သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လော့စ်အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ် လောင်ကျွမ်း


 ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မှာကူးစက်ပျံ့နှံ့လာတဲ့တောမီးကြောင့် Pasadena Jewish Temple & Center ဂျူးဘုရားကျောင်း မီးလောင်ကျွမ်းနေစဥ်။ (ဇန်နဝါရီ ၇၊ ၂၀၂၅)
ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မှာကူးစက်ပျံ့နှံ့လာတဲ့တောမီးကြောင့် Pasadena Jewish Temple & Center ဂျူးဘုရားကျောင်း မီးလောင်ကျွမ်းနေစဥ်။ (ဇန်နဝါရီ ၇၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာလေပြင်းတိုက်ခတ်မှုနဲ့ အတူ တောမီးပျံ့နှံ့လောင်ကျွမ်းနေတာကြောင့် မီးသတ်သမားတွေက မီးငြိမ်းသတ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြရပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ အခြေအနေတွေပိုဆိုးလာနိုင်တဲ့အတွက် ဒေသ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။

တောမီးကြောင့် အိမ်တွေမီးလောင်ပျက်စီးခဲ့သလို ကားလမ်းတချို့လည်း ပိတ်ထားရပါတယ်။ ဒါ့အပြင် ထောင်နဲ့ သောင်နဲ့ချီတဲ့ဒေသခံတွေလည်းဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတဲ့အတွက် လိုအပ်မယ့် အကူအညီအထောက်အပံ့တွေအတွက်လည်း တာဝန်ရှိသူတွေက ပြင်ဆင်နေရပါတယ်။ အင်္ဂါနေ့ ညနေပိုင်းကစတင်ခဲ့တဲ့တောမီးဟာ လော့စ်အိန်ဂျလိစ်မြို့မြောက်ဘက် ကုန်းတွင်းပိုင်းကျတဲ့ တောင်ကုန်းတွေဘက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အလျင်အမြန် ပျံ့နှံ့လာတာကြောင့် လူအိုရုံတခု အပါအဝင် ဒေသခံတွေကိုရွှေ့ ပြောင်းပေးခဲ့ ရပါတယ်။

ဒါ့အပြင် အဲဒီမတိုင်မီ အခြားနေရာမှာလည်း တောမီးစတင်လောင်ကျွမ်းခဲ့ပြီး မြို့ရဲ့ ပစိဖိတ်ကမ်းခြေ တလျှောက် ကုန်းမြင့်ပေါ်က နာမည်ကြီးအနုပညာသမားတွေရဲ့အိမ်တွေရှိရာ ရပ်ကွက်တွေအပါအဝင် Pacific Palisades ရပ်ကွက်တွေကို ပါလောင်ကျွမ်းခဲ့ပါတယ်။

ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးကြရာမှာလည်း ယာဉ်ကြောပိတ်ဆို့နေတာကြောင့် ကားတွေ ထားပြီး ခြေလျင်ထွက်ပြေးကြတဲ့အတွက် လမ်းတလျှောက်ပိတ်ဆို့နေတဲ့ကားတွေကို ဘူဒိုဇာ ဂေါ်ထိုး ကားတွေနဲ့ ထိုးပြီးဖယ်ရှားခဲ့ရပါတယ်။ အခုလိုအခြေအနေတွေကြောင့် Raiverside County ကို သွားရောက်ဖို့စီစဉ်ထားတဲ့ သမ္မတဘိုင်ဒန်ရဲ့ ခရီးစဉ်လည်း ဖျက်သိမ်းလိုက်ရပါတယ်။

ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေမယ့်လည်း အဲဒိမီးဘေးသင့် ဒေသကိုသွားရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး Gavin Newsom ကတော့ လူ ၃၀,၀၀၀ လောက်အတွက် အကူအညီတွေလုပ်ဆောင်နေရပြီး အိုးအိမ် ၁၃,၀၀၀ လောက် မီးဘေးအန္တရာယ်ရှိနေကြောင်းနဲ့ အိုးအိမ်တော်များများ လောင်ကျွမ်းခဲ့တယ်လို့တော့ ပြောခဲ့ပါတယ်။

 လော့စ်အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ် လောင်ကျွမ်း
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG