Zawgyi/Unicode
ထိုင္းနယ္ ကားတိမ္းေမွာက္ ျမန္မာတဦးေသဆံုး
ထိုင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္ Mae Ramat ၿမိဳ႕နယ္ထဲမွာ ေမလ၉ရက္ေန႔က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား၂၁ဦးကို သယ္ေဆာင္လာတဲ့ကားတစီးဟာ ေခ်ာက္ထဲျပဳတ္က်လို တဦးေသဆုံးၿပီး ၈ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ VOA သတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။
ထိုင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္ Mae Ramat ၿမိဳ႕နယ္ထဲမွာ ေမလ၉ရက္ေန႔က ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား၂၀ေက်ာ္ကို သယ္ေဆာင္လာတဲ့ပစ္ကပ္ကားတစီးဟာ မနက္ ၁၁နာရီေလာက္လမွာ မယ္လမၿမိဳနယ္ဘန႔္တီနမူးေက်း႐ြာ အမွတ္(၁၁) နယ္ေျမထဲက ေခ်ာက္တခုထဲကို တိမ္းေမွာက္ခဲ့တာ့ပါ
ကားေပၚမွာပါလာတဲ့ျမန္မာအလုပ္သမား ၂၀ေက်ာ္ထဲက တဦးေသဆုံးၿပီး ၈ဦးကဒဏ္ရာျပင္းထန္စြာရခဲ့တယ္လု႔ိ ေ႐ႊေျပာင္းအလုပ္သမားေတြကိုအကူညီေပးေနတဲ့ AAC အလုပ္သမားကူညီေရးအဖြဲ႕ကအလုပ္သမားေရးလႈပ္ရွားသူကိုရဲမင္းကအခုလိုေျပာပါတယ္အသံ(၁)
((ေမလ၉ရက္ေန႔ မွာထိုင္းႏိုင္ငံ တာ့ခ္ခ႐ိုင္ထဲမွာကားတစီးတိမ္းေမွာက္ခဲ့တာေပါ့ ကားေပၚမွာ ျမန္မာႏိုင္ငံသားေတြ ၂၁ဦးပါပါတယ္အမ်ိဳးသား ၁၂ဦး အမ်ိဳးသမီး၉ဦးလိုက္ပါတဲ့ကားက အရွိန္မထိမ္းႏိုင္ပဲေတာင္ေအာက္ထိုးက်သြားတာပါ အဲဒီမွာ တဦးေသဆုံးၿပီး ၈ဦးဒဏ္ရရွိခဲ့ပါတယ္ အခင္းျဖစ္ပြားၿပီးေနာက္ပိုင္း ထိုင္းအာဏာပိုင္ေတြနဲ႔ကယ္ဆယ္ေရးအဖြဲ႕ေတြက သြားေရာက္ၾကည့္ရႉ႔ၿပီး ဒဏ္ရာရသူေတြကို တာခ့္ခ႐ိုင္ထဲကမယ္လမ ေဆး႐ုံကိုပို႔ေပးခဲ့တယ္လို႔သိရပါတယ္။))
ျမန္မာအလုပ္သမားေတြ ေသဆုံးဒဏ္ရာရတဲ့ မေတာ္တဆကားတိမ္းေမွာက္တဲ့သတင္းနဲ႔ပတ္သက္လို႔ထိုင္းနယ္ျခားေစာင့္တပ္ ၃၅၀၅ကလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္
ၿပီးခဲ့တဲ့မတ္လ၁၆ရက္ေန႔ကထိုင္းႏိူင္ငံေတာင္ပိုင္းပရာကြၽတ္ခီရီခန္ျပည္နယ္အတြင္းတရားမဝင္ျမန္မာ၁၈ေယာက္ကိုတင္ေဆာင္လာတဲ့ေမာ္ေတာ္ယာဥ္တိမ္းေမွာက္ခဲ့ရာ၆ဉီးေသဆုံးၿပီး၇ဦးဒဏ္ရာရခဲ့တာပါ .။
ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရၿမိဳနယ္ထဲမွာေတာ့ ဧၿပီလ ၅ရက္ေန႔က၊ ျမန္မာ ၁၈ ဦးကို လူေမွာင္ခိုသယ္ေဆာင္လာတဲ့ကားတစီး တိမ္းေမွာက္မူျဖစ္ၿပီး ျမန္မာ ၈ ဦးထိခိုက္ဒဏ္ရာရခဲ့ပါတယ္.။
ိထိုင္းျမန္မာနယ္စပ္ပရာကြၽတ္ခီရီကန္ျပည္နယ္ထဲမွာ တရားမဝင္ျမန္မာေတြကိုသယ္ေဆာင္လာတဲ့ကားတစီးဟာ ေမလ၆ရက္ေန႔မနက္ ၄နာရီေက်ာ္အခ်ိန္ကလုံၿခဳံေရးစစ္ေဆးေရးဂိတ္မွာအစစ္ေဆးမခံပဲေမာင္းေျပးၿပီးတဲ့ေနာက္ ပစ္ခတ္ခံရမူျဖစ္ၿပီး ျမန္မာ၁ဦးေသဆုံးၿပီး ၃ဦးျပင္းထန္တဲ့ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။
ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြသယ္ေဆာင္လာတဲ့ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကိုေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တိုက္မူေတြျဖစ္ၿပီး မၾကာခန ေသဆုံးဒဏ္ရာရမူေတြလည္းျဖစ္ပြားခဲ့ပါတယ္ရွင္။
##
Unicode
ထိုင်းနယ် ကားတိမ်းမှောက် မြန်မာတဦးသေဆုံး
ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ် Mae Ramat မြို့နယ်ထဲမှာ မေလ၉ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား၂၁ဦးကို သယ်ဆောင်လာတဲ့ကားတစီးဟာ ချောက်ထဲပြုတ်ကျလို တဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ VOA သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ် Mae Ramat မြို့နယ်ထဲမှာ မေလ၉ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား၂၀ကျော်ကို သယ်ဆောင်လာတဲ့ပစ်ကပ်ကားတစီးဟာ မနက် ၁၁နာရီလောက်လမှာ မယ်လမမြိုနယ်ဘန့်တီနမူးကျေးရွာ အမှတ်(၁၁) နယ်မြေထဲက ချောက်တခုထဲကို တိမ်းမှောက်ခဲ့တာ့ပါ
ကားပေါ်မှာပါလာတဲ့မြန်မာအလုပ်သမား ၂၀ကျော်ထဲက တဦးသေဆုံးပြီး ၈ဦးကဒဏ်ရာပြင်းထန်စွာရခဲ့တယ်လု့ိ ရွှေပြောင်းအလုပ်သမားတွေကိုအကူညီပေးနေတဲ့ AAC အလုပ်သမားကူညီရေးအဖွဲ့ကအလုပ်သမားရေးလှုပ်ရှားသူကိုရဲမင်းကအခုလိုပြောပါတယ်အသံ(၁)
((မေလ၉ရက်နေ့ မှာထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာကားတစီးတိမ်းမှောက်ခဲ့တာပေါ့ ကားပေါ်မှာ မြန်မာနိုင်ငံသားတွေ ၂၁ဦးပါပါတယ်အမျိုးသား ၁၂ဦး အမျိုးသမီး၉ဦးလိုက်ပါတဲ့ကားက အရှိန်မထိမ်းနိုင်ပဲတောင်အောက်ထိုးကျသွားတာပါ အဲဒီမှာ တဦးသေဆုံးပြီး ၈ဦးဒဏ်ရရှိခဲ့ပါတယ် အခင်းဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကြည့်ရှူ့ပြီး ဒဏ်ရာရသူတွေကို တာခ့်ခရိုင်ထဲကမယ်လမ ဆေးရုံကိုပို့ပေးခဲ့တယ်လို့သိရပါတယ်။))
မြန်မာအလုပ်သမားတွေ သေဆုံးဒဏ်ရာရတဲ့ မတော်တဆကားတိမ်းမှောက်တဲ့သတင်းနဲ့ပတ်သက်လို့ထိုင်းနယ်ခြားစောင့်တပ် ၃၅၀၅ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်
ပြီးခဲ့တဲ့မတ်လ၁၆ရက်နေ့ကထိုင်းနိူင်ငံတောင်ပိုင်းပရာကျွတ်ခီရီခန်ပြည်နယ်အတွင်းတရားမဝင်မြန်မာ၁၈ယောက်ကိုတင်ဆောင်လာတဲ့မော်တော်ယာဉ်တိမ်းမှောက်ခဲ့ရာ၆ဉီးသေဆုံးပြီး၇ဦးဒဏ်ရာရခဲ့တာပါ .။
ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြိုနယ်ထဲမှာတော့ ဧပြီလ ၅ရက်နေ့က၊ မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်မူဖြစ်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်.။
ိထိုင်းမြန်မာနယ်စပ်ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင်မြန်မာတွေကိုသယ်ဆောင်လာတဲ့ကားတစီးဟာ မေလ၆ရက်နေ့မနက် ၄နာရီကျော်အချိန်ကလုံခြုံရေးစစ်ဆေးရေးဂိတ်မှာအစစ်ဆေးမခံပဲမောင်းပြေးပြီးတဲ့နောက် ပစ်ခတ်ခံရမူဖြစ်ပြီး မြန်မာ၁ဦးသေဆုံးပြီး ၃ဦးပြင်းထန်တဲ့ဒဏ်ရာများရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေသယ်ဆောင်လာတဲ့ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မူတွေဖြစ်ပြီး မကြာခန သေဆုံးဒဏ်ရာရမူတွေလည်းဖြစ်ပွားခဲ့ပါတယ်ရှင်။