သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ စားေသာက္ကုန္ေစ်း ၇% ျမင္႔တက္


US inflation

အေမရိကန္ စားေသာက္ကုန္ေစ်း ၇% ျမင္႔တက္

{{Zawgyi/Unicode}}

ျပီးခဲ့တဲ့ ဒီဇင္ဘာလက အေမရိကန္နိုင္ငံတြင္း အေထြေထြစားသံုးကုန္၊ လူသုံးကုန္ ပစၥည္းေစ်းနႈန္းေတြ၇ ရာခိုင္ႏႈန္း ျမင့္တက္သြားျပီး၊ ဒါဟာ နွစ္ ၄၀ အတြင္းမွာ အျမင့္ဆံုးလို႕ အလုပ္သမားေရးရာဌာနက ဗုဒၶဟူးေန႕က ထုတ္ျပန္ေၾကညာပါတယ္။

၂၀၂၁ မွာ ကုန္ေစ်းႏႈန္း တရိပ္ရိပ္ျမင့္တက္လာကာ ၁၉၈၂ ေနာက္ပိုင္း ဒါက အျမင့္ဆံုးပါ။ ျပီးခဲ့တဲ့ နိုဝင္ဘာလက ၆.၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး တလအတြင္းမွာ ၀.၅ ရာခိုင္ႏႈန္း ျမင့္တက္သြားတဲ့ သေဘာပါ။

သံုးသပ္သူေတြကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကုန္စည္းစီးဆင္းမႈ ေႏွးေကြးခ်ိန္မွာ အေမရိကန္ေတြ အေထြေထြဝယ္လိုအား ျမင့္တက္လာတာေၾကာင့္ ေစ်ၾကီးတဲ့ ကားနဲ႕ စက္ပစၥည္းေတြအပါအဝင္ ေန႔စဥ္လူသံုးကုန္ေတြရဲ႕ ေစ်းပါ ျမင့္တက္လာတာလို႕ သံုးသပ္ၾကပါတယ္။

သမၼတ ဂ်ိဳးဘိုင္ဒန္က ဒီထုတ္ျပန္ခ်က္ထဲမွာပါတဲ့ ညႊန္းကိန္းေတြအရ ျပီးခဲ့တဲ့ လေတြအတြင္းမွာေတာ့ ေလာင္စာဆီနဲ႕ စားေသာက္ကုန္ေစ်းႏႈန္းေတြ က်ဆင္းခဲ့ေၾကာင္း၊ ေစ်းတက္နႈန္း ေနွးလာေအာင္ အစိုးရေဆာင္ရြက္ခ်က္ေတြဟာ ထိေရာက္ေၾကာင္းနဲ႕ ဆက္ျပီး ေစ်းေတြက်ေအာင္ လုပ္ဖို႕ လုိတယ္လို႕ လည္း ဆိုပါတယ္။

....................................

အေမရိကန္ စားေသာက္ကုန္ေစ်း ၇% ျမင္႔တက္
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္

အမေရိကန် စားသောက်ကုန်ဈေး ၇% မြင့်တက်

{{Unicode}}

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်နိုင်ငံတွင်း အထွေထွေစားသုံးကုန်၊ လူသုံးကုန် ပစ္စည်းဈေးနှုန်းတွေ၇ ရာခိုင်နှုန်း မြင့်တက်သွားပြီး၊ ဒါဟာ နှစ် ၄၀ အတွင်းမှာ အမြင့်ဆုံးလို့ အလုပ်သမားရေးရာဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၁ မှာ ကုန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာကာ ၁၉၈၂ နောက်ပိုင်း ဒါက အမြင့်ဆုံးပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တလအတွင်းမှာ ဝ.၅ ရာခိုင်နှုန်း မြင့်တက်သွားတဲ့ သဘောပါ။

သုံးသပ်သူတွေကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ကုန်စည်းစီးဆင်းမှု နှေးကွေးချိန်မှာ အမေရိကန်တွေ အထွေထွေဝယ်လိုအား မြင့်တက်လာတာကြောင့် ဈေကြီးတဲ့ ကားနဲ့ စက်ပစ္စည်းတွေအပါအဝင် နေ့စဉ်လူသုံးကုန်တွေရဲ့ ဈေးပါ မြင့်တက်လာတာလို့ သုံးသပ်ကြပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်က ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ ညွှန်းကိန်းတွေအရ ပြီးခဲ့တဲ့ လတွေအတွင်းမှာတော့ လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းခဲ့ကြောင်း၊ ဈေးတက်နှုန်း နှေးလာအောင် အစိုးရဆောင်ရွက်ချက်တွေဟာ ထိရောက်ကြောင်းနဲ့ ဆက်ပြီး ဈေးတွေကျအောင် လုပ်ဖို့ လိုတယ်လို့ လည်း ဆိုပါတယ်။

XS
SM
MD
LG