန္ ဗဟိုဘဏ္ ဥကၠဌ Jerome Powell က ဇြန္လ ၂၂ ရက္ေနမွာ အခုလို ေျပာဆိုပါတယ္။

ေငြေၾကးေဖာင္းပြမႈ တိုးလာတာေၾကာင့္ အခက္အခဲ ေတြ႕ရတာကို နားလည္ထားပါတယ္။ ေငြေၾကးေဖာင္းပြမႈကို ျပန္ခ်ႏိုင္ဖို႔ ခိုင္ခိုင္မာမာ ပိုင္းျဖတ္ထားၿပီး ဒီလို လုပ္ေဆာင္ႏိုင္ဖို႔ အတြက္လည္း အစြမ္းကုန္ ေဆာင္ရြက္ေနပါတယ္။ အေမရိကန္ မိသားစုေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကိုယ္စား ကုန္ေစ်းႏႈန္း တည္ၿငိမ္ေရးကို ျပန္လည္ ထိန္းႏိုင္ေရးအတြက္ ေျဖရွင္းခ်က္နဲ႔ လိုအပ္တဲ႔ နည္းလမ္းေတြ ႏွစ္ခုစလံုး က်ေနာ္တို႔မွာ ရွိပါတယ္။

အေမရိကန္ ေဒၚလာ တန္ဖိုး တက္လာမႈေၾကာင့္ အေမရိကန္ ႏိုင္ငံတြင္း သက္ေရာက္မႈေတြကေတာ့ ေရာေထြးေနပါတယ္။ ျပည္ပ ခရီးသြားတဲ႔ အေမရိကန္ေတြ အတြက္ေတာ့ အရင္ကထက္ ေငြက ပိုၿပီး အသံုးခံမွာ ျဖစ္ပါတယ္။ အေမရိကန္ ေဒၚလာနဲ႔ လဲလွယ္ရာမွာ ေစ်းက်သြားတဲ႔ ႏိုင္ငံေတြထံက ကုန္စည္ေတြကို တင္သြင္းတာမွာလည္း ေစ်းႏႈန္း သက္သာသြားတဲ႔ သေဘာ ျဖစ္ပါတယ္။ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ကုန္ေစ်းႏႈန္းႀကီးေနတဲ႔ အခ်ိန္မွာ သြင္းကုန္ေတြ ေစ်းက်တာေၾကာင့္ အေမရိကန္ စားသံုးသူေတြ အတြက္ ကုန္က်စရိတ္ သက္သာေစမွာပါ။
အေမရိကန္ ေဒၚလာတန္ဖိုး တက္လာတာေၾကာင့္ ဆိုးက်ိဳး သက္ေရာက္မႈေတြလည္း ရွိပါတယ္။

အေမရိကန္က ကုန္ထုတ္လုပ္သူေတြနဲ႔ ပို႔ကုန္ တင္ပို႔သူေတြ အေနနဲ႔ေတာ့ ျပည္ပ တင္ပို႔မႈမွာ ပိုၿပီး ေစ်းႀကီးသြားေစတာ ျဖစ္လို႔ သူတို႔ အတြက္ေတာ့ မေကာင္းဘူးလို႔ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာ ေလ႔လာေရး ဌာနက ႏိုင္ငံတကာ စီးပြားေရးဆိုင္ရာ အႀကီးအကဲ Wiliam Reinsch က ဗြီအိုေအကို ေျပာပါတယ္။

အေမရိကန္ ေဒၚလာတန္ဖိုး တက္လာတာ ကမ ၻာ့ စီးပြားေရးမွာလည္း အၾကမ္းဖ်ဥ္းအားျဖင့္ေတာ့ အႏုတ္သေဘာေဆာင္တဲ႔ သက္ေရာက္မႈ ျဖစ္ၿပီး အထူးသျဖင့္ေတာ့ ေစ်းကြက္ ဖြံ႔ၿဖိဳးစ ႏိုင္င့ေတြမွာ ျဖစ္တယ္လို႔ ႏိုင္ငံတကာ စီးပြားေရးဆိုင္ရာ Peterson Institute က အႀကီးတန္း ပညာရွင္ Maurice Obstfeld က ဗြီအိုေအကို ေျပာပါတယ္။

ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူ အမ်ားအျပားကေတာ့ အတိုးႏႈန္းထက္ စီးပြားေရး ဖြံ႔ၿဖိဳးမႈ အလားအလာေကာင္းနဲ႔ ေဘးကင္းလံုျခံဳမႈအတြက္ ဖြံ႔ၿဖိဳးၿပီး ႏိုင္ငံေတြထံက ပိုင္ဆိုင္မႈေတြကို အေမရိကန္ကို ေျပာင္းေရႊ႕ေနၾကပါတယ္။

ယူကရိန္း စစ္ပြဲေၾကာင့္ မေသခ်ာ မေရရာမႈေတြ ျဖစ္ေနတဲ႔ ဥေရာပမွာ ဒီ အေျခအေနေတြ ျဖစ္ေနတာပါ။ က်ဴးေက်ာ္စစ္ေၾကာင့္ အေနာက္ႏိုင္ငံေတြရဲ႕ ဒဏ္ခတ္မႈနဲ႔ ရင္ဆိုင္ေနရတဲ႔ ႐ုရွားက ဥေရာပရဲ႕ ဓာတ္ေငြ႕ လိုအပ္ခ်က္ အမ်ားအျပားကို ထိန္းခ်ဳပ္ထားတာ ျဖစ္ၿပီး အနာဂတ္မွာ ဓာတ္ေငြ႕ လံုေလာက္ေအာင္ ရပါ့မလားဆိုတာက ရွင္းရွင္းလင္းလင္း မရွိတာေၾကာင့္ စီးပြားေရး ဖြံ႔ၿဖိဳးမႈ အေပၚ ႐ိုက္ခတ္ သက္ေရာက္မႈ ျဖစ္ေစပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................

အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်မှု ကမ္ဘာ့ဈေးကွက်အပေါ်ရိုက်ခတ်

{{Zawgyi/Unicode}}
အမေရိကန် ဒေါ်လာ တန်ဖိုးဟာ တခြားသော ကမ ္ဘာ့ငွေကြေးတွေထက် သိသိသာသာ ဈေးတက်လာပြီး ကမ ္ဘာတလွှားမှာရော အမေရိကန် နိုင်ငံတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်စေပါတယ်။ အမေရိကန် ဒေါ်လာ တန်ဖိုးတက်လာတာကြောင့် အမေရိကန် နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုနဲ့ ကမ ္ဘာတလွှား ကုန်စည်ဈေးနှုန်းတွေကို ထိန်းထားနိုင်ခြေ ရှိနိုင်သလို အမေရိကန် ဒေါ်လာနဲ့ သတ်မှတ် ငွေချေးထားတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ အတွက်တော့ အကျပ်အတည်း ပိုတွေ့စေနိုင်ပါတယ်။ Rob Garver ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အမေရိကန်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လည်ပိုင်း ဈေးကွက်တွေ ပိတ်ချိန်မှာတော့ ၁ ယူရိုကို အမေရိကန် ၁ ဒေါ်လာ ၂ဆင့်၊ ဗြိတိန်သုံးငွေ ၁ ပေါင်ကို အမေရိကန် ၁ ဒေါ်လာ ၂၀ ဆင့် နဲ့ ဂျပန် ၁ ယန်းကတော့ အမေရိကန် ဒေါ်လာ ဒသမ ၀၁ အောက်ကို ကျသွားပြီး ဒီနှုန်းထားတွေ အားလုံးဟာ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ သမိုင်းဝင် ကျဆင်းသွားတာမျိုး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ကမ ္ဘာ့ ငွေကြေးတွေနဲ့ ယှဉ်ရင် အမေရိကန် ဒေါ်လာတန်ဖိုး တက်လာနေတာ ဖြစ်ပေမယ့်လည်း အခု နွေရာသီမှာစပြီး အမေရိကန် ဒေါ်လာတန်ဖိုး မြန်မြန်ဆန်ဆန် တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရေးအတွက် ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်တာကို ဦးစားပေး ဆောင်ရွက်လာမှု၊ နောက် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် မရေရာမှုတွေ ကြုံနေရတဲ့ အခြေအနေမှာ ကမ ္ဘာတလွှားက ရင်းနှီးမြှုပ်နှံသူတွေက လုံခြုံစိတ်ချရာ အမေရိကန်ကို ပိုင်ဆိုင်မှုတွေ ရွှေ့ကြတာတွေကြောင့် အခုလို အမေရိကန် ဒေါ်လာ ဈေးတက်လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ဈေးတက်လာရတဲ့ အဓိက အကြောင်းရင်းကတော့ အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းသစ် မူဝါဒကြောင့် ဖြစ်ပါတယ်။ ဒီနှစ် အစပိုင်းမှာ ရည်ညွှန်း အတိုးနှုန်းကို သုည ကနေ ဝ.၂၅ ရာခိုင်နှုန်းနဲ့ စတင်ခဲ့ပြီးနောက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို သုံးဆ တိုးမြှင့်လိုက်တာကြောင့် အတိုးနှုန်းက ၁.၅၀ ရာခိုင်နှုန်းနဲ့ ၁.၇၅ ရာခိုင်နှုန်းကို ရောက်သွားပြီး ထပ်ပြီးလည်း တိုးမယ်လို့ ပြောဆိုထားတာပါ။ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Jerome Powell က ဇွန်လ ၂၂ ရက်နေမှာ အခုလို ပြောဆိုပါတယ်။

ငွေကြေးဖောင်းပွမှု တိုးလာတာကြောင့် အခက်အခဲ တွေ့ရတာကို နားလည်ထားပါတယ်။ ငွေကြေးဖောင်းပွမှုကို ပြန်ချနိုင်ဖို့ ခိုင်ခိုင်မာမာ ပိုင်းဖြတ်ထားပြီး ဒီလို လုပ်ဆောင်နိုင်ဖို့ အတွက်လည်း အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ အမေရိကန် မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုယ်စား ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ပြန်လည် ထိန်းနိုင်ရေးအတွက် ဖြေရှင်းချက်နဲ့ လိုအပ်တဲ့ နည်းလမ်းတွေ နှစ်ခုစလုံး ကျနော်တို့မှာ ရှိပါတယ်။

အမေရိကန် ဒေါ်လာ တန်ဖိုး တက်လာမှုကြောင့် အမေရိကန် နိုင်ငံတွင်း သက်ရောက်မှုတွေကတော့ ရောထွေးနေပါတယ်။ ပြည်ပ ခရီးသွားတဲ့ အမေရိကန်တွေ အတွက်တော့ အရင်ကထက် ငွေက ပိုပြီး အသုံးခံမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ဈေးကျသွားတဲ့ နိုင်ငံတွေထံက ကုန်စည်တွေကို တင်သွင်းတာမှာလည်း ဈေးနှုန်း သက်သာသွားတဲ့ သဘော ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးနေတဲ့ အချိန်မှာ သွင်းကုန်တွေ ဈေးကျတာကြောင့် အမေရိကန် စားသုံးသူတွေ အတွက် ကုန်ကျစရိတ် သက်သာစေမှာပါ။
အမေရိကန် ဒေါ်လာတန်ဖိုး တက်လာတာကြောင့် ဆိုးကျိုး သက်ရောက်မှုတွေလည်း ရှိပါတယ်။

အမေရိကန်က ကုန်ထုတ်လုပ်သူတွေနဲ့ ပို့ကုန် တင်ပို့သူတွေ အနေနဲ့တော့ ပြည်ပ တင်ပို့မှုမှာ ပိုပြီး ဈေးကြီးသွားစေတာ ဖြစ်လို့ သူတို့ အတွက်တော့ မကောင်းဘူးလို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အကြီးအကဲ Wiliam Reinsch က ဗွီအိုအေကို ပြောပါတယ်။

အမေရိကန် ဒေါ်လာတန်ဖိုး တက်လာတာ ကမ ္ဘာ့ စီးပွားရေးမှာလည်း အကြမ်းဖျဉ်းအားဖြင့်တော့ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှု ဖြစ်ပြီး အထူးသဖြင့်တော့ ဈေးကွက် ဖွံ့ဖြိုးစ နိုင်င့တွေမှာ ဖြစ်တယ်လို့ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ Peterson Institute က အကြီးတန်း ပညာရှင် Maurice Obstfeld က ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အများအပြားကတော့ အတိုးနှုန်းထက် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာကောင်းနဲ့ ဘေးကင်းလုံခြုံမှုအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေထံက ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို ပြောင်းရွှေ့နေကြပါတယ်။

ယူကရိန်း စစ်ပွဲကြောင့် မသေချာ မရေရာမှုတွေ ဖြစ်နေတဲ့ ဥရောပမှာ ဒီ အခြေအနေတွေ ဖြစ်နေတာပါ။ ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားက ဥရောပရဲ့ ဓာတ်ငွေ့ လိုအပ်ချက် အများအပြားကို ထိန်းချုပ်ထားတာ ဖြစ်ပြီး အနာဂတ်မှာ ဓာတ်ငွေ့ လုံလောက်အောင် ရပါ့မလားဆိုတာက ရှင်းရှင်းလင်းလင်း မရှိတာကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု အပေါ် ရိုက်ခတ် သက်ရောက်မှု ဖြစ်စေပါတယ်။

XS
SM
MD
LG