သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္အကူကေလးလုပ္သား


အိမ္အကူကေလးလုပ္သား
please wait

No media source currently available

0:00 0:05:22 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာလူဦးေရ (၅၃) သန္းမွာ (၁၇) သန္းဟာ အသက္ (၁၈) ႏွစ္ေအာက္ ကေလးေတြျဖစ္တယ္လို႔ ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ UNICEF က ဆုိပါတယ္။ ကေလး (၁၇) သန္းမွာ အလုပ္လုပ္တဲ့ ကေလးဦးေရက (၃) သန္းခြဲေလာက္ ရိွမယ္လို႔ ခန္႔မွန္းပါတယ္။ ဘာသာေရးအဖြဲ႔အစည္းေတြမွာ မီွခိုေနၾကတဲ့ ကေလး (၂) သိန္းေက်ာ္ ရိွတယ္လို႔ UNICEF အဖြဲ႔က ဆုိပါတယ္။ လက္နက္ကိုင္ပဋိပကၡနဲ႔ သဘာဝေဘးအႏၱရာယ္သင့္ေနတဲ့ ကေလး (၄) သန္းေလာက္ ရိွႏိုင္ၿပီး အကူအညီလိုအပ္ေနပါတယ္။ ကေလးဦးေရ (၅၅) ရာခိုင္ႏႈန္းဟာ ဆင္းရဲတယ္လို႔ ေျပာႏုိင္ပါတယ္။ ကေလးေတြဟာ တိုင္းျပည္ရဲ ႔ အနာဂတ္ပါ။

အသက္ (၁၈) ႏွစ္ေအာက္အရြယ္ကို ကေလးအျဖစ္ ILO အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္က သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ျမန္မာျပည္မွာ ကေလးလုပ္သားအမ်ားအျပားရိွၿပီး အလုပ္မ်ဳိးစံုကို လုပ္ကိုင္ေနၾကပါတယ္။ အိမ္အကူအျဖင့္ လုပ္ကိုင္ေနၾကတဲ့ ကေလးေတြအေၾကာင္းကို ILO အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္က မႏွစ္က စာတမ္းထုတ္ထားပါတယ္။ ေက်းလက္ဆင္းရဲသားနဲ႔ ပဋိပကၡေဒသက တိုင္းရင္းသားရဲ ႔ ကေလးေတြဟာ အိမ္အကူအမ်ားဆံုး လုပ္တာေတြ႔ရတယ္လို႔ ေဖာ္ျပပါတယ္။ အိမ္အကူလုပ္ေနတဲ့ကေလးနဲ႔ လုပ္ဖူးတဲ့ကေလးေတြကို ေတြ႔ဆံုေမးျမန္းထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကေလးလုပ္သား (၁) သန္း (၂) သိန္းေက်ာ္ရိွေၾကာင္း ၂၀၁၅ ထုတ္၊ ကေလးလုပ္သားအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ၂၀၁၉ ILO စစ္တမ္းကေတာ့ ကေလးအိမ္အကူ အမ်ားဆံုးသံုးတဲ့ ရန္ကုန္နဲ႔ ကေလးအိမ္အကူ အမ်ားဆံုးျဖစ္လာတဲ့ ေျမာင္းျမၿမိဳ ႔နယ္ကို အဓိကထားၿပီး ဆန္းစစ္ထားပါတယ္။ ကေလးကို အိမ္အကူလုပ္သားျဖစ္ဖို႔ ဖန္တီးတဲ့ အေျခခံေတြကို သံုးသပ္ထားပါတယ္။ ၁၉၉၃ ကေလးသူငယ္ဥပေဒဟာ စက္ရံုအလုပ္ရံုနဲ႔ဆိုင္ေတြမွာ အလုပ္လုပ္ၾကတဲ့ ကေလးေတြနဲ႔သာ သက္ဆိုင္ၿပီး၊ အိမ္အကူအလုပ္နဲ႔ မသက္ဆိုင္ပါ။ ဒါေၾကာင့္ ကေလးအားလံုးမွာ အိမ္အကူလုပ္ပိုင္ခြင့္ရိွသလို ျဖစ္ေနပါတယ္။ အိမ္အကူအမ်ားစုဟာ မိန္ကေလးေတြျဖစ္ၾကၿပီး အိမ္တြင္းအလုပ္ေတြ လုပ္ၾကရပါတယ္။ ေယာက်္ားေလးကေတာ့ အိမ္ျပင္ပမွာ တံျမက္စည္းလဲွ၊ ၿခံေစာင့္နဲ႔ အျခားေတာက္တိုမယ္ရေတြ လုပ္ၾကရပါတယ္။

ဒါေပမဲ့ အိမ္အကူလုပ္ၾကတဲ့ ေယာက်္ားေလးေတြဟာ လူနည္းစုသာ ျဖစ္ပါတယ္။ ေယာက်္ားေလးအမ်ားစုဟာ စားေသာက္ဆိုင္၊ ဘတ္စ္ကားဂိတ္၊ ဆိပ္ကမ္းနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ အလုပ္လုပ္ၾကပါတယ္။ ေက်းလက္ေဒသမွာ မိဘဆင္းရဲမႈနဲ႔ ပညာသင္ဖုိ႔ အခြင့္အလမ္းမရိွမႈဟာ အိမ္အကူလုပ္ဖို႔ တိုက္တြန္းေပးသလို ျဖစ္ေနပါတယ္။ လယ္ယာအလုပ္လို မပင္ပန္းဘဲ ေပါ့ပါးၿပီးေဘးကင္းတဲ့ အိမ္အကူအလုပ္ဟာ ကေလးေတြနဲ႔ သင့္ေတာ္တယ္လို႔ ေက်းလက္ေန မိဘေတြက ယူဆၾကပံုရပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားတဲ့ အရပ္သားေဒသမွာေတာ့ ဆင္းရဲႏြမ္းပါးမႈအျပင္ လံုၿခံဳမႈမရိွတာဟာလည္း ကေလးေတြကို ၿမိဳ ႔ကိုေစလႊတ္တဲ့အေၾကာင္းရင္းတခု ျဖစ္ပါတယ္။ ၿမိဳ ႔မွာ အိမ္အကူလုပ္ရင္း ဗမာစကားကၽြမ္းက်င္လာရင္ ေနာင္အခါ အလုပ္ရွာရာမွာနဲ႔ ပညာဆက္သင္ရာမွာ အေထာက္အကူျဖစ္မယ္လို႔ ယံုၾကည္ၾကပါတယ္။

ကေလးအိမ္အကူရွာေဖြရာမွာ ယံုၾကည္စိတ္ခ်မႈဟာ မိဘေတြအတြက္ အေရးႀကီးပါတယ္။ ဒါေပမဲ့ အေျခအေနအရ ကေလးအိမ္အကူ ရွာေဖြသူကို ယံုၾကည္ဖို႔သာ ရိွပါတယ္။ ကေလးအိမ္အကူ စုေဆာင္းသူေတြဟာ သူတုိ႔နဲ႔ ပတ္သက္တဲ့ အသိုင္းအဝိုင္းကို ဆက္သြယ္ၿပီး၊ စုေဆာင္းတာမ်ားပါတယ္။ ဘုန္းႀကီးက စာသင္ေပးတဲ့ စာသင္ေက်ာင္းေတြမွာ ကေလးအိမ္အကူ ရွာေဖြတာလည္း ရိွပါတယ္။ ကေလးေတြကို ေဘးကင္းရာသို႔ ပို႔ေဆာင္ၿပီး မိဘဆင္းရဲႏြမ္းပါးမႈ သက္သာေအာင္ ဘုန္းႀကီးေတြက အကူအညီေပးတယ္လို႔ ယူဆၾကပါတယ္။ ကေလးအိမ္အကူေတြ ရြာကိုအလည္ျပန္တဲ့အခါမွာ သူတို႔အေပါင္းအသင္းေတြကို စည္းရံုးသိမ္းသြင္းတဲ့နည္းနဲ႔လည္း ကေလးအိမ္အကူေတြကို စုေဆာင္းတယ္လို႔ ILO စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ယံုၾကည္စိတ္ခ်ရတဲ့ ကေလးအိမ္အကူ ရရိွဖို႔အတြက္ အလုပ္ရွင္ေတြဟာ သူတုိ႔ရဲ ႔ အသိမိတ္ေဆြေတြကတဆင့္ ရွာေဖြၾကတာရိွသလို ၾကားပြဲစားကတဆင့္ ရွာေဖြၾကတာလည္း ရိွပါတယ္။ ရန္ကုန္ ၾကည့္ျမင္တိုင္ဘူတာဟာ အိမ္အကူအလုပ္သမားေတြ စုေဝးတဲ့ ဆံုရပ္လို ျဖစ္ေနပါတယ္။ အဲဒီေနရာကေန အျခားရပ္ကြက္ေတြကို ကေလးအိမ္အကူ ပို႔ေပးပါတယ္။ ပြဲစားလူတန္းစားမွာ ဘာသာေရးေခါင္းေဆာင္ ဆရာ၊ ဆရာမနဲ႔ လူသိမ်ားတဲ့ ပုဂၢိဳလ္စသျဖင့္ လူမ်ဳိးစံု ပါဝင္ပါတယ္။ ပြဲစားဟာ မိမိအက်ဳိးစီးပြားအတြက္ ၾကားဝင္ေဆာင္ရြက္ေနေပမယ့္ သူတုိ႔ကို အလုပ္ရွင္နဲ႔ ကေလးမိဘေတြက ရိုေသေလးစားၾကပါတယ္။

အမ်ားအားျဖင့္ ကေလးအိမ္အကူလုပ္သားရဲ ႔ မိဘေတြဟာ ကေလးရမယ့္လစာ သံုးလစာကို ႀကိဳတင္ယူထားေလ့ရိွတာမို႔ ကေလးဟာ အနည္းဆံုး သံုးလျပည့္တဲ့အထိ အလုပ္လုပ္ရပါတယ္။ ပြဲစားပါရင္ ပြဲခကို ႀကိဳတင္ႏႈတ္ယူတာေၾကာင့္ အခ်ိန္မတန္မီ ေစာၿပီးအလုပ္ထြက္ရင္ လစာ (၂) ဆေလွ်ာ္ဖို႔ ကတိျပဳရပါတယ္။ အလုပ္မထြက္ႏိုင္ေအာင္ လုပ္ထားတာပါ။ ၿမိဳ ႔တိုင္းမွာ ကေလးအိမ္အကူလုပ္သား ရိွေပမယ့္ အိမ္အကူအလုပ္အကိုင္ဆိုင္ရာ ဥပေဒ မရိွေသးပါဘူး။ အိမ္အကူအလုပ္သမားဘဝကေန အိမ္ပိုင္ရွင္လုပ္ငန္းရဲ ႔ အလုပ္သမား ျဖစ္သြားတာမ်ဳိးလည္းရိွေၾကာင္း ILO စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

==unicode===

မြန်မာလူဦးရေ (၅၃) သန်းမှာ (၁၇) သန်းဟာ အသက် (၁၈) နှစ်အောက် ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဆိုပါတယ်။ ကလေး (၁၇) သန်းမှာ အလုပ်လုပ်တဲ့ ကလေးဦးရေက (၃) သန်းခွဲလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေမှာ မှီခိုနေကြတဲ့ ကလေး (၂) သိန်းကျော် ရှိတယ်လို့ UNICEF အဖွဲ့က ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်သင့်နေတဲ့ ကလေး (၄) သန်းလောက် ရှိနိုင်ပြီး အကူအညီလိုအပ်နေပါတယ်။ ကလေးဦးရေ (၅၅) ရာခိုင်နှုန်းဟာ ဆင်းရဲတယ်လို့ ပြောနိုင်ပါတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။

အသက် (၁၈) နှစ်အောက်အရွယ်ကို ကလေးအဖြစ် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ကလေးလုပ်သားအများအပြားရှိပြီး အလုပ်မျိုးစုံကို လုပ်ကိုင်နေကြပါတယ်။ အိမ်အကူအဖြင့် လုပ်ကိုင်နေကြတဲ့ ကလေးတွေအကြောင်းကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က မနှစ်က စာတမ်းထုတ်ထားပါတယ်။ ကျေးလက်ဆင်းရဲသားနဲ့ ပဋိပက္ခဒေသက တိုင်းရင်းသားရဲ့ ကလေးတွေဟာ အိမ်အကူအများဆုံး လုပ်တာတွေ့ရတယ်လို့ ဖော်ပြပါတယ်။ အိမ်အကူလုပ်နေတဲ့ကလေးနဲ့ လုပ်ဖူးတဲ့ကလေးတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးလုပ်သား (၁) သန်း (၂) သိန်းကျော်ရှိကြောင်း ၂၀၁၅ ထုတ်၊ ကလေးလုပ်သားအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ILO စစ်တမ်းကတော့ ကလေးအိမ်အကူ အများဆုံးသုံးတဲ့ ရန်ကုန်နဲ့ ကလေးအိမ်အကူ အများဆုံးဖြစ်လာတဲ့ မြောင်းမြမြို့နယ်ကို အဓိကထားပြီး ဆန်းစစ်ထားပါတယ်။ ကလေးကို အိမ်အကူလုပ်သားဖြစ်ဖို့ ဖန်တီးတဲ့ အခြေခံတွေကို သုံးသပ်ထားပါတယ်။ ၁၉၉၃ ကလေးသူငယ်ဥပဒေဟာ စက်ရုံအလုပ်ရုံနဲ့ဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ ကလေးတွေနဲ့သာ သက်ဆိုင်ပြီး၊ အိမ်အကူအလုပ်နဲ့ မသက်ဆိုင်ပါ။ ဒါကြောင့် ကလေးအားလုံးမှာ အိမ်အကူလုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။ အိမ်အကူအများစုဟာ မိန်ကလေးတွေဖြစ်ကြပြီး အိမ်တွင်းအလုပ်တွေ လုပ်ကြရပါတယ်။ ယောကျ်ားလေးကတော့ အိမ်ပြင်ပမှာ တံမြက်စည်းလဲှ၊ ခြံစောင့်နဲ့ အခြားတောက်တိုမယ်ရတွေ လုပ်ကြရပါတယ်။

ဒါပေမဲ့ အိမ်အကူလုပ်ကြတဲ့ ယောကျ်ားလေးတွေဟာ လူနည်းစုသာ ဖြစ်ပါတယ်။ ယောကျ်ားလေးအများစုဟာ စားသောက်ဆိုင်၊ ဘတ်စ်ကားဂိတ်၊ ဆိပ်ကမ်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကြပါတယ်။ ကျေးလက်ဒေသမှာ မိဘဆင်းရဲမှုနဲ့ ပညာသင်ဖို့ အခွင့်အလမ်းမရှိမှုဟာ အိမ်အကူလုပ်ဖို့ တိုက်တွန်းပေးသလို ဖြစ်နေပါတယ်။ လယ်ယာအလုပ်လို မပင်ပန်းဘဲ ပေါ့ပါးပြီးဘေးကင်းတဲ့ အိမ်အကူအလုပ်ဟာ ကလေးတွေနဲ့ သင့်တော်တယ်လို့ ကျေးလက်နေ မိဘတွေက ယူဆကြပုံရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့ အရပ်သားဒေသမှာတော့ ဆင်းရဲနွမ်းပါးမှုအပြင် လုံခြုံမှုမရှိတာဟာလည်း ကလေးတွေကို မြို့ကိုစေလွှတ်တဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ မြို့မှာ အိမ်အကူလုပ်ရင်း ဗမာစကားကျွမ်းကျင်လာရင် နောင်အခါ အလုပ်ရှာရာမှာနဲ့ ပညာဆက်သင်ရာမှာ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။

ကလေးအိမ်အကူရှာဖွေရာမှာ ယုံကြည်စိတ်ချမှုဟာ မိဘတွေအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ အခြေအနေအရ ကလေးအိမ်အကူ ရှာဖွေသူကို ယုံကြည်ဖို့သာ ရှိပါတယ်။ ကလေးအိမ်အကူ စုဆောင်းသူတွေဟာ သူတို့နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းကို ဆက်သွယ်ပြီး၊ စုဆောင်းတာများပါတယ်။ ဘုန်းကြီးက စာသင်ပေးတဲ့ စာသင်ကျောင်းတွေမှာ ကလေးအိမ်အကူ ရှာဖွေတာလည်း ရှိပါတယ်။ ကလေးတွေကို ဘေးကင်းရာသို့ ပို့ဆောင်ပြီး မိဘဆင်းရဲနွမ်းပါးမှု သက်သာအောင် ဘုန်းကြီးတွေက အကူအညီပေးတယ်လို့ ယူဆကြပါတယ်။ ကလေးအိမ်အကူတွေ ရွာကိုအလည်ပြန်တဲ့အခါမှာ သူတို့အပေါင်းအသင်းတွေကို စည်းရုံးသိမ်းသွင်းတဲ့နည်းနဲ့လည်း ကလေးအိမ်အကူတွေကို စုဆောင်းတယ်လို့ ILO စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ယုံကြည်စိတ်ချရတဲ့ ကလေးအိမ်အကူ ရရှိဖို့အတွက် အလုပ်ရှင်တွေဟာ သူတို့ရဲ့ အသိမိတ်ဆွေတွေကတဆင့် ရှာဖွေကြတာရှိသလို ကြားပွဲစားကတဆင့် ရှာဖွေကြတာလည်း ရှိပါတယ်။ ရန်ကုန် ကြည့်မြင်တိုင်ဘူတာဟာ အိမ်အကူအလုပ်သမားတွေ စုဝေးတဲ့ ဆုံရပ်လို ဖြစ်နေပါတယ်။ အဲဒီနေရာကနေ အခြားရပ်ကွက်တွေကို ကလေးအိမ်အကူ ပို့ပေးပါတယ်။ ပွဲစားလူတန်းစားမှာ ဘာသာရေးခေါင်းဆောင် ဆရာ၊ ဆရာမနဲ့ လူသိများတဲ့ ပုဂ္ဂိုလ်စသဖြင့် လူမျိုးစုံ ပါဝင်ပါတယ်။ ပွဲစားဟာ မိမိအကျိုးစီးပွားအတွက် ကြားဝင်ဆောင်ရွက်နေပေမယ့် သူတို့ကို အလုပ်ရှင်နဲ့ ကလေးမိဘတွေက ရိုသေလေးစားကြပါတယ်။

အများအားဖြင့် ကလေးအိမ်အကူလုပ်သားရဲ့ မိဘတွေဟာ ကလေးရမယ့်လစာ သုံးလစာကို ကြိုတင်ယူထားလေ့ရှိတာမို့ ကလေးဟာ အနည်းဆုံး သုံးလပြည့်တဲ့အထိ အလုပ်လုပ်ရပါတယ်။ ပွဲစားပါရင် ပွဲခကို ကြိုတင်နှုတ်ယူတာကြောင့် အချိန်မတန်မီ စောပြီးအလုပ်ထွက်ရင် လစာ (၂) ဆလျှော်ဖို့ ကတိပြုရပါတယ်။ အလုပ်မထွက်နိုင်အောင် လုပ်ထားတာပါ။ မြို့တိုင်းမှာ ကလေးအိမ်အကူလုပ်သား ရှိပေမယ့် အိမ်အကူအလုပ်အကိုင်ဆိုင်ရာ ဥပဒေ မရှိသေးပါဘူး။ အိမ်အကူအလုပ်သမားဘဝကနေ အိမ်ပိုင်ရှင်လုပ်ငန်းရဲ့ အလုပ်သမား ဖြစ်သွားတာမျိုးလည်းရှိကြောင်း ILO စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG