သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၄ ယောက်အထိ တိုး


California Wildfires
California Wildfires

လေတိုက်နှုန်းမြင့်လာနိုင်ခြေရှိတယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း Los Angeles မြို့အနီးဝန်းကျင်မှာ လောင်ကျွမ်းနေတဲ့တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေဟာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် နေ့မှာ ကြိုးပမ်းနေကြပါတယ်။

မနက်ဖြန်အင်္ဂါနေ့မှာ လေတိုက်နှုန်းအမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်ပြီး တနာရီကို ကီလိုမီတာ ၈၀ ကနေ ၁၁၀ အထိ ရှိနိုင်တယ်လို့ အမျိုးသား မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ၈ လလောက်အတွင်း မိုးလုံးဝမရွာခဲ့တာနဲ့ အခုလို လေတိုက်နှုန်းမြင့်နေတဲ့ အခြေအနေတွေ ကြောင့် မီးလောင်တဲ့အရှိန် ပိုမြင့်တက်လာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်း တပတ်လောက်က စတင်ခဲ့တဲ့ ဒီ Los Angeles တောမီးကြောင့် အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး ငွေကြေးတန်ဖိုးအားဖြင့် ဒေါ်လာ ဘီလီယံနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

လေတိုက်နှုန်းလျော့ကျခဲ့တာအပြင် လေယာဉ်နဲ့ ရေလောင်းချပေးနိုင်ခဲ့တာ၊ မီးကူးစက်မှုအရှိန်လျော့ ကျအောင် လုပ်ဆောင်နိုင်ခဲ့တာတွေကြောင့် မီးသတ်သမားတွေအနေနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း မီးအရှိန်လျော့ကျအောင် ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။

လက်ရှိ Los Angeles အနီးဝန်းကျင်မှာ လောင်နေဆဲဖြစ်တဲ့ တောမီး ၃ ခုထဲက တနင်္ဂနွေနေ့မှာတော့ ၉၆ စတုရန်းကီလိုမီတာ လောင်ကျွမ်းပြီးဖြစ်တဲ့ Palisades မှာလောင်နေတဲ့မီးကို ၁၃ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ ကာလီဖိုးနီးယားပြည်နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ဒီ Palisades ဒေသမှာတင် သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၄ ယောက်အထိ တိုး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG