သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကေလးလုပ္သားအေရး ပိုဆိုးမလာခင္ ေျဖရွင္းဖို႔လို


ျမန္မာျပည္တြင္းက ကေလးလုပ္သားမ်ား။

[Zawgyi/Unicode]

ဒီေန႔ ဇြန္လ ၁၂ ရက္က ကမာၻ႔ကေလးလုပ္သား ဆန႔္က်င္တိုက္ဖ်က္ေရးေန႔ပါ။ ကမာၻ႔ကပ္ေရာဂါျဖစ္ေနတဲ့ အေတာအတြင္း ကေလးလုပ္သားအေရအတြက္ မ်ားလာမလားဆိုတဲ့ စိုးရိမ္မႈေတြနဲ႔အတူ ႏိုင္ငံတကာအဖြဲ႕အစည္းတခ်ိဳ႕ သတင္းထုတ္ျပန္ခ်က္၊ ျပည္တြင္းက ကေလးသူငယ္အခြင့္အေရး ကာကြယ္တဲ့အဖြဲ႕အစည္းေတြရဲ႕ သုံးသပ္ခ်က္ကို ဗီြအိုေအသတင္းေထာက္ ကိုဇာ္ထက္က တင္ျပေပးပါမယ္။

ျမန္မာျပည္တြင္းက ကေလးအလုပ္သမားမ်ား။
ျမန္မာျပည္တြင္းက ကေလးအလုပ္သမားမ်ား။

ဒုတိယကမာၻစစ္ေနာက္ပိုင္း ကမာၻ႔စီးပြားေရး အဆိုးဆုံးအေျခအေနကို ေရာက္ေနတာက ကေလးသူငယ္ သန္းနဲ႔ခ်ီၿပီး လုပ္ငန္းခြင္ထဲ ေရာက္သြားႏိုင္တယ္လို႔ ႏိုင္ငံတကာအလုပ္သမားအဖြဲ႕ခ်ဳပ္ ILO နဲ႔ ကုလကေလးမ်ားရန္ပုံေငြအဖြဲ႕ UNICEF က သတိေပးလိုက္တာပါ။ ဒါက အႏွစ္ ၂၀ အတြင္း ကေလးလုပ္သားဦးေရ ျပန္တက္လာႏိုင္တဲ့ အေျခအေနလို႔ ဆိုပါတယ္။ ျပည္တြင္းမွာေတာ့ COVID မတိုင္ခင္နဲ႔ COVID ကာလပါ ကေလးလုပ္သား ျပႆနာက ေျဖရွင္းရမယ့္ ကိစၥျဖစ္ေနတယ္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသားေကာ္မတီက ဦးမ်ိဳးျမင့္ထြန္းက ေျပာပါတယ္။

“အခု COVID ကာလျဖစ္ေတာ့လည္း စီးပြားေရးအေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ေနာက္ထပ္ ကေလးလုပ္သားေတြက ပိုၿပီးမ်ားလာႏိုင္ေျခလည္း ရွိတာေပါ့။ ဆိုေတာ့ အစိုးရအေနနဲ႔ ဘာလုပ္ဖို႔လိုလဲဆိုေတာ့ ကေလးေတြနဲ႔ ပတ္သက္တဲ့ ဥပေဒေတြကို လက္ေတြ႕အေကာင္အထည္ ျပည့္ျပည့္ဝဝ ေဖာ္ေပးဖို႔ေပါ့ နံပတ္တစ္ ဦးစားေပးလိုပါတယ္။ ေနာက္ ဒုတိယအခ်က္ကေတာ့ social protection လို႔ေခၚတဲ့ လူမႈကာကြယ္ ေစာင့္ေရွာက္ေရးနဲ႔ ပတ္သက္တဲ့ ပံ့ပိုးေပးတဲ့ ကိစၥေတြ လုပ္ေပးမွရမွာ။”

ျပည္ေထာင္စု လႊတ္ေတာ္က ၂၀၁၉ ဇူလိုင္ ၂၃ မွာျပ႒ာန္းလိုက္တဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ အသက္ ၁၄ ႏွစ္ေအာက္ကို အလုပ္ခိုင္းခြင့္ မရွိပါဘူး။ လုပ္ငန္းခြင္ထဲေရာက္လာတဲ့ ၁၄ ႏွစ္နဲ႔ ၁၈ ႏွစ္ၾကားေတြကိုလည္း ဥပေဒသတ္မွတ္ခ်က္ေတြအတိုင္း လုပ္ငန္းခြင္မွာ လုပ္ငန္းရွင္က လိုက္နာ၊ ေဆာင္႐ြက္ေပးဖို႔လည္း သူကေျပာပါတယ္။

၂၀၁၇ အခ်က္အလက္အရဆိုရင္ တကမာၻလုံးမွာ ကေလးလုပ္သား ၁၅၂ သန္း ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ကေလးလုပ္သား ၁.၂ သန္းရွိၿပီး ေစ်းဆိုင္၊ အိမ္အကူ၊ သားငါးေစ်းေတြနဲ႔ စက္မႈဇုန္ေတြမွာ အမ်ားဆုံးလုပ္ကိုင္ေနတယ္လို႔ ILO ကေျပာပါတယ္။ ဧရာဝတီတိုင္းက စက္႐ုံအလုပ္႐ုံေတြက ကေလးလုပ္သား အမ်ားဆုံးရွိတဲ့ ေနရာေတြထဲက တခုပါ။

“Child Labour က daily wages (လုပ္ခ) သက္သာတယ္။ ဒါအလုပ္ရွင္အေနနဲ႔ ဒါ ဒီလိုတြက္တာကိုး။ သက္ဆိုင္ရာ labour (လုပ္သား) တေယာက္ရဲ႕ right (အခြင့္အေရး) ေတြကိုလည္းအျပည့္အဝ ေပးစရာ မလိုဘူးေလ။ ဆိုေတာ့ child labour ေတြကိုလည္း အသုံးခ်တာ မ်ားေနတာပါ စက္မႈလုပ္ငန္းေတြမွာ။”

ဧရာဝတီတိုင္း ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ေကာ္မတီက ဦးျမင့္ေဌး ေျပာသြားတာပါ။

မိဘစိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ဝင္လုပ္ကိုင္ေနတဲ့ ကေလးေတြကိုေတာ့ ကေလးအလုပ္သမားထဲ ထည့္သြင္းလို႔မရဘူးလို႔ ျပည္တြင္း ကေလးအခြင့္အေရးအဖြဲ႕ေတြက ေျပာပါတယ္။

ကေလးလုပ္သား အနိမ့္ဆုံးအသက္ သတ္မွတ္ခ်က္ကို ၁၄ ႏွစ္ကေန ၁၈ ကို တိုးဖို႔ ျမန္မာအစိုးရက ILO နဲ႔ မၾကာေသးခင္က လက္မွတ္ထိုးခဲ့ေပမဲ့ တိက်တဲ့ လုပ္ငန္းစဥ္ အစိုးရမွာ မရွိေသးဘူးလို႔ ညီၫႊတ္ျခင္း ျမန္မာအဖြဲ႔အမႈေဆာင္ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေထာက္ျပပါတယ္။

“ျပႆနာက ဘာလဲဆိုေတာ့ ဒါကိုထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္မယ့္ national plan ေတြက အခုထိ အလုပ္မလုပ္ေသးတာပါ။ ေနာက္တခုက ဥပေဒနဲ႔ မလုံေလာက္ဘူးဗ်၊ ကေလးေတြ လုပ္ငန္းခြင္ထဲေရာက္တဲ့အခါမွာ ဆင္းရဲမႈ အခုလို COVID ကာလအတြင္းမွာ အေတာ္မ်ားမ်ား (COVID) လြန္သြားရင္ ဆိုးလာႏိုင္တယ္။ အလုပ္အကိုင္ ရွားပါးမႈကို ေျဖရွင္းႏိုင္ေသာ လုပ္ငန္းစဥ္နဲ႔ ပူးေပါင္းႏိုင္မွ ကေလးလုပ္သား ပေပ်ာက္ေရးကို က်ေနာ္တို႔ အမွန္တကယ္ ဟန႔္တားႏိုင္မွာ ျဖစ္ပါတယ္။”

ျမန္မာျပည္က ကေလးလုပ္သား။
ျမန္မာျပည္က ကေလးလုပ္သား။

အျပည္ျပည္ဆိုင္ရာ ကေလးအလုပ္သမားေရးရာအဖြဲ႕ (ျမန္မာ) က ကေလးလုပ္သားပေပ်ာက္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၂၀၁၃ ေလာက္ကစလို႔ အေမရိကန္ေဒၚလာ ၇,၀၀၀,၀၀၀ ေက်ာ္ကူညီထားၿပီး အေမရိကန္ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရး ေအဂ်င္စီကလည္း အသက္ေမြးဝမ္းေက်ာင္းနဲ႔ စားနပ္ရိကၡာ ေထာက္ပံ့တာေတြ ကူညီေနပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ကေလးလုပ္သားကို ပေပ်ာက္ေအာင္လုပ္ဖို႔ မျဖစ္ႏိုင္ဘဲ ႏိုင္ငံရဲ႕ စီးပြားေရး၊ ဥပေဒသက္ေရာက္မႈ ဒါေတြေပၚမူတည္ၿပီး အေရအတြက္ ေလ်ာ့သြားေအာင္ ပထမအဆင့္ ႀကိဳးစားရမယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကလေးလုပ်သားအရေး ပိုဆိုးမလာခင် ဖြေရှင်းဖို့လို

ဒီနေ့ ဇွန်လ ၁၂ ရက်က ကမ္ဘာ့ကလေးလုပ်သား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ပါ။ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့ အတောအတွင်း ကလေးလုပ်သားအရေအတွက် များလာမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းတချို့ သတင်းထုတ်ပြန်ချက်၊ ပြည်တွင်းက ကလေးသူငယ်အခွင့်အရေး ကာကွယ်တဲ့အဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်ကို ဗွီအိုအေသတင်းထောက် ကိုဇာ်ထက်က တင်ပြပေးပါမယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့စီးပွားရေး အဆိုးဆုံးအခြေအနေကို ရောက်နေတာက ကလေးသူငယ် သန်းနဲ့ချီပြီး လုပ်ငန်းခွင်ထဲ ရောက်သွားနိုင်တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO နဲ့ ကုလကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်တာပါ။ ဒါက အနှစ် ၂၀ အတွင်း ကလေးလုပ်သားဦးရေ ပြန်တက်လာနိုင်တဲ့ အခြေအနေလို့ ဆိုပါတယ်။ ပြည်တွင်းမှာတော့ COVID မတိုင်ခင်နဲ့ COVID ကာလပါ ကလေးလုပ်သား ပြဿနာက ဖြေရှင်းရမယ့် ကိစ္စဖြစ်နေတယ်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက ဦးမျိုးမြင့်ထွန်းက ပြောပါတယ်။

ျမန္မာျပည္တြင္းက ကေလးအလုပ္သမား မိန္းကေလး။
ျမန္မာျပည္တြင္းက ကေလးအလုပ္သမား မိန္းကေလး။

“အခု COVID ကာလဖြစ်တော့လည်း စီးပွားရေးအခြေအနေ အမျိုးမျိုးကြောင့် နောက်ထပ် ကလေးလုပ်သားတွေက ပိုပြီးများလာနိုင်ခြေလည်း ရှိတာပေါ့။ ဆိုတော့ အစိုးရအနေနဲ့ ဘာလုပ်ဖို့လိုလဲဆိုတော့ ကလေးတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လက်တွေ့အကောင်အထည် ပြည့်ပြည့်ဝဝ ဖော်ပေးဖို့ပေါ့ နံပတ်တစ် ဦးစားပေးလိုပါတယ်။ နောက် ဒုတိယအချက်ကတော့ social protection လို့ခေါ်တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပံ့ပိုးပေးတဲ့ ကိစ္စတွေ လုပ်ပေးမှရမှာ။”

ပြည်ထောင်စု လွှတ်တော်က ၂၀၁၉ ဇူလိုင် ၂၃ မှာပြဋ္ဌာန်းလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ အသက် ၁၄ နှစ်အောက်ကို အလုပ်ခိုင်းခွင့် မရှိပါဘူး။ လုပ်ငန်းခွင်ထဲရောက်လာတဲ့ ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားတွေကိုလည်း ဥပဒေသတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းခွင်မှာ လုပ်ငန်းရှင်က လိုက်နာ၊ ဆောင်ရွက်ပေးဖို့လည်း သူကပြောပါတယ်။

၂၀၁၇ အချက်အလက်အရဆိုရင် တကမ္ဘာလုံးမှာ ကလေးလုပ်သား ၁၅၂ သန်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁.၂ သန်းရှိပြီး ဈေးဆိုင်၊ အိမ်အကူ၊ သားငါးဈေးတွေနဲ့ စက်မှုဇုန်တွေမှာ အများဆုံးလုပ်ကိုင်နေတယ်လို့ ILO ကပြောပါတယ်။ ဧရာဝတီတိုင်းက စက်ရုံအလုပ်ရုံတွေက ကလေးလုပ်သား အများဆုံးရှိတဲ့ နေရာတွေထဲက တခုပါ။

“Child Labour က daily wages (လုပ်ခ) သက်သာတယ်။ ဒါအလုပ်ရှင်အနေနဲ့ ဒါ ဒီလိုတွက်တာကိုး။ သက်ဆိုင်ရာ labour (လုပ်သား) တယောက်ရဲ့ right (အခွင့်အရေး) တွေကိုလည်းအပြည့်အဝ ပေးစရာ မလိုဘူးလေ။ ဆိုတော့ child labour တွေကိုလည်း အသုံးချတာ များနေတာပါ စက်မှုလုပ်ငန်းတွေမှာ။”

ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက ဦးမြင့်ဌေး ပြောသွားတာပါ။

မိဘစိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဝင်လုပ်ကိုင်နေတဲ့ ကလေးတွေကိုတော့ ကလေးအလုပ်သမားထဲ ထည့်သွင်းလို့မရဘူးလို့ ပြည်တွင်း ကလေးအခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ကလေးလုပ်သား အနိမ့်ဆုံးအသက် သတ်မှတ်ချက်ကို ၁၄ နှစ်ကနေ ၁၈ ကို တိုးဖို့ မြန်မာအစိုးရက ILO နဲ့ မကြာသေးခင်က လက်မှတ်ထိုးခဲ့ပေမဲ့ တိကျတဲ့ လုပ်ငန်းစဉ် အစိုးရမှာ မရှိသေးဘူးလို့ ညီညွှတ်ခြင်း မြန်မာအဖွဲ့အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“ပြဿနာက ဘာလဲဆိုတော့ ဒါကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မယ့် national plan တွေက အခုထိ အလုပ်မလုပ်သေးတာပါ။ နောက်တခုက ဥပဒေနဲ့ မလုံလောက်ဘူးဗျ၊ ကလေးတွေ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာ ဆင်းရဲမှု အခုလို COVID ကာလအတွင်းမှာ အတော်များများ (COVID) လွန်သွားရင် ဆိုးလာနိုင်တယ်။ အလုပ်အကိုင် ရှားပါးမှုကို ဖြေရှင်းနိုင်သော လုပ်ငန်းစဉ်နဲ့ ပူးပေါင်းနိုင်မှ ကလေးလုပ်သား ပပျောက်ရေးကို ကျနော်တို့ အမှန်တကယ် ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားရေးရာအဖွဲ့ (မြန်မာ) က ကလေးလုပ်သားပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၃ လောက်ကစလို့ အမေရိကန်ဒေါ်လာ ၇,၀၀၀,၀၀၀ ကျော်ကူညီထားပြီး အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီကလည်း အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ကူညီနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကလေးလုပ်သားကို ပပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ဘဲ နိုင်ငံရဲ့ စီးပွားရေး၊ ဥပဒေသက်ရောက်မှု ဒါတွေပေါ်မူတည်ပြီး အရေအတွက် လျော့သွားအောင် ပထမအဆင့် ကြိုးစားရမယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG