သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အေနာက္ဘက္ျခမ္း ေတာမီးေလာင္မႈ အဆိုးဆံုး ရင္ဆိုင္ေနရတဲ့ ျမန္မာႏြယ္ဖြြားမ်ား


ကယ္လီဖိုးနီးယားမွာ ေတာမီးကတဆင့္ ကူးစက္ေလာင္ကၽြမ္းခံေနရတဲ့ ေနအိမ္တလုံး။ (စက္တင္ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ အေနာက္ဘက္ ကမ္း႐ိုးတန္းျပည္နယ္ ၃ ခုမွာ ခုခ်ိန္ထိ ေလာင္ကၽြမ္းေနတဲ့ ေတာမီးေၾကာင့္ ေသဆုံးသူအေရအတြက္ တုိးလာသလုိ ေနာက္ဆက္တဲြအျဖစ္ အဆုတ္နဲ႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြ ရင္ဆိုင္လာရတယ္လို႔ မီးေဘးသင့္ေဒသက အေမရိကန္-ျမန္မာ မိသားစုဝင္တခ်ဳိ႕က ေျပာၾကပါတယ္။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္း ေတာမီးေလာင္ကၽြမ္းေနတဲ့ ျပည္နယ္ေတြထဲမွာ ကယ္လီဖိုးနီးယားျပည္နယ္က အမ်ားဆုံးျဖစ္ၿပီး ေအာ္ရီဂြန္၊ ဝါရွင္တန္ျပည္နယ္ေတြမွာလည္း ခုခ်ိန္ထိ ဆက္လက္ေလာင္ကၽြမ္းေနဆဲ ျဖစ္ပါတယ္။ ၁၀၀ ဒီဂရီ ဖာရင္ဟုိက္ေက်ာ္ရွိတဲ့ ပူျပင္းလြန္းတဲ့ ရာသီဥတုေၾကာင့္ အဲဒီျပည္နယ္ေတြမွာ ၾသဂုတ္လ ၂၀ ရက္ေနာက္ပိုင္းကစလို႔ တၿပဳိင္နက္တည္းလိုလို မီးစတင္ ေလာင္ကၽြမ္းခဲ့တာ ျဖစ္တယ္လို႔ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕မွာေနတဲ့ ဆရာဝန္တဦးျဖစ္သူ ေဒါက္တာ စုိင္းေထြးေမာင္က ေျပာပါတယ္။

“ဒီမီးက ကယ္လီဖိုးနီးယားျပည္နယ္က စေလာင္တာပဲ၊ ဆန္ဖရန္စစၥကို Bay area ဘက္မွာလည္း ေလာင္တာပဲ။ တဆက္တည္းမွာ ဟို ေအာ္ရီဂြန္မွာလည္း ေလာင္တယ္၊ ဝါရွင္တန္ျပည္နယ္မွာလည္း ေလာင္တယ္။ တခ်ိန္တည္းမွာပဲ ေလာင္ၾကတာ၊ ကူးစက္သြားတာ မဟုတ္ဘူးဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ အရမ္းပူလို႔။ မီးစေလာင္တဲ့ အဲဒီအခ်ိန္တုန္းကဆိုရင္ က်ေနာ္တုိ႔ဘက္မွာ အပူခ်ိန္က ၁၀၀ ေက်ာ္တယ္၊ ၁၀၄ - ၁၁၀ အထိေလာက္ထိကို အရမ္းပဲ ေတာ္ေတာ့္ကိုပူတယ္။ အရမ္းပူတဲ့အခ်ိန္ျဖစ္ေတာ့ အဲဒီမွာ မီးထေလာင္ေတာ့တာ။”

ကယ္လီဖိုးနီးယားနဲ႔ကပ္လ်က္ ေအာ္ရီဂြန္ျပည္နယ္ထဲမွာ ဒီရက္ပိုင္း ေလၿငိမ္သက္တာေၾကာင့္ ေတာမီးေလာင္ေနတဲ့ ေနရာတခ်ဳိ႕ကို မီးသတ္သမားေတြ ထိန္းခ်ဳပ္လာႏုိင္ေပမယ့္ ေသဆုံးသူအေရအတြက္ တိုးလာေနၿပီး ေပ်ာက္ဆုံးေနသူေတြ ဆက္ရွိေနေသးတယ္လုိ႔ မီးေဘးဒဏ္ကေန ေခတၱ ထြက္ေျပးတိမ္းေရွာင္လာရတဲ့ Molalla ၿမဳိ႕ခံ ဂ်ပန္စားေသာက္ဆိုင္ပိုင္ရွင္ ကိုထြန္းထြန္းက ေျပာပါတယ္။

“ေအာ္ရီဂြန္မွာ မီးေလာင္တာ ၃၈ ေနရာေလာက္ ေလာင္တယ္။ အႀကီးစား မီးေလာင္မႈ ၆ ခုေလာက္ရွိတယ္။ ဒါေပမယ့္ ခု ရာသီဥတုက ေလမတိုက္ေတာ့ သူတို႔ ႀကဳိးစားၿပီး ထိန္းထားတယ္။ အဲဒီေလာင္တဲ့ မီးႀကီးထဲက တခုပဲ ၇၀ ရာခုိင္ႏႈန္း ထိန္းႏုိင္တယ္ေပါ့ေလ။ ဒီ Marion ေကာင္တီမွာ ေလာေလာဆယ္ စာရင္းအရ ၅ ေယာက္ေသတယ္၊ ဒါဇင္နဲ႔ခ်ီ ေပ်ာက္ေနတယ္။ ေသတယ္ဆိုတာက လြန္ခဲ့တဲ့ ၄ ရက္ေလာက္တုန္းက ႐ုတ္တရက္ ေလျပင္းေတြတိုက္တဲ့အခ်ိန္မွာ မီးက ကူးစက္တာ တအားျမန္တယ္ဗ်။ ျမန္ေတာ့ တခ်ဳိ႕လူေတြက ေျပးခ်ိန္ကို မရလိုက္ေတာ့တာ။ က်ေနာ္တို႔လည္း အိမ္ကိုပစ္ထားၿပီးေတာ့ ေျပးရတာေပါ့ဗ်ာ။”

အေမရိကန္ ျပည္တြင္းသတင္းေတြအရ ေဒသစံေတာ္ခ်ိန္ တနဂၤေႏြ မြန္းလဲြပိုင္းအထိ ေတာမီးေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၃၃ ဦးရွိၿပီး မီးေလာင္ဧရိယာထဲက ဒါဇင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

အေမရိကန္ ေတာမီးေလာင္ကၽြမ္းမႈသမိုင္းမွာ ဒီႏွစ္ဟာ အဆုိးဆုံးပဲလို႔ ေဒသဆိုင္ရာ မီးသတ္ဌာနေတြက သုံးသပ္ထားၿပီး ေနာက္ဆက္တဲြ အက်ဳိးဆက္အျဖစ္ ေကာင္းကင္မွာ လြင့္ေနတဲ့ မီးခိုးျပာေတြေၾကာင့္ အဆုတ္နဲ႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြ ႀကဳံလာႏုိင္တာကို သတိထားၾကဖို႔ ကယ္လီဖိုးနီးယားျပည္နယ္ အာဏာပိုင္ေတြက သတိေပးခ်က္ ထုတ္ျပန္ထားေၾကာင္း ေဒါက္တာ စုိင္းေထြးေမာင္က ေျပာပါတယ္။

“အခု ဒီမွာ ေကာင္းကင္ေပၚကို ေမာ့ၾကည့္လိုက္ရင္ တခါတည္းကို မီးခိုးေတြ အုပ္ေနတယ္။ ေနေတာင္မေတြ႔ရဘူး ျဖစ္ေနတာ။ မီးခိုးေတြက ေတာ္ေတာ့္ကို အုပ္တာ။ က်ေနာ္တို႔ LA ၿမဳိ႕ထဲမွာဆိုရင္ လမ္းမေပၚမွာေရာ အိမ္ဝင္းထဲမွာေရာ ျပာေတြ အကုန္လုံးက်တယ္ဗ်။ အဲလို ျပာေတြက်ေတာ့ အခုဆိုလို႔ရွိရင္ ကယ္လီဖိုးနီးယား အစိုးရေရာ၊ LA အုပ္ခ်ဳပ္ေရးအဖဲြ႔ကပါ ေၾကညာထားတာ ဒါက Unhealthy Air မသန္႔ရွင္းတဲ့ေလေတြရွိတယ္။ အျပင္မထြက္ၾကနဲ႔ဆိုေတာ့ အထူးသျဖင့္ Asthma ပန္းနာရင္ၾကပ္ေရာဂါ ရွိတဲ့လူေတြ ဆုိရင္ေတာ့ အဲဒီျပာေတြနဲ႔ မရဘူးဆိုၿပီး ေျပာတယ္။ အဲဒီျပာေတြေၾကာင့္ ႏွာေစးမယ္၊ ေခ်ာင္းဆိုးမယ္၊ ရင္ၾကပ္ျပန္ထမယ္။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ အိမ္ျပင္သိပ္မထြက္ရဲဘူး၊ မထြက္ခိုင္းဘူး။”

ကုိဗစ္ကူးစက္မႈ ရင္ဆိုင္ေနရတဲ့ ခုလိုကာလမွာ ကပ္ေရာဂါအျပင္ ေတာမီးအႏၱရာယ္ပါ ႀကဳံလာတာေၾကာင့္ တပူေပၚႏွစ္ပူဆင့္ဆိုသလို ျဖစ္လာရတယ္လို႔ မီးေဘးအႏၱရာယ္ကို တိမ္းေရွာင္ရင္း ေအာ္ရီဂြန္ျပည္နယ္ထဲက Tortland ၿမဳိ႕မွာ ေခတၱခုိလႈံေနရတဲ့ ကိုထြန္းထြန္းက သုံးသပ္ပါတယ္။

“က်ေနာ္ကိုယ္တိုင္သည္ပင္လွ်င္ က်ေနာ္တုိ႔မိသားစု စားေသာက္ဆုိင္ေလး လုပ္ေနတာ ခုဆိုရင္ က်ေနာ္တို႔ ဆိုင္မဖြင့္ႏိုင္ဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ က်ေနာ္တုိ႔က ေနတဲ့အိမ္ကလည္း ေျပးရတယ္။ ဆိုင္ဖြင့္ထားတဲ့ ေနရာကလည္း သူက အႏၱရာယ္ဇုန္ထဲမွာ ပါတာေပါ့။ အဲလိုေနရာဆိုေတာ့ အဲဒီမွာလည္း မီးခိုးေတြနဲ႔။ မီးခိုးေတြရွိေနေတာ့ လူကမလာဘူး။ စားေသာက္ဆုိင္ဆိုတာ လူလာစားမွ ေရာင္းရတဲ့ဟာမ်ဳိးကိုး။ ကိုဗစ္ကလည္းရွိ၊ တဖက္မွာ မီးခိုးကလည္းရွိ ဆိုေတာ့ က်ေနာ္တို႔က ဆိုင္ပိတ္ထားရတယ္။ ထို႔အတူပဲ စီးပြားေရးလုပ္ငန္းမွာ တခ်ဳိ႕စက္႐ုံေတြ ပိတ္ရတယ္၊ အလုပ္သမားေတြ ျပန္လႊတ္ရတယ္၊ အေတာ္ ထိခိုက္ပါတယ္။”

အေမရိကန္ အေနာက္ဘက္ ကမ္း႐ုိးတန္းျပည္နယ္က ၿမိဳ႕ႀကီးေတြျဖစ္တဲ့ ကယ္လီဖိုးနီးယားျပည္နယ္က ေလာ့စ္အိန္ဂ်လိစ္၊ ဆန္ဖရန္စစၥကိုၿမိဳ႕ေတြ၊ ဝါရွင္တန္ျပည္နယ္က Seattle ၿမဳိ႕နဲ႔ ေအာ္ရီဂြန္ျပည္နယ္က Portland စတဲ့ ၿမိဳ႕ေတြရဲ႕ ဆင္ေျခဖုံးနဲ႔ ေတာင္ေပၚသစ္ေတာဝိုင္းတဝုိက္ ေျမဧကေပါင္း ၄.၆ သန္းေက်ာ္မွာ ေတာမီးေလာင္ကၽြမ္းမႈေပါင္း ၁၀၀ ေက်ာ္ ျဖစ္ခဲ့တယ္လို႔ ေဒသဆုိင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီျပည္နယ္ေတြက ေတာမီးကို ၿငိႇမ္းသတ္ႏို္င္ဖို႔အတြက္ မီးသတ္သမားေတြနဲ႔ အျခား ကၽြမ္းက်င္ဝန္ထမ္း စုစုေပါင္း ၃၀,၀၀၀ ေလာက္ တာဝန္ယူ လုပ္ေဆာင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အမေရိကန် အနောက်ဘက်ခြမ်း တောမီးလောင်မှု အဆိုးဆုံး ရင်ဆိုင်နေရတဲ့ မြန်မာနွယ်ဖွားများ

အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းပြည်နယ် ၃ ခုမှာ ခုချိန်ထိ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက် တိုးလာသလို နောက်ဆက်တွဲအဖြစ် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်လာရတယ်လို့ မီးဘေးသင့်ဒေသက အမေရိကန်-မြန်မာ မိသားစုဝင်တချို့က ပြောကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း တောမီးလောင်ကျွမ်းနေတဲ့ ပြည်နယ်တွေထဲမှာ ကယ်လီဖိုးနီးယားပြည်နယ်က အများဆုံးဖြစ်ပြီး အော်ရီဂွန်၊ ဝါရှင်တန်ပြည်နယ်တွေမှာလည်း ခုချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ကျော်ရှိတဲ့ ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် အဲဒီပြည်နယ်တွေမှာ သြဂုတ်လ ၂၀ ရက်နောက်ပိုင်းကစလို့ တပြိုင်နက်တည်းလိုလို မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ လော့စ်အိန်ဂျလိစ်မြို့မှာနေတဲ့ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ဒီမီးက ကယ်လီဖိုးနီးယားပြည်နယ်က စလောင်တာပဲ၊ ဆန်ဖရန်စစ္စကို Bay area ဘက်မှာလည်း လောင်တာပဲ။ တဆက်တည်းမှာ ဟို အော်ရီဂွန်မှာလည်း လောင်တယ်၊ ဝါရှင်တန်ပြည်နယ်မှာလည်း လောင်တယ်။ တချိန်တည်းမှာပဲ လောင်ကြတာ၊ ကူးစက်သွားတာ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းပူလို့။ မီးစလောင်တဲ့ အဲဒီအချိန်တုန်းကဆိုရင် ကျနော်တို့ဘက်မှာ အပူချိန်က ၁၀၀ ကျော်တယ်၊ ၁၀၄ - ၁၁၀ အထိလောက်ထိကို အရမ်းပဲ တော်တော့်ကိုပူတယ်။ အရမ်းပူတဲ့အချိန်ဖြစ်တော့ အဲဒီမှာ မီးထလောင်တော့တာ။”

ကယ်လီဖိုးနီးယားနဲ့ကပ်လျက် အော်ရီဂွန်ပြည်နယ်ထဲမှာ ဒီရက်ပိုင်း လေငြိမ်သက်တာကြောင့် တောမီးလောင်နေတဲ့ နေရာတချို့ကို မီးသတ်သမားတွေ ထိန်းချုပ်လာနိုင်ပေမယ့် သေဆုံးသူအရေအတွက် တိုးလာနေပြီး ပျောက်ဆုံးနေသူတွေ ဆက်ရှိနေသေးတယ်လို့ မီးဘေးဒဏ်ကနေ ခေတ္တ ထွက်ပြေးတိမ်းရှောင်လာရတဲ့ Molalla မြို့ခံ ဂျပန်စားသောက်ဆိုင်ပိုင်ရှင် ကိုထွန်းထွန်းက ပြောပါတယ်။

“အော်ရီဂွန်မှာ မီးလောင်တာ ၃၈ နေရာလောက် လောင်တယ်။ အကြီးစား မီးလောင်မှု ၆ ခုလောက်ရှိတယ်။ ဒါပေမယ့် ခု ရာသီဥတုက လေမတိုက်တော့ သူတို့ ကြိုးစားပြီး ထိန်းထားတယ်။ အဲဒီလောင်တဲ့ မီးကြီးထဲက တခုပဲ ၇၀ ရာခိုင်နှုန်း ထိန်းနိုင်တယ်ပေါ့လေ။ ဒီ Marion ကောင်တီမှာ လောလောဆယ် စာရင်းအရ ၅ ယောက်သေတယ်၊ ဒါဇင်နဲ့ချီ ပျောက်နေတယ်။ သေတယ်ဆိုတာက လွန်ခဲ့တဲ့ ၄ ရက်လောက်တုန်းက ရုတ်တရက် လေပြင်းတွေတိုက်တဲ့အချိန်မှာ မီးက ကူးစက်တာ တအားမြန်တယ်ဗျ။ မြန်တော့ တချို့လူတွေက ပြေးချိန်ကို မရလိုက်တော့တာ။ ကျနော်တို့လည်း အိမ်ကိုပစ်ထားပြီးတော့ ပြေးရတာပေါ့ဗျာ။”

အမေရိကန် ပြည်တွင်းသတင်းတွေအရ ဒေသစံတော်ချိန် တနင်္ဂနွေ မွန်းလွဲပိုင်းအထိ တောမီးကြောင့် သေဆုံးသူ အနည်းဆုံး ၃၃ ဦးရှိပြီး မီးလောင်ဧရိယာထဲက ဒါဇင်နဲ့ချီတဲ့ ဒေသခံတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အမေရိကန် တောမီးလောင်ကျွမ်းမှုသမိုင်းမှာ ဒီနှစ်ဟာ အဆိုးဆုံးပဲလို့ ဒေသဆိုင်ရာ မီးသတ်ဌာနတွေက သုံးသပ်ထားပြီး နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ကောင်းကင်မှာ လွင့်နေတဲ့ မီးခိုးပြာတွေကြောင့် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်တာကို သတိထားကြဖို့ ကယ်လီဖိုးနီးယားပြည်နယ် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“အခု ဒီမှာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရင် တခါတည်းကို မီးခိုးတွေ အုပ်နေတယ်။ နေတောင်မတွေ့ရဘူး ဖြစ်နေတာ။ မီးခိုးတွေက တော်တော့်ကို အုပ်တာ။ ကျနော်တို့ LA မြို့ထဲမှာဆိုရင် လမ်းမပေါ်မှာရော အိမ်ဝင်းထဲမှာရော ပြာတွေ အကုန်လုံးကျတယ်ဗျ။ အဲလို ပြာတွေကျတော့ အခုဆိုလို့ရှိရင် ကယ်လီဖိုးနီးယား အစိုးရရော၊ LA အုပ်ချုပ်ရေးအဖွဲ့ကပါ ကြေညာထားတာ ဒါက Unhealthy Air မသန့်ရှင်းတဲ့လေတွေရှိတယ်။ အပြင်မထွက်ကြနဲ့ဆိုတော့ အထူးသဖြင့် Asthma ပန်းနာရင်ကြပ်ရောဂါ ရှိတဲ့လူတွေ ဆိုရင်တော့ အဲဒီပြာတွေနဲ့ မရဘူးဆိုပြီး ပြောတယ်။ အဲဒီပြာတွေကြောင့် နှာစေးမယ်၊ ချောင်းဆိုးမယ်၊ ရင်ကြပ်ပြန်ထမယ်။ ဒါကြောင့်မို့ ကျနော်တို့ အိမ်ပြင်သိပ်မထွက်ရဲဘူး၊ မထွက်ခိုင်းဘူး။”

ကိုဗစ်ကူးစက်မှု ရင်ဆိုင်နေရတဲ့ ခုလိုကာလမှာ ကပ်ရောဂါအပြင် တောမီးအန္တရာယ်ပါ ကြုံလာတာကြောင့် တပူပေါ်နှစ်ပူဆင့်ဆိုသလို ဖြစ်လာရတယ်လို့ မီးဘေးအန္တရာယ်ကို တိမ်းရှောင်ရင်း အော်ရီဂွန်ပြည်နယ်ထဲက Tortland မြို့မှာ ခေတ္တခိုလှုံနေရတဲ့ ကိုထွန်းထွန်းက သုံးသပ်ပါတယ်။

“ကျနော်ကိုယ်တိုင်သည်ပင်လျှင် ကျနော်တို့မိသားစု စားသောက်ဆိုင်လေး လုပ်နေတာ ခုဆိုရင် ကျနော်တို့ ဆိုင်မဖွင့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နေတဲ့အိမ်ကလည်း ပြေးရတယ်။ ဆိုင်ဖွင့်ထားတဲ့ နေရာကလည်း သူက အန္တရာယ်ဇုန်ထဲမှာ ပါတာပေါ့။ အဲလိုနေရာဆိုတော့ အဲဒီမှာလည်း မီးခိုးတွေနဲ့။ မီးခိုးတွေရှိနေတော့ လူကမလာဘူး။ စားသောက်ဆိုင်ဆိုတာ လူလာစားမှ ရောင်းရတဲ့ဟာမျိုးကိုး။ ကိုဗစ်ကလည်းရှိ၊ တဖက်မှာ မီးခိုးကလည်းရှိ ဆိုတော့ ကျနော်တို့က ဆိုင်ပိတ်ထားရတယ်။ ထို့အတူပဲ စီးပွားရေးလုပ်ငန်းမှာ တချို့စက်ရုံတွေ ပိတ်ရတယ်၊ အလုပ်သမားတွေ ပြန်လွှတ်ရတယ်၊ အတော် ထိခိုက်ပါတယ်။”

အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်က မြို့ကြီးတွေဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုမြို့တွေ၊ ဝါရှင်တန်ပြည်နယ်က Seattle မြို့နဲ့ အော်ရီဂွန်ပြည်နယ်က Portland စတဲ့ မြို့တွေရဲ့ ဆင်ခြေဖုံးနဲ့ တောင်ပေါ်သစ်တောဝိုင်းတဝိုက် မြေဧကပေါင်း ၄.၆ သန်းကျော်မှာ တောမီးလောင်ကျွမ်းမှုပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီပြည်နယ်တွေက တောမီးကို ငြှိမ်းသတ်နိုင်ဖို့အတွက် မီးသတ်သမားတွေနဲ့ အခြား ကျွမ်းကျင်ဝန်ထမ်း စုစုပေါင်း ၃၀,၀၀၀ လောက် တာဝန်ယူ လုပ်ဆောင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG