သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာေတြ တင္လာတဲ့ကား ပစ္ခတ္ခံရမႈ ၁ ဦးေသ၊ ၃ ဦးဒဏ္ရာရ


ထုိင္းႏုိင္ငံတြင္း အေထာက္အထားမဲ့ ဝင္ေရာက္လာၿပီးေနာက္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားတဲ့ ျမန္မာတဦး။ (ေမ ၆၊ ၂၀၂၂။ ဓာတ္ပုံ - ပရဟိတအဖဲြ႔)

(Zawgyi / Unicode)

ထို္င္း-ျမန္မာနယ္စပ္ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာ တရားမဝင္ ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ကားတစီးဟာ ေမလ ၆ ရက္ေန့ မနက္ ၄ နာရီေက်ာ္အခ်ိန္က လံုၿခံုေရး စစ္ေဆးေရးဂိတ္မွာ အစစ္ေဆးမခံဘဲ ေမာင္းေျပးျပီးတဲ့ေနာက္ ပစ္ခတ္ခံရမႈျဖစ္ျပီး ျမန္မာ ၁ ဦးေသဆံုးျပီး ၃ ဦး ျပင္းထန္တဲ့ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ဒီသတင္းကို ထုိင္းအေျခစုိက္ ဗြီအုိေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ့ထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာ လူေမွာင္ခိုသမားေတြက အေထာက္အထားမဲ့ ျမန္မာေတြကုိ သယ္ေဆာင္ျပီး လံုၿခံုေရး စစ္ေဆးေရးဂိတ္ရဲ့ အစစ္ေဆးမခံဘဲ ေမာင္းေျပးမႈ ျဖစ္ခဲ့တာပါ။

ေမလ ၆ ရက္ေန့ မနက္ ၄ နာရီေက်ာ္အခ်ိန္မွာ အေထာက္အထားမဲ့ ျမန္မာေတြကို ေမွာက္လ်က္အေနအထားနဲ့ သယ္ေဆာင္လာတဲ့ကားဟာ စစ္ေဆးတာကို မခံဘဲ အရိွန္ျပင္းျပင္းနဲ့ ေမာင္းေျပးတာေၾကာင့္ လံုၿခံဳေရးတပ္ဖဲြ႔ေတြက ေနာက္က လိုက္လံဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့ ျပန္ေတြ႔ခ်ိန္မွာေတာ့ ေသနတ္ဒဏ္ရာနဲ့ အသက္ ၃၅ ႏွစ္အရြယ္ ျမန္မာတဥိီး ေသဆံုးျပီး ၃ ဦးကိုေတာ့ ေသနတ္ဒဏ္ရာေတြနဲ့ ေတြ႔ရတယ္လို့ လံုၿခံုေရး အာဏာပုိင္ေတြက ဆိုပါတယ္။

ပစ္ခတ္မႈနဲ့ပတ္သက္လို့ ပညာေရးနဲ့ ဖြံ႔ၿဖိုးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

“ပစ္တဲ့လူကိုေတာ့ စံုစမ္းတုန္းရိွေသးတယ္။ ပစ္တာကေတာ့ မေန့က မနက္အေစာႀကီးျဖစ္တာ။ တရားမဝင္တဲ့ ျမန္မာေတြကို ေမွာင္ခိုသြင္းတဲ့ဂိုဏ္္းက သူတို့ေစာင့္ခုိင္းထားတဲ့ ဆီအုန္းၿခံက ေခၚလာတဲ့အခ်ိန္ ခ်က္ပိြဳင့္ေရာက္တဲ့အခ်ိန္ အဲဒီမွာ ပံုမွန္ ခ်က္ပိြိဳင့္ေတြရိွတယ္၊ သူတို့က လံုၿခံဳေရးတားထားတဲ့အခိ်န္မွာ သူတို့က ထြက္ေျပးတယ္။ လိုက္တဲ့အခ်ိန္မွာ ဇာတ္လမ္းက ျပတ္သြားတယ္။ သြားေတြ႔တဲ့အခ်ိန္မွာ ကားက လမ္းမွာထုိးရပ္ထားျပီး ေသတဲ့သူကတေယာက္၊ ဒဏ္ရာရသူက သံုးေယာက္၊ ေဘးနားမွာလိုက္ရွာေတာ့ ၿခံုထဲမွာပုန္းေနတဲ့သူ ၁၀ ေယာက္ေတြ႔တယ္။”

ဒီပစ္ခတ္မႈဟာ check point က လံုၿခံုေရးအာဏာပုိင္ေတြက ပစ္ခတ္တာလား၊ တျခား လူေမွာင္ခိုဂိုဏ္း အခ်င္းခ်င္းက ပစ္ခတ္တာလား ဆုိတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အခုအခါမွာေတာ့ အဲဒီ လံုၿခံဳေရးအာဏာပိုင္ ၁၅ ဦးထက္မနည္းကိုေတာ့ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနျပီလို့လည္း ဦးမင္းဦးက ေျပာပါတယ္။

“သူတို့က စံုစမ္းစစ္ေဆးမႈေတြ လုပ္တုန္းရွိေသးတယ္။ ဘယ္သူေတြ ပါဝင္ပတ္သက္ျပီး ပစ္တာလဲ ဆုိတာကိုေပါ့။ ေလာေလာဆယ္ ျမိဳ့နယ္ရဲမွူးက စံုစမ္းစစ္စစ္ဆးေရး လုပ္ေနတယ္ေပါ့ေနာ္။ တကယ္လို့ တခ်ိဳ႕ လံုၿခံုေရးမွာပါဝင္တဲ့ အာဏာပုိင္ေတြ ရဲေတြ ပါဝင္ပတ္သက္တယ္ဆိုရင္ေတာ့ အေရးယူမယ္လို့ ေျပာပါတယ္။”

ၿပီးခဲ့တဲ့ မတ္လ ၁၆ ရက္ေန႔က ထိုင္းႏုိင္ငံေတာင္ပိုင္း ပရာကြၽတ္ခီရီခန္ျပည္နယ္အတြင္း တရားမဝင္ ျမန္မာ ၁၈ ေယာက္ကို တင္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္ခဲ့ရာ ၆ ဦးေသဆုံးၿပီး ၇ ဦး ဒဏ္ရာရခဲ့တာပါ။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရျမိဳ႕နယ္ထဲမွာေတာ့ ဧျပီလ ၅ ရက္ေန႔က ျမန္မာ ၁၈ ဦးကို လူေမွာင္ခုိသယ္ေဆာင္လာတဲ့ ကားတစီး တိမ္းေမွာက္မႈျဖစ္ျပီး ျမန္မာ ၈ ဦး ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြ သယ္ေဆာင္လာတဲ့ ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တုိက္မႈေတြျဖစ္ျပီး မၾကာခန ေသဆံုးဒဏ္ရာရမႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

အထောက်အထားမဲ့ မြန်မာတွေ တင်လာတဲ့ကား ပစ်ခတ်ခံရမှု ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီးဟာ မေလ ၆ ရက်နေ့ မနက် ၄ နာရီကျော်အချိန်က လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံဘဲ မောင်းပြေးပြီးတဲ့နောက် ပစ်ခတ်ခံရမှုဖြစ်ပြီး မြန်မာ ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ လူမှောင်ခိုသမားတွေက အထောက်အထားမဲ့ မြန်မာတွေကို သယ်ဆောင်ပြီး လုံခြုံရေး စစ်ဆေးရေးဂိတ်ရဲ့ အစစ်ဆေးမခံဘဲ မောင်းပြေးမှု ဖြစ်ခဲ့တာပါ။

မေလ ၆ ရက်နေ့ မနက် ၄ နာရီကျော်အချိန်မှာ အထောက်အထားမဲ့ မြန်မာတွေကို မှောက်လျက်အနေအထားနဲ့ သယ်ဆောင်လာတဲ့ကားဟာ စစ်ဆေးတာကို မခံဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက နောက်က လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်တွေ့ချိန်မှာတော့ သေနတ်ဒဏ်ရာနဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာတဦး သေဆုံးပြီး ၃ ဦးကိုတော့ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရတယ်လို့ လုံခြုံရေး အာဏာပိုင်တွေက ဆိုပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ပစ်တဲ့လူကိုတော့ စုံစမ်းတုန်းရှိသေးတယ်။ ပစ်တာကတော့ မနေ့က မနက်အစောကြီးဖြစ်တာ။ တရားမဝင်တဲ့ မြန်မာတွေကို မှောင်ခိုသွင်းတဲ့ဂိုဏ်းက သူတို့စောင့်ခိုင်းထားတဲ့ ဆီအုန်းခြံက ခေါ်လာတဲ့အချိန် ချက်ပွိုင့်ရောက်တဲ့အချိန် အဲဒီမှာ ပုံမှန် ချက်ပွိုင့်တွေရှိတယ်၊ သူတို့က လုံခြုံရေးတားထားတဲ့အချိန်မှာ သူတို့က ထွက်ပြေးတယ်။ လိုက်တဲ့အချိန်မှာ ဇာတ်လမ်းက ပြတ်သွားတယ်။ သွားတွေ့တဲ့အချိန်မှာ ကားက လမ်းမှာထိုးရပ်ထားပြီး သေတဲ့သူကတယောက်၊ ဒဏ်ရာရသူက သုံးယောက်၊ ဘေးနားမှာလိုက်ရှာတော့ ခြုံထဲမှာပုန်းနေတဲ့သူ ၁၀ ယောက်တွေ့တယ်။”

ဒီပစ်ခတ်မှုဟာ check point က လုံခြုံရေးအာဏာပိုင်တွေက ပစ်ခတ်တာလား၊ တခြား လူမှောင်ခိုဂိုဏ်း အချင်းချင်းက ပစ်ခတ်တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုအခါမှာတော့ အဲဒီ လုံခြုံရေးအာဏာပိုင် ၁၅ ဦးထက်မနည်းကိုတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့လည်း ဦးမင်းဦးက ပြောပါတယ်။

“သူတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်တုန်းရှိသေးတယ်။ ဘယ်သူတွေ ပါဝင်ပတ်သက်ပြီး ပစ်တာလဲ ဆိုတာကိုပေါ့။ လောလောဆယ် မြို့နယ်ရဲမှူးက စုံစမ်းစစ်စစ်ဆးရေး လုပ်နေတယ်ပေါ့နော်။ တကယ်လို့ တချို့ လုံခြုံရေးမှာပါဝင်တဲ့ အာဏာပိုင်တွေ ရဲတွေ ပါဝင်ပတ်သက်တယ်ဆိုရင်တော့ အရေးယူမယ်လို့ ပြောပါတယ်။”

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်း တရားမဝင် မြန်မာ ၁၈ ယောက်ကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲမှာတော့ ဧပြီလ ၅ ရက်နေ့က မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်မှုဖြစ်ပြီး မြန်မာ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေ သယ်ဆောင်လာတဲ့ ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မှုတွေဖြစ်ပြီး မကြာခန သေဆုံးဒဏ်ရာရမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG