သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  မြန်မာနဲ့ ဒေသတွင်း လူလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ ကမ္ဘောဒီးယား ဖိအားပေးခံရ 


CAMBODIA CASINO CHINA
CAMBODIA CASINO CHINA

ကမေ ္ဘာဒီးယား နိုင်ငံတွင်းမှာ တရုတ်ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေ အတွင်းမှာ အာရှတလွှားက အလုပ်သမားတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းတွေ လနဲ့ချီ ထွက်ပေါ်လာပြီး ကိုင်တွယ် ဆောင်ရွက်မယ့်အကြောင်း အစိုးရက ကတိပြုပါတယ်။ ဗွီအိုအေ ခမာ ဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

မြန်မာနဲ့ ဒေသတွင်း လူလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့ ကမ္ဘောဒီးယား ဖိအားပေးခံရ

{{Zawgyi/Unicode}}

ကမေ ္ဘာဒီးယား နိုင်ငံတွင်းမှာ လည်ပတ်နေတဲ့ တရုတ်ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေ အတွင်းမှာ အာရှတလွှားက အလုပ်သမားတွေကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းတွေ လနဲ့ချီ ထွက်ပေါ်လာပြီး နောက်မှာတော့ ဒီပြဿနာကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်မယ့်အကြောင်း အစိုးရက ကတိပြုကာ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ ကမေ ္ဘာဒီးယား နိုင်ငံကို ကမ ္ဘာတလွှားက ဖိအားပေးနေကြပါတယ်။ ဗွီအိုအေ ခမာ ဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

လူကုန်ကူးခံရသူတွေ ရှိနိုင်တဲ့ နေရာတွေ၊ ကာစီနိုတွေနဲ့ ဟိုတယ်တွေကို စစ်ဆေးဖို့ တာဝန်ရှိသူတွေကို ချထားပြီး ဖြစ်ပြီး လူကုန်ကူးသူ သံသယနဲ့ လူတချို့ကိုလည်း ဖမ်ဆီးထားပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး Sar Kheng က သြဂုတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

လစာကောင်းတဲ့ နည်းပညာ အလုပ်တွေနဲ့ မျှားပြီး ခေါ်ယူခံရတဲ့ ထိုင်ဝမ် ၃၀၀ ကျော်ဟာ နောက်ဆုံးမှာတော့ တရုတ်တွေကို ပစ်မှတ်ထားလိမ်လည်တဲ့ တယ်လီဖုန်း စင်တာတွေမှာ အလုပ်လုပ်ကြရပြီးနောက် ထိန်းချုပ်ခံထားရကြောင်း ထိုင်ဝမ်ဘက်က ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာ ကမေ ္ဘာဒီးယား ပြည်ထဲရေး ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

ကမေ ္ဘာဒီးယားမှာ အခြေစိုက်ပြီး လိမ်ညာ လှုပ်ရှားနေတဲ့ တရုတ် လုပ်ငန်းတွေမှာ နိုင်ငံသားတွေ ပိတ်မိနေတဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားကြတဲ့ ပြည်ပ အစိုးရတွေ အများအပြား ရှိပါတယ်။

ပြီးခဲ့တဲ့ ၆ လတာ အတွင်း အတင်းအဓမ္မ ခိုင်းစေခံရမှုတွေကို ဖြေရှင်းပေးဖို့ သံရုံး ၉ ခုထက် မနည်းက အကြောင်းကြားခဲ့ကြောင်းလည်း ကမေ ္ဘာဒီးယား နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Chum Sounry က ပြောပါတယ်။ အဲဒီထဲမှာ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ မွန်ဂိုလီယား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့လည်း ပါဝင်ကြောင်း သူက ပြောပါတယ်။ ဒီနှစ် အတွင်း လူကုန်ကူး ဂိုဏ်းတွေထံကနေ ကယ်တင်ခဲ့ရတဲ့ နိုင်ငံခြားသား ၉၀၀ လောက် ရှိကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ကမေ ္ဘာဒီးယား နိုင်ငံသားတွေလည်း အိမ်နီးချင်း ထိုင်းနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာ ကျွန်ပြု ခိုင်းစေခံရတဲ့ အခြေအနေမျိုးထိ လူကုန်ကူးခံနေရတဲ့ ပြဿနာက အစဉ်အဆက် ရှိနေတာပါ။

ဒါပေမယ့်လည်း ကမေ ္ဘာဒီးယား နယ်စပ်တွေမှာ ပြည်ပက လာရောက် လှုပ်ရှားကြတဲ့ လူကုန်ကူး ဂိုဏ်းတွေကို တိုက်ဖျက်ရေးကတော့ အခြေအနေသစ် တခု ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ် ကွန်ရက်တွေကို အစိုးရရဲ့ ဖြိုခွင်း ဆောင်ရွက်နိုင်စွမ်းဟာ ဆိုရင်လည်း နိုင်ငံရဲ့ စီးပွားရေးနဲ့ ဒေသတွင်း ရပ်တည်မှုတွေ အထိပါ အကျိုးဆက်တွေ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဗွီအိုအေ ခမာ ဌာနကို ပြောပါတယ်။

လူကုန်ကူးမှု ကွန်ရက်တွေကို ဖြိုခွဲဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ကမေ ္ဘာဒီးယား ရင်ဆိုင်ရမယ့် အကျိုးဆက်တွေက ပြင်းထန် နိုင်တယ်လို့ ပြောသူကတော့ ပြည်တွင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Licadho ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး Am Sam Ath ဖြစ်ပါတယ်။

ကမေ ္ဘာဒီးယား အနေနဲ့ အလိမ်အညာ လုပ်ငန်းတွေကို ဖြိုခွဲရေး အတွက် ခိုင်ခိုင်မာမာ ပိုင်းဖြတ် ဆောင်ရွက်လိုစိတ် မရှိဘူးဆိုရင်တော့ လုံခြုံရေးနဲ့ ဘေးကင်းမှု ကိစ္စတွေကြောင့် ခရီးသွား လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကမေ ္ဘာဒီးယားရဲ့ ပုံရိပ်ကို ထိခိုက်စေမှာပါ။

ကမေ ္ဘာဒီးယား နိုင်ငံတွင်း လူကုန်ကူးမှုနဲ့ လုပ်သားတွေ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရေး အတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့လည်း ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက် သင့်တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ အင်တာနက် ဆိုက်ဘာ လိမ်ညာမှုတွေနဲ့ လူကုန်ကူးမှုတွေ အရေး စိုးရိမ်ကြောင်း ကုလသမဂ္ဂရဲ့ ကမေ ္ဘာဒီးယား လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Vitit Muntarbhorn ကလည်း သူ့ရဲ့ ပထမဆုံး ကမေ ္ဘာဒီးယား ခရီးစဉ် အတွင်းမှာ ပြောဆိုခဲ့ပါတယ်။

“အထူးအစီအမံတခုခုနဲ့ လိုအပ်တဲ့ စွမ်းဆောင်ရည်၊ အရင်းအမြစ်တွေ လိုအပ်ပါတယ်။”

လူကုန်ကူးခံရသူတွေရဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူကုန်ကူးခံရသူတွေကို ဖော်ထုတ်ပြီး လူလိမ် ကွန်ရက်တွေရဲ့ သတင်းအချက်အလက်တွေ စုဆောင်းရယူမှု ဆန်းသစ်တဲ့ နည်းလမ်းတွေ အတွက်လည်း ကမေ ္ဘာဒီးယား တာဝန်ရှိသူတွေကို လေ့ကျင့်သင်တန်းပေးဖို့ လိုအပ်ကြောင်း သူက ပြောဆိုခဲ့တာပါ။

Transparency International အဖွဲ့ကြီးရဲ့ ကမေ ္ဘာဒီးယား နိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ် Pech Pisey ကတော့ နိုင်ငံတွင်းမှာ လူကုန်ကူး ဂိုဏ်းတွေ ဆက်ပြီး လှုပ်ရှားနေမယ်ဆိုရင်တော့ အာဏာရ ပါတီ အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရနိုင်တယ်လို့ ပြောပါတယ်။

" နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေက လူကုန်ကူးမှု၊ ငွေမဲခဝါချမှုနဲ့ လက်နက် ကုန်ကူးမှုတို့ အပါအဝင် ရာဇဝတ်မှုကြီးတွေ ကျူးလွန်ဖို့ ကမေ ္ဘာဒီးယား မြေကို အသုံးချနေတာကို ပြည်သူတွေက မလိုလားပါဘူး"

ဒီဟာက စနစ်တခုလို ချိတ်ဆက်နေတာကြောင့် စနစ်တကျ ဖြေရှင်းချက် တခု လိုအပ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေဟာ သိပ်ပြီး ပါးနပ်ပါတယ်။

ကမေ ္ဘာဒီးယား ၊ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ လာအို တို့ အပါအဝင် အရှေ့တောင် အာရှ ဒေသတွင်းက တရားဥပဒေမဲ့ ဖြစ်နေကြတဲ့ ဒေသတွေမှာ ဒီနှစ်ပိုင်းတွေ အတွင်း တရုတ် ရာဇဝတ်ဂိုဏ်းတွေက ပိုပြီးချဲ့ထွင်လာနေကြောင်းလည်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူက မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကလည်း ပြောဆိုထားပါတယ်။

အလုပ်အကိုင် ရရှိရေး အတွက် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေကို သွားရောက်ရင်း လိမ်ညာလှည့်ဖျားမှုတွေနဲ့ မိပြီး အဓမ္မခိုင်းစေခံနေရတဲ့ ဟောင်ကောင် ပြည်သူတွေ ဌာနေပြန်လာနိုင်ရေး ကြိုးစားနေကြောင်း ဟောင်ကောင် တာဝန်ရှိသူတွေကလည်း သြဂုတ်လ လယ်ပိုင်း တုန်းက ပြောဆိုထားပါတယ်။

လိမ်ညာ ခိုင်းစေခံရသူ ဟောင်ကောင် ပြည်သူ တချို့ကို ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပေမယ့် တချို့ကတော့ မြန်မာနိုင်ငံမှာ ပိတ်မိနေဆဲ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ခရီးမသွားကြဖို့လည်း ဟောင်ကောင် အာဏာပိုင်တို့က ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

..................................................


{{Zawgyi/Unicode}}



















XS
SM
MD
LG