သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္အေနာက္ဖက္ျခမ္းေတာမီးဒဏ္ ျမန္မာမိသားစုေတြပါ ရင္ဆုိင္ေနရ


ကယ္လီဖုိးနီးယားမွာ ေလာင္ကၽြမ္းေနတဲ့ ေတာမီးတေနရာ။ (စက္တင္ဘာ ၇၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္အေနာက္ျခမ္းဘက္က ေတာမီးေလာင္ကၽြမ္းမႈေတြေၾကာင့္ အေမရိကန္ျမန္မာတခ်ိဳ႕ ေတာမီးေဘးဒဏ္ ရင္ဆိုင္ေနရတဲ့အေျခအေနနဲ႔ မီးေဘးအႏၱရာယ္ၾကိဳျပင္ဆင္ေနၾကတဲ့အေၾကာင္း မဆုမြန္ ေျပာျပေပးမွာပါ။

အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္း ဝါရွင္တန္၊ကယ္လီဖိုးနီးယားနဲ႔ ေအာ္ရီဂြန္ျပည္နယ္ေတြဘက္မွာ ေတာမီး အၾကီးအက်ယ္ေလာင္ကၽြမ္းေနၿပီး အနည္းဆံုး လူ ၃ဦး ေသဆံုးမႈရွိၿပီး ရာနဲ႔ခ်ီတဲ့ေနအိမ္ေတြ မီးေလာင္ပ်က္စီးရသလို သိန္းခ်ိီတဲ့ အေမရိကန္ျပည္သူေတြ မီးေဘးကေန အေရးေပၚတိမ္းေရွာင္ေနၾကရတာပါ။ ေအာ္ရီဂြန္ျပည္နယ္ဘက္မွာ ေတာမီးအၾကီးအက်ယ္ ေလာင္ကၽြမ္းတဲ့ဒဏ္ေၾကာင့္ အေမရိကန္ျပည္သူ ငါးသိန္းေလာက္ ကိုယ့္အိုးအိမ္ေတြကေနစြန္႔ခြာၿပီး မီးေဘးကယ္ဆယ္ေရးစခန္းေတြ မွာခိုလံႈေနၾကရပါတယ္။

ဒီေတာမိီးေတြေလာင္ေနတဲ့ ေအာ္ရီဂြန္ျပည္နယ္ထဲက Portlandၿမိဳ႕ဘက္မွာေတာ့ ေတာမီးေလာင္တဲ့အရွိန္နဲ႔ မီးခိုးေတြမႈန္မိႈင္းၿပီး ေကာင္းကင္နီရဲေနသလို ေလထုညစ္ညမ္းမႈေတြနဲ႔ၾကံဳေနရၿပီး ဒီၿမိဳ႕မွာေနတဲ့ ၿမိဳ႕ခံျမန္မာတခ်ိဳ႕လည္း သဘာဝေတာမီးေဘး ကေန ၾကိဳတင္ျပင္ဆင္ထားၾကတယ္လို႔ Portland ၿမိဳ႕ခံကိုရွိန္းဦးက အေျခအေနေျပာျပပါတယ္။

“ ၾကိဳျပင္ထားရတာေပါ့။ Portland ၿမိဳ႕က ျပည္သူေတြကလည္း ၾကိဳျပင္ထားရတာေပါ့။ က်ေနာ္တို႔လည္း မေန႔ကဆိုရင္ အိမ္မွာ အေရးၾကီးတဲ့ဟာေလးေတြ လိုက္ရွာၿပီး စုစည္းေနရတာေပါ့ စာရြက္စာတမ္းေတြပါ။ အခု တၿမိဳ႕လံုးက မီးခိုးေတြ ေမွာင္ေနတာေပါ့ ေမွာင္မဲေနတာပဲ။ တကယ္လို႔ ကိုဗစ္မရွိရင္ေတာင္Mask က တပ္ကိုတပ္ရမယ့္အေနအထားၾကီး။ အျပင္ထြက္လိုက္တာနဲ႔ ေလထုက မီးေလာင္တဲ့ မီးခိုးနံ႔ၾကီးက အရမ္းဆိုးေနတာ။ အလင္းေရာင္ၾကီးကလည္း ေတာ္ေတာ္နီတယ္ ေန႔ခင္းဘက္ၾကီးေတာင္ အလင္းေရာင္ၾကီးက သာမန္အလင္းေရာင္ၾကီးမဟုတ္ဘူးေလ။ တိမ္ေတြရဲ႕ေအာက္မွာ မွ မီးခိုးလံုးေတြက ျဖတ္သြားေတာ့ ေနလံုးဆိုရင္ သာမာန္အေရာင္မဟုတ္ပဲ နီရဲတြတ္ေနတာ။ မီးခိုးကလည္းတကယ့္အႏၱရာယ္ၾကီးတဲ့ မီးခိုးအနက္မ်ိဳးျဖစ္ေနေတာ့ အျပင္ေတြမထြက္ဖို႔ သတိေပးပါတယ္။ က်ေနာ္တို႔ၿမိဳ႕နဲ႔ ကပ္ရပ္ ေအာ္ရီဂြန္စီးတီးကိုေတာ့Level 2-လယ္ဗယ္၂ အဆင့္ေၾကညာထားၿပီးၿပီေပါ့ေနာ္။ ဝမ္းကေတာ့ ရယ္ဒီေပါ့ေနာ္။ တူးဆိုရင္ အကုန္လံုး ရယ္ဒီလုပ္ထားၿပီး အေရးၾကီးစာရြက္စာတမ္းေတြ ကိုယ္နဲ႔တပါတည္း သယ္ထားရမယ္ ေအာ္ရီဂြန္စီးတီးက လယ္ဗယ္သရီးဆိုတာနဲ႔ေၾကညာတာနဲ႔ အိမ္္မွာေနလို႔မရဘူး ခ်က္ျခင္းအိမ္ကေနထြက္ရမွာ။ အခု အဲ့ဒီ့ဘက္ကေန ထြက္ေျပးလာၾကတဲ့သူေတြေပါ့ အစိုးရကေနEvacuateအလုပ္ခံရတဲ့သူေတြကိုေတာ့ Portland ဘက္မွ ာHigh School ေတြConvention စင္တာေတြမွာ က်ေနာ္တို႔ဘက္ျခမ္းမွာ ေနရာခ်ေပးတာေတြလုပ္တယ္။”

ႏွစ္စဥ္ႏွစ္တုိင္းလိုလို ေတာမီးေလာင္ေလ့ရွိေပမဲ့ ဒီတၾကိမ္ေလာင္ကၽြမ္းမႈကေတာ့ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ေတာမီးေလာင္ကၽြမ္းမီးသမိုင္း အဆိုးဆံုးအဆင့္လို႔ ဆိုရမယ့္အေျခအေနျဖစ္ေနတာပါ။ ဒါေၾကာင့္ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့ခ္အိန္ဂ်လိစ္ၿမိဳ႕ခံေတြ ေတာမီးေဘးဒဏ္ရဲ႕ေနာက္ဆက္တြဲ ေလထုညစ္ညမ္းမႈနဲ႔ သဘာဝမဟုတ္တဲ့ ေနအလင္းေရာင္ေတြေအာက္ ေနထိုင္ေနၾကရတယ္လို႔ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့အိန္ဂ်လိစ္ၿမိဳ႕ခံ ကိုေက်ာ္ဝဏၰက ေျပာျပပါတယ္။

“ ၿပီးခဲ့တဲ့ တနလၤာေန႔ကတည္းကေပါ့ေနာ္ ငါးရက္ေလာက္ရွိသြားၿပီ။ ဒီAzusa ပတ္ဝန္းက်င္က အျမဲတမ္း ပူလာရင္ ေတာမီးေတြေလာင္ေနက်ေနရာေလ သိပ္ဆိုးဆိုးဝါးဝါးမျဖစ္ပဲနဲ႔ ေနရာအသစ္ေတြေပါ့ေနာ္ အေရွ႕ဘက္ကေန သြားလို႔ရွိရင္ ယူကိုင္ပါေတာင္ေပၚေပါ့ အဲ့ဒိီ့ေနရာေတြေပါ့ က်ေနာ္က အဲ့ဒီ့အေရွ႕ဘက္မွာ အလုပ္လုပ္တာဆိုေတာ့ေတာင္ေပၚပိုင္းမွာ မီးေလာင္ေနတာကို မီးညႊန္႔ေတြျမင္ရတယ္ အလုပ္လုပ္တဲ့office ကေနေလ။ ေတာ္ေတာ္ဆိုးဆိုးဝါးဝါးပဲFreeway နဲ႔ကပ္ေနတဲ့အျခမ္းက သူေတြကို သူတို႔ေရႊ႕ေျပာင္းေပးတယ္ေပါ့။ က်ေနာ္တို႔ဘက္အျခမ္းကေတာ့ ျပာေတြကေတာ့ ေနရာအႏွံ႔ပဲ က်ေနာ္တို႔ကားေတြဆိုရင္ ကားေပၚမွာ ျပာေတြခ်ည္းပဲ။LA မွာရွိတဲ့လူတုိင္း ကားေပၚမွာ ျပာေတြခ်ည္းပဲ။ ေနာက္ ေကာင္းကင္ၾကီးကလည္း ဝါေနတာပဲ ေနကိုျမင္ေနရတာေပါ့။ အလယ္မွာ မီးခိုးေတြကာၿပီး ေနလံုးၾကီး ရဲေနတာကို ရွင္းရွင္းလင္းလင္းၾကီးျမင္ေနရတယ္ တေနကုန္ေပါ့။က်ေနာ္တို႔နားမွာ ေတာင္တန္းၾကီးေတြရွိတယ္ ေဆာင္းတြင္းဆို စႏိုးေတြနဲ႔ ေတာင္တန္းၾကီးက အရမ္းလွတာ။အခုက ေတာင္တန္းေကာက္ေၾကာင္းအတုိင္း ေတာင္ေတြရဲ႕အနိမ့္အျမင့္အတုိင္း မီးတန္းၾကီးျဖစ္ေနတာ။ အခုက်ေနာ္တို႔ေနရာနဲ႔က မီးေလာင္ေနတဲ့ေနရာနဲ႔ဆိုရင္ေတာ့ မိုင္ငါးဆယ္ေက်ာ္ေလာက္ေတာ့ ေဝးဦးမယ္။ နီးတဲ့ေနရာေတြမွာ Monrovia ဆိုက်ေနာ္တို႔မိတ္ေဆြေတြရွိတယ္။ က်ေနာ္တို႔စိတ္ပူလို႔ မေန႔ကတုန္းက သူတို႔ကို ေမးတယ္။လွမ္းအေၾကာင္းၾကားတာေပါ့ေနာ္ အဆင္ေျပရဲ႕လားလို႔။ အဆင္မေျပရင္ အိမ္မွာလာေနေပါ့ေလ။ သူတို႔ကိုေတာ့ ေရႊ႕ေျပာင္းဖို႔ဆိုၿပီးWarning ေပးထားတယ္ဆိုၿပီးေတာ့ ေျပာတယ္။ က်ေနာ္တို႔ဘက္ေတာ့ ေလထုသန္႔စင္မႈ အေျခအေနေတြကိုေတာ့ တယ္လီဖုန္းေတြကေန မတ္ေဆ့ပို႔တယ္။ အနံ႔ေတာ့မရဘူး ျပာေတြကေတာ့ ေနရာတကာပဲ။”

လတ္တေလာမွာေတာ့ေတာမီးေလာင္ကၽြမ္းခ်ိန္ အပူခ်ိန္ျမင့္မားေနသလို ေလျပင္းေတြပါ တိုက္ခတ္ေနတဲ့အတြက္ ေတာမီးေလာင္ကၽြမ္းမႈက အရွိန္ျမင့္ ေနတာျဖစ္ပါတယ္။ ေတာမီးေလာင္ကၽြမ္းေနတဲ့ျပည္နယ္ေတြက ၿမိဳ႕နယ္ေတြမွာ မီးခိုးျပာေတြ ေလထုညစ္ညမ္းမႈေတြျဖစ္ေနၿပီး ေဒသခံၿမိဳ႕ခံလူထုကို မီီးေဘးကေန လြတ္ေအာင္ အေရးေပၚကူညီကယ္ဆယ္ေပးေနၾကၿပီး မီးေလာင္ကၽြမ္းမႈ ကူးစက္နုိင္ေျခရွိတဲ့ေနရာေတြကသူေတြကလည္း မီးေဘးလြတ္ရာေနရာေတြကို အေရးေပၚေရႊ႕ေျပာင္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

(Unicode)

အမေရိကန်အနောက်ခြမ်းဘက်က တောမီးလောင်ကျွမ်းမှုတွေကြောင့် အမေရိကန်မြန်မာတချို့ တောမီးဘေးဒဏ် ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ မီးဘေးအန္တရာယ်ကြိုပြင်ဆင်နေကြတဲ့အကြောင်း မဆုမွန် ပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဝါရှင်တန်၊ကယ်လီဖိုးနီးယားနဲ့ အော်ရီဂွန်ပြည်နယ်တွေဘက်မှာ တောမီး အကြီးအကျယ်လောင်ကျွမ်းနေပြီး အနည်းဆုံး လူ ၃ဦး သေဆုံးမှုရှိပြီး ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်ပျက်စီးရသလို သိန်းချီတဲ့ အမေရိကန်ပြည်သူတွေ မီးဘေးကနေ အရေးပေါ်တိမ်းရှောင်နေကြရတာပါ။ အော်ရီဂွန်ပြည်နယ်ဘက်မှာ တောမီးအကြီးအကျယ် လောင်ကျွမ်းတဲ့ဒဏ်ကြောင့် အမေရိကန်ပြည်သူ ငါးသိန်းလောက် ကိုယ့်အိုးအိမ်တွေကနေစွန့်ခွာပြီး မီးဘေးကယ်ဆယ်ရေးစခန်းတွေ မှာခိုလှုံနေကြရပါတယ်။

ဒီတောမီးတွေလောင်နေတဲ့ အော်ရီဂွန်ပြည်နယ်ထဲက Portlandမြို့ဘက်မှာတော့ တောမီးလောင်တဲ့အရှိန်နဲ့ မီးခိုးတွေမှုန်မှိုင်းပြီး ကောင်းကင်နီရဲနေသလို လေထုညစ်ညမ်းမှုတွေနဲ့ကြုံနေရပြီး ဒီမြို့မှာနေတဲ့ မြို့ခံမြန်မာတချို့လည်း သဘာဝတောမီးဘေး ကနေ ကြိုတင်ပြင်ဆင်ထားကြတယ်လို့ Portland မြို့ခံကိုရှိန်းဦးက အခြေအနေပြောပြပါတယ်။

“ ကြိုပြင်ထားရတာပေါ့။ Portland မြို့က ပြည်သူတွေကလည်း ကြိုပြင်ထားရတာပေါ့။ ကျနော်တို့လည်း မနေ့ကဆိုရင် အိမ်မှာ အရေးကြီးတဲ့ဟာလေးတွေ လိုက်ရှာပြီး စုစည်းနေရတာပေါ့ စာရွက်စာတမ်းတွေပါ။ အခု တမြို့လုံးက မီးခိုးတွေ မှောင်နေတာပေါ့ မှောင်မဲနေတာပဲ။ တကယ်လို့ ကိုဗစ်မရှိရင်တောင်Mask က တပ်ကိုတပ်ရမယ့်အနေအထားကြီး။ အပြင်ထွက်လိုက်တာနဲ့ လေထုက မီးလောင်တဲ့ မီးခိုးနံ့ကြီးက အရမ်းဆိုးနေတာ။ အလင်းရောင်ကြီးကလည်း တော်တော်နီတယ် နေ့ခင်းဘက်ကြီးတောင် အလင်းရောင်ကြီးက သာမန်အလင်းရောင်ကြီးမဟုတ်ဘူးလေ။ တိမ်တွေရဲ့အောက်မှာ မှ မီးခိုးလုံးတွေက ဖြတ်သွားတော့ နေလုံးဆိုရင် သာမာန်အရောင်မဟုတ်ပဲ နီရဲတွတ်နေတာ။ မီးခိုးကလည်းတကယ့်အန္တရာယ်ကြီးတဲ့ မီးခိုးအနက်မျိုးဖြစ်နေတော့ အပြင်တွေမထွက်ဖို့ သတိပေးပါတယ်။ ကျနော်တို့မြို့နဲ့ ကပ်ရပ် အော်ရီဂွန်စီးတီးကိုတော့Level 2-လယ်ဗယ်၂ အဆင့်ကြေညာထားပြီးပြီပေါ့နော်။ ဝမ်းကတော့ ရယ်ဒီပေါ့နော်။ တူးဆိုရင် အကုန်လုံး ရယ်ဒီလုပ်ထားပြီး အရေးကြီးစာရွက်စာတမ်းတွေ ကိုယ်နဲ့တပါတည်း သယ်ထားရမယ် အော်ရီဂွန်စီးတီးက လယ်ဗယ်သရီးဆိုတာနဲ့ကြေညာတာနဲ့ အိမ်မှာနေလို့မရဘူး ချက်ခြင်းအိမ်ကနေထွက်ရမှာ။ အခု အဲ့ဒီ့ဘက်ကနေ ထွက်ပြေးလာကြတဲ့သူတွေပေါ့ အစိုးရကနေEvacuateအလုပ်ခံရတဲ့သူတွေကိုတော့ Portland ဘက်မှ ာHigh School တွေConvention စင်တာတွေမှာ ကျနော်တို့ဘက်ခြမ်းမှာ နေရာချပေးတာတွေလုပ်တယ်။”

နှစ်စဉ်နှစ်တိုင်းလိုလို တောမီးလောင်လေ့ရှိပေမဲ့ ဒီတကြိမ်လောင်ကျွမ်းမှုကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောမီးလောင်ကျွမ်းမီးသမိုင်း အဆိုးဆုံးအဆင့်လို့ ဆိုရမယ့်အခြေအနေဖြစ်နေတာပါ။ ဒါကြောင့် ကယ်လီဖိုးနီးယားပြည်နယ် လော့ခ်အိန်ဂျလိစ်မြို့ခံတွေ တောမီးဘေးဒဏ်ရဲ့နောက်ဆက်တွဲ လေထုညစ်ညမ်းမှုနဲ့ သဘာဝမဟုတ်တဲ့ နေအလင်းရောင်တွေအောက် နေထိုင်နေကြရတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့ခံ ကိုကျော်ဝဏ္ဏက ပြောပြပါတယ်။

“ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းကပေါ့နော် ငါးရက်လောက်ရှိသွားပြီ။ ဒီAzusa ပတ်ဝန်းကျင်က အမြဲတမ်း ပူလာရင် တောမီးတွေလောင်နေကျနေရာလေ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်ပဲနဲ့ နေရာအသစ်တွေပေါ့နော် အရှေ့ဘက်ကနေ သွားလို့ရှိရင် ယူကိုင်ပါတောင်ပေါ်ပေါ့ အဲ့ဒီ့နေရာတွေပေါ့ ကျနော်က အဲ့ဒီ့အရှေ့ဘက်မှာ အလုပ်လုပ်တာဆိုတော့တောင်ပေါ်ပိုင်းမှာ မီးလောင်နေတာကို မီးညွှန့်တွေမြင်ရတယ် အလုပ်လုပ်တဲ့office ကနေလေ။ တော်တော်ဆိုးဆိုးဝါးဝါးပဲFreeway နဲ့ကပ်နေတဲ့အခြမ်းက သူတွေကို သူတို့ရွှေ့ပြောင်းပေးတယ်ပေါ့။ ကျနော်တို့ဘက်အခြမ်းကတော့ ပြာတွေကတော့ နေရာအနှံ့ပဲ ကျနော်တို့ကားတွေဆိုရင် ကားပေါ်မှာ ပြာတွေချည်းပဲ။LA မှာရှိတဲ့လူတိုင်း ကားပေါ်မှာ ပြာတွေချည်းပဲ။ နောက် ကောင်းကင်ကြီးကလည်း ဝါနေတာပဲ နေကိုမြင်နေရတာပေါ့။ အလယ်မှာ မီးခိုးတွေကာပြီး နေလုံးကြီး ရဲနေတာကို ရှင်းရှင်းလင်းလင်းကြီးမြင်နေရတယ် တနေကုန်ပေါ့။ကျနော်တို့နားမှာ တောင်တန်းကြီးတွေရှိတယ် ဆောင်းတွင်းဆို စနိုးတွေနဲ့ တောင်တန်းကြီးက အရမ်းလှတာ။အခုက တောင်တန်းကောက်ကြောင်းအတိုင်း တောင်တွေရဲ့အနိမ့်အမြင့်အတိုင်း မီးတန်းကြီးဖြစ်နေတာ။ အခုကျနော်တို့နေရာနဲ့က မီးလောင်နေတဲ့နေရာနဲ့ဆိုရင်တော့ မိုင်ငါးဆယ်ကျော်လောက်တော့ ဝေးဦးမယ်။ နီးတဲ့နေရာတွေမှာ Monrovia ဆိုကျနော်တို့မိတ်ဆွေတွေရှိတယ်။ ကျနော်တို့စိတ်ပူလို့ မနေ့ကတုန်းက သူတို့ကို မေးတယ်။လှမ်းအကြောင်းကြားတာပေါ့နော် အဆင်ပြေရဲ့လားလို့။ အဆင်မပြေရင် အိမ်မှာလာနေပေါ့လေ။ သူတို့ကိုတော့ ရွှေ့ပြောင်းဖို့ဆိုပြီးWarning ပေးထားတယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ဘက်တော့ လေထုသန့်စင်မှု အခြေအနေတွေကိုတော့ တယ်လီဖုန်းတွေကနေ မတ်ဆေ့ပို့တယ်။ အနံ့တော့မရဘူး ပြာတွေကတော့ နေရာတကာပဲ။”

လတ်တလောမှာတော့တောမီးလောင်ကျွမ်းချိန် အပူချိန်မြင့်မားနေသလို လေပြင်းတွေပါ တိုက်ခတ်နေတဲ့အတွက် တောမီးလောင်ကျွမ်းမှုက အရှိန်မြင့် နေတာဖြစ်ပါတယ်။ တောမီးလောင်ကျွမ်းနေတဲ့ပြည်နယ်တွေက မြို့နယ်တွေမှာ မီးခိုးပြာတွေ လေထုညစ်ညမ်းမှုတွေဖြစ်နေပြီး ဒေသခံမြို့ခံလူထုကို မီးဘေးကနေ လွတ်အောင် အရေးပေါ်ကူညီကယ်ဆယ်ပေးနေကြပြီး မီးလောင်ကျွမ်းမှု ကူးစက်နိုင်ခြေရှိတဲ့နေရာတွေကသူတွေကလည်း မီးဘေးလွတ်ရာနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းနေကြပါတယ်။

XS
SM
MD
LG