သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္က ဖိႏွိပ္မႈအေျခအေန ျမန္မာ့အေရး လႈပ္ရွားသူေတြ ကုလကိုတင္ျပ 


ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ မီးေလာင္ေနတဲ့ျမင္ကြင္း။ (ဓာတ္ပုံ - CHRO) (မွတ္တမ္းဓါတ္ပုံ)

ခ်င္းခရစ္ယန္ ဘာသာဝင္ေတြနဲ႔ လူနည္းစု ဘာသာဝင္ေတြ အေပၚဖိႏွိပ္ေနတဲ့ ျမန္မာစစ္ေကာင္စီကို အေရးယူဒဏ္ခတ္ဖို႔ ေမရီလန္းျပည္နယ္အေျခစိုက္ CAM ခ်င္းတိုင္းရင္းသားအဖြဲ႔အစည္းက ကုလသမဂၢကို ေတာင္းဆိုလိုက္ပါတယ္။  

ခ်င္းျပည္နယ္က ဖိႏွိပ္မႈအေျခအေန ျမန္မာ့အေရး လႈပ္ရွားသူေတြ ကုလကိုတင္ျပ

{{Zawgyi/Unicode}}
ခ်င္းခရစ္ယန္ ဘာသာဝင္ေတြနဲ႔ လူနည္းစု ဘာသာဝင္ေတြ အေပၚဖိႏွိပ္ေနတဲ့ ျမန္မာစစ္ေကာင္စီကို အေရးယူဒဏ္ခတ္ဖို႔အျပင္ ခ်င္းဒုကၡသည္ေတြကို လူသားခ်င္း စာနာမႈအကူညီေပးဖို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို တရားဝင္အစိုးရအျဖစ္ အသိမွတ္ျပဳဖို႔ ေမရီလန္းျပည္နယ္အေျခစိုက္ CAM ခ်င္းတိုင္းရင္းသားအဖြဲ႔အစည္းက ကုလသမဂၢကို ေတာင္းဆိုလိုက္ပါတယ္။

ဂ်နီဗာရံုးခ်ဳပ္က ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီရဲ႕ ၅၁ ႀကိမ္ေျမာက္ အစည္းအေဝး က်င္းပေနခ်ိန္မွာ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္မွာ ေနထိုင္တဲ့ ခရစ္ယန္ေတြ အႏွိပ္စက္ခံေနရတဲ့ အေၾကာင္းတင္ျပတဲ့ အြန္လိုင္းအစည္းအေဝးကို စက္တင္ဘာ ၂၇ ရက္က CAM နဲ႔ Jubilee Campaign တို႔ႀကီးမႈး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဖြံ႔ၿဖိဳးမႈနိမ့္က်တဲ့ ခ်င္းျပည္နယ္မွာ ေနထိုင္သူေတြရဲ႕ ၈၅ % ေက်ာ္ဟာ ခရစ္ယန္ေတြျဖစ္ၿပီး သူတို႔ဟာ ဘာသာေရးဖိႏွိပ္မႈကို ခံေနရသလို စစ္တပ္အာဏာသိမ္းခဲ့တဲ့ မႏွစ္က စၿပီး အိမ္ေျခ ၂၀၀၀ ေလာက္ရွိတဲ့ ထန္တလန္ၿမိဳ႕ကေလးမွာ အိမ္အလံုးေပါင္း ၁၃၀၀ ေလာက္နဲ႔ ခရစ္ယန္ဘုရားေက်ာင္း ၁၃ ေက်ာင္း မီးရႈိ႕ဖ်က္ဆီးတာ ခံခဲ့ရတယ္လို႔ CAM က တင္ျပခဲ့တာပါ။ ျမန္မာစစ္ေကာင္စီကေတာ့ မီး႐ႈိ႕ဖ်က္ဆီးမႈေတြဟာ ေဒသခံလက္နက္ကိုင္ အဖဲြ႕ေတြရဲ႕ လက္ခ်က္အျဖစ္ ေျပာဆိုေလ့ရွိပါတယ္။

CAM အဖဲြ႕ကေတာ့ ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြ အေနနဲ႔ ခ်င္းဒုကၡသည္ေတြကို အကူညီေပးဖို႔၊ လံုျခံဳေရးေကာင္စီက ျမန္မာစစ္တပ္ကို လက္နက္အေရာင္းဝယ္မလုပ္ေအာင္ တားျမစ္ဖို႔၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ က်ဴးလြန္သူေတြကို ICC ႏိုင္ငံတကာ ရာဇဝတ္ခံုရံုးတင္ဖို႔နဲ႔ စစ္တပ္ရဲ႕ ေဝဟင္ကတိုက္ခိ္ုက္မႈေတြကို ကာကြယ္ႏိုင္ေအာင္ ေလယာဥ္မပံ်သန္းရတဲ့ no fly zone သတ္မွတ္ေပးဖို႔ပါ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................

ချင်းပြည်နယ်က ဖိနှိပ်မှုအခြေအနေ မြန်မာ့အရေး လှုပ်ရှားသူတွေ ကုလကိုတင်ပြ

{{Zawgyi/Unicode}}
ချင်းခရစ်ယန် ဘာသာဝင်တွေနဲ့ လူနည်းစု ဘာသာဝင်တွေ အပေါ်ဖိနှိပ်နေတဲ့ မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ်ဖို့အပြင် ချင်းဒုက္ခသည်တွေကို လူသားချင်း စာနာမှုအကူညီပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုဖို့ မေရီလန်းပြည်နယ်အခြေစိုက် CAM ချင်းတိုင်းရင်းသားအဖွဲ့အစည်းက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

ဂျနီဗာရုံးချုပ်က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် အစည်းအဝေး ကျင်းပနေချိန်မှာ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ နေထိုင်တဲ့ ခရစ်ယန်တွေ အနှိပ်စက်ခံနေရတဲ့ အကြောင်းတင်ပြတဲ့ အွန်လိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၇ ရက်က CAM နဲ့ Jubilee Campaign တို့ကြီးမှုး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ချင်းပြည်နယ်မှာ နေထိုင်သူတွေရဲ့ ၈၅ % ကျော်ဟာ ခရစ်ယန်တွေဖြစ်ပြီး သူတို့ဟာ ဘာသာရေးဖိနှိပ်မှုကို ခံနေရသလို စစ်တပ်အာဏာသိမ်းခဲ့တဲ့ မနှစ်က စပြီး အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ ထန်တလန်မြို့ကလေးမှာ အိမ်အလုံးပေါင်း ၁၃၀၀ လောက်နဲ့ ခရစ်ယန်ဘုရားကျောင်း ၁၃ ကျောင်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ CAM က တင်ပြခဲ့တာပါ။ မြန်မာစစ်ကောင်စီကတော့ မီးရှို့ဖျက်ဆီးမှုတွေဟာ ဒေသခံလက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ချက်အဖြစ် ပြောဆိုလေ့ရှိပါတယ်။

CAM အဖွဲ့ကတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ချင်းဒုက္ခသည်တွေကို အကူညီပေးဖို့၊ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို လက်နက်အရောင်းဝယ်မလုပ်အောင် တားမြစ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့နဲ့ စစ်တပ်ရဲ့ ဝေဟင်ကတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် လေယာဉ်မပံျသန်းရတဲ့ no fly zone သတ်မှတ်ပေးဖို့ပါ တောင်းဆိုထားပါတယ်။

XS
SM
MD
LG