သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုကြောင့် မြန်မာအလုပ်သမား အနည်းဆုံး ၄ ဦးသေဆုံး


 တာ့ခရိုင် Mae Ramat မြို့နယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးလိုက်ပါလာတဲ့ ကားချောက်ထဲကျ၊ ၁ ဦးသေ၊ ၈ ဦးဒါဏ်ရာရခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။( ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်/ Photo-Thai Border )Police
တာ့ခရိုင် Mae Ramat မြို့နယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးလိုက်ပါလာတဲ့ ကားချောက်ထဲကျ၊ ၁ ဦးသေ၊ ၈ ဦးဒါဏ်ရာရခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။( ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်/ Photo-Thai Border )Police

ထိုင်းနိုင်ငံ Surat Thani မှာ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကုန်ကားကို ထရပ်ကား တစီးနဲ့ တိုက်မိရာက မြန်မာ အလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် ထုတ် ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။

ကားတိုက်မှုဖြစ်တဲ့ နေရာမှာတင်ခရီးသည် ၂ ဦးနဲ့ ယဉ်မောင်း စုစုပေါင်း လူ ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြခဲ့တာပါ။

ဒဏ်ရာရသူတွေကို ဆေးရုံကို ချက်ခြင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသပေးနေစဉ်မှာပဲ ဒဏ်ရာရသူ တွေထဲက နောက်တယောက်သေဆုံးခဲ့တာပါ။ ယာဉ်မတော်တဆမှုဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာလုပ်သားနှစ်ဦးကလည်း လမ်းဘေးမှာ ပုန်းခိုနေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဘန်ကောက်ကနေ တောင်ပိုင်းခရိုင် Phatthalung ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်သွားတဲ့ကား မတော်တဆဖြစ်ခဲ့တာလို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယဉ်မောင်းသူဟာ ကားမောင်းစဉ်မှာ အိပ်ပျော်သွားတာ၊ ဒါမှမဟုတ် အရှိန်များလွန်တာကြောင့် မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကုန်ကားကို နောက်က ဝင်တိုက်မိတာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG