(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္မွာ စေနေန႔အထိ က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္ၿပီး ေလာင္ကၽြမ္းေနတဲ့ ေတာမီး ၿငိမ္းသြားေအာင္ အကူအညီေပးၾကဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က ႏိုင္ငံတကာ အကူအညီ ေတာင္းခံလိုက္ပါတယ္။
မီးေလာင္ေနတဲ့ ေနရာ ၅၆၀ ကို ၿငိႇမ္းသတ္ဖို႔ ကယ္လီဖိုးနီးယားနဲ႔ တျခားျပည္နယ္ ၁၀ ခုက မီးသတ္သမား ၁၂,၀၀၀ ေက်ာ္ ႀကိဳးစားေနၾကတာျဖစ္ၿပီး ကေနဒါနဲ႔ ၾသစေၾတးလ်ကပါ အကူအညီေပးဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Newsom က ေသာၾကာေန႔မွာ ပန္ၾကားခဲ့တာပါ။ ၾသစေၾတးလ်ႏိုင္ငံမွာ ကမာၻ႔အေတာ္ဆံုး မီးသတ္သမားေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းမွာ ရာနဲ႔ခ်ီတဲ့ ေနအိမ္ေတြနဲ႔ တျခား အေဆာက္အဦေတြ ပ်က္စီးခဲ့ရသလို ေဒသခံ ေသာင္းနဲ႔ခ်ီၿပီးလည္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတာပါ။ အခုခ်ိန္အထိ အနည္းဆံုး လူ ၅ ဦး ေသဆံုးခဲ့ရၿပီး မီးသတ္သမား အပါအဝင္ ဒဏ္ရာရသူက ၄၃ ဦး ရွိေနပါၿပီ။
ကယ္လီဖိုးနီးယားရဲ႕ ရာသီဥတုဟာ သမိုင္းတင္ေလာက္ေအာင္ သိပ္ကိုပူျပင္းတဲ့အတြက္ မီးေလာင္ကၽြမ္းခဲ့တဲ့ ဧရိယာကလည္း စတုရန္းမိုင္ ၈၀၀ နီးပါး ရွိေနၿပီ ျဖစ္ပါတယ္။ ျပည္နယ္တလႊား ေတာမီးေလာင္ကၽြမ္းတဲ့ ေနရာေပါင္း ၅၆၀ ရွိၿပီး အမ်ားစုက အရြယ္ေသးငယ္ၿပီး ေခါင္တဲ့ေနရာေတြမွာ ေလာင္ေနတာပါ။
ဆန္ဖရန္စစၥကိုေဘးဧရိယာနဲ႔ ဝိုင္စပ်စ္ၿခံေတြရွိရာ ေဒသတဝိုက္က ေတာမီးေလာင္တဲ့ေနရာ ၃ ခုမွာေတာ့ အပ်က္အစီး အမ်ားဆံုး ျဖစ္ပါတယ္။
ေတာမီးအႏၱရာယ္ေၾကာင့္ ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ လူေပါင္း တသိန္းထက္မနည္းကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ခိုင္းထားတာပါ။
--------------------------
(Unicode)
ကယ်လီဖိုးနီးယားတောမီး ငြှိမ်းသတ်နိုင်ရေး နိုင်ငံတကာ အကူအညီ တောင်းခံ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ စနေနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီး လောင်ကျွမ်းနေတဲ့ တောမီး ငြိမ်းသွားအောင် အကူအညီပေးကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က နိုင်ငံတကာ အကူအညီ တောင်းခံလိုက်ပါတယ်။
မီးလောင်နေတဲ့ နေရာ ၅၆၀ ကို ငြှိမ်းသတ်ဖို့ ကယ်လီဖိုးနီးယားနဲ့ တခြားပြည်နယ် ၁၀ ခုက မီးသတ်သမား ၁၂,၀၀၀ ကျော် ကြိုးစားနေကြတာဖြစ်ပြီး ကနေဒါနဲ့ သြစတြေးလျကပါ အကူအညီပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Newsom က သောကြာနေ့မှာ ပန်ကြားခဲ့တာပါ။ သြစတြေးလျနိုင်ငံမှာ ကမ္ဘာ့အတော်ဆုံး မီးသတ်သမားတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ ရာနဲ့ချီတဲ့ နေအိမ်တွေနဲ့ တခြား အဆောက်အဦတွေ ပျက်စီးခဲ့ရသလို ဒေသခံ သောင်းနဲ့ချီပြီးလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ အခုချိန်အထိ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရပြီးမီးသတ်သမား အပါအဝင် ဒဏ်ရာရသူက ၄၃ ဦး ရှိနေပါပြီ။
ကယ်လီဖိုးနီးယားရဲ့ ရာသီဥတုဟာ သမိုင်းတင်လောက်အောင် သိပ်ကိုပူပြင်းတဲ့အတွက် မီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာကလည်း စတုရန်းမိုင် ၈၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ပြည်နယ်တလွှား တောမီးလောင်ကျွမ်းတဲ့ နေရာပေါင်း ၅၆၀ ရှိပြီး အများစုက အရွယ်သေးငယ်ပြီး ခေါင်တဲ့နေရာတွေမှာ လောင်နေတာပါ။
ဆန်ဖရန်စစ္စကိုဘေးဧရိယာနဲ့ ဝိုင်စပျစ်ခြံတွေရှိရာ ဒေသတဝိုက်က တောမီးလောင်တဲ့နေရာ ၃ ခုမှာတော့ အပျက်အစီး အများဆုံး ဖြစ်ပါတယ်။
တောမီးအန္တရာယ်ကြောင့် ဒီသီတင်းပတ် အစောပိုင်းမှာပဲ လူပေါင်း တသိန်းထက်မနည်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားတာပါ။