သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦး နိုင်ငံကူးလက်မှတ် ဟောင်ကောင်အစိုးရပယ်ဖျက်


ဒီမိုကရေစီရေးလိုလားသူ လွှတ်တော်အမတ်ဟောင်း Nathan Law ကို အလိုရှိကြောင်း ဟောင်ကောင်ရဲစခန်းရှေ့ ကြေညာထားသည်ကို တွေ့ရပုံ (ဇွန် ၁၂၊ ၂၀၂၄)
ဒီမိုကရေစီရေးလိုလားသူ လွှတ်တော်အမတ်ဟောင်း Nathan Law ကို အလိုရှိကြောင်း ဟောင်ကောင်ရဲစခန်းရှေ့ ကြေညာထားသည်ကို တွေ့ရပုံ (ဇွန် ၁၂၊ ၂၀၂၄)

ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးရဲ့ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကို ဟောင်ကောင်အစိုးရက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။ နိုင်ငံရပ်ခြားမှာ အခြေစိုက်နေထိုင်သူ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ အခုလို အရေးယူတာလည်း ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် စာအုပ်ပယ်ဖျက်ခံရသူတွေထဲမှာ ဒီမိုကရေစီရေးလိုလားသူ လွှတ်တော်အမတ်ဟောင်း Nathan Law ၊ ပြည်ထောင်စုစနစ်လိုလားသူ Mung Siu-tat ၊ လူ့အခွင့်အရေးလှုပ်ရှားသူ Simon Cheng , Finn Lau, Johnny Fok နဲ့ Tony Choi တို့ပါဝင်ပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သူအဖြစ် သူတို့အပေါ် အာဏာပိုင်တွေက စွပ်စွဲထားတာပါ။ သူတို့တွေဟာ UK ကို ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်မယ့် သတင်းပေးရင် ဟောင်ကောင် ဒေါ်လာ ၁ သန်း၊ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ပေးမယ်ဆိုပြီး မနှစ်တုန်းက ဟောင်ကောင်ရဲတွေက ဆုကြေးထုတ်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် UK မှာ နေထိုင်သူ ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦး ကို ငွေကြေးထောက်ပံ့တာ၊ လုပ်ငန်းပူးတွဲဆောင်ရွက်တာ နေထိုင်စရာ ငှားပေးတာ၊ တခြား ပူးတွဲဆောင်ရွက်တာတွေမလုပ်ဖို့လည်း ဟောင်ကောင်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီတားမြစ်ချက်ကို ဖေါက်ဖျက်သူတွေဟာ ထောင်ဒဏ် ၇ နှစ်အထိလည်း ကျခံရနိုင်တာပါ။

အမျိုးသားလုံခြုံရေးအပေါ် အန္တရယ်ကျရောက်စေသလို ၊ ဟောင်ကောင်ရဲ့ပုံရိပ်ကို ညစ်နွမ်းအောင်လုပ်တာ၊ တခြား နိုင်ငံ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ကြံစည်မှုတွေကြောင့် အခုလို သူတို့အပေါ် အရေးယူဆောင်ရွက်တာဖြစ်ကြောင်းလည်း ဟောင်ကောင်အစိုးရက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG