သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လူသားချင်းစာနာမှုအကူအညီ ကုလကတဆင့် ဩစတြေးလျ ထောက်ပံ့


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ရံပုံငွေအတွက် ဩစတေးလျနိုင်ငံရဲ့ ရက်ရက်ရောရော ထောက်ပံ့ကူညီမှုကိုကျေးဇူးတင်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က အရင်က တွစ်တာ လူမှုကွန်ယက်ဖြစ်တဲ့ X မှာ ဒီနေ့ ရေးသားထားပါတယ်။ အကူအညီ ပမာဏ အတိအကျကို ဖော်ပြမထားပေမယ့် ဩစတေးလျနိုင်ငံက ပေးတဲ့ အကူအညီတွေကို မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေလက်ထဲ ပေးအပ်မှာ ဖြစ်တဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံက လက်ခံထားတဲ့ လူမှု အသိုက်အဝန်းအတွက် ဩစတေးလျ ဒေါ်လာ ၂၃၅ သန်း ကူညီဖို့ ဩစတြေးလျနိုင်ငံက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်ရေးရာ ညီလာခံမှာ ကတိပေးထားပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဩစတေးလျ ဒေါ်လာ ၆၂၅ သန်း ပေးအပ်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် အရည်အသွေးမှီ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ အရေးပေါ် အကူအညီအတွက် ဦးစားပေး ဆောင်ရွက်နေတဲ့အကြောင်း ဩစတေးလျသံရုံးက ဖေဖော်ဝါရီ ၂၆ ရက်၊​ နင်္လာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA ကတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်က လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့သူ တသန်းပဲ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ ၁၈ သန်းအထိ တိုးလာခဲ့တာကို ပြောဆိုထားပါတယ်။ လူသားချင်းစာနာမှုအကူအညီရော ဖွံဖြိုးရေး အစီအစဉ်တွေအတွက်ပါ လိုအပ်တဲ့ ပမာဏထက် အကြီးအကျယ် လျော့နည်းနေတာကို ထောက်ပြပြီး အရေးပေါ် ကူညီနိုင်အောင် ထောက်ပံ့ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုနေပါတယ်။

မြန်မာကို လူသားချင်းစာနာမှုအကူအညီ ကုလကတဆင့် ဩစတြေးလျ ထောက်ပံ့
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG