သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး လူ ၉၀၀ နီးပါးပျောက်ဆုံး


ကယ်လီဖိုးနီးယားတောမီး
ကယ်လီဖိုးနီးယားတောမီး

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း တောမီးလောင်ကျွမ်းမှုမှာ သေဆုံးသူ ၈၁ ယောက် ရှိခဲ့ပြီး အခုအချိန်မှာတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ အနေနဲ့သူတိုရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေနေကြပါတယ်။

လူပေါင်း ၉၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ တရားဝင် ပျောက်ဆုံးသူ စာရင်းက တရက်နဲ့ တရက် ရာနဲ့ချီပြီး ကွဲပြားမှု ရှိနေရသလဲ ဆိုတဲ့ အပေါ်မှာ လေ့လာသူတွေကြား နားမလည်နိုင် ဖြစ်နေပြီး တရားဝင် ပျောက်ဆုံးသူ စာရင်း အပေါ် သံသယနဲ့ တုံ့ပြန်မှုတွေလည်း ရှိနေပါတယ်။ သီတင်းပတ်ကုန်ပိုင်း အတွင်းမှာဘဲ ပျောက်ဆုံးသူ အရေအတွက် ၁ထောင့် ၂ ရာ ထိ ဖြစ်ခဲ့ပြီးနောက် အခု အရေအတွက်ကို လျော့ကျလာခဲ့တာပါ။ ပျောက်ဆုံးသူ အရေအတွက် အတက် အကျ ဖြစ်နေရတာက တရားဝင် ရေတွက်မှုထက် အကြမ်းဖျဉ်း ခန့်မှန်း တွက်ချက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒေသဆိုင်ရာ ရဲဌာနက မီးစလောင်ကတည်းက လက်ခံရရှိခဲ့တဲ့ အရေးပေါ်နံပတ် 911 ကို ခေါ်ဆိုမှု အားလုံးကို ပျောက်ဆုံးလူတွေ အဖြစ် စာရင်း ပြုစုထားတာ ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေတွင်းမှာ သတင်းအချက်အလက်တွေ ရတာနဲ့ ထုတ်ပြန်ပေးခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီးအကဲ Kory L. Honea က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ပြည့်စုံမှု မရှိပေမယ့် အသုံးတည့်ပါတယ်လို့ ပြောဆိုတာပါ။ မနေ့ အင်္ဂါနေ့ တနေ့တည်းမှာတင် ဒေသဆိုင်ရာ ရဲဌာန အနေနဲ့ လူပေါင်း ၁၉၅ ယောက်ကို ရှာတွေ့ခဲ့ပေမယ့်လည်း နောက်ထပ် လူပေါင်း ၁၇၁ ယောက် ပျောက်ဆုံး သတင်းပေးချက်တွေ ထပ်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG