တက္ကဆက်ပြည်နယ်မှာ မြန်မာမိသားစုကို ဓားနဲ့ထိုးသူ ထောင်ဒဏ် ၂၅ နှစ်ကျ
{{Zawgyi/Unicode}}
၂၀၂၀ ပြည့်နှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အမုန်းတရားအပေါ် အခြေခံပြီး မြန်မာမိသားစုတစုအပေါ် တိုက်ခိုက်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် Jose Gomez III ကိုထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်ကြောင်း ပြည်ထောင်စု တရားရုံးကသောကြာနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူ Bawi Cung နဲ့ ၆ နှစ်နဲ့ ၂ နှစ်အရွယ်သားနှစ်ယောက်ကို တက္ကဆက်ပြည်နယ် Midland မြို့မှာရှိတဲ့ Sam's Club ကုန်စုံဆိုင်အတွင်း တရုတ်လူမျိုးတွေအထင်နဲ့ ဓားနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ Jose Gomez ကိုပြီးခဲ့တဲ့ ကြာသပတေးနေ့က ထောင်ဒါဏ် ၂၅ နှစ်ချမှတ်ခဲ့တာပါ။
ကိုဗစ်စတင် ကူးဆက်ရာမှာ တရုတ်လူမျိုးတွေမှာ တာဝန်ရှိတယ်လို့ယူဆပြီး၊ မြန်မာမိသားစုကို တရုတ်တွေအထင်နဲ့ တိုက်ခိုက်ခဲ့တာလို့ Gomez ကဝန်ခံထွက်ဆိုခဲ့ပါတယ်။
ကိုဗစ်ကပ် ရောဂါကူးစက်ပျံ့ပွားနေချိန် အမေရိကန်မှာ အာရှတိုက်သားတွေပေါ် အငြိုးထားနှောက်ယှက်ခံရချိန်မှာ အခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အာရှတိုက်သား မိသားစုဟာ ကိုဗစ်ကပ်ရောဂါကို စတင်တဲ့နိုင်ငံက လာတဲ့သူတွေလို့ ထင်ပြီး ပြစ်မှုကျုးလွန်သူ Gomez ဟာ Sam's Club ဆိုင်မှာ မိနစ်အတော်ကြာလိုက်ပြီး၊ ခြိမ်းခြောက်နှောက် ယှက်နေခဲ့ကြောင်းလည်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ အဲဒီနောက် ဆိုင်က ဓားဝယ်ယူပြီး အမေရိကန်ကနေ ထွက်သွားလို့ အော်ဟစ်ပြီး အမျိုးသားနဲ့ ကလေး ၂ ယောက်ကို ဓားနဲ့တိုက်ခိုက်ခဲ့ကြောင်း တရားရုံးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
..........................................
{{Zawgyi/Unicode}}