(Zawgyi / Unicode)
အေမရိကန္ အေနာက္ဘက္ကမ္း႐ိုးတန္းေဒသ ကယ္လီဖိုးနီးယားျပည္နယ္ကေန ဝါရွင္တန္ျပည္နယ္အျပင္ တျခားေဒသေတြအထိ ေသာၾကာေန႔ ေႏွာင္းပိုင္းထိဆိုရင္ ေတာမီးအေရအတြက္ ၁၀၀ ေက်ာ္ ေလာင္ကၽြမ္းေနပါတယ္။
ဒီေတာမီးေၾကာင့္ ၿမိဳ႕လံုးကၽြတ္ ထိခိုက္ပ်က္စီးတာေတြ ရွိထားသလို ေသဆံုးသူကလည္း ၂၄ ဦးထက္မနည္း ရွိေနပါၿပီ။
Oregon ျပည္နယ္မွာဆိုရင္ အိမ္ေျခေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ၿပီျဖစ္သလို ေျမဧက ေထာင္ေပါင္းမ်ားစြာလည္း မီးေလာင္ကၽြမ္းခံထားရပါတယ္။
ျပည္နယ္လူဦးေရရဲ႕ ၁၀ ရာခုိင္ႏႈန္းေက်ာ္ျဖစ္တဲ့ လူ ၅၀၀,၀၀၀ ေက်ာ္ကို ကယ္ဆယ္ေရႊ႕ေျပာင္းေရး နည္းလမ္း တနည္းနည္းနဲ႔ ကယ္ထုတ္ထားရပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္မွာေတာ့ လူေပါင္း ၆၈,၀၀၀ ေက်ာ္ကို ကယ္ထုတ္ ေရႊ႕ေျပာင္းေပးထားပါတယ္။
ေဒသတြင္း ေနရာအမ်ားအျပားမွာ မီးခိုးလံုးႀကီးနဲ႔ ျပာမႈန္ေတြ သိပ္သည္းလြန္းတာေၾကာင့္ က်န္းမာေရးဆိုင္ရာ သတိေပးခ်က္ေတြ ထုတ္ျပန္ထားရသလို ေဒသခံေတြ အိမ္ထဲမွာပဲေနၾကဖို႔ တာဝန္ရွိသူေတြက ႏႈိးေဆာ္ထားပါတယ္။
တာဝန္ရွိသူေတြအေနနဲ႔ ေတာမီးေတြကို ၿငိႇမ္းသတ္ဖို႔ ႀကိဳးစားေနရ႐ံုသာမက ဆိုရွယ္္မီဒီယာေတြေပၚမွာ သတင္းမွားနဲ႔ လုပ္ႀကံသတင္းေတြ ျဖန္႔ေနတာကိုလည္း ရင္ဆိုင္ ေျဖရွင္းေနရပါတယ္။
လက္ယာစြန္းနဲ႔ လက္ဝဲစြန္း အုပ္စုေတြက မီးစ႐ိႈ႕ခဲ့တာဆိုတဲ့ လုပ္ႀကံသတင္းေတြကို ျဖန္႔ေနၾကတာပါ။
ေျပာဆိုခ်က္တခ်ဳိ႕အေပၚ စံုစမ္းစစ္ေဆးခဲ့ၿပီး ခုခ်ိန္ထိေတာ့ မွန္ကန္မႈမရွိဘူးဆိုတာ ေတြ႔ထားရတယ္လို႔ FBI က ေသာၾကာေန႔မွာ ေျပာပါတယ္။
--------------------
(Unicode)
အမေရိကန် အနောက်ဘက်ခြမ်း တောမီးလောင်ကျွမ်းမှု လူ ၂၄ ဦးထက်မနည်း သေဆုံး
အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းဒေသ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန်ပြည်နယ်အပြင် တခြားဒေသတွေအထိ သောကြာနေ့ နှောင်းပိုင်းထိဆိုရင် တောမီးအရေအတွက် ၁၀၀ ကျော် လောင်ကျွမ်းနေပါတယ်။
ဒီတောမီးကြောင့် မြို့လုံးကျွတ် ထိခိုက်ပျက်စီးတာတွေ ရှိထားသလို သေဆုံးသူကလည်း ၂၄ ဦးထက်မနည်း ရှိနေပါပြီ။
Oregon ပြည်နယ်မှာဆိုရင် အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီဖြစ်သလို မြေဧက ထောင်ပေါင်းများစွာလည်း မီးလောင်ကျွမ်းခံထားရပါတယ်။
ပြည်နယ်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူ ၅၀၀,၀၀၀ ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းရေး နည်းလမ်း တနည်းနည်းနဲ့ ကယ်ထုတ်ထားရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ လူပေါင်း ၆၈,၀၀၀ ကျော်ကို ကယ်ထုတ် ရွှေ့ပြောင်းပေးထားပါတယ်။
ဒေသတွင်း နေရာအများအပြားမှာ မီးခိုးလုံးကြီးနဲ့ ပြာမှုန်တွေ သိပ်သည်းလွန်းတာကြောင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရသလို ဒေသခံတွေ အိမ်ထဲမှာပဲနေကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေရရုံသာမက ဆိုရှယ်မီဒီယာတွေပေါ်မှာ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေ ဖြန့်နေတာကိုလည်း ရင်ဆိုင် ဖြေရှင်းနေရပါတယ်။
လက်ယာစွန်းနဲ့ လက်ဝဲစွန်း အုပ်စုတွေက မီးစရှို့ခဲ့တာဆိုတဲ့ လုပ်ကြံသတင်းတွေကို ဖြန့်နေကြတာပါ။
ပြောဆိုချက်တချို့အပေါ် စုံစမ်းစစ်ဆေးခဲ့ပြီး ခုချိန်ထိတော့ မှန်ကန်မှုမရှိဘူးဆိုတာ တွေ့ထားရတယ်လို့ FBI က သောကြာနေ့မှာ ပြောပါတယ်။