သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးပြည်နယ်အနီး လှေမှောက်တဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားငါဖမ်းသမားတွေ ကယ်တင်


အင်ဒိုနီးရှားနိုင်ငံ​ အာချေးကမ်းခြေကိုရောက်လာကြတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ​ အာချေးကမ်းခြေကိုရောက်လာကြတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး ပင်လယ်မှာ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ သစ်သားလှေတစ်စင်း တိမ်းမှောက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားငါးဖမ်းသမားတွေက ကယ်တယ်ခဲ့တယ်လို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း တာ၀န်ရှိသူတဦးက ပြောပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅၀ ကျော်လောက် ရှိကြောင်း အင်ဒိုနီးရှား ငါးဖမ်းလုပ်ငန်းအကြီးအကဲ Miftach Tjut Adek က ပြောပါတယ်။ ရာသီဥတုဆိုရွားနေပေမဲ့ မှောက်သွားတဲ့လှေထဲကနေ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက တာ၀န်သိစိတ်နဲ့ စွန့်စွန့်စားစားကူညီ ကယ်ဆယ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အာချေးပြည်နယ် Meulaboh မြို့အနီး က ပင်လယ်ရေပြင်မှာ နစ်မြုပ်သွားတဲ့ လှေထဲမှာ ရိုဟင်ဂျာအရေအတွက် ဘယ်လောက်ပါသလဲ၊ အဲဒီမော်တော်ဘုတ်ဟာ ဘယ်ကို ဦးတည်သွားသလဲဆိုတာ ချက်ချင်း စုံစမ်းလို့ မရသေးဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်ခံထားရတဲ့ လူနည်းစု ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေကနေ နည်းမျိုးစုံနဲ့ ထွက်ပြေးနေကြရာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် က အင်ဒိုနီးရှားနိုင်ငံကို မော်တော်ဘုတ်တွေနဲ့ ရောက်လာကြတာမှာ အများစုက အာချေးပြည်နယ်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီးရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၂,၀၀၀ လောက်ရှိမယ်လို့ UNHCR က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG