သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်ကျွမ်းဆဲ ကယ်လီဖိုးနီးယားတောမီး သေဆုံးသူဦးရေ တိုးနိုင်

လော့စ်အိန်ဂျလိစ်မြို့ West Hills အပိုင်းမှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း။ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ်၊ (ဓာတ်ပုံ - AP / Ethan Swope)
လော့စ်အိန်ဂျလိစ်မြို့ West Hills အပိုင်းမှာ မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း။ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ်၊ (ဓာတ်ပုံ - AP / Ethan Swope)

ကယ်လီဖိုးနီးယား တောမီးဟာ ၄ ရက်ဆက်ပြီး သောကြာနေ့မှာလည်း လောင်ကျွမ်းနေတာကြောင့် Los Angeles က မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။ အခုအချိန်ထိဆို ဒီတောမီးကြောင့် သေဆုံးရသူ အနည်းဆုံး ၁၀ ယောက်ရှိနေပြီး နေအိမ်လည်း ထောင်နဲ့ချီ ပျက်စီးနေပြီ ဖြစ်ပါတယ်။

နေရာ အတော်များများ မှာလောင်ကျွမ်းနေတဲ့ တောမီးတွေကို မီးသတ်သမားတွေ ထိန်းချုပ်နိုင်ပြီး၊ အပျက်အစီးတွေကြားထဲ စစ်ဆေးတဲ့အချိန်မှာတော့ သေဆုံးသူ အရေအတွက် တိုးလာ နိုင်ခြေရှိတယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

လေလည်း နည်းနည်း ငြိမ်လာပြီ ဖြစ်တဲ့ အတွက် မီးသတ်ရာမှာ ရဟတ်ယာဉ်တွေ သုံးလာနိုင်တာဖြစ်ပြီး သောကြာနေ့ မနက်အထိ ရေဖြန်း ငြှိမ်းသတ်ဖို့ လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

တောမီးအန္တရာယ် အတွက် ဗဟိုအစိုးရဘက်က တုံ့ပြန်ဆောင်ရွက်နိုင်တာတွေကို ဒေသခံ အရာရှိတွေနဲ့ သမ္မတဂျိုးဘိုင်ဒန် ဆွေးနွေးခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

လော့စ်အိန်ဂျလိစ် (Los Angeles) အနောက်ဘက် မိုင် ၂၀ လောက်အကွာမှာရှိတဲ့ Palisades ဒေသမှာ လောင်တဲ့ တောမီးဟာ ဟက်တာ ၈,၀၀၀ ကျော် ကို ပျက်စီးစေခဲ့ပြီး အကြီးမားဆုံးလည်း ဖြစ်ပါတယ်။ သောကြာမနက်ပိုင်းမှာတော့ ၈ % လောက်ကို ထိန်းချုပ် နိုင်ပြီလို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ တောမီးကာကွယ်ရေး ဌာန ပြောပါတယ်။

ဒုတိယ အကြီးဆုံး တောမီးကတော့ Eaton မှာ ဖြစ်ပြီး ဟက်တာ ၅၀၀၀ လောက်လောင်ကျွမ်းခဲ့တာပါ။ အခု သူ့ကို ၃ % လောက်တော့ ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။

ဒီ ၂ နေရာက တောမီး လောင်ကျွမ်းမှုဟာ လော့စ်အိန်ဂျလိစ်မှာ အဆိုးဝါးဆုံး ပျက်စီးမှုဖြစ်ခဲ့ ပြီး အဆောက်အအုံပေါင်း ၁ သောင်းလောက် ပျက်စီးခဲ့ရပါတယ်။

လောင်ကျွမ်းဆဲ ကယ်လီဖိုးနီးယားတောမီး သေဆုံးသူဦးရေ တိုးနိုင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG