သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ဂျပန်စာနာမှု အကူအညီ UNICEF စတင် ဖြန့်ဖြူး

ရိုဟင်ဂျာဒုက္ခသည်များ
ရိုဟင်ဂျာဒုက္ခသည်များ

ဂျပန်အစိုးရက ရက်ရက်ရောရော ကူညီပံ့ပိုးပေးတဲ့ ဒေါ်လာ ၂.၇ သန်းကို Cox’s Bazar ခရိုင်နဲ့ Bhasan Char ကျွန်းတို့မှာ ရှိနေကြတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီ ထောက်ပံ့ပေးမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။

“Cox’s Bazar ခရိုင်နဲ့ Bhasan Char ကျွန်းတို့မှာ ရှိနေကြတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် စာနာမှုဆိုင်ရာ ဘက်စုံ ကူညီ ပံ့ပိုးပေးရေး” စီမံချက်အရ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အိမ်ရှင်နိုင်ငံသားတွေ အပါအဝင် ဒုက္ခသည်တွေအနေနဲ့ အကူအညီ အထောက်အပံ့တွေ ရရှိကြမယ်" လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ ပညာရေး၊ WASH လို့ အတိုကောက်ခေါ်တဲ့ သောက်သုံးရေ၊ မိလ္လာနဲ့ တကိုယ်ရေးသန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ ကျန်းမာရေး၊ ကလေးငယ်တွေနဲ့ မိသားစုဝင်တွေအတွက် အဟာရပြည့်မှီတဲ့ အစားအစာတွေ စတဲ့ ကဏ္ဍစုံ စာနာမှုဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတခုဖြစ်တယ်လို့ UNICEF က ပြောပါတယ်။ ဒါ့အပြင် လူမှုအသိုက်အဝန်းရဲ့ နေထိုင်မှုပုံစံကိုပါ ပြုပြင် ပြောင်းလဲပေးသွားမှာ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

This item is part of

Forum

​
XS
SM
MD
LG