သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အနောက်ဖက်ခြမ်းတောမီး လူ ၁၆ ဦးထက်မနည်း သေဆုံး


 Oregon ပြည်နယ်တွင် မီးလောင်ကျွမ်းပြီးနောက်ပိုင်း
Oregon ပြည်နယ်တွင် မီးလောင်ကျွမ်းပြီးနောက်ပိုင်း

(Zawgyi/Unicode)

အမေရိကန် အနောက်ဖက်ကမ်းရိုးတန်း တကြောမှာ တောမီးလောင်ကျွမ်းမှုဟာ နေရာပေါင်း တရာကျော်မှာ ဖြစ်ပွါးနေပြီး လူပေါင်း ၁၆ ဦးထက်မနည်း သေဆုံးနေရချိန်မှာပဲ အနောက်မြောက်ပိုင်းက Oregon ပြည်နယ်မှာတော့ ပြည်နယ်ရဲ့လူဦးရေ ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၅ သိန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့ ရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Oregon ပြည်နယ်ထဲ မှာ ထောင်နဲ့ချီတဲ့ နေအိမ်တွေနဲ့ အတူ ဧကပေါင်း ၉ သိန်း မီးလောင်ကျွမ်းခဲ့ရပြီး မြို့ရွာ အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။ မြောက်ဘက် ဝါရှင်တန် ပြည်နယ်ထဲမှာတော့ မြို့တမြို့ မီးကြောင့် ပျက်စီးသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်နဲ့ ကပ်ရက် Oregon ပြည်နယ် Ashland မြို့ မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုအတွက် ရှို့မီး အဖြစ် ရဲတွေက အမှုဖွင့် စစ်ဆေးနေတယ်လို့ Ashland ရဲချုပ်က ပြောပါတယ်။ အဲဒီမှာ နေအိမ် ၆၀၀ လောက် မီးလောင်ပျက်စီးခဲ့ရတာပါ။

Oregon ပြည်နယ်က မီးလောင်ကျွမ်းမှုကြီး ၂ ခုဟာ Portland အရှေ့တောင်ဘက်မှာ သွားပေါင်း နိုင်ချေ ရှိနေတာကြောင့် Portland မြို့ တချို့နေရာတွေက ဒေသခံတွေကို လေကြောင်း အခြေနေကြည့်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းရဖို့ ဖြစ်လာနိုင်တယ်လို့ ပြည်နယ် မီးသတ် ကပြောပါတယ်။ မီးကြောင့် သေဆုံးသူ အရေအတွက်ကို အတိကျ မသိရသေးပေမယ့် ၄ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကြာသပတေးနေ့က တောမီး လောင်ကျွမ်းမှုတွေ ဆက်လက် ဖြစ်ပွါးနေပြီး လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရသလို ရာနဲ့ချီတဲ့ နေအိမ်တွေ မီးလောင် ပျက်စီးခဲ့ရတဲ့အပြင် အကျယ်အဝန်းအားဖြင့် ဟက်တာ တသန်းကျော် မီးလောင်ကျွမ်းနေတာကြောင့် မနှစ်ကထက် ပိုလောင်ကျွမ်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG