[[Zawgyi/Unicode]]
အေမရိကန္ျပည္ေထာင္စုမွာ ၾကက္ဥေတြျပတ္လပ္မႈေနတာေၾကာင့္ မကၠဆီႏိုင္ငံကေန နယ္စပ္ကိုျဖတ္ၿပီး ေမွာင္ခိုတင္သြင္းတာေတြ မ်ားျပားေနၾကပါတယ္။ ဒီအေၾကာင္း Cesar Contreras ေပးပို႔ထားထားတာကို ကိုခင္ေမာင္စိုးမင္းက တင္ျပေပးထားပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ ၾကက္ဥေဈးေတြ သိသိသာသာျမင့္တက္ေနတဲ့အတြက္ တခ်ိဳ႕သူေတြဟာ ေတာင္ပိုင္းမွာရွိတဲ့မကၠဆီနယ္စပ္ကေန ၾကက္ဥေတြကိုေဈးခ်ိဳခ်ိဳနဲ႔ ဝယ္ယူၿပီး ေျမာက္ပိုင္း ျပည္နယ္ေတြကို ေမွာင္ခိုသယ္ယူေရာင္းဝယ္ဖို႔ ႀကိဳးစားလာၾကပါတယ္။ အဲဒီလို အေျခအေနနဲ႔ပတ္သက္ၿပီး အေမရိကန္နယ္ျခားကာကြယ္ေရးနဲ႔ အေကာက္ခြန္ဌာနက စိုက္ပ်ိဳးေရးအထူးကြၽမ္းက်င္အရာရွိ Luis Carlos Macias က စပိန္ဘာသာစကားနဲ႔ အခုလိုေျပာပါတယ္။
" ၿပီးခဲ့တဲ့ ၃ လေက်ာ္အတြင္း အထူးသျဖင့္ ၾကက္ဥေတြအပါအဝင္ လတ္ဆတ္တဲ့ ၾကက္သားထုတ္ကုန္ေတြ ဖမ္းဆီးသိမ္းမိတာေတြဟာဆိုရင္ ၁ဝ၈ ရာခိုင္ႏႈန္းအထိ တိုးလာတာကို သတိျပဳမိပါတယ္။ အမ်ားဆုံးကေတာ့ နယ္စပ္ ၂ ၿမိဳ႕ျဖစ္ၾကတဲ့ မကၠဆီကိုဖက္ Juarez ၿမိဳ႕ကေန အေမရိကန္၊ တကၠဆက္ျပည္နယ္ EI Paso ၿမိဳ႕ထဲကို ဝင္လာၾကတာေတြ ျဖစ္ပါတယ္။"
မၾကာေသးခင္ လေတြက တကၠဆက ၊ အရီဇိုးနားနဲ႔ ကယ္လီဖိုးနီးယားျပည္နယ္ေတြမွာ သက္ဆိုင္ရာ နယ္ျခားအရာရွိေတြက ျပည္ပကေန တင္သြင္းမႈတားျမစ္ထားတဲ့ ၾကက္ဥေတြ အေျမာက္အမ်ားကို ဖမ္းဆီးသိမ္းဆည္းမိပါတယ္။ အေမရိကန္မွာ ပ႐ိုတိန္းႂကြယ္ဝတဲ့ အစားအစာေတြကို ပိုမိုၿပီး စာသုံးလာၾကတဲ့အခ်ိန္မွာ ၾကက္ငွက္တုပ္ေကြး ေရာဂါျဖစ္ပြားလာတဲ့အတြက္ေၾကာင့္ ၾကက္ဥေဈးေတြ ျမင့္တက္ကုန္တာျဖစ္ပါတယ္။
အဲဒီလို အေျခအေနကို အခြင့္ေကာင္းယူၿပီး ၾကက္ဥေဈးခ်ိဳတဲ့ မကၠဆီကိုမွာဝယ္ၿပီး နယ္စပ္ျဖတ္ အေမရိကန္ထဲ ေမွာင္ခိုတင္သြင္းတဲ့သူေတြအေနနဲ႔လည္း ဖမ္းမိသြားရင္ ဒဏ္ေငြေပးေဆာင္ရပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး အေမရိကန္ နယ္ျခားေစာင့္ၾကပ္ေရးနဲ႔ အေကာက္ခြန္အရာရွိ Luis Carlos Macias က စပိန္ဘာသာစကားနဲ႔ အခုလိုေျပာပါတယ္။
"တကယ္လို႔ ခင္ဗ်ားအေနနဲ႔ အဲဒီ ၾကက္ဥေတြယူလာတယ္ဆိုတာ သက္ဆိုင္ရာအရာရွိေတြကို ပြင့္ပြင့္လင္းလင္း မေျပာခဲ့ဘူးဆိုရင္ နံပါတ္ ၁ အေနနဲ႔ အဲဒါေတြကို သိမ္းယူလိမ့္မယ္။ အဲဒီေနာက္ နံပါတ္ ၂ အေနနဲ႔ ပထမအႀကိမ္ ရာဇဝတ္မႈဆိုၿပီး ေဒၚလာ ၃ဝဝ ဒဏ္႐ိုက္လိမ့္မယ္။ ဒုတိယျပစ္မႈဆိုရင္ေတာ့ ေဒၚလာတေထာင္ ဒဏ္႐ိုက္လိမ့္မယ္။"
အေမရိကန္ျပည္ေထာင္စုမွာ စားသုံးကုန္ေတြ ေဈးတက္ေနတာနဲ႔ပတ္သက္လို႔ အေမရိကန္ဘက္နယ္စပ္ EI Paso ၿမိဳ႕က Julio Rangel တို႔လို စားသုံးသူေတြကေတာ့ နားလည္ေပးပါတယ္။ ျပည္သူအမ်ားအေနနဲ႔လည္း ထုတ္ျပန္ထားတဲ့ ဥပေဒစည္းမ်ဥ္းေတြကို လိုက္နာေပးၾကဖို႔ သူက စပိန္ဘာသာစကားနဲ႔ ေျပာပါတယ္။
"ၾကက္ဥေတြ တရားမဝင္သယ္လာတာကို ဒဏ္႐ိုက္တာက အဓိပၸါယ္ရွိတဲ့လုပ္ရပ္ပါ။ အဲဒီ မကၠဆီကိုဘက္က ခိုးသယ္လာတဲ့ ၾကက္ဥေတြမွာ ကပ္ပါးပိုးေတြနဲ႔ တျခားေရာဂါေတြ ပါလာႏိုင္ပါတယ္။ ဟိုတခါ ေလာင္စာဓါတ္ေငြ႕ေဈးေတြ တက္တုန္းကလိုမ်ိဳး အခုျဖစ္စဥ္ကိုလည္း အေျခအေနနဲ႔ ကိုက္ညီေအာင္ လုပ္ရမွာပါ။"
အေမရိကန္မွာ အခုဆိုရင္ ၾကက္ဥေဈးႏႈန္းဟာ တဒါဇင္ကို ၂ ေဒၚလာ ကေန ၅ ေဒၚလာအထိ ေဈးတက္သြားပါတယ္။
ဒါေပမယ့္လည္း မကၠဆီကိုမွာကေတာ့ အေမရိကန္မွာ ဝယ္ရတဲ့ေဈးရဲ႕တဝက္ေလာက္ပဲ ရွိပါတယ္။ အဲဒီအေျခအေနကိုအခြင့္ေကာင္းယူၿပီး အေမရိကန္ျပည္ေထာင္စုအတြင္းကို ေမွာင္ခိုသယ္ယူေရာင္းခ်မယ္ဆိုင္ရင္ ေဒၚလာတေသာင္းအထိ ဒဏ္ေငြ ခ်မွတ္ႏိုင္တယ္လို႔ အေမရိကန္နယ္ျခားေဒသကာကြယ္ေရးနဲ႔ အေကာက္ခြန္ဌာနက အရာရွိေတြက ေျပာပါတယ္။
============
[[Unicode]]
အမေရိကန်၊ မက္ကစီကို နယ်စပ်က ကြက်ဥမှောင်ခိုဈေးကွက်
အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥတွေပြတ်လပ်မှုနေတာကြောင့် မက္ကဆီနိုင်ငံကနေ နယ်စပ်ကိုဖြတ်ပြီး မှောင်ခိုတင်သွင်းတာတွေ များပြားနေကြပါတယ်။ ဒီအကြောင်း Cesar Contreras ပေးပို့ထားထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥဈေးတွေ သိသိသာသာမြင့်တက်နေတဲ့အတွက် တချို့သူတွေဟာ တောင်ပိုင်းမှာရှိတဲ့မက္ကဆီနယ်စပ်ကနေ ကြက်ဥတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး မြောက်ပိုင်း ပြည်နယ်တွေကို မှောင်ခိုသယ်ယူရောင်းဝယ်ဖို့ ကြိုးစားလာကြပါတယ်။ အဲဒီလို အခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်နယ်ခြားကာကွယ်ရေးနဲ့ အကောက်ခွန်ဌာနက စိုက်ပျိုးရေးအထူးကျွမ်းကျင်အရာရှိ Luis Carlos Macias က စပိန်ဘာသာစကားနဲ့ အခုလိုပြောပါတယ်။
" ပြီးခဲ့တဲ့ ၃ လကျော်အတွင်း အထူးသဖြင့် ကြက်ဥတွေအပါအဝင် လတ်ဆတ်တဲ့ ကြက်သားထုတ်ကုန်တွေ ဖမ်းဆီးသိမ်းမိတာတွေဟာဆိုရင် ၁ဝ၈ ရာခိုင်နှုန်းအထိ တိုးလာတာကို သတိပြုမိပါတယ်။ အများဆုံးကတော့ နယ်စပ် ၂ မြို့ဖြစ်ကြတဲ့ မက္ကဆီကိုဖက် Juarez မြို့ကနေ အမေရိကန်၊ တက္ကဆက်ပြည်နယ် EI Paso မြို့ထဲကို ဝင်လာကြတာတွေ ဖြစ်ပါတယ်။"
မကြာသေးခင် လတွေက တက္ကဆက ၊ အရီဇိုးနားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ သက်ဆိုင်ရာ နယ်ခြားအရာရှိတွေက ပြည်ပကနေ တင်သွင်းမှုတားမြစ်ထားတဲ့ ကြက်ဥတွေ အမြောက်အများကို ဖမ်းဆီးသိမ်းဆည်းမိပါတယ်။ အမေရိကန်မှာ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုပြီး စာသုံးလာကြတဲ့အချိန်မှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားလာတဲ့အတွက်ကြောင့် ကြက်ဥဈေးတွေ မြင့်တက်ကုန်တာဖြစ်ပါတယ်။
အဲဒီလို အခြေအနေကို အခွင့်ကောင်းယူပြီး ကြက်ဥဈေးချိုတဲ့ မက္ကဆီကိုမှာဝယ်ပြီး နယ်စပ်ဖြတ် အမေရိကန်ထဲ မှောင်ခိုတင်သွင်းတဲ့သူတွေအနေနဲ့လည်း ဖမ်းမိသွားရင် ဒဏ်ငွေပေးဆောင်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန် နယ်ခြားစောင့်ကြပ်ရေးနဲ့ အကောက်ခွန်အရာရှိ Luis Carlos Macias က စပိန်ဘာသာစကားနဲ့ အခုလိုပြောပါတယ်။
"တကယ်လို့ ခင်ဗျားအနေနဲ့ အဲဒီ ကြက်ဥတွေယူလာတယ်ဆိုတာ သက်ဆိုင်ရာအရာရှိတွေကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူးဆိုရင် နံပါတ် ၁ အနေနဲ့ အဲဒါတွေကို သိမ်းယူလိမ့်မယ်။ အဲဒီနောက် နံပါတ် ၂ အနေနဲ့ ပထမအကြိမ် ရာဇဝတ်မှုဆိုပြီး ဒေါ်လာ ၃ဝဝ ဒဏ်ရိုက်လိမ့်မယ်။ ဒုတိယပြစ်မှုဆိုရင်တော့ ဒေါ်လာတထောင် ဒဏ်ရိုက်လိမ့်မယ်။"
အမေရိကန်ပြည်ထောင်စုမှာ စားသုံးကုန်တွေ ဈေးတက်နေတာနဲ့ပတ်သက်လို့ အမေရိကန်ဘက်နယ်စပ် EI Paso မြို့က Julio Rangel တို့လို စားသုံးသူတွေကတော့ နားလည်ပေးပါတယ်။ ပြည်သူအများအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာပေးကြဖို့ သူက စပိန်ဘာသာစကားနဲ့ ပြောပါတယ်။
"ကြက်ဥတွေ တရားမဝင်သယ်လာတာကို ဒဏ်ရိုက်တာက အဓိပ္ပါယ်ရှိတဲ့လုပ်ရပ်ပါ။ အဲဒီ မက္ကဆီကိုဘက်က ခိုးသယ်လာတဲ့ ကြက်ဥတွေမှာ ကပ်ပါးပိုးတွေနဲ့ တခြားရောဂါတွေ ပါလာနိုင်ပါတယ်။ ဟိုတခါ လောင်စာဓါတ်ငွေ့ဈေးတွေ တက်တုန်းကလိုမျိုး အခုဖြစ်စဉ်ကိုလည်း အခြေအနေနဲ့ ကိုက်ညီအောင် လုပ်ရမှာပါ။"
အမေရိကန်မှာ အခုဆိုရင် ကြက်ဥဈေးနှုန်းဟာ တဒါဇင်ကို ၂ ဒေါ်လာ ကနေ ၅ ဒေါ်လာအထိ ဈေးတက်သွားပါတယ်။
ဒါပေမယ့်လည်း မက္ကဆီကိုမှာကတော့ အမေရိကန်မှာ ဝယ်ရတဲ့ဈေးရဲ့တဝက်လောက်ပဲ ရှိပါတယ်။ အဲဒီအခြေအနေကိုအခွင့်ကောင်းယူပြီး အမေရိကန်ပြည်ထောင်စုအတွင်းကို မှောင်ခိုသယ်ယူရောင်းချမယ်ဆိုင်ရင် ဒေါ်လာတသောင်းအထိ ဒဏ်ငွေ ချမှတ်နိုင်တယ်လို့ အမေရိကန်နယ်ခြားဒေသကာကွယ်ရေးနဲ့ အကောက်ခွန်ဌာနက အရာရှိတွေက ပြောပါတယ်။