သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတောမီး ဆက်လက်ပျံ့နှံ့မယ့် အန္တရာယ် အာဏာပိုင်တွေ သတိပေး


လော့စ်အိန်ဂျလိစ်မီးလောင်ပြင်ကို တားဆီးငြိမ်းသတ်ဖို့ကြိုးစားနေကြတဲ့ မီးသတ်ဝန်ထမ်များ။ (ဇန်နဝါရီ ၉၊၊ ၂၀၂၅)
လော့စ်အိန်ဂျလိစ်မီးလောင်ပြင်ကို တားဆီးငြိမ်းသတ်ဖို့ကြိုးစားနေကြတဲ့ မီးသတ်ဝန်ထမ်များ။ (ဇန်နဝါရီ ၉၊၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာတောမီးကြောင့် ဒီနေ့အထိ သေဆုံးသူ ၂၅ ဦးရှိသွားပြီဖြစ်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ခြောက်သွေ့ပြီး လေပြင်း တိုက်ခတ်နိုင်တာကြောင့် မီးကူးစက်နိုင်တဲ့အန္တရာယ်ကိုသတိထားဖို့ အမျိုးသားမိုးလေဝသဌာန အပါအဝင် ဒေသဆိုင်ရာအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် ထားပါတယ်။

လူ ၃၀ လောက်ပျောက်ဆုံးနေဆဲဖြစ်တဲ့အတွက် သေဆုံးသူအရေအတွက်ဟာ တိုးလာနိုင်တယ် လို့လည်း လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass ကပြောပါတယ်။ အင်္ဂါနေ့မှာ လေတိုက်နှုန်း ခန့်မှန်းထားတာထက်လျော့ကျခဲ့ပေမယ့် အခြေအနေတွေဟာ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းလောက်မှာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန် ထားပါတယ်။

မီးသတ်တပ်ဖွဲ့တွေဟာ တနင်္လာနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ နောက်ထပ်နေရာငယ်တခုအပြင် အဓိက တောမီးလောင်ကျွမ်းနေတဲ့နေရာနှစ်နေရာကို မီးငြိမ်းသတ်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပေမယ့်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အခက်အခဲနဲ့ကြုံနေရပါတယ်။ လော့စ်အိန်ဂျလိစ်ဒေသတွင်း တောမီးဟာ ၉၆ စတုရန်းကီလိုမီတာအကျယ် လောင်ကျွမ်းခဲ့ပြီး အဲဒီအထဲက ၁၈ ရာနှုန်းဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်းတွေကနေ မီးတောက်တွေဖြစ်ပြီး နောက်ထပ်မီးလောင်ကျွမ်းမှာကို စိုးရိမ်တဲ့အတွက် ကာကွယ်တဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကိုလည်း ပိတ်ထားတာကြောင့် နေအိမ် ခုနစ်သောင်း၊ ခုနစ်ထောင် (၇၇,၀၀၀) လောက်ဟာလည်း လျှပ်စစ်မီးမရဖြစ်နေပါတယ်။ မီးဘေးကြောင့် လောလောဆယ် လူ ရှစ်သောင်းရှစ်ထောင် (၈၈,၀၀၀) လောက်ကို ကယ်ဆယ် ထားရပြီး နောက်ထပ် လူ ရှစ်သောင်းငါးထောင် (၈၅,၀၀၀) လောက်ကို နေရာရွှေ့ပြောင်းကယ်ဆယ် ရနိုင်ကြောင်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG