သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ စစ်ပွဲပဋိပက္ခဒဏ် အဆိုးဆုံးခံနေရ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးငယ်တွေ လူကုန်ကူးခံရတဲ့ အခြေအနေဟာ သိပ်ကို ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တယ်။ ကလေးငယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ ဖော်ထုတ် တင်ပြနိုင်တာလည်း မရှိသေးဘူးလို့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာသစ်က ထောက်ပြလိုက်တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ထားတဲ့ ကလေးငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Virginia Gamba နဲ့အတူ အမျိုးသမီးနဲ့ ကလေးငယ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Siobhán Mullally တို့ပြုစုခဲ့တဲ့ အစီရင်ခံစာကို မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အဆင့်မြင့် အစည်းအဝေးအတွင်း တင်ပြခဲ့ကြတာပါ။

မြန်မာ၊ လစ်ဗျား၊ ကိုလမ်ဘီယာ၊ ယူကရိန်း၊ ဆူဒန်၊ ဆီးရီးယား ၆ နိုင်ငံနဲ့ အာဖရိက Chad မြစ်ဝှမ်းဒေသ တို့မှာ ကလေးသူငယ်တွေ ကြုံနေရတဲ့ လူကုန်ကူးမှု အခြေအနေတွေကို အဓိက သုံးသပ် ရေးထားထားတာပါ။ ကလေးငယ်တွေဟာ လူကုန်ကူး ရောင်းစားခံရတဲ့ တချိန်တည်းမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံကြရပြီး ဒီအထဲမှာ သတ်ဖြတ်ခံရမှု၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရမှု၊ တပ်သားသစ် စုဆောင်းခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်မှုအပြင် လူသားချင်း စာနာမှု အကူအညီတွေ ငြင်းပယ် ပိတ်ပင်ခံရတဲ့ စိုးရိမ်စရာ အကောင်းဆုံး ချိုးဖေါက်မှု ၆ ခုကို အဓိက တွေ့ရတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

ကမ္ဘာတဝန်း လူကုန်ကူးခံရသူတွေကို ကြည့်ရင် တချို့ဒေသတွေမှာ ခံရသူတွေရဲ့ သုံးပုံ တပုံက ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ လူသားချင်း စာနာမှုရေးရာဌာန ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး Ted Chaiban ကလည်း ပြောပါတယ်။ လူကုန်ကူးသူတွေရဲ့ လက်ထဲမှာ ကလေးငယ်တွေဟာ အရွယ်ရောက်သူတွေ ထက် ပိုပြီးတော့ ရုပ်ပိုင်းအရနဲ့ အပြင်းအထန် အကြမ်းဖက်မှုဒဏ်ကို ခံစားရနိုင်ခြေက နှစ်ဆ နီးပါး ပိုများနိုင်တယ်လို့လည်း Ted Chaiban က ပြောပါတယ်။

ကျူးလွန်သူတွေ အပြစ်က ကင်းလွတ်ခွင့်ရနေတာက ခုလို အခြေအနေတွေကို ပိုဆိုးစေတယ်လို့ အစီရင်ခံစာက ထောက်ပြပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ခိုင်မာ ထိရောက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်မလာအောင် ဝိုင်းဝန်း ဟန့်တားဖို့ တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေ စစ်ပွဲပဋိပက္ခဒဏ် အဆိုးဆုံးခံနေရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG